Life Coaching

Life Coaching Every person is unique!
လူတိုင်းဟာ ထူးချွန်သူတွေပါ

09/02/2025

အမေ ကိုယ်တိုင် ချီး​မြှင့်ခဲ့တဲ့ အကယ်ဒမီဆု အမှတ်တရ

09/02/2025

ရုပ်ရှင် ဆုပေးပွဲကို နိုင်ငံတော်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဝန်းကြီးချုပ် ဦးနုပြီးရင် မင်းအောင်လှိုင် သာ တက်ရောက်ကြောင်း ကြည်စိုးထွန်း မှ ဖားယားပြောကြား

22/01/2025

ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်
ဖြတ်သန်းဖူးတဲ့ ဘဝေတွေမတူတော့
အရာဝတ္ထုတစ်ခုပေါ် ကြည့်တဲ့
အကြည့်တွေလည်း
ခြားနားခဲ့တယ်။


စိတ်ပညာရှင်တစ်ဦးက
(၇)နှစ်အရွယ် ကလေးနှစ်ယောက်ကိုရှာပြီး
ဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။

က အိမ်မှာ မွေးချင်း(၆)ယောက်ရှိတဲ့၊
ဆင်းရဲသားမိသားစုကလာတဲ့
ကလေးဖြစ်တယ်။

က ချမ်းသာတဲ့ ဆရာဝန်တစ်ဦးရဲ့
တစ်ဦးတည်းသောသားဖြစ်တယ်။

ပညာရှင်က ကလေးနှစ်ယောက်ကိုခေါ်ပြီး
ပန်းချီကားတစ်ချပ်ပြခဲ့တယ်။

ပန်းချီကားက ယုန်ကလေးတစ်ကောင်က
ထမင်းစားပွဲမှာထိုင်ပြီး ငိုနေတဲ့ပုံဖြစ်တယ်။

စားပွဲဘေးမှာ
မျက်နှာထားတင်းတဲ့ယုန်မေမေရပ်နေတယ်။

စိတ်ပညာရှင်က ကလေးနှစ်ယောက်ကို
ပန်းချီကားရဲ့အဓိပ္ပာယ်မေးခဲ့တယ်။

ပန်းချီကားကိုကြည့်ပြီး
Tom က "ယုန်ကလေးငိုနေတာက
ဗိုက်မဝသေးလို့ဖြစ်တယ်။

အစာထပ်စားချင်ပေမယ့်
အိမ်မှာစားစရာ မကျန်တော့ဘူး။

ဒါကြောင့် ယုန်မေမေ
စိတ်မကောင်းဖြစ်နေခဲ့တယ်" လို့
ချက်ချင်းပြန်ဖြေတယ်။

"ဒီလိုမဟုတ္ဘူး" Andy က ကြားဝင်ပြီး

"ယုန်ကလေးငိုနေတာ
အစာကိုထပ်မစားချင်တော့လို့ ဖြစ်တယ်။

ဒါပေမယ့် သူ့မေမေက
အတင်းစားခိုင်းနေလို့
ငိုနေတာဖြစ်တယ်" လို့ပြောတယ်။

ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊
ဖြတ်သန်းဖူးတဲ့ဘဝတွေ
မတူတော့ အရာဝတ္ထုတစ်ခုပေါ်
ကြည့်တဲ့အကြည့်တွေလည်း ခြားနားခဲ့တယ်။

မတူညီတဲ့ ရှုထောင့်ကနေ
ကြည့်တတ်ရင်မတူတဲ့
အတွေ့အကြုံတွေကို ရနိုင်ပါတယ်။

ဒါကြောင့် ဘက်ပေါင်းစုံကနေပြီး မတူတဲ့လူ၊
မတူတဲ့အရာဝတ္ထု၊ အဖြစ်အပျက်တွေကို
လက်ခံနိုင်အောင်ကြိုးစားပြီး

တစ်ဦးကိုတစ်ဦးလေးစားကြည်ညို၊
ခွင့်လွှတ်နားလည်၊
ကိုယ်ချင်းစာမှုတွေပေးသင့်ပါတယ်။

စိတ်ကို မစောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်၊ ဝစီကံကိုလည်း စောင့်ရှောက် သည် မမည်၊ မနောကံကိုလည်း စောင့်ရှ...
19/01/2025

စိတ်ကို မစောင့်ရှောက်လျှင် ကာယကံကိုလည်း စောင့်ရှောက်သည် မမည်၊ ဝစီကံကိုလည်း စောင့်ရှောက် သည် မမည်၊ မနောကံကိုလည်း စောင့်ရှောက်သည် မမည်၊ ကာယကံ၊ ဝစီကံ၊ မနောကံကို မစောင့်ရှောက်သူ၏ ကာယကံ သည် လည်း(ကိလေသာဖြင့်) စိုစွတ်၏။ ဝစီကံ သည်လည်း (ကိလေသာဖြင့်) စိုစွတ်၏။ မနောကံသည်လည်း (ကိလေသာ ဖြင့်) စိုစွတ်၏။ (ကိလေသာဖြင့်) စိုစွတ်သော ကာယကံ၊ ဝစီကံ၊ မနောကံရှိသူ၏ ကာယကံ သည်လည်း ဆွေးမြည့်၏။ ဝစီကံသည်လည်း ဆွေးမြည့်၏။ မနောကံသည်လည်း ဆွေး မြည့်၏။ ဆွေးမြည့်သော ကာယကံ၊ ဝစီကံ၊ မနောကံ ရှိသူ အား ကောင်းသော သေခြင်း မဖြစ်နိုင်၊ ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်

#နန္ဒာသိန်းဇံ #ကိုယ်ကျင့်တည်ကြည်ခြင်းနှင့်

ထာဝရဘုရားရဲ့ ပထမမှားက လူကိုဖန်ဆင်းလိုက်ခြင်းပဲ၊ လူဖြစ်လာရတာ ကောင်းကိုမကောင်းပါဘူးဗျာ””        ထာဝရဘုရားရဲ့ ဒုတိယအမှားကတေ...
18/01/2025

ထာဝရဘုရားရဲ့ ပထမမှားက လူကိုဖန်ဆင်းလိုက်ခြင်းပဲ၊ လူဖြစ်လာရတာ ကောင်းကိုမကောင်းပါဘူးဗျာ””
ထာဝရဘုရားရဲ့ ဒုတိယအမှားကတော့....

#အသွင်သဏ္ဍာန်တိူ့နောက်ကွယ် #နန္ဒာသိန်းဇံ

လူတွေဟာ အခြေအနေတွေရဲ့၊ အလိုဆန္ဒတွေရဲ့ ကျေးကျွန်ဘဝ အဖြစ်နဲ့နေကြတာပါ။ အလိုဆန္ဒ တဏှာလောဘရဲ့ ခိုင်းစေ ချက်ကြောင့် လူသတ္တဝါတွ...
17/01/2025

လူတွေဟာ အခြေအနေတွေရဲ့၊ အလိုဆန္ဒတွေရဲ့ ကျေးကျွန်ဘဝ အဖြစ်နဲ့နေကြတာပါ။ အလိုဆန္ဒ တဏှာလောဘရဲ့ ခိုင်းစေ ချက်ကြောင့် လူသတ္တဝါတွေဟာ တစ်နေ့ပြီး တစ်နေ့ လှုပ်ရှား ရုန်းကန်နေကြရတာပါဗျာ။ အလိုဆန္ဒ တဏှာလောဘကလည်း လိုအင်ပြည့်နိုင်တယ်ရယ် မရှိတော့... လူဟာ အဲဒီတဏှာ လောဘရဲ့ မျက်နှာကိုကြည့်ပြီး မကျေနပ်နိုင်တဲ့ လိုအင်ကို ဖြည့်ဆည်းပေးဖို့ အတောမသတ် ကြိုးစားနေရတယ်။ တစ်ခါတစ်ခါတော့လည်း တဏှာလောဘရဲ့ လှည့်စားမြှောက်ပင့် ပေးတာခံရလို့ ဘဝင်တွေမြင့် စိတ်နေတွေမြင့်၊ မာနတွေမြင့်နေ လိုက်ကြတာမှ လူအချင်းချင်းကိုတောင် လူမထင်ဘူး။ တစ်ခါ တစ်ခါတော့လည်း စိတ်ဓာတ်တွေကျပြီး ငေးငေးငိုင်ငိုင်နဲ့ သက်မတွေ လှိုင်လှိုင်ချရင်း မျက်နှာငယ် နေတတ်ပြန်တယ်။ ပြီးတော့ဗျာ သေခြင်းတရားက လူတွေဆီရောက်ရောက်လာ တယ်။ ဒီအခါမှာ လူတွေဟာ ချစ်ခင်သူတွေနဲ့လည်း တကွဲ တပြား ဖြစ်သွားရသူချည်းပါ။

#နန္ဒာသိန်းဇံ
#အသွင်သဏ္ဍာန်တိူ့နောက်ကွယ်

တကယ်တော့ဗျာ သိပ္ပံအသိတွေ ဘယ်လောက်ရှိရှိ၊ အတွေးအခေါ်တွေ ဘယ်လောက်ကောင်းကောင်း၊ အနုပညာ ပစ္စည်းတွေကို ဘယ်လောက်ပဲ ဖန်တီးနိုင်...
16/01/2025

တကယ်တော့ဗျာ သိပ္ပံအသိတွေ ဘယ်လောက်ရှိရှိ၊ အတွေးအခေါ်တွေ ဘယ်လောက်ကောင်းကောင်း၊ အနုပညာ ပစ္စည်းတွေကို ဘယ်လောက်ပဲ ဖန်တီးနိုင်၊ ဖန်တီးနိုင်လူရဲ့ စိတ်ဖြစ်စဉ်၊ ရုပ်ဖြစ်စဉ်ကို အမှန်မသိသမျှကတော့ လူသတ္တဝါ အားလုံးအကန်းတွေချည့်ပါပဲ။ အဝိဇ္ဇာမှောင်ထဲမှာတော့ အားလုံးဟာ မသိတာချင်း တူတူပါပဲ။ မမြင်တာချင်း တူတူပါပဲ။

#အသွင်သဏ္ဍာန်တိူ့နောက်ကွယ်
#နန္ဒာသိန်းဇံ

13/01/2025

တစ်နေ့ ကျော်ဟိန်း လို ဆုံးဖြတ်ချက်တွေပြတ်သားအောင်ကြိုးစားရမယ်။

စာအုပ်တွေဟာ အတိတ်ခေတ်နဲ့ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်၊ ကျွန်တော်တို့ခေတ်နဲ့ အနာဂတ်ခေတ်တို့ကို ပေါင်းကူးပေးတဲ့ တံတားတွ...
17/11/2024

စာအုပ်တွေဟာ အတိတ်ခေတ်နဲ့ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်၊ ကျွန်တော်တို့ခေတ်နဲ့ အနာဂတ်ခေတ်တို့ကို ပေါင်းကူးပေးတဲ့ တံတားတွေဖြစ်တယ်...။

မြသန်းတင့် [ ၁၉၂၉- ၁၉၉၈ ]

ဆက်ဆံရေးတွေ ခိုင်မြဲချင်ရင်လူအများရှေ့မှာ ချီးမြှောက်ပြီးနှစ်ယောက်တည်းတွေ့ချိန်မှာဝေဖန်မှာ....
15/11/2024

ဆက်ဆံရေးတွေ ခိုင်မြဲချင်ရင်လူအများရှေ့မှာ ချီးမြှောက်ပြီး
နှစ်ယောက်တည်းတွေ့ချိန်မှာ
ဝေဖန်မှာ....

Social Media ကနေ အနားယူပြီး ကိုယ့်ရဲ့ ပန်းတိုင်ကို အာရုံစိုက်ဖို့ အချိန်တန်ပြီလို့ ခံစားမိတယ်" "Social Media ကနေ ခဏလေး ပ...
14/11/2024

Social Media ကနေ အနားယူပြီး ကိုယ့်ရဲ့ ပန်းတိုင်ကို အာရုံစိုက်ဖို့ အချိန်တန်ပြီလို့ ခံစားမိတယ်"

"Social Media ကနေ ခဏလေး ပြတ်တောက်ပြီး ကိုယ့်ဘဝကို ပိုပြီး ပျော်ရွှင်စေချင်တယ်။ သင်တို့လည်း ဒီလို အခွင့်အရေးကို အသုံးချကြည့်ပါ"

, ,

ခဏခဏ ကိုယ့်ရှေ့ငြီးပြနေတတ်တဲ့သူရှိနေပြီဆို နားငြီးခံနားမထောင်ပါနဲ့ ။တစ်ခွန်းတည်းပြန်မေးလိုက်ပါ..."မင်းဘယ်လောက် ကြိုးစားက...
13/11/2024

ခဏခဏ ကိုယ့်ရှေ့ငြီးပြနေတတ်တဲ့သူရှိနေပြီဆို နားငြီးခံနားမထောင်ပါနဲ့ ။တစ်ခွန်းတည်းပြန်မေးလိုက်ပါ...

"မင်းဘယ်လောက် ကြိုးစားကြည့်ပြီးပြီလဲ"လို့

住所

Okayama-shi, Okayama
700-0000

営業時間

月曜日 09:00 - 17:00
火曜日 09:00 - 17:00
水曜日 09:00 - 17:00
木曜日 09:00 - 17:00
金曜日 09:00 - 17:00

電話番号

09797223625

ウェブサイト

アラート

Life Coachingがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Life Coachingにメッセージを送信:

共有する