Barlolobarbel

Barlolobarbel ykonenine

ဘဝက တစ်ခါတလေ ကိုယ်ထင်ထားတာထက် ပိုခက်နိုင်တယ်။အလုပ်၊ ငွေကြေး၊ အိမ်မက်၊ အထီးကျန်မှု…ဘယ်သူမှ မမြင်တဲ့ တိုက်ပွဲတွေကို လူတိုင...
10/06/2026

ဘဝက တစ်ခါတလေ ကိုယ်ထင်ထားတာထက် ပိုခက်နိုင်တယ်။

အလုပ်၊ ငွေကြေး၊ အိမ်မက်၊ အထီးကျန်မှု…
ဘယ်သူမှ မမြင်တဲ့ တိုက်ပွဲတွေကို လူတိုင်း ရင်ဆိုင်နေရတယ်။

ဒါပေမဲ့ ဒီနေ့အထိ မင်းရပ်တည်လာနိုင်ခဲ့တာကို မမေ့ပါနဲ့။

မောရင် ခဏနားပါ။
ငိုချင်ရင် ငိုပါ။
ဒါပေမဲ့ လက်မလျှော့လိုက်ပါနဲ့။

မုန်တိုင်းတိုင်းမှာ အဆုံးသတ်ရှိသလို
အခက်အခဲတိုင်းမှာလည်း ဖြတ်ကျော်ရမယ့် နေ့တစ်နေ့ ရှိတယ်။

မင်းတစ်ယောက်တည်း မဟုတ်ဘူး။
ဒီနေ့လည်း အားတင်းထားပါ။

Fighting 💪❤️

ဂျပန်ကျေးဇူးမြန်မာရဲ့ လက်ရှိအခြေအနေကြောင့် ဂျပန်အစိုးရက ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအတွက် ဗီဇာအထူးသက်ညှာခွင့်တွေ ပေးထာ...
10/06/2026

ဂျပန်ကျေးဇူး

မြန်မာရဲ့ လက်ရှိအခြေအနေကြောင့် ဂျပန်အစိုးရက ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအတွက် ဗီဇာအထူးသက်ညှာခွင့်တွေ ပေးထားပါတယ် -

မြန်မာပြည်မပြန်လိုပါက ဆက်နေခွင့်ရခြင်း: မိမိဆန္ဒအလျောက် နေရပ်မပြန်ချင်သေးတဲ့ မြန်မာနိုင်ငံသားတွေကို ဂျပန်မှာ ဆက်လက်နေထိုင်ခွင့် ပေးထားပါတယ်။

တရားဝင် အလုပ်လုပ်ကိုင်ခွင့် (特定活動 - ၆ လ သို့မဟုတ် ၁ နှစ်): ဗီဇာသက်တမ်း ကုန်ဆုံးတော့မယ့်သူတွေ၊ ကျောင်းပြီးသွားသူတွေနဲ့ training တွေပါ "သတ်မှတ်လှုပ်ရှားမှု (Designated Activities)" ဗီဇာပြောင်းပြီး ဂျပန်မှာ ဆက်လက် အလုပ်လုပ်ကိုင်ခွင့် ရှိပါတယ်။

အခြေအနေပေါ်မူတည်ပြီး ဒီဗီဇာကို ဂျပန်မှာတင် ထပ်မံသက်တမ်းတိုး လျှောက်ထားနိုင်ပါတယ်။

ဒုက္ခသည်ဗီဇာ - အမှန်တကယ် အကာအကွယ်ပေးဖို့ လိုအပ်သူတွေအတွက်လည်း စိစစ်ပြီး ခွင့်ပြုပေးပါတယ်။

အနိုင်ကျင့်တာတွေကို ခေါင်းငုံ့ခံစရာမလိုပေမယ့် အထူအပါးနားလည်သင့်ပါကြောင်း။

နှစ် ၆၀ ပြည့် မွေးနေ့အထိမ်းအမှတ်တိုက်ရိုက်ဂုဏ်ပြုသောအားဖြင့် "Unplayed Piano" သီချင်း။Damien Rice and Lisa
07/05/2026

နှစ် ၆၀ ပြည့် မွေးနေ့အထိမ်းအမှတ်
တိုက်ရိုက်ဂုဏ်ပြုသောအားဖြင့်
"Unplayed Piano" သီချင်း။

Damien Rice and Lisa

05/05/2026

ဘဝဆိုတာ မသေချာတော့ အိပ်မက်အတွက် ပေးဆပ်ရင်း ပစ်မှတ်မရောက်မြှားတွေ
🔚

05/05/2026

ပစ္စုပ္ပန်ကို တန်ဖိုးထားပါ။

အေးချမ်းစွာ စီးမျောပါ။

သိပြီးသားဆိုပေမယ့် ပြောရဦးမယ်ぼーっとしてる(関西弁)• စိတ်လေနေခြင်း / ငေးငိုင်နေခြင်း: ဘာကိုမှ အာရုံမစိုက်ဘဲ စိတ်လွင့်နေတဲ့ အခြေအနေ...
03/05/2026

သိပြီးသားဆိုပေမယ့် ပြောရဦးမယ်

ぼーっとしてる(関西弁)

• စိတ်လေနေခြင်း / ငေးငိုင်နေခြင်း: ဘာကိုမှ အာရုံမစိုက်ဘဲ စိတ်လွင့်နေတဲ့ အခြေအနေမျိုးကို ဆိုလိုတာပါ။ တစ်စုံတစ်ယောက်က ကိုယ့်ကိုစကားပြောနေပေမဲ့ ကိုယ်ကဘာမှ ပြန်မတုံ့ပြန်ဘဲ ငေးနေရင် "ぼーっとしてるね" လို့ အပြောခံရတတ်ပါတယ်။

• ဦးနှောက်က အလုပ်မလုပ်တော့ခြင်း: အလုပ်တွေ အရမ်းများလို့ပဲဖြစ်ဖြစ်၊ ပင်ပန်းလို့ပဲဖြစ်ဖြစ် ဘာမှစဉ်းစားလို့မရတော့ဘဲ ခေါင်းထဲဗလာဖြစ်နေတဲ့ အခြေအနေမျိုးမှာ သုံးပါတယ်။

• အနားယူနေခြင်း: တမင်သက်သက် ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး အနားယူနေတာကိုလည်း ဆိုလိုနိုင်ပါတယ်။

လိုတာရှိရင်ပြောပြပေးပါဦး။
ပြီးတော့ ကျန်နှစ်ခုကိုလည်း အဆင်ပြေရင် ရှင်းပြပေးပါဦး
宜しくです

ပန်းဂေါ်ဖီစိမ်း ရေဆေးနည်း မှန်မှန်သိပြီးပြီလား။ပုံမှန်ရေနဲ့ဆေးတာက မလုံလောက်ဘူးနော်။ပန်းစိမ်းက သေချာရေမဆေးရင် အတွင်းမှာ ဖ...
02/05/2026

ပန်းဂေါ်ဖီစိမ်း ရေဆေးနည်း မှန်မှန်သိပြီးပြီလား။

ပုံမှန်ရေနဲ့ဆေးတာက မလုံလောက်ဘူးနော်။ပန်းစိမ်းက သေချာရေမဆေးရင် အတွင်းမှာ ဖုန်၊ မြေ၊ ပိုးလေးတွေ ကျန်နိုင်တာမို့-

✔️ နည်းလမ်း (1)
ပန်းခေါင်းကို အောက်ဘက်ထားပြီး ရေထဲ 10~20 မိနစ် နစ်ထားပါ
👉 အတွင်းထဲက အညစ်အကြေးတွေ ထွက်လာမယ်

✔️ နည်းလမ်း (2)
ပလတ်စတစ်အိတ်ထဲ ရေ + ဆားနည်းနည်းထည့်ပြီး လှုပ်ပါ
👉 ဆေးလို့ပိုမြန်ပြီး သန့်သန့်ရှင်းရှင်းဖြစ်မယ်

သေချာမစဉ်းစားပဲ ဖြစ်သလိုဆေးနေခဲ့တာတွေကို ဒီနေ့ကစပြီး ပြောင်းလိုက်ကြရအောင်😎

住所

Osaka, Osaka

ウェブサイト

アラート

Barlolobarbelがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する