The Frame By ZIN

The Frame By ZIN 日本の生活

31/07/2026

Sunscreenဆို ဒါလေးသုံးကြည့်
Japan No(1) Sunscreen

30/07/2026

ဂျပန်မှာ ဆံပင်နဲ့ပတ်သက်ပြီးစိတ်ညစ်နေရင်ဒါလေးစမ်းသုံးကြည့်ပါ

Chedi Luang Buffet Osaka (ပုံ Herbis 5F)Chedi Luang ဟာ စစ်မှန်ပြီး အရသာထူးကဲလှတဲ့ ထိုင်းရိုးရာအစားအစာမျိုးစုံနဲ့ အာရှဟင်...
29/06/2026

Chedi Luang Buffet Osaka (ပုံ Herbis 5F)

Chedi Luang ဟာ စစ်မှန်ပြီး အရသာထူးကဲလှတဲ့ ထိုင်းရိုးရာအစားအစာမျိုးစုံနဲ့ အာရှဟင်းလျာတွေကို တစ်နေရာတည်းမှာ စိတ်ကြိုက်သုံးဆောင်နိုင်မယ့် Buffet ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ဆိုင်ထဲဝင်လိုက်တာနဲ့ သန့်ရှင်းသေသပ်ပြီး ခင်းကျင်းပြသထားတဲ့ အစားအစာတွေရဲ့ အစီအရင်က ဗိုက်ကိုချက်ချင်းဆာသွားစေမှာ အသေအချာပါပဲ။

⏰ ဆိုင်ဖွင့်ချိန် (Opening Hours)
နေ့လယ်စာ (Lunch) နဲ့ ညစာ (Dinner) ဆိုပြီး အချိန်အပိုင်းအခြားအလိုက် စိတ်ကြိုက်ရွေးချယ် သုံးဆောင်နိုင်ပါတယ်။
• နေ့လယ်စာ Buffet (Lunch Time):
• 11:00 AM – 3:00 PM (နောက်ဆုံးဝင်ရောက်နိုင်မည့်အချိန် - 2:30 PM)
• ညစာ Buffet (Dinner Time):
• 5:00 PM – 10:00 PM (နောက်ဆုံးဝင်ရောက်နိုင်မည့်အချိန် - 9:30 PM)
(မှတ်ချက်။ ။ အချိန်ကန့်သတ်ချက်အနေနဲ့ ဝင်ရောက်ထိုင်စားချိန်မှစ၍ မိနစ် ၉၀ သို့မဟုတ် ၁၂၀ (သတ်မှတ်ထားသည့် Plan အလိုက်) စိတ်ကြိုက်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။)

Chedi Luang (チェディルアン) အနေနဲ့ Osaka မှာ စုစုပေါင်း ၄ ဆိုင် ရှိပါတယ်ခင်ဗျာ။
ဆိုင်ခွဲတစ်ခုချင်းစီအလိုက် တည်နေရာနဲ့ အဓိကရရှိနိုင်တဲ့ ပုံစံလေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
1. Chedi Luang Kitahorie (北堀江本店) - ပင်မဆိုင်ကြီး
• တည်နေရာ: Kitahorie, Nishi-ku (Yotsubashi Station သို့မဟုတ် Nishi-Ohashi Station အနီး)
• အမျိုးအစား: ထိုင်းမြောက်ပိုင်း (Chiang Mai) ရိုးရာအရသာ စစ်စစ်ကို အဓိကရရှိနိုင်ပြီး နေ့လယ်စာ Buffet ကို လူကြိုက်များပါတယ်။

2. Chedi Luang Herbis ENT (西梅田店)
• တည်နေရာ: Umeda, Kita-ku (Herbis PLAZA ENT, 5F)
• အမျိုးအစား: Osaka Station နဲ့ အနီးဆုံးဖြစ်ပြီး အပြင်အဆင် အလွန်လှပဇိမ်ကျတဲ့ Premium ဆိုင်ခွဲဖြစ်ပါတယ်။ အထက်မှာ ပြသထားတဲ့ Chocolate Fountain, ပုဇွန်တုတ် အအေးခံစင်နဲ့ ဟင်းလျာတွေက ဒီဆိုင်ခွဲရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

3. Koh Samui by Chedi Luang (コサムイ バイ チェディルアン)
• တည်နေရာ: Umeda, Kita-ku (Herbis PLAZA ENT, 3F - ၅ ထပ်ဆိုင်ရဲ့ အောက် ၂ ထပ်မှာ ရှိပါတယ်)
• အမျိုးအစား: ထိုင်းတောင်ပိုင်း (Samui ကျွန်း) ရိုးရာစတိုင် ပင်လယ်စာဟင်းလျာတွေနဲ့ Resort Lounge ဆန်ဆန် အပန်းဖြေစတိုင် Buffet ကို အဓိကထားပါတယ်။

4. Chedi Luang Yodoyabashi (淀屋橋店)
• တည်နေရာ: Yodoyabashi (Chuo-ku) ရုံးခန်းဧရိယာအနီး
• အမျိုးအစား: ထိုင်းအရှေ့မြောက်ပိုင်း (Isan စတိုင်) အစားအစာတွေနဲ့ ထိုင်းစတိုင် BBQ၊ ဘီယာမျိုးစုံကို အဓိကရရှိနိုင်တဲ့ ဆိုင်ခွဲဖြစ်ပါတယ်။

အခုဆိုရင် မိမိတို့ရဲ့ Yuuchou Debit Cardကို iPhone ထဲက Apple Wallet မှာ အလွယ်တကူ ထည့်သွင်းပြီး အသုံးပြုနိုင်ပြီဖြစ်လို့ ...
29/06/2026

အခုဆိုရင် မိမိတို့ရဲ့ Yuuchou Debit Cardကို iPhone ထဲက Apple Wallet မှာ အလွယ်တကူ ထည့်သွင်းပြီး အသုံးပြုနိုင်ပြီဖြစ်လို့ ပိုက်ဆံအိတ်ကြီး ဆောင်သွားစရာမလိုဘဲ ဖုန်းလေးတစ်လုံးတည်းနဲ့ Touch လုပ်ပြီး ဈေးဝယ်လို့ ရပါပြီ။✅

Apple Wallet ထဲ ထည့်သွင်းနည်း

၁။ Apple Wallet App ကို ဖွင့်ပါ။
၂။ ညာဘက်အပေါ်က "+" အမှတ်အသားကို နှိပ်ပါ။
၃။ "Debit or Credit Card" ကိုရွေးပြီး မိမိရဲ့ Yuuchou Debit Card ကို Scan ဖတ် (သို့မဟုတ်) အချက်အလက်များ ဖြည့်သွင်းပါ။
၄။ သတ်မှတ်ထားတဲ့အတိုင်း အဆင့်ဆင့်လုပ်ဆောင်ပြီးတာနဲ့ စတင်အသုံးပြုနိုင်ပါပြီ။

Paypay စက်ဘီးအာမခံ ဝယ်နည်း(ပုံ)နဲ့ ဘာလို့ဝယ်သင့်လဲဆိုတာ တစ်ချက်ဖတ်ကြည့်ကြည့်ပါနေ့တိုင်း စက်ဘီးစီးသွားရမယ်ဆို ယာဉ်မတော်တဆ...
28/06/2026

Paypay စက်ဘီးအာမခံ ဝယ်နည်း(ပုံ)နဲ့ ဘာလို့ဝယ်သင့်လဲဆိုတာ တစ်ချက်ဖတ်ကြည့်ကြည့်ပါ

နေ့တိုင်း စက်ဘီးစီးသွားရမယ်ဆို ယာဉ်
မတော်တဆဖြစ်လို့ကိုယ်ကလျော်ကြေးပေးရမယ်ဆိုရင်
ကျွန်တော်တို့လို နိုင်ငံခြားသား ကျောင်းသားအလုပ်လုပ်တဲ့သူတွေအတွက် လျော်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ် ဘာသာ စကားအခက်အခဲ ကြောင့် ပိုပြီးဖြေရှင်းရခက်ပါတယ် အာမခံဝယ်ထားတဲ့ အခါ မှာ အာမခံက သင့်အစားအထိုက်သင့် ကာကွယ်ပေးနိုင်ပါတယ်

ဥပမာ

ကိုယ့်ကြောင့်တစ်ပါးသူ ထိခိုက်မိတာမျိုးအတွက် Plan အရ ဘယ်လောက်အထိ လျော်ကြေးပေးတာမျိုး

ကိုယ်ကလည်းဒဏ်ရာရတဲ့အခါ ဆေးရုံဆေးခန်းတက်ရမယ်ဆိုအဲ့ဒီအတွက် ထောက်ပံ့ပေးတာမျိုးတွေပြန်ရပါတယ်

ဒါပေမဲ့ မရနိုင်တဲ့ အာမခံဝင်ထားပေမဲ့အာမခံအခြေနေတွေလည်းရှိပါတယ်

ဥပဒေပြင်ပ ကိုယ့်ရဲ့အမှားကြောင့် ဆိုအာမခံအကျုံးမဝင်တာမျိုးလျှော်ကြေးလျှော့ချတာမျိုးရှိပါတယ်

ဘာပဲဖြစ်ဖြစ် 200-300 လောက်နဲ့ဝယ်ထားသင့်တဲ့အာမခံထဲပါပါတယ်

200$-300$ ထိ စျေးတက်သွားတဲ့ Apple Productတွေကြောင့်လက်ရှိ Amazonမှာပစ္စည်းများအားလုံးUnavailable တွေဖြစ်နေတာ သိပြီးပြီလာ...
25/06/2026

200$-300$ ထိ စျေးတက်သွားတဲ့ Apple Productတွေကြောင့်လက်ရှိ Amazonမှာပစ္စည်းများအားလုံးUnavailable တွေဖြစ်နေတာ သိပြီးပြီလား ဘယ်ပစ္စည်းတွေမှာဘယ်လောက်စျေးတက်သွားမလဲ ကြည့်ကြည့်ပါ

MacBook Neo (လူကြိုက်များတဲ့ ဘတ်ဂျက်သုံး မော်ဒယ်): $599 ➡️ $699 ($100 တက်)
• MacBook Air (13-inch): $1,099 ➡️ $1,299 ($200 တက်)
• MacBook Air (15-inch): $1,299 ➡️ $1,499 ($200 တက်)
• MacBook Pro (14-inch): $1,699 ➡️ $1,999 ($300 တက်)
• MacBook Pro (16-inch): $2,699 ➡️ $2,999 ($300 တက်)
• iMac: $1,299 ➡️ $1,499 ($200 တက်)
• Mac Studio $3,999 ➡️ $5,299 ($1,300 တက်)
• iPad (Standard): $349 ➡️ $449 ($100 တက်)
• iPad mini: $499 ➡️ $599 ($100 တက်)
• iPad Air (11-inch): $599 ➡️ $749 ($150 တက်)
• iPad Pro (11-inch): $999 ➡️ $1,199 ($200 တက်)
• Apple TV: $129 ➡️ $199 ($70 တက်)
• HomePod: $299 ➡️ $349 ($50 တက်)
• HomePod mini: $99 ➡️ $129 ($30 တက်)
• Apple Vision Pro: $3,499 ➡️ $3,699 ($200 တက်)

စိတ်ဝင်စားစရာကလာမဲ့ Iphone18ပါ ဖြစ်နိုင်ခြေကပုံမှန်စျေးမတက်ခင်စျေးနဲ့ထွက်လာပြီး နောက်မှတက်လာနိုင်ချေသတင်းက Buyerတွေကြားရောက်နေနှင့်ပြီးသားဆိုတော့ လာမဲ့18 ဟာ ပိုရောင်းအားကောင်းအောင်ပုံမှန်စျေးလေးနဲ့ပဲထွက်လာမယ်ထင်ပါတယ်

အိမ်မှာ တစ်ယောက်ထဲနေလို့ပျင်းနေရတာမျိုးရှိလား?အဲ့တာဆိုကျွန်တော်Pinterest Appလေးနဲ့နဲနဲမိတ်ဆက်ပေးမယ် သူက Social Media တမျ...
25/06/2026

အိမ်မှာ တစ်ယောက်ထဲနေလို့ပျင်းနေရတာမျိုးရှိလား?
အဲ့တာဆိုကျွန်တော်Pinterest Appလေးနဲ့နဲနဲမိတ်ဆက်ပေးမယ် သူက Social Media တမျိုးဒါပေမဲ့ သူက ကိုယ်ဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားလိုက်တာတွေကို အထဲမှာအကုန်ရှာလို့ရတယ် ဥပမာ အိမ်အလှဆင်မယ် Designဆွဲမယ် ဆိုရင် Appထဲဝင် ကိုယ်လိုချင်တဲ့ Categoryကိုရှာ Brainstormingလုပ် ပြီးရင် ကိုယ်ရဲ့ လိုချင်တဲ့စိတ်ကူးတိုင်းပုံဖော်လို့ရတယ်

Pinterest ကို ဘယ်လိုနေရာတွေမှာ သုံးကြလဲ။

✅စတိုင်လ်နှင့် ဖက်ရှင် ရှာဖွေရန်: အဝတ်အစား တွဲဖက်ဝတ်ဆင်ပုံ စိတ်ကူးများ ရှာဖွေခြင်း။
✅အိမ်တွင်းအလှဆင်ခြင်းနှင့် DIY: အခန်းဖွဲ့စည်းပုံ၊ အိမ်သန့်ရှင်းရေး အကြံဉာဏ်များနှင့် ကိုယ်တိုင်လုပ်ပစ္စည်း (DIY) စိတ်ကူးများ ရှာဖွေခြင်း။
✅ဟင်းချက်နည်းများ: အစားအသောက် ချက်ပြုတ်နည်းအမျိုးမျိုးကို ဓာတ်ပုံလှလှလေးတွေနဲ့တကွ ရှာဖွေခြင်း။
✅အနုပညာနှင့် ဒီဇိုင်း: Graphic Design၊ Drawing၊ Photography စတဲ့ အနုပညာသမားတွေအတွက် စိတ်ကူးစိတ်သန်း (Inspiration) ယူခြင်း။
✅ခရီးသွားခြင်း: သွားချင်တဲ့ နေရာတွေ၊ ခရီးစဉ် တွေအတွက် ကြိုတင်စီစဉ်ဖို့အတွက်သုံးကြတယ်

Credit Card Revolving ဆိုတာဘာလဲ? ကျွန်တော်တို့ လူငယ်တွေ ဂျပန်ကိုစရောက်လာပြီးနောက်ပိုင်း Credit Cardတွေလျှောက်ပြီး အကြွေး...
24/06/2026

Credit Card Revolving ဆိုတာဘာလဲ?
ကျွန်တော်တို့ လူငယ်တွေ ဂျပန်ကိုစရောက်လာပြီးနောက်ပိုင်း Credit Cardတွေလျှောက်ပြီး အကြွေးဝယ်ဖို့စဉ်းစားကြတယ် အဲ့ဒါ့ရဲ့နောက်ကွယ်မှာ အကြွေးပြန်ဆပ်နည်းမျိုးစုံထဲမှာမှ リボ払い ဆိုတာကိုရှင်းပြပေးပါမယ်

リボဆိုတာ လည်ပတ်နေတဲ့ ငွေ ကြေးပြန်ဆပ်တယ်လို့ဆိုလိုပြီး ကိုယ်က ဒီလ သောင်း ၂၀ အကြွေးယူလိုက်တယ်
အဲ့ဒါကို နောက်လ ကိုယ်က ၂၀၀၀၀ ပဲဆပ်မယ်ဆိုပါစို့ အဲ့တာဆို ကျန်တဲ့ ၁၈ သောင်းကို နောက်လရဲ့ နောက်တလမှာ အတိုးနဲ့ သွားဆပ်ရမှာပါ Revolveမှာ တစ်နှစ်ကို 手数料အတိုး ၁၅ ရာခိုင်နှုန်းထိရှိပါတယ် အဲ့တာကြောင့် အဲ့ ၁၈၀၀၀၀ ကျန်တာကို အဲ့လမှာ ၂၀၀၀၀ ဆပ်တဲ့အခါ အတိုး ၁၅ ရာခိုင်နှုန်း ပေါင်းအပြီးအဲ့လမှာ ၂၂၂၅၀ ပေးရမှာပါ

ပြသနာက အဲ့မှာမဟုတ်ပါဘူးအောက်မှာဆက်ပြောပါမယ်

ကိုယ်ကပုံမှန်ဒီသောင်း၂၀ ကိုပဲဆပ်သွားမယ်ဆို အတိုးနှုန်းက ပုံမှန်ဖြစ်နေပေမဲ့ မတော်လို့နောက်ထပ် ပစ္စည်းစျေးကြီးတာကိုထပ်ဝယ်မိတဲ့အခါ မျိုးမှာ တော့ လက်ရှိတစ်လ ၂၀၀၀၀ ဆပ်နေတဲ့ပိုက်ဆံက နေ နောက်ထပ် ထပ်ဝယ်တဲ့ပစ္စည်း ရဲ့ အတိုးကောအရင်းကောမှာဆို အရင်းကိုဆပ်နိုင်ဖို့ထပ်ကြာသွားနိုင်ပါတယ် ဘာလို့ဆို အဲ့၂၀၀၀၀ က လက်ရှိယူထားတဲ့ပစ္စည်းကော နောက်ထပ် အသစ်ကော ကိုဆပ်ရမဲ့ဟာဖြစ်နေလို့ပါ အကယ်လို့ကိုယ်က တိုးပြီး ဆပ်နိုင်ရင်တော့ပိုကောင်းပါတယ်

Siblings ❤️Universal Studio JapanFav rides 📍Hollywood Dream📍Flying Dinosaur
24/06/2026

Siblings ❤️
Universal Studio Japan

Fav rides
📍Hollywood Dream
📍Flying Dinosaur

24/03/2026

Osaka Radiance Nights ညတွေဖြတ်သန်းသွားပြီးပြီလား? အလုပ်ရဲ့Stressတွေအတွက် မရှိမဖြစ် သွားကြတဲ့နေရာလေးတစ်ခု

住所

Osaka, Osaka

ウェブサイト

アラート

The Frame By ZINがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

The Frame By ZINにメッセージを送信:

ショートカット

共有する