
08/12/2024
Hello ♡ ဒီတခေါက်မှာတော့ သူငယ်ချင်းလေးနဲ့အတူသွားဖစ်တဲ့ Christmas vibe လေးလည်းရ ၊ ကိုယ့်ချစ်တဲ့သူလေးတွေနဲ့ အေးဆေးဒိတ်လို့ရမဲ့ ကိုရီးယားစတိုင် ကာဖီဆိုင်လေးကို မျှဝေပေးချင်ပါတယ်ရှင့် 🍓
⛇☃︎ ဆိုင်လေးက အိုဆာကာ အနီး Tsukamoto မှာရှိတော့ သွားရတာလည်းလွယ်ကူလို့ မင်ကတော့ အခုကစ အမြဲသွားဖစ်မဲ့ ဆိုင်လေးလို့ ထင်မိပါတယ် ။
⛇☃︎ ဆိုင်ရဲ့ interior design လေးတွေက ရမ်းလှ၊ decoration ပိုင်းက ရှင်းရှင်းလေးနဲ့ ပုံရိုက်ရင်လှစေမဲ့ design လေး၊ လူလည်းသိပ်မများ အေးဆေးတဝကြီးကို chillလို့ရတဲ့ဆိုင်လေး၊ cozy vibe ကို အပြည့်အဝရစေမဲ့ ဆိုင်လေးမို့ဆက်ဆက်သွားကြည့်ကြနော် ♡
⛇☃︎ Coffee/ cake အရသာပိုင်းကတော့ ပြောစရာမလိုဘူးပေါ့နော် ။ ကိတ်သားလေးတွေက စားလို့ကောင်းတာရော နူးနူးညံ့ညံ့လေးနဲ့ ၊Christmas ရာသီ ဆောင်းရာသီမို့ cake ဒီဇိုင်းလေးတွေက ထူးခြားပီးတော့ လှပနေသော ။
⛇☃︎ တချက်ပြောစရာကတော့ cream ကြိုက်တဲ့သူတွေဆို မင်တို့မှာထားတဲ့ မီနူးလေးတွေက အဆင်ပြေပေမဲ့ အအီလွယ်ရင်တော့ cream လေးလျော့ထည့်ဖို့ပြောနော် ♡
⛇☃︎ lighting လေးလည်း လှတဲ့ထဲပါတာမို့indoor/ outdoor ဓာတ်ပုံလှလှလေးတွေများကြီးရမှာအသေအချာပါပဲရှင် ! မင်ကတော့ သူငယ်ချင်းနဲ့ ဓာတ်ပုံတွေအများကြီး တလှည့်စီရိုက်လိုက်နဲ့ 2နာရီကျော်အေးဆေးကုန်ဆုံးခဲ့ပါတယ်ရှင် ဟီး 🍃☕️
မှာစားဖစ်ခဲ့တာလေးကတော့
⛇☃︎ hot chocolate
⛇☃︎ caramel latte
⛇☃︎ santa claus choco cake
⛇☃︎ snowman cake
⛇☃︎ choco cookie
⛇☃︎ [Cafe BPM]
大阪府大阪市淀川区塚本2丁目21−5
#အိုဆာကာ #ကော်ဖီချစ်သူ #大阪カフェ #大阪韓国カフェ
#အိုဆာကာ #ကာဖီချစ်သူ #ကော်ဖီဆိုင်လှလှလေး #အိုဆာကာကကော်ဖီဆိုင်
#塚本グルメ #塚本ランチ #大阪カフェ #大阪旅行 #大阪観光