Japanese Life 🎋Memories & Sharing🌸

30/09/2025

Day 9

〜くらいなら…・〜ぐらいなら (နှိုင်းယှဉ်မယ်ဆိုရင်)

A အကြောင်းအရာ တစ်ခု က သိပ်ပြီး မကောင်းတဲ့
အခြေနေ တစ်ခု ဖြစ် မယ်ဆိုရင်
A ထက်စာ ရင် B ကို လုပ်လိုက်တာက ပိုကောင်းတယ် ဆိုတဲ့ နေရာမျိုးမှာ သုံးပါတယ်

れい : 毎日自分で弁当を作るぐらいなら、コンビニ弁当でいい。

(まいにちじぶんで べんとうをつくるぐらいなら、コンビニべんとうでいい)

ဥပမာ ။ နေတိုင်း ကိုယ်တိုင်လုပ်ပီး ထမင်းဗူးထည့်ရမယ်ဆိုရင် convenience store ကနေ ဝယ်စားလိုက်တာက ပိုကောင်းအုန်းမယ်


zen master

Life


🗒️ JLPT ဖြည့်မည့် သူများအတွက် အသုံးဝင်မယ့် Grammar လေးတွေကို တစ်ရက် တစ်မျိုးနှ
sharing လုပ်ပေးသွားပါမယ်နော်^*^

Day8

https://www.facebook.com/share/p/17Gg7WNgpo/?mibextid=wwXIfr

28/09/2025

Day 8

〜に限る(〜にかぎり) [ အကောင်းဆုံး ]
~ がいちばんいい ဆိုတဲ့ အဓိပ္ပါယ်

*ပြောတဲ့ သူရဲ့ စိတ်ခံစားချက်နဲ့ ပြောတာမျိုးမှာ သုံးတယ် *

れい 1. やっぱり映画は映画館で見るに限る。
やっぱりえいがはえいかかんでみるにかぎる。
ဥပမာ၁။ ထင်ထားတဲ့ အတိုင်းပဲ ရုပ်ရှင်ဆိုတာ ရုပ်ရှင်ရုံမှာ ကြည့်ရတာက အကောင်းဆုံးပဲ

れい2. 湖の写真を撮るならこの場所に限ります。すてきな写真が撮れますよ。
みずうみのしやしんをとるならこのばしよにかぎります。すてきなしゃしんがとれますよ。

ဥပမာ ၂။ ရေကန် ရဲ့ ဓာတ်ပုံကို ရိုက်မယ်ဆိုရင် ဒီနေရာက အကောင်းဆုံး ပဲ ။ လှတဲ့ ဓာတ်ပုံရိုက်လို့ရတယ်


zen master

Life


🗒️ JLPT ဖြည့်မည့် သူများအတွက် အသုံးဝင်မယ့် Grammar လေးတွေကို တစ်ရက် တစ်မျိုးsharing လုပ်ပေးသွားပါမယ်နော်^*^

https://www.facebook.com/share/p/1CXixk1tzf/?

Day 7〜のだから… (သောကြောင့်)A ရဲ့ အခြေအနေကြောင့် B က ဖြစ်ရိုးဖြစ်စဉ်ပဲ (မထူးဆန်းဘူး)ဆိုတဲ့ အဓိပ္ပါယ်တွေမှာ သုံးလေ့ရှိတယ်例1)世...
27/09/2025

Day 7

〜のだから… (သောကြောင့်)

A ရဲ့ အခြေအနေကြောင့် B က ဖြစ်ရိုးဖြစ်စဉ်ပဲ (မထူးဆန်းဘူး)
ဆိုတဲ့ အဓိပ္ပါယ်တွေမှာ သုံးလေ့ရှိတယ်

例1)世界は広い[のだから]、いろいろな習慣があるのは当然だ。
せかいはひろい のだから、いろいろなしゅうかんがあるはとうぜんだ。

ဥပမာ။ ကမ္ဘာကြီးက ကျယ်ပြန့်သောကြောင့် ယဉ်ကျေးမှုဓလေ့ထုံးစံတွေ အမျိုးမျိုး ရှိတာက ဖြစ်ရိုးဖြစ်စဉ်ပဲ


zen master

Life


🗒️ JLPT ဖြည့်မည့် သူများအတွက် အသုံးဝင်မယ့် Grammar လေးတွေကို တစ်ရက် တစ်မျိုး
sharing လုပ်ပေးသွားပါမယ်နော်^*^

https://www.facebook.com/share/p/14DpaDE8nwY/?mibextid=wwXIfr

22/09/2025

Day 6

〜によって. 〜よっては ( 〜 မူတည်
၍/မူတည်ပြီး )

တသတ်မှတ်တည်း မဟုတ်ဘူး (အမျိုးမျိုး ၊ မတူကွဲပြားခြင်းတွေ ရှိနိုင်တယ်)

れい1、国によって、習慣が違う。
くににもよって、しゅうかんがちかう。
ဥပမာ။နိုင်ငံ ပေါ် မူတည်ပြီး ယဉ်ကျေးမှုတွေ မတူညီဘူး ( ကွဲ ပြားခြားနားတယ်/အမျိုးမျိုး ရှိနိုင်တယ်)

れい2、 天気によっては、試合を中止します。
てんきによって、しあいをちゅうしします。
ဥပမာ ။ ရာသီဥတုပေါ် မူတည်ပြီး ပြိုင်ပွဲ ကို ရပါနားပါမယ်

Day 5
https://www.facebook.com/share/p/19uyUxHxhV/?mibextid=wwXIfr


zen master

Life


🗒️ JLPT ဖြည့်မည့် သူများအတွက် အသုံးဝင်မယ့် Grammar လေးတွေကို တစ်ရက် တစ်မျိုး
sharing လုပ်ပေးသွားပါမယ်နော်^*^

21/09/2025

Day 5
~とおりだ/~とおりに
~どおりだ/〜どおりに (အတိုင်း)

〜同じ (おなじ)ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်

おしゃれのとおりてす。
ပြောတဲ့ အတိုင်းပဲ

おもったとおり、テストはむずかしかったです。
တွေးထားတဲ့ အတိုင်း စာမေးပွဲက ခက်တယ်

Day 4

https://www.facebook.com/share/p/1BZ5dDtAH5/?mibextid=wwXIfr


zen master

Life


🗒️ JLPT ဖြည့်မည့် သူများအတွက် အသုံးဝင်မယ့် Grammar လေးတွေကို တစ်ရက် တစ်မျိုးနှ
sharing လုပ်ပေးသွားပါမယ်နော်^*^

17/09/2025

Day 4

〜たびに…(အချိန်တိုင်း)

တစ်ခါမှတ်ထားပီး တစ်သက်လုံး မမေ့တဲ့ Grammar ကတော့ たびに ပါရှင်

〜するとき နဲ့ တူပြီးတော့

A အကြောင်းအရာအဖြစ်ပျက် တစ်ခု ဖြစ်တဲ့ အချိန်တိုင်း / တွေးမျတဲ့ အချိန်တိုင်းမှာ
B က တူညီတဲ့ အရာ /တူညီတဲ့ ခံစားချက် ဖြစ်ပေါ်တယ်

れい1 、このチームは試合のたびに強くなっていく
このチームはしあいのたびに強くなっていく

ဥပမာ ၁။ ဒီအသင်းက ပြိုင်ပွဲတိုင်း မှာ အားကောင်းလာတယ် ( အားနည်းသွားတဲ့ အချိန်မျိုးတောင် မရှိဘူး ဆိုတဲ့ အဓိပ္ပါယ်ပါ)

れい2、この歌を聞くたびに、学生時代を思い出します。
このうたをきくたびに、がくせいじたいをおもいだします。

ဥပမာ ၂။ ဒီသီချင်းကို နားထောင်တိုင်း ကျောင်းသားဘဝ ကို သတိရတယ်

Grammar တွေကို ပိုမှတ်မိနိုင်ဖို့ စာကြောင်းတွေ များကြီးဖတ်ဖို့လိုပါတယ်

Day 3
https://www.facebook.com/share/p/1BPwLX1D5T/?mibextid=wwXIfr


zen master

Life


🗒️ JLPT ဖြည့်မည့် သူများအတွက် အသုံးဝင်မယ့် Grammar လေးတွေကို တစ်ရက် တစ်မျိုး
sharing လုပ်ပေးသွားပါမယ်နော်^*^

16/09/2025

Day 3

ဒီနေ့က N3 မှာ အရမ်းမှတ်ရလွယ်တဲ့ Grammar နှစ်ခု အကြောင်းရှင်းပြပေးပါမယ်နော်

〜おかけだ/〜おかけで (သောကြောင့်)

※Aのおかげで、B はよくなる(+ positive )

A ရဲ့ လွမ်းမိုးမှု/ အခြေ နေကြောင့် B က ကောင်းတဲ့ result ဖြစ်လာတယ်

⚫︎ရာသီဥတု ဆက်တိုက်ဆိုသလို သာယာတဲ့ နေတဲ့ အတွက်ကြောင့် လုပ်ငန်းက မြန်မြန်ပီးသွားတယ်

⚫︎電気がいい日が続いたおかげで、工事が早く終わった。
( てんきがいいひがつづいたおかげで、こうじがはやくおわった)

〜せいで…/〜せいだ…
A ကြောင့် B က よくない結果(ー)Negative

⚫︎ခုတလော အလုပ်များသောကြောင့် တော်တော်လေး ပင်ပန်းနေတယ်

⚫︎最近忙しかったせいで、かなり疲れている。
(さいきんいそがしかったせいで、かなりつかれている。)

Day2
https://www.facebook.com/share/p/1CciVMKMAP/?mibextid=wwXIfr

Day 1
https://www.facebook.com/share/p/172uhExZ78/?mibextid=wwXIfr


zen master

Life


🗒️ JLPT ဖြည့်မည့် သူများအတွက် အသုံးဝင်မယ့် Grammar လေးတွေကို တစ်ရက် တစ်ခုနှုန်းနဲ့ sharing လုပ်ပေးသွားပါမယ်နော်^*^

15/09/2025

Day-2

2) ~間…、間に… ( နေစဉ်/ အတောအတွင်း)

#間…、間に ကို အသုံးပြုပုံ/အသုံးပြုနည်း

၁။ 〜間(あいだ)

A ဆိုတဲ့ အခြေနေတစ်ခုမှာပဲ B ကလဲ ဆက်တိုက် ဖြစ်နေတယ်

(မတူညီတဲ့ အခြေနေကို မပြောင်းလဲသွားဘူးဆိုတော့အဓိပ္ပါယ်)

ဥပမာ ။ အမေက နေ့လည်အိပ်နေစဉ် ကလေးတွေက TV ကြည့်နေတယ်

れい。お母さんが昼寝をしている間、子供たちはテレビを見ていた。
(おかあさんがひるねをしているあいだ、こどもたちはテレビをみていた。)

၂။ A ဆိုတဲ့ အခြေနေတစ်ခုမှာပဲ B ကလဲ မတူညီတဲ့ အခြေနေတစ်ခု ဖြစ်ပွါးတယ်

ဥပမာ ။ အမေက နေ့လည်အိပ်နေစဉ် ကလေးတွေက ကစားဖို့ရန် အပြင်ထွက်သွားတယ်

れい。 お母さんが昼寝をしている間、子供たちは遊びに出かけた。
(おかあさんがひるねをしているあいだ、こどもたちはあそびにでかけた。)

※ အပေါ်က ဥပမာ စာကြောင်း နှစ်ခုမှာဆို

၁။ တောက်လျှောက်ဖြစ်နေတဲ့ အကြောင်းရာနဲ့
၂။ မတူတဲ့ အခြေနေ တစ်ခု ကို ပြောင်းလဲဖြစ်ပွါးတဲ့ အကြောင်းရာပဲ ဖြစ်ပါတယ်

ဥပမာ စာကြောင်စာကြောင်း အများအပြားကို ဖတ်ခြင်းအားဖြင် Grammar တွေရဲ့ အသုံးနှုန်းတွေပို ပိုပီးနားလည်လာမှာဖြစ်လို့ စာကြောင်းများများ ဖတ်ဖို့လိုပါမယ်နော်


zen master

Life


🗒️ JLPT ဖြည့်မည့် သူများအတွက် အသုံးဝင်မယ့် Grammar လေးတွေကို တစ်ရက် တစ်ခုနှုန်းနဲ့ sharing လုပ်ပေးသွားပါမယ်နော်^*^

14/09/2025

1 ) 〜 うちに… ( နေစဉ်/ အတောအတွင်း)

#うちに ကို အခြေနေ နှစ်မျိုးနဲ့ အသုံးပြုတယ်

၁။ A ဆိုတဲ့ အခြေနေတစ်ခုမှာ ရှိနေစဉ် B ကို လုပ်မယ်

(B ဆိုတဲ့ အခြေနေ မပြောင်းလဲခင် /အခွင့်ရေးရတုန်း လုပ် ထားမယ် ဆိုတဲ့ အဓိပ္ပါယ်)

ဥပမာ ။ မမှောင်ခင် အိမ် ပြန်ရအောင်

れい。暗くならないうちに、家に帰りましょう。
(くらくならないうちに、いえにかえりましょう。)

၂။ A ဆိုတဲ့ အကြောင်းအရာက ဆက်ပြီး ဖြစ်နေတဲ့ အချိန်မှာ B က အခြေနေ တစ်ခုကို ပြောင်းလဲ သွားတယ်

ဥပမာ ။ သီချင်းနားထောင်နေစဉ် အိပ်ပျော်သွားတယ်
れい。 音楽を聞いているうちに 眠ってしまった。
(おんがくをきいているうちに ねむってしました)


zen master

Life


🗒️ JLPT ဖြည့်မည့် သူများအတွက် အသုံးဝင်မယ့် Grammar လေးတွေကို တစ်ရက် တစ်ခုနှုန်းနဲ့ sharing လုပ်ပေးသွားပါမယ်နော်^*^

လုပ်ငန်းခွင်ထဲ ဝင်ရင် Harassment နဲ့ ပတ်သက်ပီး ကောင်း”နားလာ်ထားဖို့ လိုလို့  ဖတ်ထားသင့်ပါတယ်
23/08/2025

လုပ်ငန်းခွင်ထဲ ဝင်ရင်
Harassment နဲ့ ပတ်သက်ပီး ကောင်း”နားလာ်ထားဖို့ လိုလို့ ဖတ်ထားသင့်ပါတယ်

ဂျပန်လုပ်ငန်းခွင်မှာ လုပ်တဲ့အခါ မဖြစ်မနေသိထားသင့်တဲ့ harassment(ハラスメント) ဆို​တဲ့ အနိုင်ကျင့်ဆက်ဆံမှု တွေအများကြီးရှိပါတယ် အဲ့ထဲကမှ အသုံးများတဲ့တစ်ချို့ကိုပြောပြပါ့မယ်။ဒီထဲကတစ်ခုခုနဲ့ ရင်ဆိုင်နေရပြီဆိုရင် အထက်လူကြီး သို့မဟုတ် တာဝန်ရှိသူများ အင်မီဂရေးရှင်း အလုပ်သမားအဖွဲ့အစည်းတို့နဲ့ အမြန်ဆွေးနွေးသင့်နေပါပြီ။

ဂျပန်လုပ်ငန်းခွင်တွေက အရင်ခေတ်တုန်းကဆို အင်မတန်စည်းကမ်းတင်းကျပ်ပြီး customer သို့မဟုတ် အထက်လူကြီးကို ဘုရားလိုကိုးကွယ်ခဲ့ရတဲ့ ခေတ်တစ်ခုရှိခဲ့ဖူးပါတယ် အခုတော့ ဂျပန်လူငယ်တွေက နိုင်ငံတကာနဲ့ ပိုဆက်သွယ် ပိုဆက်ဆံလာတဲ့အခါမှာ customer တို့ အထက်လူကြီးတွေရဲ့ တစ်သွေးတစ်သံတစ်မိန့် မလုပ်မနေရ ဆိုတဲ့ ယဥ်ကျေးမှုကနေ တဖြည်းဖြည်း သွေဖယ်လာပါတယ် အဲ့အတွက် လုပ်ငန်းခွင်အတွင်း အာဏာပြ ဆက်ဆံမှုတွေ ခွဲခြားဆက်ဆံမှုတွေကို တားဆီးဖို့အတွက် အောက်ပါ စကားလုံးများပေါ်ထွက်လို့်လာပါတော့တယ်။
1. パワーハラスメント(パワハラ)
လုပ်ငန်းခွင်အတွင်း အသုံးများဆုံး စကားလုံးတစ်ခုပါပဲ တော်တော်များများလဲသိပြီးသားနေမှာပါ။ အထက်လူကြီးဆီကနေ ရာထူးအရှိန်အာဏာကို သုံးပြီး အတင်းအကျပ်စေခိုင်းခြင်း၊အနိုင်ကျင့်ဆက်ဆံခြင်းနှင့်တခြားသောအာဏာအလွဲသုံးစားလုပ်ခြင်းအကုန်လုံးအကျုံးဝင်ပါတယ်။パワハラလို့သာ ပြောလိုက်ရင် ဂျပန်လူကြီးတိုင်းဖင်တုန်အောင်ကြောက်ပါတယ်။

2.セクシュアルハラスメント(セクハラ)
ဒါကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုပါ။အလိုမတူပဲ အတင်းအဓမ္မဆက်ဆံခြင်း၊ခန္ဓာကိုယ်အားကိုင်တွယ်ထိတွေခြင်းနဲ့ အခြားသော လိင်ပိုင်းဆိုင်ရာ ​အသားယူခြင်းအကုန်ပါပါတယ်။ ဒီနေရာမှာ ယောက်ျားလေး မိန်းကလေးမခွဲပါဘူး ဘယ်သူမဆိုနစ်နာသူနေရာကနေဖြစ်နိုင်ပါတယ်။ကိုယ်ထိလက်ရောက်စော်ကားတာမျိုးမဟုတ်ပေမယ့်လည်း စကားနဲ့အသားယူအရသာခံပြောဆိုတာမျိုးကိုလည်း セクハラ ထဲအကျုံးဝင်ပါတယ်။ အထူးသဖြင့်မိန်းကလေးများ သိထားရင်မမှားတဲ့စကားလုံးတစ်ခုပါပဲ။

3.マタニティハラスメント(マタハラ)
ဒါကတော့ မိန်းကလေးများအတွက်ပါ ကိုယ်ဝန်ဆောင်ခြင်း မီးဖွားခြင်းကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရခြင်း၊ရပိုင်ခွင့်များ လျှော့ချပစ်ခြင်း မိမိသဘောမတူညီပဲ အလုပ်ချိန်များလျှော့ချပစ်ခြင်း စသည့် အပြုအမှုများကို ပြုလုပ်ခြင်းကို ရည်ရွယ်ပြောဆိုတဲ့အခါမှာသုံးပါတယ်။

4. モラルハラスメント(モラハラ)
လူတစ်ဖက်သား၏ဂုဏ်သိက္ခာ နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေရန်ရည်ရွယ်ပြောဆိုခြင်း၊ပြုမှုလုပ်ဆောင်ခြင်း၊လှောင်ပြောင်ခြင်း တို့ပြုလုပ်ခဲ့လျှင် モラハラ နဲ့ ငြိပါတယ်။ ဥပမာ မင်းကငပေါကြီးပါကွာဆိုပြီး အများရှေ့မှာလှောင်ပြောင်ခြင်း၊ ငတုံးကြီးပါကွာဟု ​လှောင်ပြောင်ပြောဆိုခြင်းဖြင့် တစ်ဖက်သား၏ ဂုဏ်သိက္ခာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်စေခြင်းမျိုးကို လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။
5.ジェンダーハラスメント(ジェンハラ)
ဒါကတော့ လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံခြင်းကိုပြောဆိုပါတယ်။ယောက်ျားလေးမို့ မိန်းကလေးမို့စသည်ဖြင့် ခွဲခြားဆက်ဆံခြင်းမျိုးမနှစ်မြို့ဖွယ် ပြောဆိုဆက်ဆံခြင်းမျိုးကို ခံနေရလျှင် အထက်ပါ harassment မျိုးနဲ့ ကိုက်ညီပါတယ်။

6.カスタマーハラスメント(カスハラ)
အခုနောက်ပိုင်း တော်တော် ကြားလာရတဲ့စကားလုံးပါပဲ။အရင်ကလို customer ဆိုရင် ဘုရားနဲ့တစ်တန်းတည်းထားရတဲ့ ခေတ်တစ်ခုကုန်ဆုံးသွားပြီလို့ပဲပြောရပါတော့မယ်။ ငါက ကာစတန်မာကွဆိုပြီး အာဏာပြသူတွေ အတွက် ဖြစ်တည်လာတဲ့ စကားပါ။ ကာစတန်မာဆိုပြီး အထက်စီးကနေပြောဆိုခြင်း အော်ဟစ်ငေါက်ငန်းခြင်း မဖြစ်နိုင်တာကိုအတင်းခိုင်းခြင်း မသင့်လျော်သော service ဝန်ဆောင်မှုပေးခိုင်းခြင်း စတာတွေအကုန် カスハラ နဲ့ ငြိပါတယ်။ ဒါကြောင့် ကာစတန်မာဆိုပြီး မဖြစ်နိုင်တာတွေအတင်းလာခိုင်းနေရင် အထက်ပါ စကားလုံးနဲ့ပြန်ပြောလိုက်ပါ။ ငြိမ်သွားပါလိမ့်မယ်။

7.アルコールハラスメント(アルハラ)
အရက်သေစာအား အတင်းသောက်ခိုင်းခြင်း၊ဖိအားပေး သောက်စေခြင်း အကျပ်ကိုင်သောက်စေခြင်းတို့ကို ပြုလုပ််ခိုင်းစေခြင်းခံရလျှင် အခု စကားလုံးနဲ့ ငြင်းဆိုနိုင်ပါတယ်။
အဲ မတိုက်ခင်ကတည်းက သောက်ချင်နေတဲ့ ကိုကိုမမ များကတော့ ဒီပို့စ်ကို ကျော်သွားနိုင်ပါပြီ။

အားလုံးပဲ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ဆက်ဆံခံရခြင်းမှ ကင်းဝေး၍ လိုရာပန်းတိုင်လျှောက်လှမ်းနိုင်ပါစေ။




FYI
22/08/2025

FYI

住所

Sapporo-shi, Hokkaido

電話番号

+959455166069

ウェブサイト

アラート

Japanese Lifeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Japanese Lifeにメッセージを送信:

共有する