23/07/2026
ဘဝက သင်ပေးခဲ့တာတွေက အရာအားလုံးဟာ ကိုယ်စီစဉ်ထားသလို ဖြစ်လာမှာမဟုတ်သလို၊ ဘဝရဲ့ chapter တိုင်းကလည်း လွယ်ကူနေမှာ မဟုတ်ဘူးဆိုတာပါ။ တချို့နေ့တွေက ပျော်ရွှင်မှုတွေ ပေးတယ်၊ တချို့နေ့တွေကတော့ တိတ်တိတ်လေးနဲ့ ကိုယ့်ကိုကိုယ် ပိုရင့်ကျက်တဲ့လူတစ်ယောက် ဖြစ်လာစေတဲ့ သင်ခန်းစာတွေ ပေးတယ်။ ပြီးပြည့်စုံဖို့နောက်ကို မလိုက်တော့ဘဲ နေ့စဉ်တိုးတက်မှုကို တန်ဖိုးထားတတ်လာတယ်၊ ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကို ကာကွယ်တတ်လာတယ်၊ နောက်ပြီး ကိုယ့်ကို ပိုမိုကောင်းမွန် ကြီးထွားလာစေတဲ့ အတွေ့အကြုံတိုင်းကို လက်ခံတတ်လာတယ်၊ ခွင့်လွှတ်တတ်လာတယ်၊ စွန့်လွှတ်တတ်လာတယ်။
အချိန်တွေကြာလာတာနဲ့အမျှ လူတွေရဲ့ အာရုံစိုက်မှုထက် ကိုယ့်ရဲ့ Authentic ဖြစ်မှုကို ပိုတန်ဖိုးထားလာတယ်။ ပစ္စည်းဥစ္စာတွေထက် အဓိပ္ပာယ်ရှိတဲ့ အမှတ်တရတွေကို ပိုချစ်လာတယ်၊ မက်မောတယ်။
တခြားသူတွေရဲ့ လက်ခံမှု အားပေးမူတွေထက် ကိုယ့်ရဲ့ စိတ်ငြိမ်သက်မှုကို ပိုရွေးချယ်လာတယ်။ နောက်ဆုံးမှာတော့ ဘဝဆိုတာ အရာအားလုံးကို ပိုင်ဆိုင်ဖို့ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် ဂုဏ်ယူနိုင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့၊ တခြားသူတွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတစ်ခု ချန်ထားနိုင်ဖို့၊ နောက်ပြီး ပန်းတိုင်ရောက်မှ မဟုတ်ဘဲ ခရီးလမ်းတစ်လျှောက်မှာပါ ပျော်ရွှင်မှုကို ရှာဖွေနေတတ်ဖို့ပဲ ဖြစ်တယ်။
THE MINDSET