Days biruma FYI �🇯🇵🇯🇵ဂျပန်က အကြောင်းအရာလေးတွေသတင်းလေးတွေ ကိုဝေမျှချင်ပါတယ်✍️

‼️ "ဟော့ကိုင်းဒိုး-ဆန်ရီကု ကမ်းလွန်ငလျင်ကြီးဖြစ်ပွားနိုင်ခြေ သတိပေးချက်" ပထမဆုံးအကြိမ် ထုတ်ပြန်‼️======တိုကျို၊ ဒီဇင်ဘာ ...
08/12/2025

‼️ "ဟော့ကိုင်းဒိုး-ဆန်ရီကု ကမ်းလွန်ငလျင်ကြီးဖြစ်ပွားနိုင်ခြေ သတိပေးချက်" ပထမဆုံးအကြိမ် ထုတ်ပြန်‼️
======
တိုကျို၊ ဒီဇင်ဘာ ၉ -
ဂျပန်နိုင်ငံ၊ အာအိုမိုရီစီရင်စု အရှေ့ဘက်ကမ်းလွန်တွင် ဒီဇင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်မိုးလေဝသအေဂျင်စီ (JMA) သည် ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၂ နာရီသတင်းစာရှင်းပွဲတွင်M-8ပြင်းအားရှိ "ဟော့ကိုင်းဒိုး-ဆန်ရီကု ကမ်းလွန်ငလျင်ကြီးဖြစ်ပွားနိုင်ခြေ သတိပေးချက်" (Hokkaido-Sanriku Offshore Post-Earthquake Warning Information) ကို ထုတ်ပြန်ကြေညာခဲ့သည်။
ဖြစ်နိုင်ခြေမှာ0.1%ဖြစ်တယ်လို့ဆိုပါတယ်
ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာထက် မိမိအသက်အန္တရယ်အတွက်ကြိုတင်ပြင်ကြဘို့လည်းဆိုထားပါတယ်
သတိပေးချက် ထုတ်ပြန်ရခြင်း အကြောင်းရင်း
JMA နှင့် ဝန်ကြီးချုပ်ရုံးတို့က (Chishima Trench) နှင့် ဂျပန်
(Japan Trench) တစ်လျှောက်တွင် ပုံမှန်ထက်စာလျှင် အင်အားကြီးမားသော ငလျင်များ ထပ်မံဖြစ်ပွားနိုင်ခြေ မြင့်တက်လာခြင်းကြောင့် ယခုသတိပေးချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အစိုးရနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံမှ ရရှိသော အချက်အလက်များအတိုင်း ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ တုံ့ပြန်မှုများ ပြုလုပ်ကြရန်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ပြည်သူများကို တိုက်တွန်းနှိုးဆော်ထားသည်။

အဆိုပါ "ဟော့ကိုင်းဒိုး-ဆန်ရီကု ကမ်းလွန်ငလျင်ကြီးဖြစ်ပွားနိုင်ခြေ သတိပေးချက်" သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
#ဂျပန်

#ဂျပနိငလျှင်

‼️အအိုမိုရိ ဟော်တယ်တခုမှာပစ္စည်းပြုတ်ကျဒဏ်ရာရသူတွေရှိ😞‼️မီးလောင်တာလည်းရှိ🇯🇵💥ဝန်ကြီးချုပ် က သူမလည်းတောက်လျောက်စောင့်ကြည့်...
08/12/2025

‼️အအိုမိုရိ ဟော်တယ်တခုမှာပစ္စည်းပြုတ်ကျဒဏ်ရာရသူတွေရှိ

😞‼️မီးလောင်တာလည်းရှိ

🇯🇵💥ဝန်ကြီးချုပ် က သူမလည်းတောက်လျောက်စောင့်ကြည့်နေမှာဖြစ်ပြီး

💥🇯🇵ရဲမီးသတ် စစ်တပ် ကယ်ဆယ်ရေးအတွက်သက်ဆိုင်ရာတွေကို အချိန်ပြည့်
အမြန်အသင့်ပြင်ထားပါတယ်တဲ့
👉ဆူနာမီ စဝင်နေပါပီ ၄၀စင်တီ
သတိပေးချက်ထုတ်ထားတဲ့နေရာကသူတွေ
‼️အမြန်ရှောင်ကြပါ
#ဘေးကင်းကြပါစေ


#ဂျပန်
#ငလျှင်

M7.6တဲ့အနီနေရာတွေအမြန်ပင်လယ်က ခွါပါ
08/12/2025

M7.6တဲ့အနီနေရာတွေအမြန်ပင်လယ်က ခွါပါ

‼️‼️ပင်လယ်ရေတက်လာပြီးဆူနာမီ ၃မိတာ လာမီာတဲ့Aomori Hokkaido iwate အနီရောင်ပြထားတဲ့နေရာကသူတွေ ကုန်းပေါအမြန်တက်ကြပါတဲ့  #ဂျပ...
08/12/2025

‼️‼️ပင်လယ်ရေတက်လာပြီးဆူနာမီ ၃မိတာ လာမီာတဲ့
Aomori Hokkaido iwate

အနီရောင်ပြထားတဲ့နေရာကသူတွေ ကုန်းပေါအမြန်တက်ကြပါတဲ့

#ဂျပန်

08/12/2025
အအိုမိုရိ မှာအခြေပြုငလျင်လှုပ်သွားပါတယ်ဟော်ကိုဒိုးလည်းဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်ပင်လယ်မြစ် ချောင်းနားမှ အမြန်ခွါ...
08/12/2025

အအိုမိုရိ မှာအခြေပြုငလျင်လှုပ်သွားပါတယ်
ဟော်ကိုဒိုးလည်းဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်
ပင်လယ်မြစ် ချောင်းနားမှ အမြန်ခွါပါ


#ဂျပန်

တိုးတိုးတိတ်တိတ်🤔🧐🐕 🐕 🐕 🐕  #မအလ  #ဂျပန် #မြန်မာ
05/12/2025

တိုးတိုးတိတ်တိတ်🤔🧐
🐕 🐕 🐕 🐕

#မအလ

#ဂျပန်
#မြန်မာ

❗️ဂျပန်ကခစုဒိုးသမားများအတွက် 🇯🇵ဂျပန်အစိုးရကစစ်အုပ်စုရဲ့ရွေးကောက်ပွဲ ကိုတုန့်ပြန်မှုကအဆုံးအဖြတ်ဖြစ်လိမ့်မည်‼️===========🇺...
26/11/2025

❗️ဂျပန်ကခစုဒိုးသမားများအတွက်
🇯🇵ဂျပန်အစိုးရကစစ်အုပ်စုရဲ့ရွေးကောက်ပွဲ ကိုတုန့်ပြန်မှုကအဆုံးအဖြတ်ဖြစ်လိမ့်မည်‼️
===========
🇺🇸 အမေရိကန်အစိုးရ၏ ယာယီနေထိုင်ခွင့် (TPS) ကို 🇲🇲မြန်မာနိုင်ငံသားများအတွက် ရုတ်သိမ်းလိုက်ခြင်း သတင်းကို အမေရိကန် အမိမြေလုံခြုံရေး ဌာန (DHS) က ဇူလိုင် ၂၄၊ ၂၀၂၅ ရက်နေ့တွင် တရားဝင်ကြေညာခဲ့ပြီး၊
🇯🇵ဂျပန်ရောက်မြန်မာနိုင်ငံသားများအတွင်းအချို့ ပူပန်မှုတွေမြင့်တက်လာကာ လိုက်လံဆွေးနွေးနေကြတာတွေတွေ့ရပါတယ်

🇲🇲မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ တိုးတက်လာကြောင်း ဟုဆိုကာ (ဒီ😞သတင်းမှား)ဆုံးဖြတ်ချက်ကြောင့် အမေရိကန် အမိမြေလုံခြုံရေး ဌာန (DHS) ကချမှတ်ခဲ့တာဖြစ်ပါတယ်။ ဤ TPS အစီအစဉ်ကိုအမေရိကန်မှာ၂၀၂၁ ခုနှစ် မေလတွင် ချမှတ်စတင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် မတ်လတွင် နှစ်ရက်နှစ်လ တိုးချဲ့ခဲ့ခြင်း ဖြစ်ပါတယ်။
💥ဂျပန်မှာလည်း စစ်အုပ်စု ကမတရားအာဏာသိမ်းအပြီးဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် အရေးပေါ်နေထိုင်ခွင့် အစီအမံ ကို၂၀၂၁ ခုနှစ် ဧပြီလမှ စတင်ကာ ဂျပန်အစိုးရက အရေးပေါ်နေထိုင်ခွင့် အစီအမံ (Emergency Measure) တစ်ခုကို ချမှတ်ပေးခဲ့ကာ Designated Activities)" 特定活動ကို ဂျပန်တွင် ယာယီဆက်လက်နေထိုင်လိုသူများကို လျှောက်ထားခွင့် ပေးခဲ့ပါသည်။

* နေထိုင်ခွင့်ကာလနှင့် အလုပ်လုပ်
ခွင့်များ(အမေရိကန်နှင့်ဂျပန်တူညီနေ)
* နေထိုင်ခွင့်ကို တစ်နှစ်တာ ကာလ အတွက် ခွင့်ပြုပေးနိုင်ပြီး အလုပ်လုပ်ကိုင်ခွင့် (Permission to Work) လည်း ပါရှိပါသည်။ ဆိုလိုသည်မှာ ဂျပန်နိုင်ငံတွင် တရားဝင် နေထိုင်ရင်း အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။
* သက်တမ်းတိုးခြင်း (Renewal):
* မြန်မာနိုင်ငံ၏ အခြေအနေများ မတိုးတက်သေးပါက ဤနေထိုင်ခွင့်ကာလကို သက်တမ်းတိုးရန် လျှောက်ထားနိုင်ပါသည်။
* အကျုံးဝင်သူများ (Eligible Persons):
* ပညာသင်ကြားနေသူများ၊ နည်းပညာအလုပ်သင်များ (Technical Interns) နှင့် အခြားသော နေထိုင်ခွင့်အမျိုးအစားများဖြင့် ဂျပန်တွင် ရောက်ရှိနေသူများအားလုံး ဤအစီအမံကို အသုံးပြု၍ နေထိုင်ခွင့်
ဆက်လက်လျှောက်ထားနိုင်ပါသည်။

💥👉အထူးသဖြင့် နောက်ထပ်တိုးမြှင့်ကာအလုပ်သင်အစီအစဉ်ကို ဆက်လက်လုပ်ကိုင်ရန် ခက်ခဲနေသည့် နည်းပညာအလုပ်သင်များကိုလည်း အခြားအလုပ်ရှင်ရှာမတွေ့သည့်တိုင် ဤခစုဒိုးဗီဇာအမျိုးအစားသို့ ပြောင်းလဲခွင့်ပေးထားပါသည်။
: 💥ဤအစီအမံသည် မြန်မာနိုင်ငံ၏ မတည်ငြိမ်သောအခြေအနေများကြောင့် ယာယီခိုလှုံခွင့်ပေးသည့် အစီအမံတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံ၏ "ဒုက္ခသည် အသိအမှတ်ပြုခြင်း" (Refugee Recognition) အဆင့် မဟုတ်ပါဟုဆိုထားပါသည်။
👉💥အမေရိကန်မှာရုတ်သိမ်းမှုကြောင့်သက်ရောက်မှုကို၊ ၂၀၂၆ ဇန်နဝါရီတွင် စတင်မည်ဖြစ်ပါပြီး
👉လက်ရှိ အမေရိကန်နိုင်ငံမှာ ယာယီနေထိုင်ခွင့် (TPS) နဲ့နေထိုင်နေတဲ့ မြန်မာအယောက် ၄,၀၀၀ နီးပါး ရှိနေပြီး အများစုဟာ နေရပ်ပြန်ပို့မယ့်
အခြေအနေနဲ့ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။
🇯🇵ဂျပန်မှာတော့ Designated Activities)" ကိုလျှောက်သူ၂၀၂၁မှ၂၀၂၂နှစ်အထိ လျောက်သူ၁သောင်းနီးပါးရှိကြပြီး
👉လဝက ကလက်ရှိ ခစုဒိုးဗီဇာရယူထားသူဦးရေကိုမကြေညာပေမယ့် အနည်းဆုံး၅သောင်းခန့်ရှိမည်ခန့်မှန်းနေကြပါတယ်။
💥အမေရိကန် TPS💥
အမေရိကန်ခိုလှုံခွင့် (Asylum) မလျှောက်လိုသူတွေက ယာယီနေထိုင်လို့ရအောင် TPS လျှောက်ထားကြပြီး TPS အထောက်အထားရှိရုံနဲ့ တရားဝင်အလုပ်လုပ်ခွင့်ကဒ်နဲ့ အလုပ်လုပ်ခွင့် ရတယ်လို့ အမေရိကန်ရောက် မြန်မာတွေဆီကနေသိရပါတယ်။
“TPS ကိုင်ထားရင် အစိုးရဘက်ကရော လျှောက်တဲ့သူဘက်ကရော win - win ပဲ၊ အစိုးရဘက် ကလည်း အခွန်ရတယ်။ Asylum (ခိုလှုံခွင့်) လျှောက်လိုက်ရင် အမေရိကန်ပြင်ပကိုထွက်လိုက်ရင် ဒီကိုပြန်လာလို့မရတော့ဘူး။ TPS ကတော့ အဲဒီလို မဟုတ်ဘူး။ TPS က တဖက်မှာ status တခုကိုင်ထားရင် ဝင် ၊ ထွက်လို့ အချိန်မရွေးရတယ်” လို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

🇯🇵👉ဂျပန်နိုင်ငံရဲ့အစိုးရ ဘက်ကမူ
မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့လုံခြုံရေး မတည်ငြိမ်မှုကြောင့် စတင်ပေးခဲ့ပြီး၊
၂၀၂၁ ခုနှစ် ဧပြီလတွင် နေထိုင်ခွင့်ကို လစဉ် ၆ လမှ တစ်နှစ်သို့ တိုးချဲ့ခဲ့ပါတယ်။ လက်ရှိ ၂၀၂၅ ခုနှစ်အထိ ဤဗီဇာကို ဆက်လက်ချမှတ်ထားနေဆဲ ဖြစ်ပြီး၊ ရုတ်သိမ်းရန် သို့မဟုတ် ရပ်ဆိုင်းရန် ကြေညာချက်မရှိသေးပါ။
ဂျပန် လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ (Immigration Services Agency) က မြန်မာနိုင်ငံသားများ၏ ဗီဇာ ပြောင်းလဲမှုများကို ပိုမို တင်းကျပ်စွာ စစ်ဆေးနေသော်လည်း၊ အထူးနေထိုင်ခွင့်ကို ရုတ်သိမ်းရန် အစီအစဉ်မရှိပါ။ ဤဗီဇာရှင်များအတွက် ခွင့်ပြုချက်ကို ဆက်လက်
ချမှတ်ပေးနေဆဲ ဖြစ်ပါတယ်။
❗️ဒါပေမယ့်စစ်အုပ်စုရဲရွေးကောက်ပွဲအပေါ်
🇯🇵ဂျပန်အစိုးရရဲ့ ရပ်တည်ချက်
က အရေးတကြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်
‼️👉စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဂျပန်ကအသိအမှတ်ပြုမှုမပြုမှုက ခစုဒိုး သမားများအတွက်တော့ အရေးကြီးတယ်လို့မြင်မိပါတယ်‼️
😞လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ မှာမတည်ငြိမ်နေသေးကြောင်း ကို
💥ဂျပန်ရောက်မြန်မာနိုင်ငံသားများက အင်နဲ့အားနဲ့သက်သေပြကြရင် အလုပ်သမားအင်အာနည်းနေတဲ့ဂျပန်
အနေနဲ့က ဒီခစုဒိုးကို ဆက်လက်ကူညီရန် ဖြစ်
နိုင်ချေ မြင့်မားပါတယ်။လို့ သုံးသပ်ပါရစေ။
#ခစုဒိုးဗီဇာ

#ဂျပန်

🍁🌿おはようございます。 良い一日を過ごしてください。> 🌿🍁မင်္ဂလာနံနက်ခင်းပါကောင်းမွန်သော တစ်နေ့တာကို ဖြတ်သန်းနိုင်ကြပါစေ။နှစ်🍁တနှစ်ပြောင်းဘို့ ရက်...
25/11/2025

🍁🌿おはようございます。 良い一日を過ごしてください。

> 🌿🍁မင်္ဂလာနံနက်ခင်းပါ
ကောင်းမွန်သော တစ်နေ့တာကို ဖြတ်သန်းနိုင်ကြပါစေ။

နှစ်🍁တနှစ်ပြောင်းဘို့ ရက်
ပေါင်း၃၅ရက်သာလိုပါတော့တယ်

🇲🇲မြန်မာပြည်ငြိမ်းချမ်းရင်
မင်းသမီးလေး愛子様 ကိုမြန်မာဝတ်စုံလေးနဲ့ တွေ့မြင်ရမလားပဲ☺️


#ဂျပန်

❗️စစ်ကောင်စီရဲ့(ဇော်မဲလုံး)၏ ဂျပန်အပေါ်မှက်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဖေ့ဘုတ်မှာဖော်ပြမှု ကွန်မန့်မှာ မြန်မ...
25/11/2025

❗️စစ်ကောင်စီရဲ့(ဇော်မဲလုံး)၏ ဂျပန်
အပေါ်မှက်ချက်ကို
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဖေ့ဘုတ်မှာဖော်ပြမှု ကွန်မန့်မှာ မြန်မာပြည်သူ့တုံ့ပြန်မှုများမြင့်တက်နေ❗️

❗️中国大使館が「ミャンマー軍政が日本批判」と投稿 反論相次ぐ❗️
မိုင်းနီချီသတင်းစာ
==========
👉Mainichi ဂျပန်သတင်းစာမှာရေးသားထားတာကတော့
* မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် စစ်ကောင်စီ(စကမ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း(မြန်မာပြည်သူတွေအခေါ်-ဇော်မဲလုံး)၏ ဂျပန်နိုင်ငံ အပေါ်ဝေဖန်ချက်ကို ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့သည်။
* ဗိုလ်ချုပ်ဇော်မဲလုံးရဲ့ဝေဖန်ချက်မှာ ဂျပန်ဝန်ကြီးချုပ် တကအိ ဆနဲအိ ရဲ့ထိုင်ဝမ်အရေးပေါ်အခြေအနေဆိုင်ရာ ပြောဆိုချက်များနှင့် ပတ်သက်၍ "သမိုင်းသင်ခန်းစာ မယူ" ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
* ဗိုလ်ချုပ်ဇော်မဲလုံးက "မြန်မာအပါအဝင် အရှေ့တောင်အာရှသည် ဂျပန်ဖက်ဆစ်ဝါဒ၏ သားကောင်များ" ဖြစ်သည်ဟုလည်း ပြောဆိုခဲ့ကြောင်း တရုတ်သံရုံးက ကိုးကားတင်ပြခဲ့သည်။
* တရုတ်သံရုံး၏ ထိုတင်ပြချက်အောက်တွင် တရုတ်နိုင်ငံနှင့် စစ်အစိုးရကို ပြင်းထန်စွာ ဝေဖန်သည့် ပြန်လည်တုံ့ပြန်မှုများ မြန်မာပြည်သူများထံမှ အများအပြား ထွက်ပေါ်လာခဲ့ပြီး
* မှတ်ချက်များတွင် "စစ်အစိုးရသည် ပြည်သူ့ကိုယ်စားလှယ် ပြည်ရွေးချယ်တင်မြောက်ထားတာမဟုတ်" ဟူ၍လည်းကောင်း၊ "ပြည်သူကို သတ်ဖြတ်သည့် စစ်အစိုးရကို ထောက်ခံသော တရုတ်နိုင်ငံ အရှက်ရှိပါ" ဟူ၍လည်းကောင်း ပါဝင်ခဲ့သည်။
ဂျပန်ကို ဝေဖန်သည့် စစ်ကောင်စီ၏ ပြောဆိုချက်ကို တရုတ်သံရုံးကဖော်ပြခဲ့ခြင်းက
💥စစ်အစိုးရနှင့် ၎င်းတို့ကိုကျောထောက်နောက်ခံပြုသည်ဟု ယူဆရသည့် တရုတ်နိုင်ငံအပေါ် မြန်မာပြည်သူများ၏ မကျေနပ်မှုကို ပိုမိုမြင့်တက်စေခဲ့သည် ကို ဖော်ပြနေပါသည်။
စာကြွင်း
👉စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မဲလုံး၏ ဂျပန်နိုင်ငံကို ဝေဖန်မှုနှင့် ပတ်သက်၍ ဂျပန်အစိုးရဘက်မှ တရားဝင် တုံ့ပြန်မှု သီးသန့် ထုတ်ပြန်ခဲ့သည်ဟု သတင်းများတွင် ရှင်းလင်းစွာ မတွေ့ရသေးပါ။
သို့သော်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဝေဖန်ချက်၏ အဓိကမှာ လက်ရှိဖြစ်ပေါ်နေတဲ့ဂျပန်-တရုတ်
နှစ်နိုင်ငံအကြား တင်းမာနေမှုမှာ တရုတ်ဘက်မှပြတ်သားစွာရပ်နေတဲ့အကြောင်း ရှင်းလင်းစွာသတင်းစကားပေးလိုက်တာဖြစ်တယ်လို့ယူဆရပါတယ်။

#ဂျပန်

25/11/2025

🇯🇵 ကူမာမိုတို စီရင်စု၊အာဆိုဒေသ၊ တွင် ပြင်းအား M5.7 ရှိငလျင်လှုပ်ခတ်ခဲ့မှု၊
💥👉ဆူနာမီစိုးရိမ်စရာမရှိ သက်ဆိုင်ရာကသတင်းစာရှင်းပွဲလုပ်မည်

ယနေ့နိုဝင်ဘာလ ၂၅ ရက် (အင်္ဂါနေ့) ညနေ ၆ နာရီ ၀၁ မိနစ်ခန့်တွင် ကူမာမိုတို စီရင်စု၌ ပြင်းအား ၅ (Shindo 5-kyō) ရှိတဲ့ ငလျင်တစ်ခု လှုပ်
ခတ်ခဲ့ပါသည်။

* ငလျင်ဗဟိုချက်:မှာကူမာမိုတို စီရင်စု၊ အာဆိုဒေသ (A*o Region, Kumamoto Prefecture)ဖြစ်ပြီး
* မာဂနီကျူ့ဒ် (Magnitude): ၅.၇
* ငလျင်ဗဟိုအနက်: ခန့်မှန်းခြေ ၁၀ ကီလိုမီတာရှိပြီးမကြာခင် သက်ဆိုင်ရာ က သတင်းထုတ်ပြန်ကြေညာမည်ဟုဆိုပါတယ်
* ဤငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်
မည့် စိုးရိမ်စရာမရှိပဲ လေကြောင်းလိုင်းများလည်းပုံမှန်ပြေးဆွဲမည်ဟုဆိုပါတယ်
*
🔎ကူမာမိုတို စီရင်စု၊ အာဆိုဒေသသည် ငလျင်များ မကြာခဏလှုပ်ခတ်တတ်သော ဂျပန်နိုင်ငံ၏ ဒေသတစ်ခုဖြစ်ပြီး
💥၂၀၁၆ ခုနှစ်၊ ဧပြီလတွင် အာဆိုဒေသ၏ အနီးအနားနှင့် ဆက်စပ်ဒေသများတွင် ပြင်းအား ၇.၀ ကျော် အထိရှိသော ငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များဆက်တိုက်
လှုပ်ခတ်ခဲ့ပြီး
လူအများအပြား သေဆုံးဒဏ်ရာရစေခဲ့ပါတယ်
ထို့အပြင် အာဆိုမီးတောင်အနီးတစ်ဝိုက် အပါအဝင် အဆောက်အအုံများနှင့် လမ်းပန်းဆက်သွယ်ရေးများတံတားများနှင့် တောင်ပေါ်လမ်းများ ပြိုကျပျက်စီးခဲ့ပါသည်။
* အာဆိုမီးတောင်သည် တက်ကြွသော မီးတောင် (Active Volcano) တစ်ခုဖြစ်သည့်အပြင် ဤဒေသသည် မြေလွှာအက်ကြောင်း (fault lines) များပေါ်တွင် တည်ရှိနေသောကြောင့် အလယ်အလတ်တန်းစား (M4.0 မှ M5.0 ခန့်) ငလျင်ငယ်လေးများသည် မကြာခဏဆိုသလို လှုပ်ခတ်လေ့ရှိပါသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုများကြောင့် အာဆိုဒေသသည် ငလျင်ဒဏ်ခံနိုင်ရန် ကြိုတင်ပြင်ဆင်မှုများနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အဆက်မပြတ် လုပ်ဆောင်နေရသော ဒေသတစ်ခု ဖြစ်ပါသည်။

#ဂျပန်

🇰🇷 တောင်ကိုရီးယားတွင် တရုတ်ဆန့်ကျင်ရေး အမုန်းစကားများ ကျယ်ပြန့်လာမှုကြောင့် အစိုးရ အခက်တွေ့နေရ【ဆိုးလ်၊ နိုဝင်ဘာ ၂၄】 ====...
24/11/2025

🇰🇷 တောင်ကိုရီးယားတွင် တရုတ်ဆန့်ကျင်ရေး အမုန်းစကားများ ကျယ်ပြန့်လာမှုကြောင့် အစိုးရ အခက်တွေ့နေရ
【ဆိုးလ်၊ နိုဝင်ဘာ ၂၄】
========
တောင်ကိုရီးယားနိုင်ငံတွင် တရုတ်
လူမျိုးများအား ထွက်သွားကြရန် လှုံ့ဆော်သော အမုန်းစကား (Hate Speech) များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေပြီး၊ ကိုရီးယားအစိုးရအနေဖြင့်အခြေအနေကို ထိန်းချုပ်ရန် ခက်ခဲနေကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာလတွင် တရုတ်အဖွဲ့လိုက် ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့် စတင်ခဲ့ပြီးနောက်ပိုင်း အမုန်းစကား လှုပ်ရှားမှုသည် ပိုမိုကြီးထွားလာခဲ့သည်ဟုဆိုပါတဃ်။
တရုတ်နိုင်ငံအပေါ် အမုန်းပွားစေရန် ရည်ရွယ်သည့် သတင်းမှားများ (Fake News) များသည်လည်း လူမှုကွန်ရက်များတွင် မျာစွာပျံ့နှံ့လျက်ရှိပြီး
ဆန္ဒပြပွဲများ လည်းကြီးထွားလာကာ
နိုဝင်ဘာ ၂၂ ရက်နေ့ညက ဆိုးလ်မြို့၏ စည်ကားသော ဟုန်ဒဲ (Hongdae) ရပ်ကွက်တွင် အရပ်သား ၃၀၀ ခန့်သည်

"တရုတ်တွေ ထွက်သွား!" "ဗီဇာမလိုတာကို ဆန့်ကျင်တယ်!" စသည့် ကြွေးကြော်သံများဖြင့် လက်ရှိ လီဂျယ်မြောင် (Lee Jae-myung) အစိုးရကို ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ရင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်ဟုဆိုပါတယ်။
* တက်ရောက်သူများ၏ အမြင်များ: ဆန္ဒပြပွဲတွင် ပါဝင်သူ အသက် ၃၀ အရွယ် အမျိုးသားဝန်ထမ်းတစ်ဦးက "ကိုရီးယားရွေးကောက်ပွဲမှာ တရုတ်တွေ ဝင်ရောက်စွက်ဖက်တဲ့ မသမာမှုတွေ ရှိတယ်" ဟု အရင်သမ္မတဟောင်း ယွန်၏ ရှေ့နေများကဲ့သို့ပင် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြသည်ဟုလည်းဆိုပါတယ်။ဆန္ဒပြပွဲကိုသူငယ်ချင်းနှင့်အတူ ပါဝင်ခဲ့သည့် အသက် ၁၃ နှစ်အရွယ် အလယ်တန်းကျောင်းသူတစ်ဦးကမူ "ကျောင်းက တရုတ်ကျောင်းသားတွေက ကိုရီးယားစကား မပြောကြသလို ကိုရီးယားကိုလည်း အတင်းပြောကြတယ်။ တရုတ်ကို အရမ်းမုန်းတယ်" ဟု ဆိုပါသည်။
အကျင့်စာရိတ္တဆိုင်ရာ ပြဿနာများနှင့် သတင်းများ လည်းပျံ့နှံ့နေကာ
ကိုရီးယားမီဒီယာများ၏ ဖော်ပြချက်အရ ဗီဇာကင်းလွတ်ခွင့် ပေးပြီးနောက် ဆိုးလ်မြို့ရှိ ဂျိုဆွန်းခေတ် နန်းတော်တစ်ခုဖြစ်သော ဂယောင်းဘို့က်ဂုံး (Gyeongbokgung) ၏ နံရံအောက်တွင် တရုတ်ခရီးသွားများ မစင်စွန့်၍ ဖမ်းဆီးခံရသည့် ဖြစ်ရပ်မျိုးကဲ့သို့ စည်းကမ်းမလိုက်နာမှုများ ကို ပြဿနာအဖြစ် မီးမောင်းထိုးပြလျက်ရှိကာ သတင်းမှားများလည်းပျံနှံလာနေတယ်ဟုသိရပါတယ်။
(မင်မင်ကိုယ်တိုက်ဂင်ဇာလမ်းမကြီးပေါ်တရုတ်တွေကလေးဆီးတည်နေတာမျက်မြင်တွေ့ ခဲ့ဖူးပါတယ်)
ထို့ပြင် လူမှုကွန်ရက် (SNS) များတွင်လည်း တရုတ်လူမျိုးများမှ ကျူးလွန်သည်ဟုဆိုသော ပြင်းထန်သည့် ရာဇဝတ်မှုများဆိုင်ရာ သတင်းများသတင်းမှားများ သည်
လည်း ပျံ့နှံ့နေကာ
တောင်ကိုရီးယားအစိုးရအနေဖြင့် အမုန်းတရားနှင့် ခွဲခြားဆက်ဆံမှုကို လှုံ့ဆော်နေသည့် ဤသို့သော အမုန်းစကားများနှင့် သတင်းမှားများ ကျယ်ပြန့်လာမှုအပေါ် မည်သို့ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

#ဂျပန်

住所

Shinjuku-ku, Tokyo

ウェブサイト

アラート

Days birumaがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Days birumaにメッセージを送信:

共有する