Days biruma

Days biruma FYI �🇯🇵🇯🇵ဂျပန်က အကြောင်းအရာလေးတွေသတင်းလေးတွေ ကိုဝေမျှချင်ပါတယ်✍️
🙇🏻ကျေးဇူးပြုပြီးLike Follow Shareနဲ့တုန့်ပြန်ပေးပါလား🤝😘

12/08/2025

သူငယ်ချင်း
ရေထည်းပြုတ်ကျတာကို ဖြတ်ထိုးဥာဏ်ကောင်းကာ ဘယ်လိုကယ်တင်နိုင်ခဲ့ပါသလည်း

ဒီနေ့ ၁၂ ရက်နေ့ နံနက် ၁၂ နာရီ ၄၀ ဝန်းကျင်တွင် ဟော့ကိုင်းဒိုး Otaru ရှိ ကန့်သတ်ဝင်ရောက်နိုင်သော ပင်လယ်
ကမ်းစပ်ဘောင်တွင် တက္ကသိုလ်
ကျောင်းသားနှစ်ဦးငါးလာမျှားရာမှာ

တဦးဟာ ငါးမျှားချိတ်ကို လှမ်းပစ်လိုက်တဲ့အခါ ဟန်ချက်ပျက်သွားကာ ကန်ဘောင်ကနေ အောက် ၃ မီတာအကွာ ပင်လယ်ထဲကို ပြုတ်ကျသွားပါတယ်။

သူငယ်ချင်း
ရေထည်းပြုတ်ကျတာကို ဖြတ်ထိုးဥာဏ်ကောင်းကာ ဘယ်လိုကယ်တင်နိုင်ခဲ့ပါသလည်း

#ဂျပန်

❗️ငလျင်ပြင်းအား 3- (m5.5)လှုပ်ခတ်ခဲ့❗️ (18:11)ခန့်ကAbashiri ဒေသ၊ Tokachi၊ အလယ်ပိုင်းTokachi၊ တောင်ပိုင်း နှင့် Kushiro အ...
12/08/2025

❗️ငလျင်ပြင်းအား 3- (m5.5)လှုပ်ခတ်ခဲ့❗️

(18:11)ခန့်က

Abashiri ဒေသ၊ Tokachi၊ အလယ်
ပိုင်းTokachi၊ တောင်ပိုင်း နှင့် Kushiro အလယ်ပိုင်း Nemuro တောင်ပိုင်း၊တို့တွင်ငလျင်ပြင်းအား 3- (m5.5)လှုပ်ခတ်ခဲ့ပြီး
👉ဆူနာမီသတိပေးချက်မရှိပါ


#ဂျပန်
#ဂျပန်ငလျှင်

တဆောင်ထည်းအတူနေသူမျက်နှာကိုဓ-ားနဲ့လှီးလို့ဗီယက်နမ်သင်တန်းသူအဖမ်းခံရ===========(မျက်နှာလှီး ရုံပါ သ-တ်ဖို့အထိမရည်ရွယ်ဘူးဟ...
12/08/2025

တဆောင်ထည်းအတူနေသူမျက်နှာကိုဓ-ားနဲ့လှီးလို့ဗီယက်နမ်သင်တန်းသူအဖမ်းခံရ
===========
(မျက်နှာလှီး ရုံပါ သ-တ်ဖို့အထိမရည်ရွယ်ဘူးဟုဆို)
福島ဖူကုရှီမား

နည်းပညာဆိုင်ရာ အလုပ်သင် ဗီယက်နမ်အမျိုးသမီးတစ်ဦးကို အတူနေသူအားသ-တ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ ဗီယက်နမ်နည်းပညာအလုပ်သင် သင်တန်းသား ငုယင်သီလန်း (၃၇)နှစ်ဖြစ်ပြီး ယခုလ ၉ရက်နေ့က

福島ဖူကုရှီမား Izumizaki ရှိ ကုမ္ပဏီအဆောင်တစ်ခုတွင်အခင်းဖြစ်ပွါးရာည ၁၁း၃၀ နာရီခန့်တွင် မီးဖိုချောင်သုံးဓားဖြင့် အသက် 30 အရွယ် ဗီယက်နမ် အမျိုးသမီး မျက်နှာကို လှီးလိုက် မှုနဲ့ သတ်ဖြတ်ရန် ကြိုးပမ်းမှုဟု ဖမ်းဆီးခံရကာ
ပြုလုပ်ခံရသူမှာမျက်နှာတွင် ဒဏ်ရာများ ရရှိခဲ့သော်လည်း အသက်အန္တရာယ် မရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ငုယင်က “ကျွန်တော် သူမကို သ-တ်ဖို့ အထိရည်ရွယ်ချက် မရှိပါဘူး” လို့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ရဲတပ်ဖွဲ့က ယခုဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိဟုဆိုပါသည်။

#ဂျပန်

ထူးဆန်းတဲ့ ပါချင်ကို ဓားမြမှု ငွေစာရင်း👉မနက်က ငွေသားသောင်းပေါင်း၁၀၀၀ကျော်တဲ့👉💥😝ညနေ ကျတော့သောင်း၂၈၀၀အရမ်းကွာနေပါလား🧐=====...
12/08/2025

ထူးဆန်းတဲ့ ပါချင်ကို ဓားမြမှု ငွေစာရင်း
👉မနက်က ငွေသားသောင်းပေါင်း၁၀၀၀ကျော်တဲ့

👉💥😝ညနေ ကျတော့သောင်း၂၈၀၀
အရမ်းကွာနေပါလား🧐
===========
💥မန်နေဂျာများထပ်ဖြည့်လိုက်သလားပဲ🤪🧐🧐

Edited
ညနေသတင်းမှာ သောင်းပေါင်း၂၈၀၀တဲ့

❗️Aizuwakamatsu မြို့မှာရှိတဲ့ ပါချင်ကိုဆိုင် -ယန်း ၁၀ သန်းကျော်
ဓားမြတိုက်လုယက်ခံရ (သောင်း၁ထောင်ကျော်)
❗️တရားခံကတော့ ထွက်ပြေးနေဆဲပါ

ဖူကူရှိမား Aizuwakamatsu မြို့ရှိ ပါချင်ကိုဆိုင်တစ်ဆိုင်ကို နံနက် ၂ နာရီ ၁၂ နာရီခန့်တွင် ဆိုင်ပိတ်နေချိန်၌
👉💥အသက် ၂၀ အရွယ် ဝန်ထမ်း အမျိုးသားတစ်ဦးကို အမည်မသိ လူ၁ဦးက ရုတ်တရတ်ဖောက်ထွင်းဝင်လာပြီး
👉သေနတ်ဖြင့် ချိန်ရွယ်ကာ ငွေသား ယန်း ၁၀ သန်းကျော် ကိုဓားမြတိုက်
လုယူသွားခဲ့ကြောင်း သိရသည်။

ဓားပြတိုက်ခံရသူအားမေးမြန်းမှုများနှင့် လုံခြုံရေးကင်မရာမှတ်တမ်းများကို စစ်ဆေးမှုများအရ လုယက်မှုမှာ တစ်ဦးတည်းဖြစ်ပြီး လူငယ်တစ်ဦးမှ လုယက်မှုဟု ယူဆရပြီး မှုခင်းဖြစ်ပွားချိန်တွင် မျက်နှာ၏တစ်စိတ်တစ်ပိုင်း များအားဖုံးဝှက်ထားခြင်းရှိကြောင်း စုံစမ်းစစ်ဆေးသူများက ဆိုသည်။

အဆိုပါ တရားခံသည် အခင်းဖြစ်ပွါးရာနေရာမှ ခြေကျင်ထွက်ပြေးသွားခဲ့ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ၎င်းအား ရှာဖွေလျက်ရှိကြောင်း သိရသည်။

#ဂျပန်

❗️မိုဘိုင်းဘက်ထရီ၊ဖုန်း၊ဆေးလိပ်သောက်သည့် ကိရိယာများမှလီသီယမ်-အိုင်းယွန်း ဘက်ထရီများအားပြန် စုဆောင်းကြရန် ဥပဒေပြဌာန်း❗️==...
12/08/2025

❗️မိုဘိုင်းဘက်ထရီ၊ဖုန်း၊ဆေးလိပ်သောက်သည့် ကိရိယာများမှ
လီသီယမ်-အိုင်းယွန်း ဘက်ထရီများအားပြန် စုဆောင်းကြရန် ဥပဒေပြဌာန်း❗️
=======
မိုဘိုင်းဘက်ထရီ၊မိုဘိုင်းဖုန်း၊မိုဘိုင်းပန်ကာတွေ၊လက်ရှိဂျပန်မှာပေါက်ကွဲမီးလောင်မှုတွေဆက်တိုက်ဖြစ်ပွါးနေတဲ့အပြင်

စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရာတွင် မီးလောင်ပေါက်ကွဲသည့် ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထုတ်လုပ်သူနှင့် တင်သွင်းသူများ အားအသုံးပြုပြီး ကုန်ပစ္စည်းများ စုဆောင်းရန် လိုအပ်သည့် မူဝါဒကို ဆုံးဖြတ်ရန် ယနေ့တွင် METI ကောင်စီ အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပါသည်။

စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (METI) သည် မိုဘိုင်းဘက္ထရီများအပါအဝင် အသုံးပြုပြီးသား လစ်သီယမ်-အိုင်းယွန်းဘက်ထရီများကို အဆိုပါထုတ်လုပ်သူများအား ပစ္စည်းသုံးမျိုးအတွက် ပြန်လည်
စုဆောင်းပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။

မဖြစ်မနေ စုဆောင်းရမည့် "သတ်မှတ်ထားသော ပြန်လည်အသုံးပြုနိုင်သော ထုတ်ကုန်များ" စာရင်းတွင် ထည့်သွင်းထားသည့် ပစ္စည်းသုံးမျိုးမှာ မိုဘိုင်းဘက်ထရီများ၊ မိုဘိုင်းဖုန်းများနှင့် အပူပေး ဆေးလိပ်သောက်သည့် ကိရိယာများဖြစ်ပြီး ၎င်းတို့အားလုံးမှာ လီသီယမ်-အိုင်းယွန်း ဘက်ထရီများ ပါဝင်သည်ဟုဆိုပါတယ်

စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရာတွင် မီးလောင်ပေါက်ကွဲသည့် ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထုတ်လုပ်သူနှင့် တင်သွင်းသူများ အသုံးပြုပြီး ကုန်ပစ္စည်းများ စုဆောင်းရန် လိုအပ်သည့် မူဝါဒကို ဆုံးဖြတ်ရန် ယနေ့တွင် METI ကောင်စီ အစည်းအဝေး ကျင်းပခဲ့သည်။

METI ၏ အဆိုအရ မဖြစ်မနေ စုဆောင်းမှုသည် လာမည့်နှစ် ဧပြီလတွင် စတင်အသက်ဝင်ရန် စီစဉ်ထားပြီး လီသီယမ်-အိုင်းယွန်းဘက်ထရီများကို အလွယ်တကူ ဖယ်ရှား၍မရသောကြောင့် ထုတ်လုပ်သူများသည် ကုန်ပစ္စည်းတစ်ခုလုံးကို လက်လီရောင်းချသူများ၊ စသည်တို့တွင် ပြန်လည်စုဆောင်းရမှာဖြစ်ပါသည်။

METI က "မီးလောင်မှုဖြစ်ပွားမှုနှင့် အခြားဖြစ်ရပ်များကို စုံစမ်းစစ်ဆေးမှုများအပေါ် အခြေခံ၍ လက်ကိုင်ပန်ကာများကဲ့သို့သော အခြားထုတ်ကုန်များအတွက် လည်းမဖြစ်မနေ စုဆောင်းမှုပြုလုပ်ရန် စဉ်းစားမည်ဖြစ်ကြောင်းလည်း METI မှ ပြောကြားခဲ့သည်။

#ဂျပန်

#ဂျပန်

အိမ်မှာမူကြိုအရွယ်ခလေးနှစ်ယောက်အိပ်နေစဉ်ထားခဲ့လို့မိခင် အဖမ်းခံရပြန်ပြီ==========(ဆပ်ပရို တမြို့ထည်းအရင်နှစ်မှုနဲ့ဆို အခ...
12/08/2025

အိမ်မှာမူကြိုအရွယ်ခလေးနှစ်ယောက်အိပ်နေစဉ်ထားခဲ့လို့
မိခင် အဖမ်းခံရပြန်ပြီ
==========
(ဆပ်ပရို တမြို့ထည်းအရင်နှစ်မှုနဲ့ဆို အခု၃ခုမြောက်)
Sapporo၊ Kita Ward မှ အသက် 28 နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သူမ၏စောင့်ရှောက်မှုတွင် ရှိကလေးနှစ်ဦးကို စွန့်ပစ်ထားခဲ့သည်ဟု သံသယဖြင့် ဖမ်းဆီးခံခဲ့ရပါသည်။
ဖြစ်စဉ်မှာ
မနေ့က ၁၁ ရက်နေ့ ည ၈ နာရီ ၂၅ နာရီခန့်တွင် လမ်းသွားလမ်းလာတစ်ဦးက ကောင်လေးတယောက်က မေမေမရှိဘူး ဟု ငိုယိုအော်ဟစ်နေသောကြောင့် ဟုဆိုကာ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟုဆိုပါတယ်
ရဲဌာနက ရောက်ရှိတဲ့အခါ

ကလေးငယ်ကို အိမ်နှင့် နီးသော ကုန်စုံဆိုင်အနီး လမ်းမပေါ်တွင် ငိုယိုနေသည်ကိုတွေ့ရပြီမေးမြန်းပြီးအိမ်သို့ခေါ်ဆောင်သွားရာ
အိမ်တွင်းတွင် နောက်ထပ်အခြားကလေးငယ်တဦး ငိုယိုအော်ဟစ်
နေသည်ကို ထပ်မံတွေ့ရှိခဲ့ပါသည်။

ရဲစခန်းမှ စစ်ဆေးမေးမြန်းရာ မိခင်ဖြစ်သူအမျိုးသမီးက “ငါ့ကလေး တွေ အိပ်ပျော်နေကြတာဆိုတော့ ခဏလောက် အပြင်ထွက်စျေးဝယ်လို့ အဆင်ပြေမယ်ထင်ခဲ့ပါတယ်” လို့ ဝန်ခံခဲ့ပါတယ်။တဲ့
ဘာပဲဖြစ်ဖြစ်လောလောဆယ် မိခင်ဖြစ်သူမှာ အဖမ်းခံခဲ့ရပါတယ်။
(အာမခံနဲ့တော့ပြန်လွှတ်မယ်ထင်ပါတယ်)
တလ အတွင်းဆပ်ပရိုတခုထည်း၃မှုတောင်🤪

#ဂျပန်

🌴မွေးနေ့မှာတယောကိထည်းရှန်ပိန်ဖွင့်လိမ်လည်စားသောက်ပြီး အဖမ်းခံသူ❗️==============လိမ်လည်စားသောက်ကာ ဖမ်းဆီးခံရသူမှာ Mitsuke...
12/08/2025

🌴မွေးနေ့မှာတယောကိထည်းရှန်ပိန်ဖွင့်လိမ်လည်စားသောက်ပြီး အဖမ်းခံသူ❗️
==============

လိမ်လည်စားသောက်ကာ ဖမ်းဆီးခံရ
သူမှာ Mitsuke City ၊ Niigata-cho တွင် နေထိုင်သော အလုပ်လက်မဲ့ အသက် (၄၀) အရွယ် အမျိုးသားတဦးဖြစ်ပါသည်။

သြဂုတ်လ ၈ ရက်နေ့ ည ၁၂ နာရီ ၂၀ မှ နံနက်၄ နာရီ ၄၅ မိနစ်ခန့်အတွင်း
ပထမ ပိုင်းစျေးကြီးတဲ့၂နာရီအဝသောက်အစီအစဉ်စားသောက်ပြီး
👉💥သူ့မွေးနေ့ဟုဆိုကာ
ရှန်ပိန်၊ ရှိုချုးအရက် တီကီလာတို့အပြင် အထူးဝန်ဆောင်မှုစားပွဲထိုးများနှင့် ဝန်ဆောင်မှုများအပါအဝင် ပစ္စည်း ၁၇ မျိုးကို ဝန်ဆောင်မှုယူစားသောက်နေအတွက် နောက်ပိုင်း
👉💥သူ့အခြေအနေကို မင်္သကာဖြစ်
ရိပ်မိတဲ့ ဆိုင်ဝန်ထမ်းက
“စျေးကြီးတဲ့ အရက်နဲ့စား သောက်စရာများကို စားနေပေမယ့်မသင်္ကာလို့လာစစ်ဆေးပေးရန်”ဆိုပြီးရဲစခန်းတိုင်ကြားခေါ်ခဲ့သည်ဟုဆိုပါတယ်

ရဲတပ်ဖွဲ့က ရောက်လာပြီးစစ်ဆေးမေးမြန်းရာမှာတော့
စုစုပေါင်း ယန်း ၁၁၉,၉၀၀ ပေးချေရမည့်အဆိုပါအမျိုးသားက
“ရှင်းစရာလည်းငွေမပါဘူးဒါက အတိအကျဖြစ်ခဲ့တာဆိုတော့ ဆင်ခြေပေးစရာနေရာမရှိဘူး” လို့ ၀န်ခံခဲ့ပြီး အဖမ်းခံခဲ့တယ်လို့ပါတယ်
ရဲတပ်ဖွဲ့က လက်ရှိမှာ အဆိုပါအမျိုးသားရဲ့ နောက်ကွယ်က အကြောင်းရင်းနဲ့ အသေးစိတ်ကို စုံစမ်းစစ်ဆေးနေပါတယ်။တဲ့

#ဂျပန်

Edited ညနေသတင်းမှာ သောင်းပေါင်း၂၈၀၀တဲ့❗️Aizuwakamatsu မြို့မှာရှိတဲ့ ပါချင်ကိုဆိုင် -ယန်း ၁၀ သန်းကျော်ဓားမြတိုက်လုယက်ခံရ...
12/08/2025

Edited
ညနေသတင်းမှာ သောင်းပေါင်း၂၈၀၀တဲ့

❗️Aizuwakamatsu မြို့မှာရှိတဲ့ ပါချင်ကိုဆိုင် -ယန်း ၁၀ သန်းကျော်
ဓားမြတိုက်လုယက်ခံရ (သောင်း၁ထောင်)
❗️တရားခံကတော့ ထွက်ပြေးနေဆဲပါ

ဖူကူရှိမား Aizuwakamatsu မြို့ရှိ ပါချင်ကိုဆိုင်တစ်ဆိုင်ကို နံနက် ၂ နာရီ ၁၂ နာရီခန့်တွင် ဆိုင်ပိတ်နေချိန်၌
👉💥အသက် ၂၀ အရွယ် ဝန်ထမ်း အမျိုးသားတစ်ဦးကို အမည်မသိ လူ၁ဦးက ရုတ်တရတ်ဖောက်ထွင်းဝင်လာပြီး
👉သေနတ်ဖြင့် ချိန်ရွယ်ကာ ငွေသား ယန်း ၁၀ သန်းကျော် ကိုဓားမြတိုက်
လုယူသွားခဲ့ကြောင်း သိရသည်။

ဓားပြတိုက်ခံရသူအားမေးမြန်းမှုများနှင့် လုံခြုံရေးကင်မရာမှတ်တမ်းများကို စစ်ဆေးမှုများအရ လုယက်မှုမှာ တစ်ဦးတည်းဖြစ်ပြီး လူငယ်တစ်ဦးမှ လုယက်မှုဟု ယူဆရပြီး မှုခင်းဖြစ်ပွားချိန်တွင် မျက်နှာ၏တစ်စိတ်တစ်ပိုင်း များအားဖုံးဝှက်ထားခြင်းရှိကြောင်း စုံစမ်းစစ်ဆေးသူများက ဆိုသည်။

အဆိုပါ တရားခံသည် အခင်းဖြစ်ပွါးရာနေရာမှ ခြေကျင်ထွက်ပြေးသွားခဲ့ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ၎င်းအား ရှာဖွေလျက်ရှိကြောင်း သိရသည်။

#ဂျပန်

ကုန်စျေးနှုန်းတက်ချိန်တိုကျိုရှိ စူပါမားကတ်များတွင်ထူးဆန်းသည့်အရာများ ဖြစ်ပျက်ခဲ့==============都内のスーパーでも、異変が起きていました。"ကြက...
12/08/2025

ကုန်စျေးနှုန်းတက်ချိန်တိုကျိုရှိ စူပါမားကတ်များတွင်ထူးဆန်းသည့်အရာများ ဖြစ်ပျက်ခဲ့
==============
都内のスーパーでも、異変が起きていました。

"ကြက်သွန်ဖြူက ယန်း ၁၀၀ ရှိပြီး အခွံခွာထားတဲ့ ကြက်သွန်နီလိုမျိုး ၄လုံး ကိုမှယန်း၁၉၄(အခွန်ပါပြီး)ကိုတွေ့မြင်နေရပါတယ်
ဒါဟာအခုလိုအရာရာစျေးတက်လာချိန်မှာတော့အထူးအဆန်းဖြစ်နေကြပါတယ်။
တခြားပစ္စည်းတွေလည်း ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်။ အခုလိုအရာရာစျေးတက်လာချိန်မှာတော့ အခုလိုစျေးကျသွားတာကို တွေ့ရတာ ရှားပါတယ်။"လို့လည်းဆိုကြပါတယ်

အမှန်တော့
အမေရိကန်နှင့် တရုတ်တို့ကြား လက်တုံ့ပြန် စည်းကြပ်ခွန်များ ဖလှယ်မှုမှာ အရှိန်မြှင့်လျက်ရှိနေချိန်တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်ပို့မည့် ဟင်းသီးဟင်းရွက်များသည် ယခုအခါတွင် ဂျပန်နိုင်ငံသို့ တင်သွင်းလာခဲ့ကြပြီး
🇯🇵ဂျပန်မှာလည်းအမြောက်အမြား ရေလွှမ်းမိုးမှုကြောင့် ကြက်သွန်ဖြူ ကြက်သွန်နီ ထုတ်လုပ်မှုကျဆင်းနေချိန်ဖြစ်လို့ စားသုံးသူ တွေအတွက်တော့ ဂျပန်ကြက်သွန်ဖြူလိုအရည်အသွေးမမှိပေမယ့် တရုတ်ကုန်ပစ္စည်းအစားထိုးသုံးဘို့အရာရာစျေးတက်ချိန်သာမန်ပြည်သူတွေအတွက်ရွေးချယ်စရာတခုလို့လည်းသုံးသပ်နေကြပါတယ်။
#ဂျပန်

❗️🇯🇵တက္ကသိုလ်ဝင်ကျောင်းသားဦးရေဆက်တိုက်ကျဆင်းလို့ ပုဂ္ဂလိကတက္ကသိုလ်တချို့👉ကျောင်းသားလက်ခံတာကို ရပ်တန့်ပြီး လာမည့်နှစ်ကစ ပ...
11/08/2025

❗️🇯🇵တက္ကသိုလ်ဝင်ကျောင်းသားဦးရေဆက်တိုက်ကျဆင်းလို့ ပုဂ္ဂလိကတက္ကသိုလ်တချို့
👉ကျောင်းသားလက်ခံတာကို ရပ်တန့်ပြီး လာမည့်နှစ်ကစ ပိတ်သိမ်းမယ်လို့ ယူဆရ
=============
🇯🇵ဂျပန်မှာ တက္ကသိုလ်ဝင်မယ့်အသက် ၁၈ အရွယ် လူဦးရေဟာ ဆက်လက်ကျဆင်းနေတဲ့အတွက်

🇯🇵ဂျပန်နိုင်ငံက ပုဂ္ဂလိကတက္ကသိုလ်တွေရဲ့ ထက်ဝက်မှာ အခုနှစ်အတွက် ကျောင်းသားသစ်အပ်နှံမှုအရေအတွက်ဟာ ခွင့်ပြုထားတာထက် ကျဆင်းနေတာကို စစ်တမ်းတစ်ခုအရ သိရပါတယ်။
👉ဂျပန်မှာရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ် ၅၉၄ ခုထဲက ၃၁၆ ခု၊ တစ်နည်းအားဖြင့် စုစုပေါင်းအရေအတွက်ရဲ့ ၅၃.၂ ရာခိုင်နှုန်းမှာ ကျောင်းသားသစ် အပ်နှံမှုဟာ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသီးသီးကလက်ခံနိုင်တဲ့ ကျောင်းသားအရေအတွက်ထက် နည်းနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ၃ နှစ်ဆက်တိုက် ဒီလိုအဆင့်ကျဆင်းမှု ဖြစ်ပါတယ်
👉❗️Tokyo ၊ Osaka နဲ့ Fukuoka စတဲ့ မြို့ပြဒေသတွေက တက္ကသိုလ်တွေမှာ ကျောင်းအပ်တဲ့အရေအတွက်ဟာ ပြည့်ပြည့်ဝဝ ရှိနေပါတယ်။
💥ဒါပေမဲ့ ကျန်ဒေသမြို့ရွာအများအပြားမှာတော့ ကျောင်းသားဦးရေဟာ ခွင့်ပြုချက်ထက် အရမ်းနည်းနေတာ တွေ့ရပါတယ်။
တချို့တက္ကသိုလ်တွေဟာ ၂၀၂၆ ဘဏ္ဍာရေးနှစ်ကစလို့ ကျောင်းသားလက်ခံတာကို ရပ်တန့်ပြီး ပိတ်သိမ်းမယ်လို့ ယူဆရပါတယ်။
နိုင်ငံတစ်ဝန်းက ပုဂ္ဂလိကတက္ကသိုလ်အားလုံးအတွက် ကျောင်းသားသစ် ခွင့်ပြုချက်ခွဲတမ်းဟာ အခုဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ၅၀၂,၇၅၅ ဦး ရှိပါတယ်။ ဒါဟာ ၂၀၂၄ ဘဏ္ဍာရေးနှစ်ရဲ့ ကိန်းဂဏန်းထက် ၁,၁၁၄ ဦး နည်းနေတာဖြစ်ပြီး ၂၂ နှစ်အတွင်း ပထမဆုံးကျဆင်းမှု ဖြစ်ပါတယ်။
ကျောင်းသားသစ်အပ်နှံမှုဟာ ခွင့်ပြုပမာဏထက် နည်းနေမယ်ဆိုရင် ပညာရေးဝန်ကြီးဌာနအနေနဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေအတွက် ဌာနသစ် တည်ထောင်မှုနဲ့ တခြားအစီအမံတွေ ချမှတ်ရေးမှာ ပိုမိုတင်းကျပ်တဲ့ စံနှုန်းတွေကို ကျင့်သုံးမှာဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနက ဒေသရဲ့စီးပွားရေးအတွက် စွမ်းဆောင်မယ့်သူတွေကို ပြုစုပျိုးထောင်နေတဲ့ တက္ကသိုလ်တွေအတွက် ထောက်ပံ့မှုအပေါ် အာရုံစိုက်သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ တက္ကသိုလ်တွေအနေနဲ့ ဖွင့်လှစ်လုပ်ကိုင်ရေးအန္တရာယ်တွေနဲ့ ကြုံတွေရမယ်ဆိုရင် ပြင်ဆင်ဖွဲ့စည်းဖို့ ဒါမှမဟုတ် ပမဏလျှော့ချဖို့ အကြံပေးသွားမယ်လို့ အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။
#ဂျပန်
#ဂျပန်တက္ကသိုလ်

သေကံမပျောက်အထက်တန်းကျောင်းသူတဦး မြစ်ထဲကျကာ သူ့ဘာသာကူးလာနိုင်ခဲ့ပြီး ကယ်တင်နိုင်ခဲ့ဟုဆို==========❗️သတိပေးချက်ထုတ်ပြန်ထား...
11/08/2025

သေကံမပျောက်
အထက်တန်းကျောင်းသူတဦး မြစ်ထဲကျကာ သူ့ဘာသာကူးလာနိုင်ခဲ့ပြီး ကယ်တင်နိုင်ခဲ့ဟုဆို
==========
❗️သတိပေးချက်ထုတ်ပြန်ထားတဲ့ဒေသကအမျိုးတွေဂရုစိုက်ကြပါ❗️

စံချိန်တင်မိုးရွာသွန်းမှုကြောင့် ရေဖြင့်မျောပါ ပျောက်ဆုံးသူ၊ဒဏ်ရာရသူများ ရှိနေချိန်
ရဲတပ်ဖွဲ့နှင့် မီးသတ်ဌာန၏ အဆိုအရ
Fukuoka စီရင်စု Munakata City ရှိ အထက်တန်းကျောင်းသူ လေးတဦးသည် မြစ်ထဲသို့ ပြုတ်ကျခဲ့ပြီး မီတာ ၇၀၀ ခန့်အကွာတွင် မျောပါသွားခဲ့သော်လည်း ကမ်းစပ်သို့ မိမိဘာသာပြန်ကူးလာနိုင်ကာ အနီးနားရှိ လူတစ်ဦးမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

နဖူးမှာ ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။

မြစ်ကမ်းအနီး နေထိုင်သူတစ်ဦးမှ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်က ရိုက်ယူထားသည့် ဓာတ်ပုံတွင် မြစ်ရေသည် မြင့်တက်လာပြီး လမ်းမပျောက်ဧရိယာတစ်ခုလုံး ဖုံးလွှမ်းသွားကာ (လမ်းမနဲ့မြစ်မသဲကွဲလောက်အောင်) ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်

- ▽ ရာသီဥတုဆိုးရွားနေချိန်တွင် အသင်းလှုပ်ရှားမှုများကို ဖျက်သိမ်းရန်၊
▽ မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန်နှင့်
မြစ်ချောင်းများနှင့် ဝေးဝေးနေရန် ပြည်သူနှင့်ကျောင်းသားများကို တိုက်တွန်းတောင်းဆိုထားပါသည်။


#ဂျပန်
#ဘေးကင်းကြပါစေ

🇯🇵ထရမ့်နဲ့နိုင်ငံခြားသားဧည့်သည်တွေကြောင့်ဂျပန်လက်ယာစွန်းတွေထွက်ပေါ်လာတဲ့အပေါ် သုံးသပ်ချက်🇯🇵�👉ဂျပန့် နိုင်ငံရေးဟာ ပုံမှန်...
11/08/2025

🇯🇵ထရမ့်နဲ့နိုင်ငံခြားသားဧည့်သည်တွေကြောင့်ဂျပန်လက်ယာစွန်းတွေထွက်ပေါ်လာတဲ့အပေါ် သုံးသပ်ချက်🇯🇵�
👉ဂျပန့် နိုင်ငံရေးဟာ ပုံမှန်ဆို တည်တည်ငြိမ်ငြိမ် ခုတ်မောင်းနေတဲ့ သင်္ဘာတစ်စင်းနဲ့တူပါတယ်။ အချိန်ခပ်များများမှာ လှိုင်းဒဏ် လေဒဏ်မသင့်လို့ ပျင်းလုလု ဖြစ်စရာပါ။
ဒါပေမဲ့ အခုတော့ အရင်နဲ့အတူ တမူထူးလာပါပြီ။
လွှတ်တော်အမတ် နေရာ ၁ နေရာပဲ ရရှိတာကြောင့် ထင်ထင်ပေါ်ပေါ် မရှိခဲ့တဲ့လက်ယာစွန်းပါတီ ဆန်စေးတို(Sanseito)ဟာ ပြီးခဲ့တဲ့ဇူလိုင်လ နောက်ဆုံးပတ်မတိုင်ခင် ရွေးကောက်ပွဲတွေမှာ အမတ်နေရာ ၁၅ နေရာအထိ ရခဲ့လို့ ဂျပန်နိုင်ငံရေးဇာတ်ခုံမှာ အခရာကျသူတွေ တဦးဖြစ်လာကြပါပြီ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန် ပဓာန မူဝါဒလိုပဲ သူတို့ကလည်း ''ဂျပန်သာ ပဓာန'' ဆိုတဲ့ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲဝင်ပြီးနောက်မှာ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP)နဲ့ နိုင်ငံရေးအကျပ်ကြုံနေတဲ့ ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာ တို့ထက် ချွန်ပြီး ထွက်ပေါ် လာတာဖြစ်ပါတယ်။
အီရှီဘာအတွက်ကတော့ ရွေးကောက်ပွဲကျင်းပတဲ့သီတင်းပတ်ဟာ နိုင်ငံရေးမှာ နိမ့်တခါ မြင့်တလှည့်ကြုံခဲ့ရတဲ့အလှည့်အပြောင်းဖြစ်ခဲ့ရပါတယ်။

ရွေးကောက်ပွဲမှာ သူ့ရဲ့ အာဏာရ LDP ညွန့်ပေါင်းအဖွဲ့ဟာ ဂျပန်အထက်လွှတ်တော်မှာ အမတ်နေရာအများစုရဖို့ မစွမ်းသာခဲ့ပါဘူး။ အောက်လွှတ်တော်မှာလည်း မနှစ်ကတည်းက အမတ်နေရာ အများစု မရခဲ့တာကြောင့် ဒီတစ်ကြိမ်မှာတော့ ရာထူးကနေ နုတ်ထွက်ဖို့ ပါတီတွင်းကနေ တောင်းဆိုတဲ့အထိ ဖြစ်လာပါတယ်။
ဇူလိုင် ၂၃ ရက် တုန်းကတော့ သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပြောအရ ကြီးမားတယ်လို့ဆိုတဲ့ အမေရိကန်က ဂျပန်ကို အကောက်ခွန်တိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီချက် တစ်ခုရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ကြောင့် ဂျပန့် စီးပွားရေးတည်ငြိမ်အောင် စိတ်ငြိမ်ဆေး ပေးလိုက်တာမျိုးဖြစ်ပေမဲ့ ဂျပန့်နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုကိုတော့ ငြိမ်အောင် မစွမ်းသာသေးပါဘူး။
ဂျပန်ဟာ ကမ္ဘာမှာ အတည်ငြိမ်ဆုံး ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့နိုင်ငံကြီးတွေထဲက တစ်နိုင်ငံပါ။ ရွေးကောက်ပွဲတွေ ကျင်းပလေ့ရှိပေမဲ့ ထူးဆန်းလှတဲ့အလှည့်အပြောင်းဆိုတာ မရှိသလောက်ပါ။ အာဏာရ LDP ပါတီဟာ နိုင်ငံကို အုပ်ချုပ်လာတာ ၁၉၅၅ ခုနှစ်ကတည်းကလို့ ဆိုနိုင်ပါတယ်။ ကြားထဲမှာ အလှည့်အပြောင်းအနည်းငယ်ရှိပေမဲ့ မပြောပလောက်ပါဘူး။ တခြားနိုင်ငံတွေမှာလိုပဲ လူကြိုက်များတဲ့ပါတီ နိုင်တယ်ဆိုတဲ့ ခေတ်ရေစီးကြောင်း ဂျပန်မှာ မြင်ရခဲပါတယ်။
အခုတော့ အာဏာရပါတီ LDP ဟာ ဒုတိယကမ္ဘာစစ်အလွန် စိန်ခေါ်မှုအဖြစ်ဆုံး အချက်တွေထဲက တစ်ခုကို ရင်ဆိုင်နေရပါပြီ။
ဒီတော့ ပျင်းရိစရာကောင်းတဲ့ဂျပန့်နိုင်ငံရေး အကြိတ်အနယ်ယှဥ်ပြိုင်ကြတဲ့အထိ ဘာတွေက ဖြစ်လာစေပါသလဲ၊ ဒီထဲမှာမှ လက်ယာစွန်းကို လူအများစု ဘာကြောင့် စိတ်ဝင်စားလာကြတာပါလဲ။
ဆန်နိုင်ငံရေးနဲ့ စျေးဝယ်စင်တာတွေထဲက ဒေါမနဿ
အခုနှစ်ပိုင်းတွေဟာ ဂျပန်က အိမ်ထောင်စုတွေအတွက် ခက်ခဲတဲ့နှစ်တွေဖြစ်ပါတယ်။ ငွေကြေး ဖောင်းပွမှု၊ စျေးကြီးမြင့်မှု၊ မတိုးတဲ့လစာနဲ့ မတက်တဲ့နိုင်ငံ့စီးပွားကြား လုံးလည်ချာလည်နေကြတာပါ။
ဆန်စျေးနှုန်းကိုပဲ ကြည့်ကြည့်ပါ။ ပြီးခဲ့တဲ့နှစ်ကထက် ၂ ဆ တက်သွားပါတယ်။ မေလတုန်းကဆိုရင် အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ ဆန် ၅ ကီလိုကို ဂျပန်ယမ်း လေးထောင်ကျော်ပေးဝယ်ရတဲ့အထိ စူပါမားကတ်တွေမှာ စျေးတက်သွားပါတယ်။
ဒါဟာ ၂၀၂၃ ခုနှစ်တုန်းက ဆန်စပါးသိမ်းချိန်မှာ အထွက်နှုန်းလျော့တဲ့အပြင် ငလျင်ကြီးကြောင့် လည်း ပါပါတယ်။ ငလျင်ကြီးတစ်ခုလှုပ်မယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်လာတဲ့အခါ လူတွေ အထိတ်တလန့်နဲ့ ဆန်တွေ ဝယ်စုကြတာကြောင့်ဖြစ်ပါတယ်။
ဂျပန်ရုပ်မြင်သံကြားလိုင်းတွေနဲ့ လူမှုကွန်ရက်မှာ တက်လာတဲ့ရုပ်သံတွေမှာဆိုရင် ဆန်ဝယ်ဖို့ တန်းစီတဲ့လူတန်းရှည်ကြီးဟာ မျက်စိတဆုံးဖြစ်ခဲ့ပါတယ်။
'အမေရိကန်သာ ပဓာန' (American First) ကနေ 'ဂျပန်သာ ပဓာန' (Japanese First) သို့
လက်ရှိအခြေအနေကို စိတ်ပျက်ကြတာက ဂျပန်လူငယ်တွေပါ။ '' လက်ရှိ နိုင်ငံရေးအခြေအနေကို စိတ်ကုန်လှပြီ'' လို့ လူငယ်မဲဆန္ဒရှင် အဲရီကို ဟာရာဒါက ဆန်စေးတို လူထုစုဝေးပွဲမှာ သတင်းဌာန တစ်ခုကို ပြောပါတယ်။
လူငယ်မဲဆန္ဒရှင် နောက်တစ်ဦးဖြစ်တဲ့ အူတာ ကာတိုကလည်း ''အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ ဆန်စေးတိုကို လူတွေ ဘာကြောင့် ထောက်ခံကြတာလဲပြောရင် သူတို့က ကျွန်တော်တို့ကို ကိုယ်စားပြုနိုင်လို့ပါပဲ''
မဲဆန္ဒရှင်တွေရဲ့ စိတ်အလိုမကျမှုနဲ့ ဒေါသကို လူထုစုဝေးပွဲတွေမှာမြင်နိုင်သလို စူပါမားကတ်ဆိုင်ကြီးတွေရဲ့ပစ္စည်းတန်းတွေကြားမှာလည်း ကြားနိုင်ပါတယ်။ ဒါကပဲ ''ဂျပန်သာ ပဓာန'' ဆိုတဲ့ပါတီကို တနည်းတဖုံ ထောက်ခံကြဖို့ဖြစ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ တခြားအကြောင်းလည်း ဆက်ရှိနေပါတယ်။
''' ဒါဟာ အမေရိကန် သမ္မတ အိမ်တော် အိမ်ဖြူတော်ကနေ လာတယ်လို့ ကျွန်တော်တို့ မှတ်ယူလို့ ရတယ်ဗျ'' လို့ တိုကျိုမြို့ ကျောင်းတော်တက္ကသိုလ်က သမိုင်းနဲ့အာရှရေးရာ ပါမောက္ခ ဂျက်ဖ် ကင်စတန်က ပြောပါတယ်။ ထရမ့် ပြောတဲ့ အမေရိကန် တဖန် ထွန်းသစ်ရေးဆိုတဲ့ အမေရိကန် ပဓာန ဆိုတဲ့ ပြောဆိုချက်ကို သူက ရည်ညွှန်းတာပါ။
''ကမ္ဘာတဝန်းက လူတွေကို ဒီလိုစိတ်ရှိလာစေဖို့အတွက်ဆိုရင် ထရမ့်က အကြောင်းရင်းခံတယ်လို့ ပြောလို့ရတယ်''
စည်းကမ်း မလိုက်နာကြတဲ့ပြည်ပရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ တိုးလာနေတယ်'' လို့ လူငယ်မဲဆန္ဒရှင် အူတာ ကာတိုက ပြောပါတယ်။
''အခွန်ပေးရတာကလည်း မြင့်သထက် မြင့်လာနေလို့ လူတွေရဲ့ဘဝက ခက်သထက် ခက်လာကြပြီ''
ဆန်စေးတိုပါတီကတော့ နိုင်ငံထဲကို နိုင်ငံခြားသားတွေကို ပိုပြီးဝင်ခွင့်ပေးတဲ့ အစိုးရ မူဝါဒတွေကို အပြစ်ဖို့ပါတယ်။
''နိုင်ငံခြားသားကြောက်ရောဂါဖြစ်ကြအောင် ကျွန်တော်တို့ လှုံ့ဆော်နေတာမဟုတ်ပါဘူး'' လို့ ပါတီ တည်ထောင်သူ ဆိုဟေး ကာမီရ က ဇွန်လတုန်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ''နိုင်ငံခြားသားတွေကို လက်ခံတာနဲ့ပတ်သက်ပြီး စည်းကမ်းမူဘောင် ကျကျနန မရှိတာကို ဂျပန်လူထုက မကျေလည်ဘူးဖြစ်နေတယ်''
နောက်သတင်းစာရှင်းလင်းပွဲ တစ်ခုမှာတော့ သူက ''နိုင်ငံသားအများစုဟာ လူမှု ဖူလုံကြေးတွေ ပိုထည့်နေရတာနဲ့ နိုင်ငံခြားသားတွေအတွက် ပညာရေး ထောက်ပံ့တာကို မကြိုက်ကြဘူး'' လို့ သူက ပြောပါတယ်။
LDP ပါတီက လူမှုရေးဝန်ကြီး တာကာမာရို ဖူကူယိုကာကတော့ နိုင်ငံခြားသားနေထိုင်သူတွေအတွက် လူမှုရေးထောက်ပံ့မှု ဒါမှမဟုတ် ဆေးကုသမှုမှာ နိုင်ငံခြားသားတွေကို မျက်နှာသာပေးတယ်ဆိုတဲ့အပြောကို ပြန်လည် တုံ့ပြန်ပါတယ်။
ဒါပေမဲ့လည်း ဒီလိုအပြောတွေက ပါတီကို ထောက်ခံသူတွေ နားယောင်နေဆဲပါ။ ''နိုင်ငံခြားသားတွေက ကြောက်ဖို့ကောင်းတယ်။ ရမ်းသမ်းလုပ်ချင်တာလုပ်မှာကို ကြောက်နေတာ'' လို့ လူထုစုဝေးပွဲမှာ စေတနာ့ဝန်ထမ်းလာလုပ်တဲ့ အသက် ၅၄ နှစ်အရွယ် ဆန်စေးတို ပါတီထောက်ခံသူ တစ်ဦးက အဆာဟိ ရှင်ဘွန်း သတင်းစာကို ပြောပါတယ်။
နိုင်ငံခြားသားတွေကို ဘာကြောင့် ကြောက်တာလဲလို့ မေးတဲ့အခါမှာတော့ အဲဒီလူတွေနဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့တာမျိုး သူ မကြုံဖူးသေးဘူးလို့ ဝန်ခံသွားပါတယ်။
ခင်ပွန်းသည်နဲ့ ကလေးဖြစ်သူတို့နဲ့အတူ ဆန်စေးတိုပါတီ လူထုတွေ့ဆုံပွဲကို လာတက်တဲ့ အသက် ၃၅ နှစ်အရွယ် အိမ်ထောင်ရှင်မ တစ်ဦးကတော့ ''ဆန်စေးတိုဟာ တခြားပါတီတွေ မ ဟကြတဲ့ ကိစ္စတွေကို ပြောနေတာ'' လို့ ပြောပါတယ်။
ဒါပေမဲ့ လက်ယာစွန်းပါတီဟာ ဂျပန်မှာ လာရောက်နေထိုင်ကြတဲ့သူတွေအပေါ်တင်အာရုံထားတာ မဟုတ်ပါဘူး။ သူ့မှာ တခြားပစ်မှတ်ထားပြောဆိုတာလည်း ရှိနေပါတယ်။ အဲဲဒါကတော့ ခရီးသွားတွေကို ဖြစ်ပါတယ်။
ဆယ်ဖီဆွဲတဲ့ခရီးသွားတွေနဲ့ အရိပ်အကဲမဖတ်သူတွေ
ဂျပန် ယမ်းငွေစျေးတန်ဖိုးကျတာ ဂျပန်နိုင်ငံသားမိသားစုတွေအတွက် ခြစ်ခြုတ်ဖို့ အကြောင်းဖန်ပေမဲ့ ကမ္ဘာတလွှားက ခရီးသွား သန်းချီအတွက်တော့ ဂျပန်ကိုလာဖို့ ဖြစ်လာစေပါတယ်။
ရလဒ်ကတော့ ဂျပန်ဟာ ခရီးသည် ဝင်လာမစဲ တသဲသဲဖြစ်လာပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်တည်းတင် ဂျပန်ကို လာရောက်လည်ပတ်တဲ့ခရီးသား ၃၇ သန်းနီးပါးရှိတယ်လို့ ဂျပန်အမျိုးသားခရီးသွားအဖွဲ့က ပြောပါတယ်။ ဒါဟာ စံချိန်တင်မြင့်တက်မှုဖြစ်ပါတယ်။
ခရီးသွားအများစုဟာ တရုတ်နဲ့ တောင်ကိုရီးယားတို့လို့ အရှေ့အာရှနိုင်ငံတွေက ဖြစ်ပါတယ်။ အနောက်ကမ္ဘာက ခရီးသွားအရေအတွက်ကတော့ အတိုင်းအတာ တစ်ခုပဲ ရှိပါတယ်။
တချို့ကတော့ ကမ္ဘာလှည့်ခရီးသွားတွေဟာ ဂျပန်လူထု တန်ဖိုးထား အလေးထားရတဲ့ဓလေ့တွေကို လေးစားသမှုမရှိဘူးလို့ ပြောကြပါတယ်။
ခရီးသွားတချို့ဟာ စည်းကမ်းတွေကို မလိုက်နာလို့ ဒီလို ကာလိုက် ရံလိုက်ရတာတော့ စိတ်မကောင်းဖြစ်မိပါတယ်'' လို့ ဒေသန္တရ အရာရှိတစ်ဦးက ပြောပါတယ်။
ဘဝတစ်လျှောက်လုံး ဒီမြို့လေးမှာနေလာတဲ့ အသက် ၆၅ နှစ်အရွယ် ကာဇုဟိကို အီဝါမာကတော့ ခရီးသွားတွေနဲ့ပတ်သက်ပြီး သူ အမြင်ကို ကျွန်မကို အခုလို ပြောပြပါတယ်။ ''(ခရီးသွားတွေဟာ) လမ်းကို ဖြတ်ကူးတယ်။ ကားတွေသွားနေတာကိုလည်း ဂရုမစိုက်ကြတဲ့ပုံစံပဲ။ တကယ်တော့ အန္တရာယ်များတယ်လေ''
'' အမှိုက်တွေကိုရော ဆေးလိပ်တိုတွေရာ ပစ်ချင်တိုင်း ပစ်ထားခဲ့ကြတာ''
တောင်ကြီးကို မြင်ကွင်းကွယ်အောင် ကာထားခဲ့ပေမဲ့လို့ တချို့ခရီးသွားတွေကတော့ ဒီမြင်ကွင်း မရရအောင် ဆယ်ဖီဓာတ်ပုံရိုက်ဖို့ နည်းပေါင်းစုံသံးကြပါတယ်။ တချို့ဆို အဲဒီလိုရိုက်ရင်း ဗီဒီယိုထဲမှာ ပါပြီး လူမှုကွန်ရက်ပေါ် အတင်ခံရပါတယ်။
နိုင်ငံခြားသားတွေအကြောင်း သတင်းမှား ဖြန့်ခြင်း
ဒါတွေအားလုံးဟာ ဆန်စေးတိုပါတီကို မဲန္ဒရှင်တွေ မဲထည့်ကြဖို့ အကြောင်းရင်းခံတွေဖြစ်ခဲ့ပြီး မဲရလဒ်အတွက် တာသွားခဲ့ပါတယ်။
ဒါပေမဲ့ ဒါဟာ သမမျှတဲ့ယှဥ်ပြိုင်မှုမဟုတ်ဘူးလို့ မြင်ကြသူတွေလည်း ရှိကြပါတယ်။ အကဲခတ်တချို့ကတော့ ဆန်စေးတိုပါတီဟာ ကမ္ဘာလှည့်ခရီးသွားတချို့ အနေအထိုင်မတတ်တဲ့ကိစ္စကို ဂျပန်ရဲ့ လူဝင်မှုပြဿနာနဲ့ ရောချပြီး နိုင်ငံခြားသားတွေနဲ့ဆက်နွှယ်တဲ့ပြဿနာကြီးတစ်ခုအဖြစ် ပုံဖော်ခဲ့တာလို့ ဝေဖန်ကြပါတယ်။
''နိုင်ငံခြားသားတွေနဲ့ ပတ်သက်လာရင် ဒီလူတွေဟာ ရာဇဝတ်မှုတွေ တိုးလာအောင်လုပ်နေတယ်။ လူထု တည်ငြိမ်မှုကို ကဖျက်ယဖျက်ဖြစ်စေတယ်ဆိုပြီး နိုင်ငံခြားသားတွေ အကြောင်း သတင်းမှားဖြန့်ကြတယ်'' လို့ ဂျပန်နိုင်ငံအရှေ့ပိုင်း ကန်ဒါ တက္ကသိုလ်က နိုင်ငံတကာလေ့လာရေးပညာဌာန ကထိက ဂျက်ဖရီ ဟောလ် ကပြောပါတယ်။
''နိုင်ငံခြားသားတွေ အိမ်ခြံမြေတွေ ဝယ်နေကြပါပြီဆိုတာမျိုးတောင် မြင်ကြအောင် သူတို့ လုပ်ထားတာ''
မဲမပေးခင် ရက်ပိုင်းအလိုတုန်းကတော့ ဝန်ကြီးချုပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ဒီပြဿနာကို ပြောခဲ့ဖူးပါတယ်။ နိုင်ငံခြားသားတွေကြောင့်ဖြစ်တဲ့ ရာဇဝတ်မှုတွေနဲ့ ငြိမ်ဝပ်ပိပြားမှုမရှိအောင် လုပ်ဆောင်ချက်ကို တိုက်ဖျက်ဖို့ အထူးလုပ်ငန်းအဖွဲ့ကို အစိုးရသစ်က ဖွဲ့သွားဖို့ ရှိမယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ရဲ့ပါတီကတော့ တရားမဝင်နိုင်ငံခြားသား တစ်ယောက်တောင် မရှိအောင် လုပ်သွားမယ်လို့ ကတိပြုထားပါတယ်။
ထရမ့်ကို အားကျတဲ့ ဆန်စေးတို (Sanseito) ပါတီထောင်သူ
''နိုင်ငံရေးထဲပါဝင်ခြင်း'' လို့ အဓိပ္ပါယ်ရတဲ့ ဆန်စေးတို ပါတီကို ၂၀၂၀ ပြည့်နှစ်မှာ စတင်ပါတယ်။ ကိုဗစ်ကပ်ရောဂါဘေး အမြင့်ဆုံးဖြစ်နေချိန်ပါ။ ကိုဗစ်ကာကွယ်ဆေးတွေနဲ့ပတ်သက်ပြီး ဇာတ်လမ်းဇာတ်အိမ် အကြောင်းအရာတွေ ဖန်တီးပြောဆိုတဲ့ ယူကျူ ရုပ်သံတွေနဲ့ လူသိများလာခဲ့တာပါ။
ပါတီထောင်သူ ဆိုဟီ ကာမီယာဟာ စူပါမားကတ် မန်နေဂျာဟောင်းတစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ရေးတပ်လို့ သုံးနှုန်းတဲ့ ဂျပန်စစ်တပ်မှာ အရန်တပ်ဖွဲ့ဝင်ဖြစ်ပါတယ်။
''သူ့ရဲ့ရဲရင့်တဲ့နိုင်ငံရေးပုံစံ'' မှာ ထရမ့်ရဲ့ လွှမ်းမိုးမှုရှိတာကြောင့်လို့ သူက ပြောခဲ့ဖူးပါတယ်။
သမားရိုးကျ ပါတီတွေကို မနှစ်မြိုတော့တဲ့ လူမှုကွန်ရက်ပေါ်က လူတွေကြား သူ လူကြိုက်များပါတယ်။ အခွန်လျှော့မယ်၊ လူမှုဖူလုံကြေးတိုးသုံးမယ်လို့ ကတိပေးသလို ရွှေ့ပြောင်းနေထိုင်သူတွေ တိတ်တဆိတ်ကျူးကျော်လာနေကြပြီလို့ဆိုပြီး သတိပေး ပြောဆိုတာတွေကြောင့် လူကြိုက် များလာတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် တုန်းကတော့ ကာမိယဟာ ဆန်စေးတိုပါတီရဲ့ တစ်ဦးတည်းသော အမတ်လောင်းအဖြစ် အထက်လွှတ်တော်မှာ အမတ်နေရာအတွက်ရွေးကောက်ခံရပါတယ်။
သူ့ရဲ့ ယူကျူချန်နယ်မှာ တင်ထားတဲ့ရုပ်သံမှာဆိုရင် နိုင်ငံ့ဘုံအကျိုးစီးပွားတဲ့ စစ်တပ်၊ ရဲနဲ့ နိုင်ငံရေး အစုအဖွဲ့တွေ လျှို့လျှို့ဝှက်ဝှက် အတူတူအလုပ်လုပ်ကြပြီး ရွေးကောက်ခံခြင်းမရှိဘဲ နိုင်ငံကို အုပ်ချုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးကို တင်ပါတယ်။
''ဒီလိုအခြေအနေမျိုး နေရာတိုင်းမှာရှိတယ်'' လို့ သူက ရုပ်သံထဲမှာပြောပါတယ်။ '' မီဒီယာထဲမှာပဲ ကြည့်ကြည့် ဆေးလောကကိုပဲကြည့်ကြည့် စိုက်ပျိုးရေးနယ်ပယ်အပြင် အစိုးရအေဂျင်စီတွေ ထဲမှာတောင်ရှိတယ်''
နောက်ပြီး မဲဆွယ်ကာလတလျှောက် သူပြောခဲ့တဲ့မှတ်ချက်တချို့ဟာ လူမှုကွန်ရက်ပေါ် ဆက်ပြီး ပျံ့နေပါတယ်။
''ရွေးကာက်ပွဲ မဲဆွယ်တဲ့လုပ်ငန်း စပြီဆိုတာနဲ့ မီဒီယာတွေနဲ့ အွန်လိုင်းဖိုရမ်တွေမှာ ဆန်စေးတိုအကြောင်း ပြောနေကြတယ်။ ... ပါတီရဲ့အငြင်းပွားစရာ ကြေညာချက်တွေနဲ့ မူဝါဒပိုင်း ရပ်တည်ချက်တွေလည်းပါတာပေါ့လေ'' လို့ အာရှဂရု တတ်သိပညာရှင်များအဖွဲ့က ရင်တာရို နီရှီမူရာက ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာတန်းတူညီမျှမှု မူဝါဒတွေဟာ ''မှားယွင်းချမှတ်မှု'' လို့ သူ ပြောပြီးနောက်မှာ ကာမီယ တစ်ယောက် အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။ ဒီမူဝါဒတွေဟာ အမျိုးသမီးတွေကို အလုပ်လုပ်ပဲ လုပ်ခိုင်းပြီး ကလေးမယူခိုင်းဘူးလို့ သူ ထင်မြင်တာပါ။
ဒါပေမဲ့ သူ့ ရပ်တည်ချက်ကို ခုခံပြောဆိုပါတယ်။ '' ဂျပန်သာ ပဓာန ဆိုတဲ့ စကားစုက ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကြက် ထွေးနှောယှက်နွှယ်မှုကို တင်းခံပြီး ဂျပန့်လူထုရဲ့ ဘဝလမ်းကြောင်းတွေကို ပြန်လည် တည်ဆောက်ဖို့ ရည်ရွယ်တာပါ'' လို့ သူက အင်တာဗျူးတစ်ခုမှာပြောပါတယ်။
''နိုင်ငံခြားသားတွေ အားလုံးကို တားမြစ်ရမယ်။ နိုင်ငံခြားသားတွေအားလုံးကို ဂျပန်ကနေ ထွက်သွားခိုင်းတာမျိုး ဆိုလိုတာမဟုတ်ပါဘူး''
''ကျွန်တော်တို့ဟာ နိုင်ငံခြားသားကြောက်ရောဂါရအောင်လုပ်နေတယ်၊ ခွဲခြားဆက်ဆံတာတွေလုပ်နေတယ်လို့ ဝေဖန်ခံနေရတယ်။ မီဒီယာက မှားပြီး ဆန်စေးတိုပြောတာ မှန်တယ်ဆိုတာမျိုး လူထုက နားလည်လာခဲ့ကြပါပြီ''
မူဝါဒလား၊ ပါအောင်စည်းရုံးပြောနိုင်တာလား
ပါမောက္ခ ကင်စတန်ကတော့ ကာမိယရဲ့ အောင်မြင်မှုဟာ မူဝါဒပိုင်း ကိုင်ပြောတာထက် အာပေါင်အာရင်းသန် ပြောတတ်တာကြောင့် ဆိုတဲ့ဘက်ကို ပိုသွားတယ်လို့ဆိုပါတယ်။ ''သတင်းစကားမှာပါတဲ့ အကြောင်းအရာကြောင့် မဟုတ်ဘူး။ အဲဒီသတင်းစကားကို ဖြန့်ပုံဖြန့်နည်းကြောင့်လို့ ပြောနိုင်တယ်'' လို့ သူက ပြောပါတယ်။
''စိတ်အားထက်ထက်သန်သန် မာန်ပါပါနဲ့ လူမှုကွန်ရက်တို့ကြောင့်ပေါ့။ အသက် ၃၀ တန်း ၄၀ တန်းတွေ တွေးကြတာက ငါတို့ အပြောင်းအလဲကိုလိုချင်ချိန်မှာ သူပြောသမျှကို မယုံပေမဲ့လည်း ငါတို့စိုးရိမ်ချက်တချို့ကို သူရှင်းပေးနိုင်ကောင်းပါရဲ့ဆိုတဲ့ အတွေးမျိုးဖြစ်စေတယ်''
လူငယ်တွေရဲ့ မဲတင်မကပါဘူး။ အခုတစ်ခေါက်မှာ ဆန်စေးတိုပါတီဟာ LDP ပါတီရဲ့ အမာခံ ရှေးရိုးစွဲ မဲဆန္ဒရှင်တွေရဲ့ အသည်းကြားက မဲပြားကိုပါ ရခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူတို့ပါတီဟာ လက်ယာယိမ်းသင့်သလောက် မယိမ်းတော့ဘူးလို့ မြင်လာကြတာကြောင့်ဖြစ်ပါတယ်။
သွားလေသူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးဟာ LDP ပါတီအတွက် လက်ဝဲစွန်းကို ကိုယ်စားပြုခဲ့ပြီး မဲဆန္ဒရှင်တွေကို သူ့ဘက်ပါအောင် ထိန်းနိုင်ခဲ့သူပါ။ သူ့နောက် ဝန်ကြီးချုပ် နေရာယူတဲ့ ဖူမီယို ခီရှီဒါ၊ သူ့နောက်က ဝန်ကြီးချုပ် အီရှီဘာတို့ဟာ DP ပါတီမှာ အလယ်အလတ်သမားတွေ ဖြစ်ပါတယ်။
''လက်ယာစွန်းမဲဆန္ဒရှင်တွေအတွက်ဆို သူတို့ ထည့်ရမယ့်မဲ ပျောက်သွားတာပေါ့။ သူ တို့ တိမ်းချင် ယိမ်းချင်တဲ့ဘက်ကို ဆက်ပြီး အားသန်နေတုန်းပဲ။ ဒီအချိန်မှာ ကာမိယကလည်း သူတို့လိုပဲ ဆိုတော့ စည်းဝါးကိုက်သွားတာ''လို့ ပါမောက္ခ ကင်စတန်က ပြောပါတယ်။
ဒါပေမဲ့ အခု ခေါင်းထောင်လာတဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ဂျပန်မှာ အဓွန့်ရှည်မလားမဆိုတာကို ပြောဖို့ စောနေသးတယ်ဆိုတဲ့ အကဲခတ်အချို့လည်း ရှိနေပါတယ်။ နိုင်ငံရေးမှာ အသွင်သစ် အမြင်သစ်မှုတစ်ခုလို့ မြင်နိုင်ပေမဲ့ မှတ်ကျောက်တင်ခံရနိုင်မလားဆိုတဲ့အဆင့်ကို ကျော်ဖြတ်ရဖို့ ရှိဦးမှာပါ။
လက်ရှိ အာဏာရ LDP ဟာ နိုင်ငံရေး မုန်တိုင်းထန်ချိန်မှာ တက်မကျိုးအောင် လှေကို ထိန်းထားနိုင်တဲ့ ပဲ့ကိုင်တစ်ဦးအဖြစ် ဆက်ရှိနေဆဲပါ။

ပါတီဟာ ပြည်ပ ဆက်ဆံရေးနဲ့ ပတ်သက်လာရင် အတွေ့အကြုံရင့်သန်တဲ့ပါတီလည်း ဖြစ်ပါတယ်။ မကြာသေးခင်တုန်းကဆိုရင် အာရှ ပစိဖိတ်ဒေသတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ အစီအစဥ် ကျနမှု အတိမ်းအစောင်းဖြစ်မယ့်ဟန်ပြင်တဲ့အခါ နိုင်ငံကို လမ်းကြောင်းပေါ် တည့်မတ်အောင် စွမ်းထားနိုင်ပါတယ်။
ပြည်တွင်းမှာတော့ အမာခံလျော့သွားပေမဲ့ ဖယ်ထားလို့မရတဲ့နေရာမှာ ဆက်ရှိနေပါတယ်။ ဒါမှမဟုတ်ရင်လည်း ပြည်တွင်းမှာ သူမှတပါး တခြားမြင်သာတဲ့ရွေးချယ်စရာ ပါတီ မရှိသေးတာ ကြောင့်လို့လည်း ဆိုနိုင်ပါတယ်။
တဖက်မှာလည်း လက်ယာစွန်းတွေရဲ့အောင်မြင်မှုဟာ နောက်ခေါက်ထားလို့ မရတဲ့ အရွေ့အစစ် ဖြစ်နေပြန်ပါတယ်။ အသည်းကြားက မဲတစ်ပြားကို လွယ်လွယ်ရဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း ရှိနေပါတယ်။ ဂျပန်ဟာ တည်ငြိမ်တယ်ဆိုတဲ့ သမိုင်းကြောင်းမှာ မျိုးဆက်သစ်က အပြောင်းအလဲ လုပ်ဖို့ ခြေလှမ်းလာပါတယ်။ ဒီခြေလှမ်း ဘယ်အထိလှမ်းမှာလဲဆိုတာ မသဲကွဲပေမဲ့လို့ပေါ့။
BBC #

#ဂျပန်

Address


Website

Alerts

Be the first to know and let us send you an email when Days biruma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Days biruma:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share