20/03/2025
တချို့လူတွေကလေ သူတို့ကိုလူတွေမပေါင်းချင်တဲ့အကြောင်းရင်းကိုမသိကြဘူး ခင်လာပြီးမှပြောင်းလဲသွားတယ်ထင်ကြတယ် တကယ်ကစိတ်ကုန်သွားတာ အရင်ကတော့အကြောင်းမသိသေးတော့ပုံမှန်ပဲဆက်ဆံတာပေါ့ ကြာလာလေစိတ်ဓါတ်ကိုသိလာရလေ တကိုယ်ကောင်းဆန်တာတွေ အတ္တကြီးတာတွေ ကိုယ်လုပ်မှအမှန်ထင်တာတွေ သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်တပ်ပြီး အခွင့်ရေးလိုချင်တာတွေက သူတို့စိတ်အခြေအနေကကောင်းမနေတာနဲ့ မဆီမဆိုင်ဘေးကလူတွေကိုနေရခက်အောင်လုပ်တာမျိုးတွေက တဖက်လူကိုဘယ်လောက်စိတ်အနှောင့်အယှက်ဖြစ်စေလဲဆိုတာမသိကြဘူး ခင်တာနဲ့ဒါလုပ်ကိုလုပ်ပေးရမယ် ဘာမဆိုအကုန်ပြောပြရမယ် privacyမရှိပဲဘယ်သူနဲ့ဘာတွေပို့ထားလဲကအစသိချင် ခွင့်မတောင်းပဲအကုန်ဝင်စွက်ဖက်တာမျိုးတွေအထိပါလုပ်လာကြတာမျိုး
သူတို့ကိုငြင်းရင်မကြိုက်ဘူး တပြန်စိတ်ဆိုးစိတ်ကောက်တယ် လျစ်လျူရှုတယ် အတူရှိနေရက်နဲ့အဖက်မလုပ် ဆူပုတ်နေတာမျိုးက စိတ်ဒုက္ခပေးခြင်းတမျိုးပဲ အာရုံနောက်လို့သူတို့ဖြစ်စေချင်တဲ့အတိုင်းလိုက်လျောပေးလိုက်တော့ဘာဖြစ်လာလဲဆိုရင် နိုင်ထက်စီးနင်းလုပ်ချင်လာကြတာ သူ့ကိုဦးစားပေးစဉ်းစားစရာမလိုဘူး သူကသဘောကောင်းတော့ဘာပြောပြောစိတ်မဆိုးဘူး သူ့ကိုဆိုလက်လွတ်စပယ်ပြောချင်တာပြောလို့ရတယ် သူ့အပေါ်လုပ်ချင်တာလုပ်လို့ရတယ် အေးဆေးပါဆိုပြီးဖြစ်လာကြတယ်
ကြာတော့ကိုယ်ပဲစိတ်ဖိစီးရတယ် မလုပ်ချင်တာတွေလိုက်လုပ်ပေးရတာကိုး 😣
မနက်မိုးလင်းတာနဲ့အဲ့လူတွေအကြောင်းတွေးမိပြီး စိတ်ညစ်နေရတာတွေ မပက်သက်ချင်ဘူး မတွေ့ချင်ဘူး မသည်းခံနိုင်တော့ဘူးလို့တွေးနေရရင်တော့ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုလာပါပြီ
နောက်မကျခင်စွန့်ခွါပစ်လိုက်ပါ မတန်ပါဘူး သူ့ပုံစံကိုကအဲ့လိုဖြစ်နေတာ စိတ်ရင်းလေးကမဆိုးလှပါဘူးလို့ ဖြည့်တွေးနေတုန်းပဲဆိုရင်တော့ကြာလေသင့်စိတ်ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်
ကိုယ့်ကိုယ်ကိုဦးစားပေးကြပါ✌️
Love yourself💕
20.3.2025
Momo's feelings