Phoe Too Phoe Too, 動画クリエイター, Shizuoka-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

19/04/2022

သူငယ်ချင်းအိမ်မှာ coilovers လဲတုန်းက ခေါက်ဆွဲပြုတ်စားရင်း အမှုမဲ့အမှတ်သူငယ်ချင်းကရိုက်လိုက်တဲ့ အမှတ်တရဗီဒီယိုလေးပါ 👨‍🔧

18/04/2022

၂၀၂၁တုန်းကလည်း ဝလုံးကိုလေ့ကျင့်ခဲ့တယ်... ၂၀၂၂ရောက်တော့လည်း ဝလုံးကိုလေ့ကျင့်တုန်းဘဲ... ဝလုံးကနေကို မတက်နိုင်သေးတာ 😂

Coilovers အသစ်နဲ့... 🎶💮
18/01/2022

Coilovers အသစ်နဲ့... 🎶💮

08/12/2021

Treadwear ဆိုတာကေတာ့ UTQG (Uniform Tire Quality Grading) ရဲ့ grade ၃ခုထဲကတစ်ခုဖြစ်ပြီး တာယာစားနှုန်းကိုဖော်ပြတဲ့ဂဏန်း... တစ်နည်းပြောရရင်တော့ ရာဘာအသားအပျော့အမာကိုဖော်ပြတဲ့ ဂဏန်းဖြစ်ပါတယ်... UTQG grade ကိုတော့ တာယာရဲ့ sidewall မှာမြင်တွေ့နိုင်ပါတယ်... (ဥပမာ... TREADWEAR 240 TRACTION A TEMPERATURE A)
Wear Indicator ကေတာ့ တာယာပန်းကြားမှာမြင်တွေ့ရမှာဖြစ်ပြီး တာယာပန်း ၁.၆မီလီမီတာဘဲကျန်တော့တယ်ဆိုတာကို ဖော်ပြတဲ့ sign ဖြစ်ပါတယ်... တာယာပန်းက၁.၆မီလီမီတာဘဲကျန်တဲ့တာယာက မိုးရွာတဲ့အခါမှာ Hydroplaning ဖြစ်ဖို့ရာခိုင်နှုန်းအများဆုံးဖြစ်ပါတယ်... ဒါကြောင့် တာယာပန်း၁.၆မီလီမီတာမြာ Wear Indicator ရှိနေခြင်းဖြစ်ပါတယ်...

Tyre rotation လုပ်ဖို့ရန် အရှေ့အနောက်တာယာဆိုဒ်တူဖို့လိုတဲ့အပြင် အရှေ့အနောက် အလွိုင်းဆိုဒ်လည်းတူဖို့လိုပါတယ်

29/11/2021

Turbo Flutter အသံက နားထောင်လို့ကောင်းပေမယ့် ဖိအားများတဲ့လေက အင်ဂျင်အတွင်းမှာကျန်ခဲ့တဲ့အတွက် အင်ဂျင်အတွက်ဆိုးကျိုးများပါတယ်... ဒါပေမယ့် ဒီဖိအားများတဲ့လေက အင်ဂျင်ထဲမှာကျန်တဲ့အတွက် လီဗာလွှတ်ပြီးချက်ချင်းပြန်နင်းတဲ့အခါမှာတော့ response ကောင်းပါတယ်... Blow-Off Valve ကေတာ့ ဖိအားများတဲ့လေကို အပြင်ကိုထုတ်တဲ့အတွက် အင်ဂျင်အတွက်ကောင်းပေမယ့် လီဗာကိုလွှတ်ပြီးချက်ချင်းပြန်နင်းတဲ့အခါမှာတော့ response ကသိပ်ကောင်းပါဘူး...

12/10/2021

ဘီးကိုဘယ်လိုကားထုတ်သလဲ... ဘီးကားထုတ်ပုံကားထုတ်နည်း၃မျိုးကို ဗဟုသုတအနေနဲ့ ဒီဗီဒီယိုလေးနဲ့ ရှင်းပြပေးချင်ပါတယ်...😊

07/10/2021

Camber, Caster, Toe & Sway Bar

ကုန်းဆင်းကဲ့သို့ အချိန်ကြာမြင့်စွာဘရိတ်အသုံးပြုနေတဲ့အချိန်အတွင်း ရုတ်တရက်ဘရိတ်မမိသည့် "V***r Lock Phenomenon" ကိုသင်သိပါ...
28/09/2021

ကုန်းဆင်းကဲ့သို့ အချိန်ကြာမြင့်စွာဘရိတ်အသုံးပြုနေတဲ့အချိန်အတွင်း ရုတ်တရက်ဘရိတ်မမိသည့် "V***r Lock Phenomenon" ကိုသင်သိပါသလား။ ဘရိတ်တွင် V***r Lock နှင့် Brake Fade ဟူ၍ဖြစ်စဉ်၂ခုရှိပါတယ်။

"V***r Lock Phenomenon"ဆိုတာဘာလဲ။ ဘာကြောင့်ဖြစ်တယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတာကိုရှင်းပြပေးချင်ပါတယ်။

“V***r Lock Phenomenon” သည်ဘရိတ်အုပ်နေစဉ် Brake Pad နဲ့ Brake Disc သို့မဟုတ် Brake Shoe နဲ့ Brake Drum ၏ပွတ်တိုက်မှုကြောင့်ထွက်ပေါ်သောအပူများကြောင့် ဘရိတ်ဆီအတွင်းလေပူဖောင်းများဖြစ်ပေါ်စေသောဖြစ်စဉ်တစ်ခုဖြစ်ပြီးဘရိတ်များအလုပ်လုပ်ရန်ခက်ခဲစေပါတယ်။

V***r Lock Phenomenon ကိုမရှင်းပြခင် ဘရိတ်အကြောင်းကိုအရင်ဆုံးရှင်းပြပါရစေ။ ဘရိတ်သည် ဟိုက်ဒရောလစ်သဘောတရားဖြစ်ပြီး ယာဉ်မောင်းက ဘရိတ်ခြေနင်းကိုနင်းလိုက်သောအခါ ဘရိတ်ပိုက်လိုင်းအတွင်းရှိဘရိတ်ဆီတွင် ဖိအားတစ်ခုဖြစ်ပေါပြီး ထိုဖိအားသည် Brake Caliper သို့မဟုတ် Wheel Cylinder ကိုသက်ရောက်စေပါတယ်။ ထို့နောက် Brake Caliper သို့မဟုတ် Wheel Cylinder အတွင်းရှိ Piston ကိုတွန်းကန်ပြီး ဘရိတ်ဖမ်းခြင်းကို စတင်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။(ဘရိတ်ဆီသည် ဘရိတ်အတွက်သီးသန့်ထုတ်ထားသော ဆီတစ်မျိုးဖြစ်သည်။) ထိုသို့ဘရိတ်ဖမ်းသည့်အချိန်အတွင်း Brake Pad နဲ့ Brake Disc သို့မဟုတ် Brake Shoe နဲ့ Brake Drum ကပွတ်တိုက်မှုဖြစ်ပြီးကားကိုရပ်တန့်စေပါတယ်။ သို့သော် ဘရိတ်များပွတ်တိုက်သောအခါအပူထွက်ပေါ်စေပြီး ထိုအပူသည်ဘရိတ်ဆီကို ဆူပွက်စေပါတယ်။ ဘရိတ်ဆီဆူပွက်သောအခါ ဘရိတ်ပိုက်အတွင်း လေပူဖောင်းများဖြစ်ပေါ်စေပြီး ဘရိတ်ဆီလေခိုခြင်းကို ဖြစ်ပေါ်စေတယ်။

V***r Lock သည်ဟိုက်ဒရောလစ်ဘရိတ်ကိုသုံးသောကားများတွင်ရှောင်လွှဲမရနိုင်သောဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။ ကားမောင်းနှင်သူတိုင်းသတိထားရန်လိုပါတယ်။ V***r Lock ဖြစ်ရခြင်း၏အဓိကအကြောင်းအရင်းက ဘရိတ်ဆီဆူပွက်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘရိတ်ဆီက အလွယ်တကူ မဆူပွက်နိုင်ပါ။ ဒါဆိုဘရိတ်ဆီကို ဘာကဆူပွက်စေတာလဲ။

အကြောင်းအရင်း ၁ “ အလွန်အကျွံဘရိတ်ဖမ်းခြင်း”
ဘရိတ်အုပ်သောအခါ ဘရိတ်၏ပွတ်တိုက်မှုကြောင့် အပူထွက်ပါတယ်။ ဒီအပူက Brake Pad သို့မဟုတ် Brake Shoe ကနေတစ်ဆင့် ဘရိတ်ဆီကို ကူးစက်သွားပါတယ်။ ထိုအပူက ဘရိတ်ဆီရဲ့ရေဆူအမှတ်ကိုကျော်လွန်သွားမယ်ဆိုရင် ဘရိတ်ဆီကို ဆူပွက်စေပြီး ဘရိတ်ဆီအတွင်း လေပူပေါင်းလေးများ ဖြစ်ပေါ်လာပါတယ်။ သို့သော်ဘရိတ်ဆီသည်အဆီဖြစ်သောကြောင့် ± ၂၀၀ ဒီဂရီစင်တီဂရိတ်ခန့်တွင်ဆူပါတယ်။ သာမန်ရေဆူမှတ်ထက်မြင့်ပြီး ပုံမှန်ဘရိတ်အသုံးပြုရုံဖြင့် အလွယ်တကူမဆူနိုင်ပါ။ ဒါပေမယ့်ဘရိတ်ကိုအလွန်အကျွံသုံးရင်တော့ဖြစ်နိုင်ချေရှိပါတယ်။ V***r Lock သည်ကုန်းဆင်းများတွင်ပိုဖြစ်နိုင်ချေများပါတယ်။ ဘာလို့လဲဆိုတော့ ကုန်းဆင်းတွင်ဘရိတ်အသုံးပြုသောအချိန်သည် မြေပြန့်တွင်ဘရိတ်အသုံးပြုသောအချိန်ထက် ပိုများပါတယ်။ မတ်စောက်တဲ့တောင်ပေါ်ကဆင်းရာတွင် ဘရိတ်ကိုအချိန်ကြာမြင့်စွာနင်းခြင်းဖြင့် ဘရိတ်၏ပွတ်တိုက်မှုကြောင့်အပူသည်ပုံ မှန်မောင်းနှင်သည်နှင့်မတူဘဲ ပိုပြီးမြင့်တက်လာလေ့ရှိပါတယ်။ ထိုသို့အပူမြင့်တက်သောအခါ V***r Lock Phenomenon ကိုဖြစ်လွယ်စေသည်။

အကြောင်းရင်း ၂ “ဘရိတ်ဆူပွက်ခြင်း”
ဘရိတ်ဆီသည် ရေကိုစုပ်ယူသောအခါ ဆူပွက်လွယ်ပြီး V***r Lock ကိုဖြစ်လွယ်စေပါတယ်။ ဘရိတ်ပိုက်လိုင်းထဲတွင် အချိန်ကြာလာသည်နှင့်အမျှ ရေသည်သဘာဝအလျှောက်ဝင်တတ်ပါတယ်။ အကြောင်းရင်းများမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
-မောင်းနှင်နေချိန်နှင့် ရပ်တန့်နေချိန်အကြားအပူချိန်ကွာခြားမှုကြောင့်ဖြစ်ပေါ်စေသောရေစက်
-လေထုထဲမှာပါဝင်နေတဲ့ အစိုဓာတ်
-ဘရိတ်ဆီလဲတဲ့အချိန်မှာ အမှားတစ်ခုခုကြောင့်ဝင်လာသော ရေ

ဘရိတ်ဆီသည် ရေကိုစုပ်ယူနိုင်သောဂုဏ်သတ္တိရှိပါတယ်။ ရေစုပ်ယူထားသောဘရိတ်ဆီ၏ရေဆူအမှတ်သည် ပုံမှန်ဘရိတ်ဆီ၏ရေဆူအမှတ်ထက် ကျဆင်းသွားပါတယ်။ ဘရိတ်ဆီကိုမလဲတာကြာလာတာနဲ့အမျှ ဘရိတ်အတွင်းမှာရှိတဲ့ ရေဓာတ်က ပိုမိုများလာပြီး ဘရိတ်ဆီကို အလွယ်တကူဆူပွက်စေနိုင်ပါတယ်။ ဘရိတ်ဆီကိုပုံမှန်လဲပေးခြင်းဖြင့် V***r Lock Phenomenon ကိုကာကွယ်နိုင်ပါတယ်။ (ဂျပန်နိုင်ငံတွင် ဘရိတ်ဆီကို ၂နှစ်တစ်ကြိမ်လဲသည်။) ဘရိတ်ဆီလဲတဲ့အခါမှာလည်း လေမခိုစေရန် သတိပြုသင့်ပါတယ်။ ဘရိတ်ဆီမှာ အကြမ်းအားဖြင့် DOT3, DOT4, DOT5 ဟူ၍ Grade ၃မျိုးရှိပါတယ်။ Grade တစ်ခုခြင်းဆီရဲ့ ရေဆူအမှတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

DOT3 Dry Boiling Point 205℃ (401°F) / Wet Boiling Point 140℃ (284°F)
DOT4 Dry Boiling Point 230℃ (446°F) / Wet Boiling Point 155℃ (311°F)
DOT5 Dry Boiling Point 260℃ (518°F) / Wet Boiling Point 190℃ (374°F)
( DOT = Department Of Transportation)
Dry Boiling Point ဆိုတာကတော့ ဘရိတ်ဆီသီးသန့်ရဲ့ ရေဆူမှတ်ဖြစ်ပြီး Wet Boiling Point ကတော့ ဘရိတ်ဆီအတွင်း ရေ ၃.ရရာခိုင်နှုန်းပါဝင်တဲ့ ဘရိတ်ဆီရဲ့ရေဆူအမှတ်ဖြစ်ပါတယ်။ Brake Reservoir အဖုံးမှာ ဘရိတ်ဆီဘယ် Grade ကိုသုံးရမယ်ဆိုတာရေးထားသလို ကားကိုအသုံးပြုတဲ့နေရာနဲ့ အသုံးပြုပုံပြုနည်းနဲ့လိုက်ပြီး ဘရိတ်ဆီကိုရွေးချယ်ပြီး စိတ်ချဘေးကင်းတဲ့ car life ကလေးကို ဖော်ဆောင်သွားပါစို့။ ဘရိတ်ဆီလဲဖို့ကို မမေ့ကြဖို့နဲ့ ဘရိတ်ဆီလဲတဲ့အခါမှာ ရေနဲ့လေမဝင်ဖို့လည်း သတိပြုကြပါနော်။

19/01/2021

၂၀၂၁ရဲ့ပထမဆုံး Track Event လေးပါ... ၂၀၂၀တစ်နှစ်လုံးနားထားတော့၂၀၂၁ကို Gymkhana နဲ့ပြန်စပါမယ်ပါ... အခြေခံဖြစ်တဲ့ စက်ဝိုင်းနဲ့ "8" ကနေ စပြီးလေ့ကျင့်ပါမယ်... အများကြီးကျိုးစားရပါအုံးမည်...

19/01/2021

၂၀၂၁ရဲ့ပထမဆုံး Track Event လေးပါ... ၂၀၂၀တစ်နှစ်လုံးနားထားတော့၂၀၂၁ကို Gymkhana နဲ့ပြန်စပါမယ်ပါ... အခြေခံဖြစ်တဲ့ စက်ဝိုင်းနဲ့ "8" ကနေ စပြီးလေ့ကျင့်ပါမယ်... အများကြီးကျိုးစားရပါအုံးမည်...

住所

Shizuoka-shi, Shizuoka

ウェブサイト

アラート

Phoe Tooがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー