Japanese Gallery & နေ့စဉ်ဂျပန်

  • Home
  • Japanese Gallery & နေ့စဉ်ဂျပန်

Japanese Gallery & နေ့စဉ်ဂျပန် ဂျပန်နိူင်ငံ🇯🇵ရဲ့ယဉ်ကျေးမှု့၊ ဘာသာစကား၊ နေ့စဉ်ဘဝနဲ့သတင်းတွေကို မျှဝေပေးမယ့် Japanese Page

18/07/2025

50 likes, 4 comments. “၁၇ရာစုက Edoခေတ်ကို ပြန်ရောက်သွားသလိုခံစားရစေမဲ့ 江戸村လို့ခေါ်တဲ့Edoရွာ”

01/07/2025

ဇူလိုင်လတွင်း ဂျပန်နိူင်ငံမှာ ငလျင်ကြီးလှုပ်ခတ်မယ်ဆိုတာ တကယ်လား...

08/06/2025

အနောက်တောင်ဘက်ကနေ ရှေးခေတ် ဂျပန်လူမျိုးတွေ ရွှေ့ပြောင်းလာနေထိုင်လာကြတဲ့အချိန်ကစပြီး တည်ရှိလာခဲ့တဲ့မြို့တစ်မြို့ဖြစ်သလို နောက်ထပ်ရာစုနှစ်တွေကြာလာတဲ့ အချိန်မှာလဲ ဂျပန်နိုင်ငံရဲ့အရေးကြီးဆုံးမြို့တော်တစ်ခုဖြစ်လာတဲ့ ‘တိုကျိုမြို့’ ဖြစ်တည်လာပုံနဲ့သမိုင်းအကြောင်းကို အချိန်ခဏလေးတွင်းမှာ စိတ်ဝင်စားဖွယ်ပြောပြပေးထားပါတယ်။ #ဂျပန်သမိုင်း #တိုကျိုမြို့သမိုင်များ #မြန်မာVlog #မြန်မာYouTuber

05/06/2025

🇯🇵ဂျပန်အလုပ်သွားလုပ်ချင်တဲ့သူတွေအတွက် ပထမဦးဆုံး သိထားသင့်တဲ့အချက်တွေကို ဒီVedioလေးမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
#ဂျပန်နဲ့ငါ #ဂျပန်အလုပ်အခွင့်အလမ်း #အလုပ်ဗီဇာ #技能実習 #特定技能 #就労ビザ #ဂျပန်ဘဝ #ဂျပန်အလုပ်သွားချင်တယ်

04/06/2025

#鎌倉大仏ကာမာကူရဘုရားသမိုင်း
🇯🇵 鎌倉大仏(Kamakura Daibutsu) သည် ဂျပန်နိုင်ငံ၊ 神奈川県鎌倉市 (Kanagawa Ken Kamakura City) တွင်တည်ရှိသော သမိုင်းဝင်ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါသည်။ဤဗီဒီယိုတွင် Kamakura Daibutsu ၏သမိုင်းနောက်ခံ၊ ဗုဒ္ဓဘာသာနဲ့ပတ်သက်သောယဉ်ကျေးမှုများ၊ ခေတ်အဆက်ဆက်ဆောက်လုပ်မှုနည်းစနစ်များကို ဖော်ပြပေးထားပါသည်။

02/06/2025

🌄 Hakoneမြို့လေးအကြောင်း
⛰️ဂျပန်ရဲ့ လှပတဲ့ တောင်ပေါ်ဒေသ
🗻Mt.Fuji ကြည့်ရင်း Onsen စိမ့်ဖူးသလား
🗼Tokyoနားက လှပပြီးအေးချမ်းတဲ့မြို့လေး

#ဂျပန်နဲ့ငါ #မြန်မာvlog

31/05/2025

「夏祭り(なつまつり)」
အားလုံးပဲမင်္ဂလာပါ။ ဒီနေ့မှာတော့ Japanese Gallery & နေ့စဉ်ဂျပန် ကနေ ဂျပန်နိူင်ငံနွေရာသီရဲ့ အကြီးဆုံး ပွဲတော် တစ်ခုဖြစ်တဲ့「なつまつり(夏祭り)」အကြောင်းကို မျှဝေပေးချင်ပါတယ်။

အဆိုပါပွဲတော်ကို ဒေသအလိုက် အထူးပုံစံများနဲ့ အခမ်းအနားတွေကို ဖော်ဆောင်ကြပြီး ဂျပန်နိူင်ငံ 🇯🇵 ရဲ့ ယဉ်ကျေးမှု့ရိုးရာဓလေ့ကို အနီးကပ်မြင်တွေ့ခံစားနိူင်တဲ့ အခိုက်အတန့်တခုပဲဖြစ်ပါတယ်။

👘 လူတိုင်းနီးပါးဟာ浴衣 (Yugata) လို့ခေါ်တဲ့ရိုးရာဝတ်စုံကို လှလှပပဝတ်စားပြင်ဆင်ပြီး မီးပန်းပွဲကျင်းပရာ နေရာဆီကိုသွားရောက်လေ့ရှိကြပါတယ်..။လမ်းတလျောက်မှာတော့ 屋台(Yatai)လို့ခေါ်တဲ့ လမ်းဘေးဈေးဆိုင်လေးတွေနဲ့ စားစရာ၊ ကစားစရာ၊ လက်မှုပညာပစ္စည်းတွေနဲ့ လူတွေစည်ကားနေပါတယ်....။

ဒီပွဲတော်လေးကို (夏祭り・なつまつり) ဂျပန်မှာ စတင်ပြုလုပ်ခဲ့တာဟာ Edo 時代 ခောတ်ဖြစ်တဲ့ (၁၆၀၃ – ၁၈၆၈) ကတည်းက ဖြစ်ပါတယ်။

🏮 ဘာကြောင့် 夏祭り နွေရာသီပွဲတော်ကိုလုပ်လဲ?
昔の人たち(ရှေးခေတ်ဂျပန်လူမျိုးတွေ)は—ဟာ「နွေရာသီမှာ မိုးများပြီး၊ တုပ်ကွေး၊နဲ့ကူးစက်ရောဂါများဖြစ်တတ်တာမို့ 神様 (かみさま) လို့ခေါ်တဲ့ နတ်ဘုရားတွေထံမှာ ဆုတောင်းဖို့နဲ့ မကောင်းတဲ့အရာတွေကို ဖယ်ရှားဖို့လုပ်တဲ့ပွဲတော်တစ်ခုပါဖြစ်ပါတယ်...။

🎆 夏祭りမှာတွေ့ရနိုင်တဲ့အရာတွေ
1. 🔥 神輿(みこし) - နတ်ပူဇော်ပွဲ
神社 လို့ခေါ်တဲ့ (ဘုရားရှိခိုးကျောင်း) မှာ 神様လို့ခေါ်တဲ့ (နတ်ဘုရား) ကို ထားတဲ့ 神輿 (မီကိုရှီ) ဆိုတဲ့ ရွှေရောင် ထမ်းဆင်ကို လူအများဟာထမ်းပိုးသယ်ဆောင်ပြီး မြို့ထဲမှာလှည့်လည်ပူဇော်ကြခြင်းပဲဖြစ်ပါတယ်။

2. 🎇 花火大会(はなびたいかい) - မီးပန်းပွဲတော်
နွေရာသီမှာကျင်းပတဲ့ 花火大会 မီးပန်းပွဲတော်တွေကို ပင်လယ်ကမ်းစပ်နဲ့မြစ်ချောင်းတွေမှာ ကျင်းပလေ့ရှိပြီးတော့ ကမ္ဘာတဝှမ်းက နိူင်ငံခြားသားအများအပြားဟာလဲ နှစ်စဉ်လာရောက်လည်ပတ်ပြီး ကြည့်ရှု့လေ့ရှိပါတယ်။ ညအချိန် ကောင်းကင်ယံမှာ နာရီနဲ့ချီပြီး အချိန်ကြာကြာ လှပတဲ့ မီးရှူးမီးပန်းတွေကို ချစ်သူခင်သူ သူငယ်ချင်း မိသားစုတွေနဲ့ ကြည့်ရှု့ရတာဟာ စိတ်လှုပ်ရှားစရာကောင်းပြီးတော့ ပျော်ရွှင်စရာလဲ အရမ်းကောင်းပါတယ်။

3. 🎯 屋台(やたい) - လမ်းဘေးအစားအစာဆိုင်
ပြင်ပြင်ဆင်ဆင်နဲ့ စားချင်စဖွယ် လမ်းဘေးဝဲယာမှာ ရောင်းချနေတဲ့ ဆိုင်လေးတွေပဲဖြစ်ပါတယ်။အများဆုံးတွေ့ရတဲ့ ဆိုင်လေးတွေကတော့ ယာကီဆိုဘာ (焼きそば)、たこ焼き(ရေဘဝဲနဲ့လုပ်ထားတဲ့မုန့်)、金魚すくい(ငါးဖမ်းကစားစရာ)စတဲ့အရာတွေ ရောင်းချတာကို တွေ့ရနိုင်ပါတယ်။

4. 👘 浴衣(ゆかた) - ယူကာတာဝတ်ဆင်မှု
ယောက်ျားပဲဖြစ်ဖြစ် မိန်းမလေးပဲဖြစ်ဖြစ် 浴衣 (ယူကာတာ) လို့ခေါ်တဲ့ ရိုးရာဝတ်စုံကိုဝတ်ပြီး ပွဲတော်ကိုလာရောက်လည်ပတ်လေ့ရှိကြပါတယ်။ ဒီဟာကလဲ ပွဲရဲ့အလှတရားတစ်ခုပါပဲဖြစ်ပါတယ်။

🌟 夏祭りရဲ့အဓိပ္ပါယ်
နွေရာသီပွဲတော် (夏祭り) ဟာ ဂျပန်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ယုံကြည်ချက်တွေကို တစ်နေရာတည်းမှာစုစည်းဖော်ပြတဲ့အခမ်းအနားပဲဖြစ်ပါတယ်။ မိသားစုတွေ၊ ချစ်သူ၊ခင်မင်သူတွေ၊ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး ပျော်ရွှင်စွာဖြတ်သန်းကြတဲ့ အချိန်လေးမို့ အမှတ်တရကောင်းတွေဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

📅 ဘယ်အချိန်မှာကျင်းပလေ့ရှိလဲ?
夏祭り ကို 通常 (ပုံမှန်အားဖြင့်) 7လပိုင်းနဲ့8လပိုင်းတွေမှာ ကျင်းပကြပါတယ်။*地域ごとに(မြို့နယ်အလိုက်)နေ့ရက်တွေကွာခြားနိုင်ပါတယ်။* နာမည်ကြီးတဲ့夏祭りတွေမှာတော့…
京都の祇園祭(Gion Matsuri)
青森のねぶた祭り(Nebuta Matsuri)
東京の隅田川花火大会(SumidagawaFireworks)
စတာတွေပဲဖြစ်ပါတယ်။

😊 ဒီပွဲတော် ဘာကြောင့်အရေးကြီးလဲ?
လူတွေအများအပြား စုပေါင်းပြီး ယဉ်ကျေးမှုကို ခံစားနိုင်တဲ့အချိန်ကောင်းဖြစ်တယ်။* မိသားစု၊ သူငယ်ချင်းတွေနဲ့ပျော်စရာ အမှတ်တရတွေဖန်တီးနိုင်ပါတယ်။* ဂျပန်လူမှုအသိုင်းအဝိုင်း၊ရိုးရာယဉ်ကျေးမှု့နဲ့သဘာဝတရားကို တကယ်လက်တွေ့ခံစားနိုင်တယ်။

✅ ဂျပန်မှာရှိနေပြီးသားသူများ၊ ဂျပန်ကို ခရီးသွားလည်ချင်သူများအတွက် 夏祭り ကတော့ Japanese life ကို တကယ်တမ်းခံစားဖို့ အကောင်းဆုံးအချိန်တစ်ခုပဲဖြစ်ပါတယ်။

💬 သူငယ်ချင်းတို့ရော 夏祭りကို သွားရောက်လည်ပတ်ဖူးလား?အမှတ်တရတခုလောက်ဖြစ်ဖြစ် commentပေးခဲ့ပါဦး....နော်။

📌 Japanese Gallery & နေ့စဉ်ဂျပန်မှာ ဂျပန်ရဲ့တန်ဖိုးရှိတဲ့ယဉ်ကျေးမှုတွေကို ဆက်လက်မျှဝေပေးသွားမှာမို့ Like&follow လုပ်ပေးထားကြပါဦးနော်....😊 #夏祭り #ဂျပန်နဲ့ငါ #浴衣 #花火大会

28/05/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

14/08/2023

ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကို
Sharingလုပ်ပေးထားပါတယ်....🙂။
ပထမဆုံးလုပ်တဲ့ Recordingမို့လို့ အမှားပါခဲ့ရင်လဲ
သည်းခံနားထောင်ပေးပါလို့😬...။

❤️ဂျပန်ရိုးရာပွဲတော်❤️
08/08/2023

❤️ဂျပန်ရိုးရာပွဲတော်❤️

02/08/2023

Address


1680073

Alerts

Be the first to know and let us send you an email when Japanese Gallery & နေ့စဉ်ဂျပန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Japanese Gallery & နေ့စဉ်ဂျပန်:

  • Want your business to be the top-listed Media Company?

Share