Cele News

Cele News အနုပညာသတင်းများ တင်သည်

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုကိုတည်ဆောက်ခဲ့တဲ့ NTL ကုမ္ပဏီပိုင်ရှင် ဒေါ်သက်သက်ခိုင်ပဲ ဖြစ်ပါတယ် 😍❤️ငလျင်ကြ...
09/09/2025

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုကိုတည်ဆောက်ခဲ့တဲ့ NTL ကုမ္ပဏီပိုင်ရှင် ဒေါ်သက်သက်ခိုင်ပဲ ဖြစ်ပါတယ် 😍❤️
ငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့တဲ့ ကွန်ဒိုက မိသားစု တစ်စုကို သိန်း(၁၀၀)ပဲထောက်ပံ့ပေးမှာတဲ့ အခြား ဘာမှ မပေးပါဘူးတဲ့ ဒါက မဖြစ်သင့်ဘူး တိုက်အပေါ်ကနေ ဂေါ်ဇီလာနင်းထားသလို ပြားပြားဝပ်သွားတာ တော်ရုံ QC နဲ့တော့ မဖြစ်ဘူးနော်။ ထိုင်းမှာလို သုံးတဲ့သံ အုတ် ဘိလပ်တွေ ဓါတ်ခွဲခန်းနဲ့စစ်ပြီး အရေးယူသင့်တယ်။ ထိခိုက်သွားတဲ့ မိသားစုတွေက သူဌေးတွေချည်းပါ။ ကျန်ရစ်သူတွေအနေနဲ့ စုပေါင်းပြီး လုပ်သင့်တယ်။ tayတဲ့လူက tayပြီပဲဆိုတဲ့စိတ်မွေးရင်တော့ သေသွားတဲ့လူတွေအတွက် မတရားဘူးလို့ထင်တယ်။ သူ့ထက်ကြီးတဲ့အဆောက်အဦးတွေ မန်းလေးမှာ အများကြီးပါ။ ဘာလို့ သူ့လိုမပြိုလဲ စဉ်းစားကြည့်ပါ။ အခုဟာက မြေကြီးထဲတောင် ဝင်သွားတာ။ မယ်နုအုတ်ကျောင်းတောင် သူ့လောက် ပြားပြားမဝပ်ဘူး။

 #တအိမ်သားလုံးကိုလုပ်သွားရက်တာ😢🙏ဟင်္သာတမြို့တွင်သွားဆရာဝန်လင်မယားအtတ်ခံရတအိမ်လုံးပါdar နဲ့ htoeသွားအထူးဂရုစိုက်ကြပါနော်စ...
09/09/2025

#တအိမ်သားလုံးကိုလုပ်သွားရက်တာ😢🙏
ဟင်္သာတမြို့တွင်သွားဆရာဝန်လင်မယားအtတ်ခံရ
တအိမ်လုံးပါdar နဲ့ htoeသွား
အထူးဂရုစိုက်ကြပါနော်

စက်တင်ဘာ-၈၊၂၀၂၅။စ/People's Spring

ဟင်္သာတမြို့​ပေါ်တွင် ယနေ့ ညနေပိုင်း၌ သွားဆရာဝန်ဇနီး​လင်မယားအtတ်ခံလိုက်ရသည်။

ဟင်္သာတမြို့၊ ပါဆယ်လမ်းမှ သွားဆရာဝန်ဒေါက်တာခင်မောင်ထွန်း နှင့် ဇနီးတို့ကိုစက်တင်
ဘာ၈ ရက်၊ ညနေ ၄နာရီခန့်တွင် အမျိုးသားတစ်ဦးက darrဖြင့်tတ်ဖြတ်သွားခြင်းဟုမြို့ခံအချို့ကပြောသည်။

"ဆေးခန်းပြချင်တယ်ဆိုပြီး ဝင်လာပြီး darနဲ့ tတ်တာ။ မိန်းမဖြစ်သူက အိမ်မှာတင်tayတာ။ယောင်္ကျားကတော့ ဆေးရုံပို့တုန်း သေဆုံးတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။

Tတ်ဖြတ်မှုကျူးလွန်သူသည် လူငယ်တစ်ဦးဖြစ်ပြီး အဆိုပါ ဆရာဝန်နှင့် ဇနီးဖြစ်သူအပြင်

နေအိမ်ထဲမှ အိမ်အကူနှင့်အခြားအမျိုးသမီးတစ်ဦးကိုပါ darးဖြင့် htoeသွားသည်ဟု
သိရသည်။

#လုံခြုံရေးအထူးဂရုစိုက်ဖို့_မျှဝေပေးကြပါနော်😢🙏

ချမ်း​အေးသာစံမြို့နယ်တွင် သီတင်းသုံးသည့် ရဟန်းတစ်ပါးသည် Tik Tok လူမှုကွန်ရက်၌ သီချင်းများဖြင့်​ ဆော့ကစားခဲ့သဖြင့် လူဝတ်လ...
09/09/2025

ချမ်း​အေးသာစံမြို့နယ်တွင် သီတင်းသုံးသည့် ရဟန်းတစ်ပါးသည် Tik Tok လူမှုကွန်ရက်၌ သီချင်းများဖြင့်​ ဆော့ကစားခဲ့သဖြင့် လူဝတ်လဲ၍ ဖမ်းဆီးအ​ရေးယူ

မန္တ​လေး။စက်တင်ဘာ ၉.၂၀၂၅

မန္တ​လေးတိုင်း​ဒေသကြီး၊ ချမ်း​အေးသာစံမြို့နယ်တွင် သီတင်းသုံးသည့် ရဟန်းတစ်ပါးသည် Tik Tok လူမှုကွန်ရက်၌ သီချင်းများဖြင့်​ ဆော့ကစားခဲ့သဖြင့် စက်တင်ဘာ ၈ ရက်တွင် ၎င်းအား လူဝတ်လဲ၍ ဖမ်းဆီးအ​ရေးယူခဲ့တယ်လို့ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာ​​တော်တစ်ပါးက Facebook လူမှုကွန်ရက်တွင် ​ရေးသားထားပါတယ်။

Tik Tok ၊ Face book စသည့် လူမှုကွန်ရက် စာမျက်နှာများတွင် ရဟန်း၊သာမ​ဏေနှင့် သီလရှင်များက ဆိုခြင်း၊ ကခြင်းစသည့် သမဏသာရုပ္ပမဖြစ်သော အပြုအမူများ မပြုလုပ်စေရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်​ကြောင်း၊ စက်တင်ဘာ ၈ ရက်တွင် ကိုယ်တော်တစ်ပါး Tik Tok တွင် သီချင်းများဖြင့် ဆော့ကစားနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ထံ တင်ပြ တိုင်ကြား လျှောက်ထားခဲ့​ကြောင်း သိရသည်။

ထိုသို့ တိုင်ကြားမှု​​ကြောင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ သာ/ထိန်းအဖွဲ့ဆရာတော်များ၊ ခရိုင်သာသနာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊နယ်မြေခံ တာဝန်ရှိပုဂ္ဂိုလ်များသည် အဆိုပါ Tik Tok ဆော့ကစားသည့် ရဟန်း သီတင်သုံးနေထိုင်ရာ ကျောင်းတိုက်သို့ သွားရောက်ခဲ့ရာ ၎င်းကိုယ်တော်ကို Tik Tok ဆော့ကစားနေစဉ် တွေ့ရှိ၍ ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် လူဝတ်လဲစေပြီး သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ခေါ်ဆောင်သွား​ကြောင်းသိရသည်။

သီချင်းများဖြင့် Tik Tok ဆော့ကစားခဲ့သည့် ရဟန်း၏ဘွဲ့အမည်မှာ ဦးသုန္ဒရဖြစ်ပြီး သက်​တော် ၄၁ နှစ်၊ သိက္ခာ(၄)ဝါသာ ရှိသေးကာ ဧရာဝတီတိုင်း​ဒေသကြီး ဇာတိဖြစ်​သော်လည်း ကလေးဝမြို့နယ် ရွာတစ်ရွာတွင် နေထိုင်ကာ လက်ရှိတွင် စစ်ဘေးရှောင်ပုဂ္ဂိုလ်အဖြစ် ယခုကျောင်း၌ လာရောက်တည်းခိုခဲ့တာဖြစ်ကြောင်းသိရသည်။

Photo- ဆရာ​တော် Uka Weinda Facebook

“ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲလိုတွေးရမလို ဖြစ်နေတယ်။ဧရာဝတီတိုင်း ၊ ဟင...
09/09/2025

“ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲလိုတွေးရမလို ဖြစ်နေတယ်။

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့၊ပါဆယ်လမ်းက သွားဆေးခန်းတခုမှာ ဒီနေ့ညနေ ၅ နာရီခန့်က အမည်မသိ အမျိုးသားတဦးက ဓါးနဲ့ထိုးခဲ့တဲ့အတွက် သွားဆရာဝန် နဲ့ ဆရာဝန်ကတော်တို့ သေဆုံးခဲ့ပြီး အိမ် မှာ ရှိနေတဲ့ မိသားစုဝင်အမျိုးသမီးနဲ့အတူ ဆေးခန်းအကူအမျိုးသမီးတဦးလည်း ဒဏ်ရာအသီးသီး ရသွားခဲ့ပါတယ်။

“ဆရာ့အမျိုးသမီးက ပွဲချင်းပြီး၊ဆရာက ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး။ အဖွားက ပါးပါးလေးပဲ ရှပ်ထိတာမို့ မစိုးရိမ်ရဘူး။ကောင်မလေးကလည်း မစိုးရိမ်ရပါ”လို့ အိမ်နီးချင်းတဦးက လူမှုကွန်ယက်မှာ ရေးတင်ခဲ့ပါတယ်။

ဟင်္သာတမြို့ ၊ ပါဆယ်လမ်းနဲ့ ပတ္တမြားလမ်းဆုံ အနီးမှာ ဖွင့်ထားတဲ့ သွားဆေးခန်းပိုင်ရှင် ဒေါက် တာတင်မောင်ထွန်းရဲ့ ဆေးခန်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ ။ အခင်းဖြစ်ပွားရာမှာတော့ ဆရာဝန်ရဲ့ဇနီး ဒေါ်ဇင်မီမီသက်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါက် တာ တင်မောင်ထွန်းကတော့ ဆေးရုံအထိ အသက်မမီခဲ့ဘူးလို့လည်း ဆေးရုံဝန်ထမ်းတဦးက DNA ကို အတည်ပြုပါတယ်။

PCX အမျိုးအစား ဆိုင်ကယ်စီးလာတဲ့ အသားဖြူဖြူမျက်နှာသွယ်သွယ် အမည်မသိအမျိုးသားက သွားဆေးခန်းကို ရောက်လာခဲ့ပြီး သူ့အလှည့်အရောက်မှာ ဆရာဝန်ကို ဓါးနဲ့ထိုးခဲ့တယ်လို့ ဆိုပါတယ်။

ဆရာဝန်ကတော်က အနားမှာ ရှိနေတဲ့အတွက် သူ့ကိုလည်း ဓါးနဲထိုးပြီး ခွဲချလိုက်တဲ့အတွက် ပွဲချင်း ပြီး သေဆုံးခဲ့တာလို့ ရပ်ကွက်အတွင်းမှာ နေထိုင်သူ တဦးက သူကြားတဲ့အကြောင်းကို DNA ကိုပြောပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေနဲ့ ပတ် သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးသလို တရားခံမှာလည်း လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

အမှုအခင်းနဲ့ ပါတ်သက်ပြီး မြို့ပေါ်မှာ သတင်းတွေ အမျိုးမျိုး ပြောနေကြပေမယ့် ဆေးခန်းမှာ ရှိတဲ့ ပစ္စည်းတစုံတရာကို ယူမသွားခဲ့ဘူးဆိုတာကိုတော့ ဆွေမျိုးနီးစပ်တော်သူတဦးကလည်း DNA ကို အတည်ပြုပါတယ်။

“ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲ့လိုတွေးရမလို ဖြစ်နေတယ်”လို့ ပြောပါတယ်။

အခင်းဖြစ်ပွားချိန်ဟာ ဆေးခန်းဖွင့်ချိန်ဖြစ်တဲ့အတွက် တခြားလူနာတွေလည်း ရှိသလို ၊ ဆေးခန်းနဲ့ မျက်နှာချင်းဆိုင်မှာ လဘ္ဘက်ရည်ဆိုင်ရှိတဲ့အတွက် အနုကြမ်းစီးတာ၊ဓါးမြတိုက်ချင်တာဆိုရင် ဒီလိုနေရာမှာ ဒီလိုအချိန် လုပ်မှာမဟုတ်ဘူးလို့လည်း မြို့ခံတဦးက သုံးသပ်ပါတယ်။ သေဆုံးသွားတဲ့ ဆရာဝန်လင်မယားရဲ့ ရုပ်အလောင်းတွေကိုတော့ ဆေးရုံကနေ အိမ်ကိုပြန်သယ်မှာ ဖြစ်ပြီး ကနဦး သတင်းတွေအရ ဈာပနအခမ်းအနားကို သုံးရက်အကြာမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

#ဟင်္သာတမြို့ #သွားဆေးခန်း #ဆရာဝန်လင်မယား #သေဆုံး #ဧရာဝတီတိုင်းဒေသကြီး

၂၀၁၆ ခုနှစ်တုန်းက အသက် ၇၀ အရွယ် Lawrence John Ripple ဆိုသူဟာ သူ့ဇနီးနဲ့ စကားများပြီးတဲ့နောက် ဘဏ်ဓားပြတိုက်ဖို့ စာတစ်စောင...
09/08/2025

၂၀၁၆ ခုနှစ်တုန်းက အသက် ၇၀ အရွယ် Lawrence John Ripple ဆိုသူဟာ သူ့ဇနီးနဲ့ စကားများပြီးတဲ့နောက် ဘဏ်ဓားပြတိုက်ဖို့ စာတစ်စောင်ကို ရေးခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အိမ်မှာနေရတာထက် ထောင်ထဲမှာနေရတာ ပိုကောင်းတယ် လို့ သူယူဆလို့ပါ။

သူ ဓားပြတိုက်ဖို့ ရွေးချယ်လိုက်တဲ့ဘဏ်ဟာလည်း ရဲစခန်းနဲ့ တစ် block အကွာအဝေးမှာတင် ရှိတဲ့ Bank of Labor ဖြစ်ပါတယ်။ “ကျွန်တော့်မှာ သေနတ်ပါတယ်။ ပိုက်ဆံပေးပါ” ဆိုတဲ့စာကို ဝန်ထမ်းကို ပေးလိုက်ပြီး ဒေါ်လာ ၃,၀၀၀ ရပြီးတာနဲ့ ထွက်တောင်မပြေးပါဘူး။ ဘဏ်ဧည့်ခန်းထဲမှာ သက်တောင့်သက်သာ ထိုင်နေပြီး ရဲတွေလာဖမ်းမယ့်အချိန်ကို စောင့်နေခဲ့ပါတယ်။ ရဲတွေ ရောက်လာတော့လည်း "ခင်ဗျားတို့ ရှာနေတဲ့လူက ကျွန်တော်ပဲ" လို့တောင် အေးအေးဆေးဆေး ပြောခဲ့ပါသေးတယ်တဲ့။ ဘယ်လောက်တောင်များ ထောင်ကျချင်နေတယ် မသိဘူးနော် …🤣

ဒီအထိတော့ အရာအားလုံးက သူ စီစဉ်ထားသလို ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဆုံးသတ်ကတော့ အတော်ကို လွဲချော်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ နှလုံးခွဲစိတ်မှုအပြီး စိတ်ဓာတ်ကျနေပါတယ်ဆိုတဲ့ သူ့ရဲ့နောက်ကွယ်က အကြောင်းရင်းမှန်ကို တရားသူကြီးက သိရှိသွားခဲ့ပြီးနောက် သူ့ကို ထောင်မချဘဲ နေအိမ်မှာပဲ အကျယ်ချုပ် ၆ လ အပြစ်ဒဏ်ချမှတ်ခဲ့တာမို့ပါ။ ရေစက်ပါလာရင် ဘယ်သူတားတား မရဘူးဆိုတာ ဒါမျိုး ဖြစ်မယ်နော်။ သူ့အတွက်ကတော့ စိတ်မကောင်းစရာလား မသိပေမယ့်ပေါ့… 😝

စာချစ်သူတို့ထဲမှာလည်း ဒီလူလို အကြံအစည်ကြီးမားနေသူတွေရှိရင် ခုကတည်းက လက်လျှော့လိုက်ဖို့ အကြံပေးလိုက်ချင်ပါတယ်နော်။


" လူပျောက်ကြော်ငြာ "=================ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၅ ရပ်ကွက်၊ ဘုရင့်နောင်လမ်းနေ အသက် ...
09/08/2025

" လူပျောက်ကြော်ငြာ "
=================

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၅ ရပ်ကွက်၊ ဘုရင့်နောင်လမ်းနေ အသက် ၂၆ နှစ်အရွယ်ရှိ မောင်ဇော်လင်းထိုက်သည်7.9.2025 နေ့နံနက် ၄ နာရီခွဲအချိန်က ကန်သာယာစက်မှုဇုန်ရှိ ဂေါ်ဇီလာခြင်ဆေးစက်ရုံမှ ညဆိုင်းဆင်းပြီးပြန်လာရာ နေအိမ်သို့ ပြန်လည်ရောက်ရှိမလာသေးသဖြင့် ၎င်းအား တွေ့ရှိပါက မိသားစုဝင်၏ ဖုန်းနံပါတ် 09785829407 သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မြစ်ကြီးနားမြို့တွင် ဓားပြဝင်တိုက်တဲ့လူတွေကို ရပ်ကွက်ကဖမ်းဆီးကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်တွင် ယနေ့ စက်တင...
09/08/2025

မြစ်ကြီးနားမြို့တွင် ဓားပြဝင်တိုက်တဲ့လူတွေကို ရပ်ကွက်ကဖမ်းဆီး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်တွင် ယနေ့ စက်တင်ဘာ ၇ ရက် ညနေ(၆)နာရီ ဝန်းကျင်က လူငယ်(၆)ဦးက နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ခဲ့ကြပါတယ်။

ဓားပြလာတိုက်တဲ့ လူငယ်၆ဦးကို ရပ်ကွက်သူ/သားများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့လို့ (၄)ဦးဖမ်းမိပြီး (၂)ဦးက တော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

မြစ်ကြီးနားမြို့တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှုတွေ ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။

credit DBA Myanmar

 #သေဆုံးသူက(ခွန်မောင်အိအသက်၁၉နှစ်) ကျန်ခဲ့သူက နန်းသဲင်လောဝ် အသက်၁၅နှစ်ဒီဆုံတွဲလေးအကြောင်းအရမ်းအမေးများလို့ တင်ပြ‌ေပးတာဖြ...
09/08/2025

#သေဆုံးသူက(ခွန်မောင်အိအသက်၁၉နှစ်) ကျန်ခဲ့သူက နန်းသဲင်လောဝ် အသက်၁၅နှစ်
ဒီဆုံတွဲလေးအကြောင်းအရမ်းအမေးများလို့ တင်ပြ‌ေပးတာဖြစ်ပါတယ်💔🥲
#ကောင်လေးကကျောက်စုရွာပါ ကောင်မလေးကတော့ပင်လုံမြို့ရက၂ မှာနေတာ 22.5.2025ရက်နေ့မဂ်လာဆောင်ခဲ့ပါတယ် 4.9.2025ရောက်တော့ကောင်လေးကမနက်၉နာရီကျော်အချိန်လောက် မှာပေါင်းသတ်ဆေးသောက်လို့ရွာကလူတွေကြားပြီးချက်ချင်းဆေးရုံတင်ခဲ့ချိန်မှာအခြေနေမကောင်းတော့တာကြောင့် အိမ်ကိုတင်ပြန်ပြီးညနေ၅နာရီခွဲးလောက်မှာသေဆုံးပြီး 5.9.2025ရက်နေ့တွင်ပင်လုံမြို့မြောက်ဘက်သုဿန်ကိုပို့ဆောင်ပြီးမီးသဂြိုလ်ခဲ့ခြင်းဖြစ်ပါတယ် သေဆုံးသွားသောခွန်မောင်အိကိုကောင်းရာဘုံဘဝရောက်ပါစေနောင်ဘဝလူပြန်ဖြစ်ခဲ့ရင်လဲ့ဒီလိုအဖြစ်ဆိုးနဲ့ထပ်မကြုံရပါစေနဲ့လို့ဆုတောင်းပေးပါတယ်🥲💔

credit to orginal

လကြတ်ပြီးခါစ မြန်မာစံတော်ချိန် မနက် ၂:၅၀ ခန့်က  ရန်ကုန်မှ ရိုက်သည့်ပုံများ
09/07/2025

လကြတ်ပြီးခါစ မြန်မာစံတော်ချိန် မနက် ၂:၅၀ ခန့်က ရန်ကုန်မှ ရိုက်သည့်ပုံများ

ယနေ့ည လကြတ်နေပါပီ လိုရာဆုတောင်းပီး ရှယ်လိုက်ပါ🤗
09/07/2025

ယနေ့ည လကြတ်နေပါပီ လိုရာဆုတောင်းပီး ရှယ်လိုက်ပါ🤗

 #အထူးသတိထားကြပါနော်😢🙏24hrs အောက်လှေကားတံခါး ခတ်တာတောင် မလုံခြုံနိုင်တော့ဘူး … ချောင်းနေကြတာ.. ‼️2:04AM ‼️❗️လူကပ်လို့ ကေ...
09/07/2025

#အထူးသတိထားကြပါနော်😢🙏24hrs အောက်လှေကားတံခါး ခတ်တာတောင် မလုံခြုံနိုင်တော့ဘူး … ချောင်းနေကြတာ..

‼️2:04AM ‼️
❗️လူကပ်လို့ ကောက်ဆွဲမိ ဆွဲရာပါကွယ် 🥹

သုံးနေတဲ့ ဓေါ်ကားထိပ်တွေအကုန်လုံး လေးထောင့် အတိတွေချည်းပဲ
ချွန်တာက သွားရှာရသေး …

သော့ဖြတ်သံကြားတော့ လက်ဖျားခြေဖျားတွေပါ အေးတယ်…

အိမ်မှာ တစ်ယောက်ထဲ ရှိတဲ့နေ့မှ 🥹

သော်ကေပြီလို့ကို ထင်တာဟေး …

တော်သေးတယ် အိမ်နားက သူငယ်ချင်းအမတွေ မအိပ်သေးလို့ …

ကပ်တဲ့လူက တစ်တိုက်ထဲကလား မသိ .. သူတို့လည်းလာရော တံခါးပိတ်သံကြားပြီး မရှိတော့ဘူး…
အောက်သော့ကလည်း 24hrs ခတ်တဲ့တိုက်

အလုပ်လုပ်နေရင်း ညဘက်တွေ မအိပ်တဲ့သူမို့ အမြန်သိတာ..

သော့ကို တိုးတိုးလေး ခိုးဖွင့်နေတာ….

ကြောက်လိုက်တာဟေး… အကျင့်ပျက်ခြစားပြီး မလုံခြုံတော့တဲ့ နိုင်ငံကြီး … fk !

ဒီရက်တွေ သတိဝီရိယ နဲ့ နေကြပါ.. လူသော်ကတ်ပြီးအိမ်ဖောက်တာတွေလည်း ကြားကြားနေရတယ်…

ကိုယ်တွေတိုက်ဆို အခန်းစုံဖောက်ခံရပြီးပြီ.. ကိုယ့်တခန်းပဲ ခွေးရှိတာရော အရမ်းဟောင်လို့ရော လူတွေရှိလို့ရော မလုပ်သေးတာ…
အာ့ကြောင့် 24hrs အောက်လှေကားတံခါး ခတ်တာတောင် မလုံခြုံနိုင်တော့ဘူး … ချောင်းနေကြတာ..

ကိုယ်လည်း ဒီည နှလုံးတွေတုန်ပြီး မအိပ်ရဲတော့ဘူး … 🥺
Crd- Shoon Lak Lak Chit (6.9.2025)


#လုံခြုံရေးအထူးသတိထားရအောင်_မျှဝေပေးကြပါအုံးနော်🙏

ယနေ့ည လအပြည့်ကြတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံက မြင်တွေ့ရမည်ယနေ့ စက်တင်ဘာ (၇)ရက် ညပိုင်းမှ စက်တင်ဘာ (၈)ရက် နံနက်ပိုင်းအထိ လအ...
09/07/2025

ယနေ့ည လအပြည့်ကြတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံက မြင်တွေ့ရမည်

ယနေ့ စက်တင်ဘာ (၇)ရက် ညပိုင်းမှ စက်တင်ဘာ (၈)ရက် နံနက်ပိုင်းအထိ လအပြည့်ကြတ်ခြင်းဖြစ်စဉ် ဖြစ်ပွားမည်ဖြစ်ပြီး ယင်းဖြစ်ကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်ဖြစ်ကြော င်း မြန်မာ့နက္ခတာရာနှင့် သိပ္ပံပညာဝါသနာရှင်များအသင်းက အသိပေးထားသည်။

လအပြည့်ကြတ်မည့် အဆင့်တခုတည်းကို (၁)နာရီနှင့် (၂၂) မိနစ်ကြာ မြင်တွေ့ရမည်ဖြစ်ပြီး လကြတ်ခြင်းဖြစ်စဉ်အစအဆုံး၏ ကြာမြင့်ချိန် (၅) နာရီ (၂၇)မိနစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။

မြန်မာ့နက္ခတာရာနှင့် သိပ္ပံပညာဝါသနာရှင်များအသင်းက လစတင်ကြတ်ချိန် မှ ပြီးဆုံးချိန်အထိ အချိန်အပိုင်းအခြားအလိုက် ဖော်ပြထားပြီး၊ စက်တင်ဘာ (၇) ရက် ည(၉) နာရီ (၅၈)မိနစ်တွင် စတင် လကြတ်မည်ဖြစ်ကာ လတစ်စိတ်တစ် ပိုင်း စတင်ကြတ်ချိန် ည (၁၀)နာရီ(၅၇) မိနစ်၊ လအပြည့်စ တင် ကြတ်ချိန် ည (၁၂)နာရီတိတိ၊ လအပြည့်အကြတ်ဆုံးအချိန် နံနက် (၀၀)နာရီ (၄၁)မိနစ်၊ လအပြည့်ကြတ်ခြင်း ပြီး ဆုံးချိန် နံနက် (၁)နာရီ (၂၂)မိနစ်၊ လတစ်စိတ်တစ်ပိုင်းကြတ်ခြင်း ပြီးဆုံးချိန် နံနက် (၂)နာရီ (၂၆) မိ နစ်၊ လကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန် စက်တင်ဘာ (၈) ရက် ၊ နံနက် (၃)နာရီ (၂၅)မိနစ်ဖြစ်သည်ဟု အသိပေးထားသည်။

လကြတ်ချိန်အတွင်း လမှာ သွေးနီရောင်ပြောင်းသွားတတ်ကာ ယင်းသိူ့ပြောင်းလဲခြင်းသည် နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားချိန် နေရောင်အတွင်းပါရှိသည့်အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စ‌သော အရောင်များမှာ လေထုအတွင်း Refr act (အလင်းယိုင်) သွားခြင်းကြောင့် ကျန်နေသည့် အနီရော င်ကသာ လပေါ်ကို ကျရောက်လာခြင်းကြောင့် အနီရောင်ပြောင်းလဲသွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လကြတ်ခြင်းဖြစ်စဉ်များမှာ တစိတ်တပိုင်း လကြတ်ခြင်း၊ အပြည့်လကြတ်ခြင်းရှိသည့် အလျောက် ယခုဖြစ်ပေါ်မည့် လကြတ်ခြင်းသည် အပြည့်အဝ လကြတ်ခြင်းဖြစ်သည်ဟုဆိုသည်။

တစ်နှစ်လျှင် လကြတ်ခြင်းဖြစ်စဉ် (၂) ကြိမ်မှ (၃) ကြိမ်ခန့်အထိဖြစ်ပေါ်တတ်ပြီး ယခုလကြတ်ခြင်းသည် ဒုတိယမြော က်လကြတ်ခြင်းဖြစ်ကြောင်း သိရသည်။

ပထမ(၁)ကြိမ် လကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံက မမြင်လိုက်ရ‌သော်လည်း ယခုတစ်ခေါက်ဖြစ်ပေါ်မည့် လကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာလူဦးရေ သန်းပေါင်း (၇၀၀၀) ခန့် မြင်တွေ့ရမည်ဖြစ်ကြောင်း မြန်မာ့နက္ခတာရာနှင့် သိပ္ပံပညာဝါသနာရှင်များအသင်းက အသိပေးထားသည်။

Address

Austin, TX

Website

Alerts

Be the first to know and let us send you an email when Cele News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cele News:

Share