Orient MM

Orient MM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Orient MM, News & Media Website, Phnom Penh.

စမ်းရေမိုးနဲ့တွေ့မယ်ဆို....🥰
26/08/2026

စမ်းရေမိုးနဲ့တွေ့မယ်ဆို....🥰

‘မဂျိုးကို ဘယ်လိုပြောရပါ့’ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ထားတဲ့ အစီအစဉ်တင်ဆက်သူ သဇင်နွယ်ဝင်းအစီအစဉ်တင်ဆက်သူသဇင်နွယ်ဝင်းကတော့ ...
11/08/2026

‘မဂျိုးကို ဘယ်လိုပြောရပါ့’ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ထားတဲ့ အစီအစဉ်တင်ဆက်သူ သဇင်နွယ်ဝင်း

အစီအစဉ်တင်ဆက်သူသဇင်နွယ်ဝင်းကတော့ လှပသောမျက်နာလေးနဲ့ ချစ်စရာကောင်းပြီး နာမည်ကြီးသောအစီအစဉ်တက်ဆက်သူတစ်ဦးလည်းဖြစ်ပါတယ်။အခုဆိုရင်သူမဟာ MRTV-4တွင် စတင်ထုတ်လွှင့်ပြသနေပြီဖြစ်တဲ့ ' မဂျိုးကို ဘယ်လိုပြောရပါ့ ' ဇာတ်လမ်းတွဲတွင် ' မဂျိုး ' နေရာတွင်အဓိကပါဝင်သရုပ်‌ဆောင်ထားတာလဲဖြစ်ပါတယ်။ ' မဂျိုး 'နေရာတွင်ပါဝင်သရုပ်ဆောင်ထားသော သဇင်နွယ်ဝင်းကိုစောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါအုန်းနော်။

#သဇင်နွယ်ဝင်း #မဂျိုး #မဂျိုးကိုဘယ်လိုပြောရပါ့

သဘာဝအလှတရားကြီးတွေနဲ့အရမ်းကိုလှတဲ့ ဘားအံရဲ့ အလဝံအင်းကိုသွားရောက်လည်ပတ်နေတဲ့ မင်းသမီးသံစဉ်မောင်မော်ဒယ်သရုပ်ဆောင်မင်းသမီးသ...
07/08/2026

သဘာဝအလှတရားကြီးတွေနဲ့အရမ်းကိုလှတဲ့ ဘားအံရဲ့ အလဝံအင်းကိုသွားရောက်လည်ပတ်နေတဲ့ မင်းသမီးသံစဉ်မောင်

မော်ဒယ်သရုပ်ဆောင်မင်းသမီးသံစဉ်မောင်ကတော့ငယ်ရွယ်မှုနဲ့အတူလှပပြီးချစ်စရာကောင်းသောမင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ မင်းသမီးသံစဉ်မောင်ကတော့ သဘာဝတရားတွေနဲ့လှပနေတဲ့ ဘားအံမြို့မှာရှိတဲ့ အလဝံအင်းနေရာကိုရောက်ရှိနေတာဘဲဖြစ်ပါတယ်။လှပစွာတည်ရှိနေတဲ့ သဘာဝတရားကြီးနဲ့ မင်းသမီးလေးသံစဉ်မောင်တို့ရဲ့ လှပတဲ့ပုံလေးတွေကိုချစ်တဲ့ပရိတ်သတ်ကြီးအတွက်တင်ပြပေးလိုက်ပါတယ်နော်။

ဩဂုတ်လ (၅) ရက်နေ့တွင် ရန်ကုန်၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ အမျိုးသားကင်ဆာ ကုသရေး ဗဟိုဌာနမှာ လူနာအယောက် (၅၀၀) စာအတွက် ထမင်း၊ က...
05/08/2026

ဩဂုတ်လ (၅) ရက်နေ့တွင် ရန်ကုန်၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ အမျိုးသားကင်ဆာ ကုသရေး ဗဟိုဌာနမှာ လူနာအယောက် (၅၀၀) စာအတွက် ထမင်း၊ ကြက်သားဟင်း တို့ကို စတုဒိသာ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်ခြူးလေး

သရုပ်ဆောင်ခြူးလေးရဲ့မေမေကတော့ အသက် (၄၂) နှစ်မှာ အစာအိမ် နဲ့ အူလမ်းကြောင်း ကင်ဆာနဲ့ ဆုံးပါးသွားတာဘဲဖြစ်ပါတယ်။အရင်တုန်းက နည်းပညာတွေသိပ်မဖွံ့ဖြိုးသေးပေမဲ့ အခုခေတ်မှာတော့ အရင်ကထက်ပိုပြီး ဆေးဝါးတွေ ပိုကောင်းလာလို့ ကုသရတာပိုအဆင်ပြေသွားတာလို့ တကယ်ကို ဝမ်းသားပိတိဖြစ်ပါရတယ်။ကွယ်လွန်သွားရှာပြီဖြစ်တဲ့မေမေအတွက်ရည်စူးပြီး ကင်ဆာကုသရေးဗဟိုဌာနမှာ လူနာအယောက်(၅၀၀)အတွက် စတုဒီသာလှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင်ခြူးလေးဒီထက်မက အများကြီးလှူဒါန်းနိုင်ပါစေ။

" ထိပ်တန်းရွှေဘုရင် " စိန်ရွှေရတနာဆိုင်ကြီးရဲ့ (၁၆) နှစ်ပြည့် နှင့် ‌မွေးနေ့မင်္ဂလာ အထိမ်းအမှတ် အထူးဈေးရောင်းပွဲကို ဂုဏ်...
03/08/2026

" ထိပ်တန်းရွှေဘုရင် " စိန်ရွှေရတနာဆိုင်ကြီးရဲ့ (၁၆) နှစ်ပြည့် နှင့် ‌မွေးနေ့မင်္ဂလာ အထိမ်းအမှတ် အထူးဈေးရောင်းပွဲကို ဂုဏ်ပြုတက်ရောက်လာတဲ့ ငွေရောင်မင်းသမီးလေး ဝတ်မှုံရွှေရည်

" ထိပ်တန်းရွှေဘုရင် " စိန်ရွှေရတနာဆိုင်ကြီးရဲ့ (၁၆) နှစ်ပြည့် နှင့် ‌မွေးနေ့မင်္ဂလာ အထိမ်းအမှတ် အထူးဈေးရောင်းပွဲကို ဩဂုတ်လ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ အဆိုပါဆိုင် တည်ရှိရာ (၇၃)လမ်း , (၃၂) (B) လမ်းထောင့် , ချမ်းအေးသာစံမြို့နယ် , မန္တလေးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့ ဩဂုတ်လ (၃) ရက်နေ့ , ဒုတိယနေ့မှာတော့ သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ ဝတ်မှုံရွှေရည် မှ ဂုဏ်ပြုတက်ရောက်ခဲ့တဲ့ ပုံရိပ်များပဲ ဖြစ်ပါတယ်။

ဂျိုးဖြူ၊ အဘိုးကျောင်းတိုက်အတွက် သိန်း (၂၁၀) လှူဒါန်းခဲ့တဲ့ စိုးမိသားစုဇူလိုင်လ၊ ၃၀ ရက်နေ့ မှာ ကိုဟိန်းဝေယံ၊ မစိုးပြည့်သ...
30/07/2026

ဂျိုးဖြူ၊ အဘိုးကျောင်းတိုက်အတွက် သိန်း (၂၁၀) လှူဒါန်းခဲ့တဲ့ စိုးမိသားစု

ဇူလိုင်လ၊ ၃၀ ရက်နေ့ မှာ ကိုဟိန်းဝေယံ၊ မစိုးပြည့်သဇင် တို့ ဇနီးမောင်နှံရယ်၊ မကြီး စိုးမြတ်သူဇာ နဲ့ မိသားစုဝင်များက ကွယ်လွန်သူ ဘိုးဘွားများကို ရည်စူးပြီး၊ သားသမီး၊ မြေးမြစ် မိသားစုများ စုပေါင်းကြကာ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ အဘိုးကျောင်းတိုက်မှာ ကျောင်းဆောင် ပြုပြင်မွမ်းမံပြီးစီး‌ရေးအတွက် အလှူတော် ဝတ္ထုငွေကျပ် သိန်း(၂၁၀/-တိတိ) ကို လှူဒါန်းကာ တရားနာ၊ ရေစက်ချခြင်း အခမ်းအနားကို ဒီနေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်တဲ့။

ပြုခဲ့သမျှ ကောင်းမှု ကုသိုလ်အစုစု တို့အတွက် သာဓု ခေါ်လိုက်ပါတယ်။

ကရင်ပြည်နယ် ဘားအံမှာရှိတဲ့ တောင်ဝိုင်းတောင်မှာ သဘာဝအလှတရားတွေနဲ့အပြိုင်လှနေတဲ့ သရုပ်ဆောင်အကယ်ဒမီခင်ဝင့်ဝါသရုပ်ဆောင်အကယ်ဒ...
27/07/2026

ကရင်ပြည်နယ် ဘားအံမှာရှိတဲ့ တောင်ဝိုင်းတောင်မှာ သဘာဝအလှတရားတွေနဲ့အပြိုင်လှနေတဲ့ သရုပ်ဆောင်အကယ်ဒမီခင်ဝင့်ဝါ

သရုပ်ဆောင်အကယ်ဒမီ ခင်ဝင့်ဝါကတော့ ကရင်ပြည်နယ် တောင်ဝိုင်းတောင်ကိုရောက်ရှိခဲ့တာဘဲဖြစ်ပါတယ်။မင်းသမီခင်ဝင့်ဝါက လှပကျော့ရှင်းပြီး သေးသွယ်သောခန္ဓာကိုယ်လေးနဲ့ သွက်လက်ပြီးချစ်စရာကောင်းသောမင်းသမီးလေးတစ်ဦးလည်းဖြစ်ပါတယ်။မင်းသမီးလေးကခရီးတွေသွားရတာ ဝါသနာပါပြီး ကရင်ပြည်နယ် တောင်ဝိုင်းတောင်မှာရိုက်ခဲ့သော သူမရဲ့အလှဓာတ်ပုံလေးတွေကို ချစ်တဲ့ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးထားပါတယ်နော်။

ကိုယ်တန်ဖိုးထားရသော အလုပ်လေးမို့ အနုပညာအလုပ်တွေပြန်လုပ်ဖြစ်တော့မယ်လို့ဆိုလာတဲ့ သရုပ်ဆောင်မိုးယုစံသရုပ်ဆောင် မင်းသမီး မို...
26/07/2026

ကိုယ်တန်ဖိုးထားရသော အလုပ်လေးမို့ အနုပညာအလုပ်တွေပြန်လုပ်ဖြစ်တော့မယ်လို့ဆိုလာတဲ့ သရုပ်ဆောင်မိုးယုစံ

သရုပ်ဆောင် မင်းသမီး မိုးယုစံဟာဆိုရင် သူမ (၁၀)တန်း ကျောင်းပြီးကတည်းက အနုပညာအလုပ်ကိုဘဲလုပ်ခဲ့ရတာပါ။သူမဟာ အနုပညာအလုပ်ကိုဘဲ လုပ်လာခဲ့တဲ့သူမို့ ကိုယ်နားလည် ကိုယ်သိတာက အနုပညာအလုပ်ပဲရှိတယ်လို့ဆိုပါတယ်၊ ကိုယ်တန်ဖိုးထားရတဲ့ အနုပညာအလုပ်လေးမို့ ပြန်လုပ်ဖြစ်တာပါ၊ သီချင်းလေးတွေဆိုရတာလည်း ဝါသနာပါတော့ cover song လေးတွေလည်း ထုတ်သွားဖို့ အစီအစဥ်ရှိ‌ပါတယ်။မင်းသမီးမိုးယုစံ သီချင်းထုတ်ရင်ကော အားပေးဖို့အဆင်သင့်ဘဲလား ပရိတ်သတ်ကြီးရေ။

ကရင်ဝတ်စုံလေးနဲ့ သဘာဝကျကျလှပနေတဲ့ သရုပ်ဆောင် အကယ်ဒမီအေးမြတ်သူသရုပ်ဆောင်အကယ်ဒမီအေးမြတ်သူကတော့ အသက်၄၀ကျော်လို့မထင်ရလောက်အေ...
25/07/2026

ကရင်ဝတ်စုံလေးနဲ့ သဘာဝကျကျလှပနေတဲ့ သရုပ်ဆောင် အကယ်ဒမီအေးမြတ်သူ

သရုပ်ဆောင်အကယ်ဒမီအေးမြတ်သူကတော့ အသက်၄၀ကျော်လို့မထင်ရလောက်အောင်ကို နုပျိုလှပလွန်းသော မင်းသမီးတစ်လက်ဖြစ်ပါတယ်။သူမရဲ့ ခန္ဓာကိုယ် ထိန်းသိမ်းပုံကအရမ်းတော်လွန်းလှပါတယ်။ပရိတ်သတ်တွေက သဘာဝကျကျလှပပြီး ဟန်ဆောင်မှုကင်းသော သူမရဲ့ပုံစံလေးကို အရမ်းကြိုက်ကြပြီး သဘာဝမင်းသမီးလို့တောင် တင်စားခေါ်ဝေါ်နေကြတယ်။ကရင်ဝတ်စုံလေးနဲ့လှပနေသော မမမြတ်ကို အသဲလေးပေးခဲ့ကြပါအုန်းနော်။

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Orient MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share