May Power

May Power You deserve a chance to get some energy

• ကျမတို့ရဲ့ လူမှုရေးကိစ္စတွေမှာ လုံးဝ အာမခံလို့မရတဲ့ကိစ္စတခု လုံးဝ စကားကို အကုန်ပြောလို့မရတဲ့ ကိစ္စတခုဟာ ဘယ်အချိန် ကိုယ...
05/08/2025

• ကျမတို့ရဲ့ လူမှုရေးကိစ္စတွေမှာ လုံးဝ အာမခံလို့မရတဲ့ကိစ္စတခု လုံးဝ စကားကို အကုန်ပြောလို့မရတဲ့ ကိစ္စတခုဟာ ဘယ်အချိန် ကိုယ့်ခင်ပွန်း /ကိုယ့်ချစ်သူဟာ ကိုယ်မဟုတ်တဲ့ တခြားသူတဉီးနဲ့ ပတ်သက်မှုရှိနေမလဲဆိုတာပါပဲ။
• အဲ့ဒီလိုမျိုးကိစ္စကို ကြုံတွေ့ရပြီဆိုရင် ကိုယ့်လူကို ဖောက်ပြန်တယ် တို့ တဖက်သူကို သူများအိမ်ထောင် ဖြိုခွဲသူဟု တရားသေ မမှတ်ယူကြပါနဲ့၊ အကြောင်းအရင်းတွေက အများကြီးရှိတဲ့ ထဲကမှ ကျမ ဒါလေးတခု ဝေမျှပါဉီးမယ်။
• လက်ထပ်ဖို့ရည်ရွယ်ထားသောချစ်သူ ရှိသူယောက်ျားများ (သို့) အိမ်ထောင်သည်ယောက်ျားများ မိန်းခလေးတွေနဲ့ပတ်သက်ရာမှာ ဒချိကိစ္စနှင့်သာ ပတ်သက်ကြသူများလည်းရှိကြပါတယ်။
• ကျမရဲ့ ယောက်ျားလေးသူငယ်ချင်းတွေထဲကတဉီး ပြောဖူးတဲ့ စကားလေး မှတ်မိနေသေးတယ်။
• ကျမတို့ ညဘက် Club ကနေ အိမ်ပြန်ကြရင် သူတို့က ကိုယ်စီ ကောင်မလေးတွေနဲ့ ဟိုတည်ကို သွားကြတယ်၊ စပ်စုချင်သောကျမ တနေ့မေးကြည့်လိုက်တယ် “ နင်တို့ Club က ပြန်ရင် ဟိုတည်ဂိုးကြတယ်နော် နင်တို့ဆော်တွေ မသိကြဘူးလား “။
• ကျနော် တို့ ယောက်ျားလေးတချို့က သဘောသားတွေဆိုလည်း လုပ်ငန်းခွင်မှာ အသက်အန္တရာယ်နီးစပ်တယ်၊ တခြားနယ်ပယ်က လုပ်ငန်းလုပ်သူတွေဖြစ်ဖြစ် ပါ ကိုယ်တကယ်ချစ်လို့ ရည်ရွယ်ထားသူတွေကို တန်ဖိုးထားမှုတခုပေါ့ ကျနော်တို့က သေဆုံးသွားတာနေနေ တခြားမထင်မှတ်ထားတဲ့ကိစ္စနဲ့ လက်မထပ်ဖြစ်ကြတာမျိုးတွေလည်းရှိကြတယ်လေ ။ အဲ့ဒီတော့ ကိုယ့် ချစ်သူကို နစ်နာပြီးကျန်ခဲ့မှာမလိုလားဘူး ။ ဒချိချင်တာများ တက်နိုင်တဲ့ဈေးနဲ့ အဆင်ပြေတဲ့အနေအထားတွေအများကြီးပါတဲ့။
• အဲ့ဒီလို ခွဲခွဲခြားခြားနဲ့ နေထိုင်တတ်ကြသူများလည်းရှိပါတယ်။
• အဲ့ဒီလိုပါပဲ အိမ်ထောင်သည် ယောက်ျားတွေ အကြောင်းအမျိုးမျိုးနဲ့ အမျိုးသမီးနဲ့ဝေးရာရောက်နေကြတဲ့အခါ သူတို့တွေ ဒီ ဒချိကိစ္စကို အဆင်ပြေသလို ဖြတ်သန်းကြတာမျိုးရှိကြတာပါပဲ။

• အဓိက က ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်းက ဒချိကိစ္စက ဒချိကိစ္စပါပဲ ပြီးရင်. ပြီးပြီပဲ ဆိုတာကို နားလည်သဘောပေါက်ထားရပါမယ်….။
• မိန်းခလေးတွေဘက်ကလည်း ကိုယ်က ပိုင်ရှင်ရှိပြီးသား ယောက်ျားတဉီးနဲ့ အခကြေးငွေယူပြီး လက်ခံပြီ ဆိုတာနဲ့ မင်းတို့ဟာ ဒချိလုပ်ငန်းလုပ်သူပါပဲ နာမည်လှလှလေးတွေ လာသုံးနှုန်းမနေပါနဲ့ကွယ်။ ကိုယ့်ကိုချစ်လို့ လာ ဒချိတယ်လို့ မိမိဖာသာ ထင်ယောင်ထင်မှားဖြစ်နေရင်လည်း ဒချိ မခံပဲ တစုံတရာနာမည်ခံ ငွေကြေးထောက်ပံ့မှုတို့ လက်ဆောင်တို့ တောင်းကြည့်လေ ပေးသလားလို့….။

*****
• ဒီမှာတင် လူရည်လည်လည် ခပ်သန့်သန့်မဖြတ်တောက်တတ်သော ယောက်ျားလေးဟာ မလည်ရှုပ် လုပ်မိပြီ စည်းကျော်သွားပြီ ဆိုတဲ့ ကိစ္စတွေ ရှိတတ်ကြတယ်။ *****( ရည်ရွယ်ထားသူရှိထားပြီးသား RS တွေ ထိုက်ထိုက်တန်တန် လက်တွဲဖော်နဲ့လွဲကြရသောကိစ္စ / အိမ်ထောင်သည်ဆိုလည်း အိမ်ထောင်ကွဲပြီးဘဝပျက်ကြသော ကိစ္စက ဒီနေရာမှာ စကားပြောတာပဲ ) ဘယ်လိုအနေအထားနဲ့ စည်းတွေစပြီးကျော်မိကြသလဲဆိုလျှင် တဖက်
မိန်းခလေးက လည်လည်ဝယ်ဝယ် ရှိရင် ရှိသလို ပိုက်ဆံလက်ခံတာမဟုတ်ဘူး နေစရာစီစဉ် ပေးတာတို့ ပစ္စည်းဝယ်ပေးတာတို့ တကိုယ်ရေတကာယ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာတို့ နိုင်ငံမတူလျှင်တောင် တွေ့ချင်လို့ လေယာဉ်လက်မှတ်က အစ ဝယ်ပေးပြီးခေါ်တာတို့ တွေ ကို စပွန်ဆာလိုလို သံယောဇဉ်လိုလို ချစ်လို့ပါလိုလို ဟိုလိုလို ဒီလိုလို ထင်မနေနဲ့ ကိုယ့်ဟာကိုယ် နှစ်သိမ့်ဖြေတွေးပြီး ရှုပ်မနေကြနဲ့ မင်းတို့ဟာ မလည်ရှုပ်ဇာတ်လမ်းကို စတင်နေကြပါပြီ ။ ယောက်ျားတွေကလည်း ဉီးနှောက်လေးအလုပ်လုပ်ဉီး ကိုယ့်ဟာကိုယ် ဘယ်လိုအနေအထားနဲ့ ဘယ်လိုမိန်းမကို ပတ်သက်နေလည်းဆိုတာ ရှင်းအောင်သိထားကြဉီး မိန်းမ တိုင်း အတူတူပဲမဟုတ်ဘူးရှင့်။ တချို့ ယောက်ျားလေး တွေလည်းကိုယ်P-ဂေါင်း ဖြစ်နေလား ဘာလားမသိ ဆော်ကြီးကပဲကိုယ့်ကို အရမ်းကြွေ နေတဲ့စတိုင်မျိုးဖမ်းကြသေးတယ်။ ဖုန်းနဲ့ မှန်မှန်ဆက်သွယ်နေပြီး နေ့တဓူဝ ကိစ္စတွေ ပြောပြပြီး ဘာမှန်းမသိတဲ့ ခေါင်းစဉ်အောက်ကို ဆွဲထည့်ပြီး ပတ်သတ်မှုလုပ်နေကြခြင်း *** ဒါဆို ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်းက
ဒချိ က ဒချိ ပြီး .. ပြီးပြီပဲ ဆိုတာကို နားလည်သဘော မပေါက်ထားဘူး
သူ စပြီး တိုင်ပတ်နေပါပြီ။ မလည်ရှုပ်နဲ့ ကုတ်ကမြင်းတို့၏ ဇာတ်လမ်းဖန်တီးနေမှုများထဲက တစိတ်တဒေသပါ။☝️

• ကျမပြောနေတာ လူလောကကြီးမှာ ဘယ်လိုမှ လက်မခံနိုင်သော လူ့စည်း လူ့ဘောင်ကို ကျူးကျော်နေကြတဲ့ ကျူးကျော်ရပ်ကွက်နေထိုင်နေလို့ နေထိုင်နေမှန်းမသိတဲ့ လက်ထက်ဖို့ရည်ရွယ်ထားသူရှိရက် အိမ်ထောင်ရှိရက် ဒချိကိစ္စကို မကိုင်တွယ်တတ်ပဲ ဘောင်ကျော်စည်းကျော်နေသောလူတစုကို ပြောနေတာနော်။
( လူလွတ်တွေရဲ့ အမျိုးမျိုးသော ခေါင်းစဉ်တပ် ဒချိ ကိစ္စကိုပြောနေတာမဟုတ်ပါဘူးရှင့် )

• အဲ့တော့ တရားဝင်မိန်းမများရှင် တရားဝင်ချစ်သူများရှင် ကိုယ့်လူက Pသယ်မ ကို ဒချိကိစ္စလောက်နဲ့ ပတ်သက်နေတာ လောက်ကို ပုံကြီးမချဲ့ကြပါနဲ့ရှင်။ နောက်ပြီး ကိုယ့်လူက P-ဂေါင်းဖြစ်ချင်လည်းဖြစ်နေနိုင်တယ်နော် တဖက်မိန်းခလေးပဲ ဇွတ် ရန်ရှာမနေကြနဲ့။ အဲ့လိုမဟုတ်ပဲ ဖြတ်လို့မရလို့ပါဆိုတဲ့ မြန်မာပေါကားထဲက စကားလုံးတွေလည်း သုံးနေပြီဆို အဲ့ဒီပုဂ္ဂိုလ် မလည်ရှုပ်လုပ်နေပြီ သူ့ကို သနားသဖြင့် မိမိတို့ တက်နိုင်သလောက် နည်းလမ်းလေးနဲ့ ကိုင်တွယ်ဖြေရှင်းပေးလိုက်ကြပါရှင်။ ( ခပ်လည်လည်မိန်းမ / ကြာကူလီကောင်တို့ နဲ့တွေ့ပြီး မလည်ရှုပ်တော့ လုပ်တတ်ပြီး ရုန်းမထွက်တတ်ဘူးကူညီပါဉီး ဆိုလျှင်ပေါ့ )

• တကယ်တမ်းကျ ကိုယ့်လူက ငွေကြေးတစုံတရာ မသုံးထားဘူး တဖက်ကလည်း သူ့အနေအထားနဲ့သူ သိက္ခာရှိရှိ ရပ်တည်နိုင်ရက်နဲ့ ဒချိကိစ္စလည်းကင်းရှင်းပြီး တဉီး၏ ဘဝ တဉီးကောင်းစားဖို့ တိုးတက်ဖို့အရေး ကူညီရိုင်းပင်း ပေးနေသော ပတ်သက်မှုမျိုးနဲ့ဆိုလျှင်တော့ အဲ့ကျမှ တရားဝင် အိမ်ထောင်ရှင် တရားဝင်ချစ်သူများ ထိုင်ငိုကြပါရှင့် 😭သေချာတယ် အဲ့ဒါ အချစ်ပဲ ဒါကတော့ မတက်နိုင်ဘူး ရှင့် ။ တချို့တွေက လူတဉီးထက်ပိုပြီး ချစ်နိုင်တတ်ကြတယ်ရှင်။
ထိုက်တန် ✍️
Credit Google photo

12/07/2025

ကျမကိုယ်တိုင် ပထမဆုံး ရည်းစားထားခဲ့တုန်းက တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးကို ပြောပြပါဉီးမယ်၊ အဲ့ဒီ အချိန်က ကျမရဲ့အနေအထားနဲ့ဆိုရင် ကျမထားတဲ့ ချစ်သူက ကျမထက်အစစ အရာရာ သာလွန်နေတဲ့အခြေအနေမှာရှိတယ် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုရော ရုပ်ဝတ္ထုပိုင်းဆိုင်ရာပိုင်ဆိုင်မှုရော မိသားစုအသိုင်းအဝိုင်းက အစ သာလွန်တယ်ပေါ့၊ အဲ့တော့ ကျမကို သူကဉီးဆောင်တယ်ပေါ့ ကျမကို အရမ်းဂရုစိုက်တယ် အရမ်းချစ်တယ် အရမ်းလည်း သဝန်တိုတယ် အရမ်းလည်းသူပေးဆပ်ထားတယ်၊ ကျမကလည်းချစ်ခြင်း ဂရုစိုက်ခြင်းနဲ့သူ၏ ပြည့်စုံမှုကို မက်မောတော့ ( အခုအသက်အရွယ်မှာ နားလည်လိုက်တာက မက်မောချစ် ) သူ သဝန်တိုတာ သူ့၏ ထိန်းချုပ်လာတာတွေကို ကောင်းစေချင်လို့ပါလေ လို့ မိမိကိုယ်ကို နှစ်သိမ့်ပြီး သူ့အကြိုက်နေပေးလာခဲ့တယ်၊ သူ၏ ပေးဆပ်မှုတွေကိုလည်း ငါ့အတွက်သူက လုပ်ပေးနေရတာဆိုပြီးလည်း ပြန်ပေးဆပ်ရမယ်ဆိုတဲ့အသိကြီးနဲ့ သူပေးသမျှထက် ကျမက ပိုပြီး စိတ်တွေ အတွေးတွေ လူပုံစံဘဝစတိုင်တွေပါပြောင်းလဲပြီး ပေးဆပ်မိမှန်းမသိ ပေးဆပ်နေလာလိုက်တာ အချိန်တခုရောက်တဲ့အခါ ကျမက အဲ့လို လုပ်ယူရတဲ့ ဘဝစတိုင်ကြီးက အသားကျ မလာသေးသမျှ ကျမတို့က ရန်တွေချည်းဖြစ်နေကြရတယ်၊ စိတ်က စပြီးညစ်လာတယ်၊ မပျော်တော့ဘူး ကံကောင်းတာက ကျမတို့ ပျက်ဖို့အခြေအနေ ပေးလာခဲ့တယ်၊ ကျမကလည်း ဆုံးဖြတ်ချက် ပျက်သားစွာ ဒီ RS ကို ဖြတ်ပစ်နိုင်ခဲ့တယ်၊ ပြသာနာက အဲ့က စတာပဲ……
ပြောချင်တာက ဒီနေရာ….RS ပုံစံမျိုးစုံ ဘယ်လောက်ရှိရှိ RSပြတ်သွားကြပုံ ပုံစံဘယ်လိုရှိရှိ..
ကျမအပါအဝင် ကျမ ပတ်ဝန်းကျင်က မိန်းခလေးအများစုက အဲ့ဒီ RS ကိုဖြတ်လိုက်တာဖြစ်ဖြစ် အဖြတ်ခံရတာဖြစ်ဖြစ် ဒီ ပတ်သက်မှုကို ရပ်တန့် လိုက်ရပြီးတဲ့ အချိန်မှာ နဂို မိမိဖြစ်တည်ခဲ့မှု အနေအထားကို ပြန်မသွားနိုင်ကြတာပဲ😌

ကျမတို့က အတိတ်က ဖြစ်ပျက်ခဲ့မှု တွေကို ခွင့်လွှတ်လို့ရတယ် ခက်တာက
မေ့ပစ်လို့မရကြဘူးလေ။

Oxford ဆရာတော် ဟောကြားတဲ့ Auto Mind ဆိုတဲ့တရားတော်ထဲက လို
***** ကလေးလည်းကလေးအလျှောက် လူကြီးလည်းလူကြီးအလျှောက် ကိုယ့် emotion ဆိုတဲ့ ကားကြီးကို ကိုယ့်ဟာကိုယ် မောင်းနေရတာ သူများက လာပြီးတော့မောင်းပေးလို့မရဘူး သူတပါးက မိမိ emotion ဆိုတဲ့ ယာဉ်ကို မောင်းပေးရရင် ကိုယ်က သူများကို အများကြီး မှီခိုရတဲ့ဘဝ ဖြစ်သွားမယ် မိမိရဲ့စိတ်ခံစားမှုကို သူတပါးက ထိန်းချုပ်ထားတာနဲ့အတူတူပဲ *** တဲ့

ကျမတို့စိတ်ကို သူတို့က ထိန်းချုပ်ခဲ့တာကို ခွင့်ပြုခဲ့မှု့ ပမာဏအတိုင်း အတာအရ ကျမတို့ ပြန်ပြီး မိမိစိတ်ကို မထိန်းချုပ်နိုင်ကြတော့ဘူး
ကျမတို့က အထိန်းချုပ်ခံခဲ့တာလေ။
( တချို့ဆို RS ကာလ မှာ ယုတ်မာတဲ့ လူမျိုးနဲ့ တွေ့ကြုံရပြီး မိမိကို အသုံးမကျသူတဉီးလို စွပ်စွဲပြောဆိုနှိမ်ချမှု မိမိကို မာယာမျိုးစုံသုံးပြီး မာနတွေ သိက္ခာတွေ ချနင်းပစ်ပြီး ပုံစံသွင်းခံရမှု မိသားစု နဲ့ မိတ်ဆွေပတ်ဝန်းကျင်ကနေ ခွဲထုတ်ပြီး လိုသလို အသုံးချ ဘဝကို ဖျက်ဆီးပြီးမှ RS ကို ဖြတ်တောက်သွားခံရသူတွေဆိုရင် ဘဝက လဲပါ လဲပြိုကြရတာပါ ) ဘယ်လိုပဲနေနေ ဖိုက်တင်းပါ💪

ကျမဆိုရင် အဲ့အချိန်က မပျော်တတ်တော့ဘူး …. ကျမကို သူပုံစံသွင်းခဲ့တဲ့ အနေအထားကြီးနဲ့ သူကကျတော့ ဘေးမှာ မရှိတော့ဘူး ကံကောင်းတာက
ကျမက အလုပ်ရှိတယ် ကျောင်းလည်းမပြီးသေးတော့ တနေ့တနေ့ နေထိုင်မှုပုံစံတော့ မပျက်ယွင်းဘူးပေါ့ ပုံမှန် ကျောင်းသွား ရုံးသွားနေရတာပေါ့၊

သူနဲ့ သွားလာ နေထိုင်နေရတဲ့အခြေအနေကနေ တစ်ယောက်တည်းဖြစ်သွားရတဲ့အနေအထားကြီးမှာ အတွေးတွေအများကြီးနဲ့ ခေါင်းကြီးက ဒါပဲတွေးနေပြီး နဂိုမူလ နေရာကိုပြန်သွားရတာ အချိန်အတော်ယူရတယ်🤦‍♀️ ( အဲ့အချိန်ယူရတဲ့ ကာလက မနေတတ်ရင် အမှားတွေလုပ်မိနိုင်တယ် ဘဝ အနေအထားတွေ ပြောင်းလဲပြီးဆိုးရွားသွားနိုင်တယ် )…

🩷အခုကျမ ရဲ့ ပရဟိတ အလုပ်တွေထဲကတခုဖြစ်တဲ့ မိတ်ဆွေတွေ လာတိုင်ပင် လာရင်ဖွင့် လာပြီး ပြောပြလာရင် နားထောင်ပေးပြီး ဉာဏ်စွမ်းရှိသလောက် ပြန်ပြီး အကြံဉာဏ် ပေးဖြစ်နေတာ အဲ့တုန်းက ကျမ မရရှိခဲ့တဲ့ လိုအပ်ချက်တခုကို ကိုယ်ချင်းစာပြီး ဖြည့်ဆည်းပေးနေတာပါ၊

ကျမတုန်းက သူက သဝန်တိုလို့ မပေါင်းခိုင်းတော့တဲ့ အလယ်တန်းကျောင်းသူဘဝကတည်းက သူငယ်ချင်းတွေနဲ့လည်း နှစ်ချီပြီးအဆက်ဖြတ်လိုက်ရတော့ ပြန်မပေါင်းသင်းမိတော့ဘူး၊ အလုပ်ထဲက သူငယ်ချင်းတွေနဲ့အလုပ်ချိန်မှာ ပုံမှန်နေထိုင်လို့ရပေမယ့် weekend မှာ တက္ကသိုလ်တက်ချိန် သူနဲ့အမြဲတတွဲတွဲနေလာခဲ့တော့ သူလည်းမရှိတော့ တစ်ယောက်တည်း အတော်ကိုပဲ စိတ်ဒုက္ခရောက်ပါတယ်၊

မိသားစုကလည်း မေကြီးနဲ့က အဲ့လိုကိစ္စတွေ ပြောလို့မရတဲ့အမေမျိုးမို့ ဒီကိစ္စကို ရင်ဖွင့်လို့မရဘူး အစ်မ၂ယောက်ကလည်း ရည်းစားမပြောနဲ့ ယောက်ျားလေးသူငယ်ချင်းတောင် ထားကြသူများမဟုတ်လို့ ကိုယ့်ကို နားလည်မပေးနိုင်ကြပြန်ဘူး။ အဲ့ဒီအချိန်ယူရတဲ့ ကာလ တွေမှာ ကျမ အသက် ၂၂ နှစ်လောက် ပထမဆုံး ရည်းစားဉီးလည်းဖြစ်တော့ တော်တော်ကိုမှ အလူးအလဲပဲ…

နောက်မှရတဲ့နောင်တ ကတော့ နှမြောစရာကောင်းစွာ ၃ နှစ်လောက် ငေါင်တောင်တောင်နဲ့ မပျော်ရွှင်တတ်တော့တဲ့ ဘဝ ကြီးနဲ့ နေထိုင်ခဲ့ဖူးတာမို့
RS တခုရဲ့ ရိုက်ခတ်မှုဒါဏ်ကို ကျမ နားလည်တယ် ကိုယ်ချင်းစာတယ်၊

🔹🔹ဒါကြောင့် ဒီပို့စ်ကို ဖတ်လိုက်ရပြီး တိုက်ဆိုင်မှုရှိနေတယ်ဆိုရင် သတိလေးပေးချင်တာက ကျမတို့တွေက ကျမတို့ မျှော်လင့်ထားသလို မဖြစ်လာတာရယ် ကျမတို့မဖြစ်ချင်တာကြီးကို ဖြစ်လိုက်ရလို့ အနေအထား ပြောင်းလဲသွားတာပဲရှိတာပါ ….ရှေ့ဆက် မိမိ အဆင်ပြေသလိုလေး စိတ်ကို ထိန်းချုပ်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဆက်လျှောက်လှမ်းပါလို့။
မိမိဘဝ က မိမိထင်ထားတာထက် ပိုပြီးထိုက်တန်ပါတယ်✍️

19/06/2025

Oxford Sayadaw သိမ်ငယ်တဲ့စိတ်ကိုဆုံးမပါ တရားတော်မှ ရေးသားကုသိုလ်ယူသည်
အပိုင်း ( ၃ )

☘️မိဘတွေက သားသမီးတွေကို ဘာဖြစ်လို့တခြားသူတွေနဲ့သွားနှိုင်းယှဉ်လည်းဆိုတော့ မခံချင်တဲ့စိတ်ဖြစ်အောင်လုပ်တာ မခံချင်တဲ့စိတ်နဲ့ကြိုးစားစေချင်တာ၊ အမှန်တော့ကြိုးစားစေချင်တာ ကြိုးစားအောင်လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက် အဲ့ဒီရည်ရွယ်ချက်ကို ရဖို့အတွက် ဘာနည်းကိုအသုံးပြုလည်းဆိုတော့ မခံချင်စိတ်ကို ဖြစ်အောင်လုပ်ပစ်လိုက်တာ မခံချင်တဲ့စိတ်က နည်းဗျူဟာပေါ့ ၊ မခံချင်တဲ့စိတ်က အကျင့်ပါသွားတာ မခံချင်တဲ့စိတ်နဲ့ ကိုယ် ပြိုင်ဘက်လို့ထင်တဲ့သူနဲ့အမြဲသွားပြိုင်နေတာ။
☘️ကိုယ်က သာသွားရင်ကြည်နူးလိုက် တခြားသူက ကိုယ့်လောက်မတော်တာ ကို ကိုယ်က သွားကြည်နူးနေတာ ဒါက မြင့်မြတ်တဲ့စိတ်မဟုတ်ပါဘူး ၊ ကိုယ်ပြိုင်တဲ့တခြားသူ ကိုယ့်ထက်သာသွားတဲ့အချိန်မှာ မကျေမချမ်းတွေဖြစ် မခံချင်တဲ့စိတ်တွေဖြစ် သိမ်ငယ်တဲ့စိတ်တွေဖြစ် တယ် အားငယ်တဲ့စိတ်တွေဖြစ်တယ်။
☘️ဒါကို မာနလို့ခေါ်တယ် လူတစ်ယောက်က သူ့ကိုယ်သူအထင်ကြီးပြီးတော့ သူရှိတာလေးနဲ့ ရတဲ့ရာထူးလေးနဲ့ သူရှိတဲ့ပိုက်ဆံနဲ့ သူသိတဲ့ အသိုင်းအဝိုင်းနဲ့ အဲ့ဒါကိုအစွဲပြုပြီးတော့ ထောင်လွှားတာ အဲ့ဒါကို မာနကြီးတယ်လို့ မြန်မာလိုခေါ်တာ။
☘️ဒါပေမယ့် ဗုဒ္ဓစိတ်ပညာထဲမှာ ဒါကတော့ သိမ်ငယ်တဲ့ပုဂ္ဂိုလ်ကို မာနကြီးတယ်လို့ခေါ်တာ အထက်ထောင်လွှားပြီး ကြီးတာတခု နောက်တခုက အောက်ကိုလျှိုးပြီးကြီးတာတခု ၂ခုစလုံးက မာနပဲ။
☘️မာနဆိုတာက ထောင်လွှားတယ်လို့ အဓိပ္ပါယ်မရဘူး မာနဆိုတာက နှိုင်းယှဉ်တယ်လို့အဓိပ္ပါယ်ရတယ် နှိုင်းယှဉ်မှတော့ အဲ့ဒီရလာဘ်တွေပဲရတော့မှာပေါ့၊ နှိုင်းယှဉ်တဲ့အခါမှာ သူနဲ့ကိုယ်နဲ့တူနေတယ်ဆိုရင် အတူတူပဲငါကဘာဂရုစိုက်စရာလိုလည်း ဟိုဘက်ကလူ ကြိုးစားတာ အောင်မြင်တာကို ကိုယ်ကဝမ်းမသာ နိုင်ဘူး သူ့ကိုကြည့်ပြီးကိုယ့်စိတ်ကမပျော်နိုင်ဘူး ကိုယ့်ကိုယ်ကိုလည်းကြည့်ပြီး မုဒိတာဖြစ်ရမယ့်ဟာကိုမဖြစ်နိုင်ဘူး ပျော်နိုင်ပါရက်နဲ့ပျော်ဖို့မေ့နေကြတယ် တစ်ယောက်နဲ့တစ်ယောက်နှိုင်းယှဉ်ခြင်းဆိုတဲ့အပိုအလုပ်တွေလုပ်နေလို့ ပျော်ဖို့မေ့။
☘️သိမ်ငယ်စိတ်ရှိတဲ့သူက တခြားသူတွေကိုလည်း အထင်ကြီးတတ်တယ် ၊ အထင်ကြီးတဲ့စိတ်နဲ့အထင်သေးတဲ့စိတ်က ခေါင်းနဲ့ပန်း ဟိုဘက်ဒီဘက်ပဲ
ဉပမာ ဘုန်းဘုန်းတို့ကနိုင်ငံခြားကိုအထင်ကြီးတယ်ဆိုရင် နိုင်ငံခြားကို အထင်ကြီးယုံတင် အဲ့မှာရပ်တာမဟုတ်ဘူး ဘုန်းဘုန်းတို့က နိုင်ငံခြားက ကောင်းတာ တခုတခုမြင်တိုင်း ဘုန်းဘုန်းတို့ကမြန်မာနိုင်ငံက ညံ့တာ တခုခုကိုပြောပြီး ကိုယ့်နိုင်ငံကို ကို ပြန်ပြီးအပစ်ပြောတယ်။ အဆိုးမြင်ဝါဒ ဖြစ်တယ်
အပစ်ပြောတယ်ဆိုမှတော့ အကုသိုလ်စိတ်ပဲပေါ့၊ ချို့ယွင်းချက်ကို မြင်ပြီးတော့ ဒေါသဖြစ်တာလေ အဲ့ဒါကိုမပစ်ပြောတယ်လို့ခေါ်တာ၊ ဒေါသဖြစ်တာနော်အဲ့ဒီအချိန်မှာ ချို့ယွင်းချက်ကို ဘာဖြစ်ရမှာတုန်းဆိုတော့ ဂရုဏာဖြစ်ရမှာပါ။
☘️တခြားသူတွေရဲ့ပြသာနာကိုပြေလည်စေချင်ဖြေရှင်းပေးချင်စိတ်ဓါတ်ကို ဂရုဏာလို့ခေါ်တာ ၊ လူတစ်ယောက်ရဲ့ချို့ယွင်းချက်ကိုတွေ့တဲ့အခါမှာ သူ့ချို့ယွင်းချက် / သူ၏ ပြသာနာ ကိုကြည့်ပြီးတော့ ရွေးချယ်စရာ ၂ခုရှိတယ် ……၁ ခုက အထင်သေးတာ နောက်တခုက သနားတဲ့စိတ် ဂရုဏာဖြစ်တယ် ဂရုဏာဖြစ်ပြီး ကူညီချင်တယ် ဒီစိတ်က ကြီးမားတာပေါ့ အထင်သေးတဲ့စိတ်က သေးသိမ်တာပေါ့ အပစ်တင်တဲ့စိတ်က သေးသိမ်တာပေါ့။
☘️ဒါကြောင့်ကိုယ့်နိုင်ငံအကြောင်းပြောတဲ့အခါမှ သတိထားပါ ၊ သိမ်ငယ်တဲ့စိတ်ဝင်လာရင် ကိုယ့်နိုင်ငံကိုရော ကိုယ့်လူမျိုးကိုရော ကိုယ့်ဘာသာကိုရော ရှုံ့ချတတ် အပစ်တင်တတ် အဆိုးမြင်တတ်တဲ့စိတ်တွေဖြစ်တတ်တယ်၊ အဲ့လိုဖြစ်ပြီဆို ကိုယ့်ဟာကိုယ် သတိလေးနဲ့ သတိပေးပါ …. အော် ငါ ဒီစိတ်လေးဝင်နေပြီ သတိပေးပါ အဲ့ဒီစိတ်လေးကို အသိအမှတ်ပြုလိုက် ပြီးရင် ကိုယ့်ဟာကိုယ် ပြန်ပြီးတော့ ဂရုဏာဖြစ်လိုက် ကိုယ့်ဟာကိုယ် ပြန်ပြီးတော့ သနားပေးလိုက်ပါ အော် ငါဒီ စိတ်နှိပ်စက်တာ ခံရနိုင်တယ်။
☘️ အဲ့လိုပဲဖေ့ဘုတ်ထဲမှာ မြန်မာပြည်အကြောင်း တက်ပြီးတော့ မကောင်းကြောင်းပြောတဲ့လူတွေ ဒေါနဲ့ မောနဲ့ အားရ ပါးရ ရှုံ့ချတဲ့လူတွေ အဲ့ဒါတွေ အများကြီးရှိတယ် အဲ့လိုဖြစ်တယ်ဆိုရင် အဲ့ဒီအရေးအသားကို ဒေါသနဲ့ ရေးတယ်လို မှတ်ထား ဘာကြောင့်အဲ့လိုရေးတာတုန်း သိမ်ငယ်တဲ့စိတ် ဝင်လို့ အားငယ်တဲ့စိတ် ဝင်လို့ အားငယ်တဲ့စိတ်က ဒေါသ ပဲ ဒီတချက်လေးတော့ မှတ်ထားကြပါ။
☘️အားငယ်တဲ့စိတ်က ဒေါသပဲ သိမ်ငယ်တဲ့စိတ်က ဒေါသပဲ ဒါလေးမှတ်ထား။ သိမ်ငယ်တဲ့စိတ်ဝင်လာပြီဆိုရင် ကိုယ့်ဆီမှာရှိတဲ့ ပစ္စည်းဉစ္စာနဲ့ တခြားသူတွေနဲ့ မျှဝေပြီးတော့မသုံးချင်ဘူး ဉပမာ ဝင်ငွေအများကြီးရှိတယ် ဒါပေမယ့် သိမ်ငယ်တဲ့စိတ်ရှိနေသေးတော့ ဘယ်သူက ငါ့ထက်ပိုပြီးတော့ ပိုက်ဆံရှိတယ် အဲ့လိုဖြစ်နေတတ်တယ် အဲ့တော့ ဒီလူက သူပေးရမယ့် အခွန်ကို မပေးချင်တော့ဘူး ပေးပြီဆိုလည်းသူပေးရမယ့်အခွန်ကို နှမြော အဲ့ဒါ မနာလိုစိတ် ခေါ်တယ် သဝန်တိုတယ်ခေါ်တယ် အဲ့ဒီ မနာလိုစိတ်ကလည်း ဒေါသပဲ။ ကိုယ့်ပစ္စည်းကိုကြည့်ပြီးတော့ သဝန်တိုတာ အားငယ်စိတ်ရှိသူက သူ့ပစ္စည်းဉစ္စာကို တခြားသူတွေနဲ့မျှပြီးမသုံးချင်ဘူး တခြားသူရဲ့ပစ္စည်းဉစ္စာကိုလည်းကြည့်ပြီးတော့ သူက အားငယ်စိတ်အလိုလိုဖြစ်တယ် ဒါကြောင့်သူ့မှာ ဘယ်လောက်ပဲရှိရှိ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ သူ့မှာ အားငယ်တဲ့စိတ် အမြဲတမ်းဖြစ်တယ်။
☘️အဲ့ဒီလိုစိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်ဖိစီးမှုတွေ စိုးရိမ်သောကတွေ အမြဲတမ်းမစိုးရိမ်သင့်ပဲ စိုးရိမ်နေတာတွေ အဲ့ဒါတွေဖြစ်တယ် အဲ့ဒါ ကုက္ကုစ လို့ခေါ်တယ်(စာလုံးပေါင်းမှားနိုင်၏) ။ ဒေါသဆိုတာ စိတ်ဆိုးတာပါတယ် စိတ်ညစ်တာပါတယ် စိတ်ပျက်တာပါတယ် စိတ်ဓါတ်ကျတာပါတယ် သိမ်ငယ်တဲ့စိတ်ဖြစ်ပြီးတော့တခြားသူတွေရဲ့ ပစ္စည်းဉစ္စာကိုသွားပြီးတော့ မနာလိုဖြစ်တာ အဲ့ဒါ ကိုကျတော့ ဣဿ လို့ခေါ်တယ်၊
☘️ ဣဿ က သူတပါးရဲ့ပစ္စည်းကို အာရုံပြုတာ သူတပါးပစ္စည်းအကြောင်းပဲအမြဲတမ်းတွေး တယ် ကိုယ့်ပစ္စည်းအကြောင်းတွေးပြီးတော့ သဝန်တိုတာ နှမြောတာ မစ္ဆရိယ အဲ့ဒီအကျင့်တွေကြောင့် စိုးရိမ်တဲ့စိတ် မဖြစ်သင့်ပဲဖြစ်နေတာ အဲ့ဒါ ကုက္ကုတ္စလို့ခေါ်တယ် နောင်တတွေဖြစ် စိုးရိမ်စိတ်တွေဖြစ်နေတတ်တယ်။
☘️ဒီနေ့ည သိမ်ငယ်တဲ့စိတ်အကြောင်းပြောတာ ပြည့်စုံတာတော့မပြည့်စုံသေးဘူး ဒါလောက်ဆိုရင်တော့ နားလည်ကြပါပြီ ဘုန်းဘုန်းက ရှေ့ဆက်ပြီးဘာပြောချင်လည်းဆိုတော့ သူ၏ ဖြေဆေးလေးပေးချင်တယ် …..ဒါကတော့ မုဒိတာပါပဲ။
☘️စာမေးပွဲဖြေမယ့် ကျောင်းသားကျောင်းသူလေးတွေဆိုလည်း ကိုယ်ဖြေဆိုအောင်မြင်ခဲ့သောအတန်းစာမေးပွဲတွေ ပြန်တွေးပါ ငါဘယ်လိုကြိုးစားခဲ့တယ်ဆိုတာလည်းပြန်တွေးပဲ အောင်လက်မှတ်တွေပြန်ကြည့်ပါ ၆ တန်းကလေးဆိုလည်း ငါ အတန်းတင်စာမေးပွဲ ၅ ခါအောင်ခဲ့ပြီးပီ ဒါမျိုးပြန်တွေးပါ ကြိုးစားပြီးကျောင်းသွားတာ ကျူရှင်သွားတာ အိမ်မှာစာတွေကျက်တာ ဒါမျိုးပြန်တွေး ဂုဏ်ယူပါ ပြန်တွေးရင်လည်းမိမိဖာသာပဲဂုဏ်မယူရဘူး ကိုယ်အဲ့ဒီလိုမျိုး အောင်နိုင်အောင် ကိုယ့်မိဘ ကထောက်ပံ့ပေးတာလေ ကိုယ့်မိဘက အရင်ကြိုးစားခဲ့တာမို့ ကိုယ့်ကိုထောက်ပံ့နိုင်တာ ကိုယ့်ရဲ့ကြိုးစားမှု့က ကိုယ့်မိဘရဲ့ကြိုးစားမှု ကိုယ့်ဆရာသမားတွေ သူတို့လည်းကြိုးစားခဲ့ကြလို့ဆိုတာမျိုးတွေးပြီး ဂုဏ်ယူပါ မုဒိတာဖြစ်ပါ။ လူတိုင်းမှာ ဂုဏ်ယူစရာတွေအများကြီးရှိပါတယ် မုဒိတာအကျင့် ပီတိထားတဲ့အကျင့်မရှိလို့ အလေ့အကျင့်မဖြစ်သေးလို့ ဒီလေ့ကျင့်ခန်းလေး စလုပ်ပါ ကောင်းတာလေးတွေ တွေးပါ ။
☘️စာလုပ်တော့မယ်ဆိုရင် ကိုယ်ရပြီးသား ကိုယ်ပိုင်နိုင်ပြီးသား ပုစ္ဆာကိုအရင်ကြည့် အရင်စိတ်က ကိုယ့်မှာရှိတာကိုပဲခေါင်းထဲထားပြီး မရသေးတာကို ဆက်လုပ်တော့ အားရှိတယ် ဉီးနှောက်အရှေ့ပိုင်းကအလုပ်လုပ်တဲ့သဘော၊ ကိုယ်မရသေးတာကိုပဲ အတင်းအားစိုက်ပြီး မပိုင်နိုင်သေးတာကို ဇွတ်လုပ်နေရင် ကြောက်စိတ်နဲ့လုပ်တာ ဉီးနှောက်အနောက်ပိုင်း ကအလုပ်လုပ်တဲ့သဘော၊ စာကိုမရသေးတဲ့ အပိုင်းတွေကို မလုပ်ခင် ရပြီးသားအပိုင်းတွေ ပြန်ကြည့်ပြီး အားယူပါ ဒါဆို ပီတိစိတ် ယုံကြည်စိတ် တွေနဲ့ စာဆက်ကျက်တော့ အားအင်တွေနဲ့ စာက ပိုရလွယ်တယ်၊ မရသေးတဲ့အပိုင်းကိုပဲ ဉီးတည်ပြီးလုပ်နေရင် ဉီးနှောက်ထဲ ဇွတ်မှတ်မိဖို့ ကျက်ရတော့ နောက်ပိုင်းမမှတ်မိတော့ဘူး ဉီးနှောက်ထဲ ဘာမှမကျန်တော့ဘူး။
☘️စိတ်ဖိစီးမှု့ကိုင်တွယ်နည်းနဲ့ပတ်သတ်တယ်၊ကိုယ်လုပ်ထားတဲ့ကောင်းတဲ့လုပ်ရပ်တွေပြန်တွေးပြီး မုဒိတာဖြစ်ပြီး တရားထိုင်လို့ ရတယ် ဝမ်းမြောက်ဝမ်းသာဖြစ်ပါ၊ ပြီးရင် ကိုယ့်မိသားစု ကိုယ့်ဆရာသမား ကိုယ့်မိတ်ဆွေတွေရဲ့ ကြိုးစားထားတာတွေ တွေးပြီး မုဒိတာဖြစ်ပါ၊ ဝင်လေ ထွက်လေ ကျကျနန ရှုရှိုက်ပြီး မုဒိတာလေးတွေတွေးပြီး တရားထိုင်ကြည့်ပါ၊ မနက်အိပ်ယာနိုးတာနဲ့ ကိုယ့်ဘဝအောင်မြင်ခဲ့တာ တခုခုကို ပြန်တွေးကြည့်ပါ၊ ပြီးမှ အိပ်ယာထပါ၊
☘️မုဒိတာနဲ့ နေ့တနေ့ကိုစတင်ပါ၊အလုပ်မှာလည်း ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို သူတို့လုပ်ငန်းခွင်မှာ ဘယ်လိုကြိုးစားကြတယ်ဆိုတာကို တွေးပြီး မုဒိတာထားပါ ဒါဆို တဉီးနဲ့တဉီးလေးစားမှုရှိလာမယ် အလုပ်ကိစ္စတွေကို လေးစားတဲ့စိတ်နဲ့ဆို စကားပြောတဲ့အခါ အဆင်ပြေမယ်၊ မုဒိတာတွေပွားများလာတာ ကြာလာတဲ့အခါ ကိုယ်နဲ့အဆင်မပြေတဲ့ပုဂ္ဂိုလ် ကိုယ့်ကို ဝေဖန်ဖူးတဲ့သူတွေရဲ့ကောင်းကွက်ကိုတောင်မှမြင်နိုင်တဲ့အနေအထားဖြစ်လာပြီ မုဒိတာထားနိုင်လာပြီဆိုရင် သိမ်ငယ်တဲ့စိတ်တွေ အများစုပျောက်သွားလိမ့်မယ် အရိယာမဖြစ်လို့မပျောက်သေးတာပဲရှိမယ် အနာဂံမဖြစ်လို့ လုံးဝအမြစ်မပျက်တာပဲရှိမယ် သူကခေါင်းမထောင်လာတော့ဘူး မုဒိတာ များများလုပ်ရင်၊ မုဒိတာဖြစ်တတ်လာရင် တခြားသူတွေကိုလည်းအထင်ကြီးဖို့မလိုတော့ဘူး သူတို့အောင်မြင်တာကို ဝမ်းသာတာပဲမုဒိတာစိတ်နဲ့ပေါ့၊ အထင်ကြီးတယ်ဆိုရင် သူရှိတဲ့ဟာကို ကိုယ်ကရချင်တာမျိုး လောဘကြီးတဲ့စိတ်နဲ့အထင်ကြီးတာဖြစ်ချင်ဖြစ်လိမ့်မယ် အကုသိုလ်စိတ်ပေါ့၊
☘️မုဒိတာက သိပ်အရေးကြီးတယ် ဒါကြောင့် သိမ်ငယ်တဲ့စိတ်ကိုဆုံးမပါဆိုတာက သတိပဌာန်တရားနဲ့ ( mindfulness လို့ခေါ်တယ် ခုခေတ်မှာတော့ ) အဲ့ဒါလေးကိုနားလည်အောင်လုပ်၊ သိမ်ငယ်တဲ့စိတ်ကို သိမ်ငယ်တဲ့စိတ်မှန်း သိအောင်လုပ် သိမ်ငယ်တဲ့စိတ်ကို သိမ်ငယ်တဲ့စိတ်မှန်းမသိဘူးဆိုရင်ဘာနဲ့တူတုန်းဆိုရင် ဘုန်းဘုန်း ဓမ္မပါဒ ထဲက စာပိုဒ်လေး ဘာသာပြန်ပြရရင် သိမ်ငယ်တဲ့စိတ်လေး နည်း တယ်ဆိုပြီးအထင်မသေးနဲ့တဲ့ တစက် တစက် ကျလာတဲ့ ရေလိုပဲ အိုးကြီးပြည့်သွားလိမ့်မယ်၊ အလားတူပါပဲတဲ့ သိမ်ငယ်တဲ့စိတ်ကိုလည်းပဲ သိမ်ငယ်တဲ့စိတ်က တနေ့တကြိမ် တနေ့၂ကြိမ် အဲ့လိုဖြစ်တယ်ဆိုရင် သိမ်ငယ်တဲ့စိတ်ကို ကိုယ့်ကို အကုန်လုံးလွှမ်းသွားလိမ့်မယ် တဲ့ ၊ သေးငယ်တဲ့အရာများ၏ နိယာမလိုပေါ့၊
☘️အဲ့ဒီတော့ ဂရုဏာ မုဒိတာ တရားနဲ့ သိမ်ငယ်တဲ့စိတ်တွေကိုစောင့်ရှောက်နိုင်ပါစေ ကိုယ့်စိတ်ကို ကိုယ် ဆုံးမနိုင်ပါစေ ဆုံးမနိုင်ပြီးတော့ နေ့စဉ်ဘဝမှာ ကိုယ့်ရဲ့အားသာချက် ကိုယ့်ရဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း အစဉ်ထာဝရ မုဒိတာဖြစ်နိုင်ပါစေ အဲ့ဒီမုဒိတာနဲ့ မိမိရဲ့အကျိုး သူတပါးရဲ့အကျိုး တိုင်းပြည်အကျိုး သာသနာတော်အကျိုး တိုး၍ တိုး၍ သယ်ပိုးဆောင်ရွက်နိုင်ကြတဲ့ပါရမီရှင်များ ဖြစ်ကြပါစေ။
သာဓု သာဓု သာဓု ပါ ဘုရား🙏🙏🙏

17/06/2025

Oxford Sayadaw သိမ်ငယ်တဲ့စိတ်ကိုဆုံးမပါ တရားတော်မှ ရေးသားကုသိုလ်ယူသည်
အပိုင်း ( ၂ )

🍀မိသားစုထဲမှာသတိထားဖို့ ကလေးတွေ သိမ်ငယ်စိတ်မဖြစ်ဖို့ပါ။ သူတို့ရှေ့မှာ စကားမများကြနဲ့ ရန်မဖြစ်ကြနဲ့၊ တခါတလေကျတော့ မိဘ သို့ ဆရာသမား တွေ အဆိုးမြင်ဝါဒ ရှိတယ် အဆိုးမြင်ဝါဒဆိုတာ ချို့ယွင်းချက်တွေကိုပဲကြည့်တယ် မင်းက ဒါမလုပ်ဘူး မင်းက ဒါညံ့တယ် ကလေး လုပ်တာတွေမကြည့်ဘူး ကလေး မလုပ်နိုင်တာတွေပဲကြည့်တယ် ။
🍀 ဘုန်းဘုန်းလက်ထဲမှာ ရေတဝက်နဲ့ဖန်ခွက်ရှိတယ် အကောင်းမြင်ဝါဒရှိတဲ့သူက ရေ တဝက်ပြည့်တယ်လို့ပြော တယ် အဆိုးမြင်ဝါဒရှိတဲ့သူက ရေ တဝက်လျော့တယ်လို့ပြောမယ် ၊ အဆိုးမြင်ဝါဒရှိတဲ့ ပုဂ္ဂိုလ်က လိုအပ်တဲ့ဟာတွေကိုပဲအမြဲပြောတယ် သူတို့ မေးရင်တော့ တိုးတက်စေချင်လို့ အဲ့လိုဆင်ခြေဆင်လက်ပေးတယ် သူတို့ပြောနေတာက လျော့နေတဲ့အပိုင်းကိုပဲ အမြဲတမ်းပြောတယ် ၊ ကိုယ့်ကလေး မလုပ်နိုင်သေးတဲ့ အရာတွေကိုပဲ ပြောတော့ ကလေးကလည်း သူ့ဘဝမှာ သူတကယ်လုပ်နိုင်ခဲ့တဲ့အရာတွေကိုမသိတော့ဘူး မုဒိတာ မဖြစ်တော့ဘူး ပီတိမဖြစ်တော့ဘူး သိမ်ငယ်တဲ့စိတ်တွေ ဖြစ်လာတယ် ငါဘာမှမလုပ်နိုင်ဘူးဆိုပြီး၊
🍀ကိုယ်ကိုယ်တိုင်က မိဘကြောင့် ပတ်ဝန်းကျင်ကြောင့် အလုပ်ကြောင့် စသည်ဖြင့် သိမ်ငယ်တဲ့စိတ်ပါလာရင် အဲ့စိတ်ကို ကျော်လွှားနိုင်အောင် ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားပါ ၊ သိမ်ငယ်စိတ်နဲ အောင် ကိုယ်ကြိုးစားခဲ့တာတွေပြန်တွေး မုဒိတာလုပ်၊ ကိုယ်လုပ်ခဲ့တဲ့ အရာတွေကိုတွေး မုဒိတာဖြစ် တခြားသူတွေရဲ့လုပ်အားတွေလုပ်ကိုင်နိုင်စွမ်းတွေ ပြန်တွေးကြည့် မုဒိတာဖြစ်ပါ၊ အဲ့ဒီလို ကိုယ့်ရဲ့မုဒိတာကိုချဲ့ပါ ကိုယ်ပြီးရင် ကိုယ့်မိသားစု ကိုယ့်မိတ်ဆွေ ကိုယ့်ရပ်ကွက် ကိုယ့်မြို့ စသည်ဖြင့် အဲ့ဒါတွေကြည့်ပြီးမုဒိတာ ဖြစ်ရင် သိမ်ငယ်စိတ်က အလိုလိုနဲသွားမယ် မုဒိတာစိတ်နဲ့သိမ်ငယ်တဲ့စိတ်ကိုအစားထိုးလိုက်ရတယ်။
🍀သိမ်ငယ်တဲ့စိတ်အကြောင်းထပ်ပြီးပြောရရင် အတန်းကျောင်းရောက်သွားတဲ့အခါ ဆရာတဉီးကို ကျောင်းသား ၇ ယောက် ၈ယောက် ပဲထားတယ်ဆိုရင် ဆရာက ကျောင်းသားတွေ တဉီးချင်း တဉီးချင်း ဂရုစိုက်ပေးနိုင်တယ် အဲ့ဒါကြောင့် ကျောင်းသားက ငါ့ကို ဆရာက လစ်လျှူရှုတယ် အဖယ်ခံရတယ် ဂရုမစိုက်ဘူးဆိုတဲ့ အားငယ်စိတ်မျိုးမဖြစ်တော့ဘူး ဆရာကလည်းပဲကျောင်းသားတိုင်းကျောင်းသားတိုင်းကို အားပေးနိုင်တဲ့အချိန်ရှိတယ် ကျောင်းသားက များလွန်းတဲ့အခါကျတော့ ဆရာကကျောင်းသားနာမည်တောင်မမှတ်မိနိုင်ဘူး ကျောင်းသား ၂၀ဆိုမှတ်မိနိုင်သေး ၄၀ ဆို ခက်သွားပြီ၊
🍀 ဘုန်းဘုန်းပထမဆုံး တရားဝင် စာချဘုန်းကြီးဖြစ်တော့အသက်၂၀ ရဟန်းဖြစ်ခါစလေး အလတ်တန်းသဒ္ဒါစာကိုပို့ချပေးရတယ် စာသင်သားအပါး ၇၅ပါးရှိတယ် နာမည်တောင်အကုန်မမှတ်မိဘူး ဒါကြောင့်အဲ့ဒီထဲမှာ တော်တဲ့တပါးကတော့ သူတော်မှာပေါ့ သူ့ဟာသူကြိုးစားနေတာ ကျန်တဲ့တဝက်ကျော်လောက်ကတော့ ဘုန်းဘုန်းကမှ သူတို့ကို တပါးစီ တပါးစီ ဂရုမစိုက်နိုင်တာ အဲ့ဒါ စနစ်က သူတို့ကိုမစောင့်ရှောက်နိုင်ဘူးခေါ်တယ် အဲ့လိုစနစ်က ကိုယ့်ကိုမစောင့်ရှောက်နိုင်ဘူး အထင်ခံရတဲ့ပုဂ္ဂိုလ်တွေက အားငယ်တယ် ၊ ဘေးရောက်သွားတာကိုး ဒီအတိုင်းပါပဲ ဘုန်းဘုန်းတို့နိုင်ငံအနေနဲ့လည်းပဲ ကိုယ့်ရှိတဲ့အစိုးရအဆက်ဆက် ဉပမာ ရန်ကုန်ကိုဉီစားပေးတယ် ရန်ကုန်ထဲမှာလည်းပဲ ဒဂုံတို့ ဗဟန်းတို့ စသည်ဖြင့်မြို့ထဲဉီးစားပေးမယ် အပြင်မြို့နယ်တွေ အာရုံစိုက်တာ အားနည်းတတ်မယ် အစိုးရက စီမံကိန်းတွေ ချမှတ်တဲ့အခါမှာ လမ်းပမ်းဆက်သွယ်ရေးလား မီးပေးရေးလား အထက်တန်းကျောင်းလား ကျန်းမာရေးဆေးပေးခန်းတွေလား တို့မြို့တွေကို အစိုးရစိတ်ထဲမှာမရှိဘူး အစိုးရရဲ့အာရုံထဲမှာတို့မပါဘူး တို့ကို ချန်ထားတယ် အဲ့လိုခံစားရတယ် အဲ့ဒါဆို သိမ်ငယ်တဲ့စိတ်ဖြစ်သွားပြီ ၊ မြို့ထဲကိုပဲ ပိုဉီးစားပေးတယ် ဒါစနစ်အရပေါ့ အဲ့လိုဖြစ်တဲ့အခါကျတော့ တောမှာနေတဲ့ပုဂ္ဂိုလ်တွေက အားငယ်တာပေါ့၊ အဲ့ဒါမြန်မာနိုင်ငံရဲ့လူအများစုက ကျေးလတ်ဒေသ မှာပဲနေတယ်ဆိုရင် ကျေးလတ်ဒေသမှာနေတဲ့ပုဂ္ဂိုလ်တွေက မြို့ထဲကလူတွေကိုကြည့်ပြီးတော့ သိမ်ငယ်တဲ့စိတ်တွေဖြစ်တယ်။ဒါ ဒို့နိုင်ငံသားတွေပဲ ဒို့နိုင်ငံသားအများစုသိမ်ငယ်တဲ့စိတ် ဖြစ်အောင် တို့စနစ်ကြီးက ဒီလိုဖြစ်နေတယ် ဒါစဉ်းစားစရာကောင်းတယ်၊
🍀ဘုန်းဘုန်းအဂ်လန်နိုင်ငံမှာ ၂၃နှစ်နေတယ်၁၉၉၆ ခုနှစ်ကတည်းက သူတို့ကကျတော့ ပြောင်းပြန် တောမှာနေတဲ့သူကသူဌေး မြို့ထဲမှာနေတဲ့သူက ဆင်းရဲတာ အိမ်တွေငှားနေတာတွေရှိတယ် နေ့လုပ် နေ့စားတွေရှိတယ် တောမှာနေတဲ့သူကတော့ ခြံအကျယ်ကြီးတွေနဲ့ ကိုယ်ပိုင်အလုပ်တွေနဲ့ အဲ့ဒါမျိုးတွေနေကြတယ်၊ အဲ့ဒါကြောင့် တောကသူတွေက အားငယ်တယ်ဆိုတာ သိပ်မရှိဘူး မြို့ထဲမှာ နေတဲ့ အလုပ်သမားလူတန်းစားတွေက အားငယ်တယ်။အားငယ်တဲ့လူတွေကို ကိုယ်စားပြုဖို့အတွက် ပေါ်လာတဲ့နိုင်ငံရေး ပါတီကို လေဘာပါတီ( အလုပ်သမားပါတီလို့ခေါ်တယ် ) လူ့အဆင့်အတန်း မညီမျှမှုကြောင့်ဖြစ်ပေါ်လာတာ ကွန်မြူနစ်ဝါဒ ဘာကြောင့်ပေါ်လာတာတုန်းဆို အနှိမ်ခံရတဲ့သူ တွေ စနစ်က မစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေ တချို့နိုင်ငံကျတော့ အဲ့ဒါတင်မကဘူး ဘုရင်တွေက နှိမ်သေးတာ အဲ့လိုတွေကြောင့် အနှိမ်ခံရတဲ့ ပုဂ္ဂိုလ်တွေက ထကြွ ဆူပူပြီးတော့ ဖြစ်ပေါ်လာတဲ့စနစ်ကို ကွန်မြူနစ်စနစ်လို့ခေါ်တာပဲ ဒေါသလေ သိလား ပိုက်ဆံရှိတဲ့သူတွေ အပေါ်မှာ ကြီးပွားတဲ့သူတွေအပေါ်မှာ မနာလိုမုန်းတာဒေါသစိတ်။
🍀သူတပါးရဲ့အောင်မြင်မှု သူတပါးရဲ့စည်းစိမ် သူတပါးရဲ့ဉစ္စာ သူတပါးရဲ့အဆင့်အတန်း အဲ့ဒါကို မကြည့်ရက်တာ လက်မခံနိုင်တာ မုဒိတာမဖြစ်တာ အဲ့မနာလိုတဲ့စိတ် ဒေါသ ခေါင်းစဉ် အောက်ထဲမှာပါတယ်၊တခြားသူတွေရဲ့ပြည့်စုံမှု တခြားသူတွေရဲ့ကောင်းစားမှု့ကိုကြည့်ပြီး ကိုယ့်မှာအလိုလိုနေရင်းနဲ့စိတ်ဆင်းရဲနေတာ သိမ်ငယ်တဲ့စိတ်ကနေပြီးတော့ မနာလိုစိတ်ဖြစ်လာတာ၊ အဲ့စိတ်ဖြစ်လာရင် စိတ်က အဖျက်သဘောဆန်လာတာ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စု အချင်းချင်းမနာတဲ့စိတ်တွေဖြစ်လာတာ အဲ့လိုဖြစ်ပြီဆို တစ်ယောက်ကို တစ်ယောက် ဖျက်ဆီးတော့မယ်၊ တခါ တခါ မောင်နှမကြားထဲမှာလည်းဖြစ်တယ် ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲဆိုတော့ ကိုယ့်ကိုယ်ကို တခြားလူတွေနဲ့အမြဲတမ်းနှိုင်းယှဉ်လို့ ဒီနှိုင်းယှဉ်မှုက ဒါမလိုအပ်တဲ့အပိုအလုပ်တွေပါ။
ဆက်လတ်ရေးသားပါဉီးမည် 🙏

12/06/2025

Oxford Sayadaw
သိမ်ငယ်တဲ့စိတ်ကိုဆုံးမပါ တရားတော်မှ ရေးသားကုသိုလ်ယူသည် 🙏

အပိုင်း ( ၁ )

🍁သိမ်ငယ်တဲ့စိတ်ကိုဆုံးမ ပါ ဆိုလို့ သိမ်ငယ်တဲ့စိတ်ကိုမထားနဲ့ပြောလို့မရဘူး သိမ်ငယ်တဲ့စိတ်က သူ့ဟာသူ အလိုလိုဖြစ်လာတာ
🍁လူလောကကြီးထဲမှာနေရတာ ကိုယ့်ရဲ့စိတ် ကိုယ့်ဟာကိုယ် ယုံကြည်မှုရှိအောင် တဖက်က လုပ်ရတဲ့မိဘတွေလည်း ဝိုင်းကူညီပေးရတယ် ဆရာသမားတွေလည်းဝိုင်းကူညီပေးရတယ် နိုင်ငံတော်ကလည်းပဲ စနစ်တခုနဲ့ ဝိုင်းပြီးတော့ ကူညီပေးရတယ် အဲ့လို ကိုယ့်ဟာကိုယ် ယုံကြည်စိတ်ရှိအောင်လုပ်တဲ့အခါမှာ ယုံကြည်စိတ်လွန်သွားပြီးတော့ အမှန်တရားနဲ့ ကင်းလွတ်ပြီး တခြားသူတွေကို အထင်သေးတတ်တဲ့စိတ် အဲ့လိုစိတ်လည်းပဲဖြစ်တတ်တယ်။
🍁တခါတခါကျတော့ ကိုယ့်ရဲ့ မိသားစုထဲမှာရော ကျောင်းတက်တဲ့အခါမှာရော ရပ်ကွက်ထဲမှာရော နိုင်ငံတော်က ထားတဲ့စနစ်တွေ ပေါ်လစီတွေအနေနဲ့ရော အဲ့ဒီနေရာမှာ ထားတဲ့စနစ်က ကိုယ့်အတွက်မပါဘူး စနစ်က အကုန်လုံးကိုမစောင့်ရှောက်ဘူး ဆိုပါစို့
🍁အိမ်မှာလည်းပဲ မိဘတွေက သူ့အလုပ်နဲ့သူ သူ့စိတ်ဒုက္ခနဲ့သူ ဖြစ်နေတဲ့ အချိန်မှာ ကိုယ်ကို အသက်ငယ်တုန်းလေး အစဉ်တစိုက် အားပေးရမယ့်အချိန်မှာ အားမပေးပဲနဲ့ ဒီတိုင်းလစ်လျှူရှုမိတာ တို့ ဆူလိုက်တာ ငေါက်လိုက်တာတို့အဲ့ဒီလိုမိဘ အဆူခံရတဲ့သူ အငေါက်ခံရတဲ့သူ ကျောင်းမှာဆရာသမား အဆူခံရတဲ့သူ ခဏခဏ အဆူခံရပေါင်းများရင် သိမ်ငယ်စိတ်ဖြစ်တတ်တယ်။
🍁ကိုယ့်သားသမီးတွေ ကိုယ့်တပည့်တွေကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာတွေ ရိုက်နှက်ပြီးဆက်ဆံတာတွေ အဲ့ဒီလိုဟာတွေ အဲ့ဒါက အိုးထိန်းသယ်က သူ့ရဲ့အိုးကို လှပအောင်လုပ်တယ်ဆိုပြီးတော့ ဆင်ခြေဆင်လက်ပေးပြီး ကလေးတွေကို ရိုက်တယ် အဲ့ဒါ စိတ်ပိုင်းဆိုင်ရာ အသိပညာ ကမ္ဘာကြီးပေါ်မှာ အားနည်းနေတုန်းက လုပ်ကြတာပါ အဂ်လန်နိုင်ငံလည်းလုပ်တယ် အမေရိကန်နိုင်ငံလည်းလုပ်တယ် ဉရောပနိုင်ငံတွေလည်းလုပ်တယ် အကုန်လုပ်တယ် အတန်းကျောင်းမှာ ကလေးတွေကို မရိုက်တာ နှစ်ပေါင်းသိပ်မကြာသေးဘူး ဘုန်းဘုန်းကိုယ်တိုင် ကိုရင်လေးတုန်းက အရိုက်ခံရတာ ကြက်တောင်၂ချောင်းကျိုးတယ်၊ ဒီလိုရိုက်တာကို တချို့မိဘတွေ ဆရာသမားတွေက လိမ်မာစေချင်လို့ရိုက်တာ ပြောကြတယ်၊ ဆရာသမားတွေ မိဘတွေ ကိုယ့်ကိုယ်ကို တခုမေးဖို့လိုအပ်တာ ဘာလည်းဆိုတော့ ကိုယ်ရိုက်တဲ့အချိန်မှာ စိတ်ဆိုးတာပါလား ဒေါသပါလား စိတ်ဆိုးတာပါတယ် ဒေါသနဲ့ရိုက်တာဆိုရင် ဘုန်းဘုန်းကတော့ အားမပေးဘူး သိမ်ငယ်တဲ့စိတ်ဖြစ်စေတယ် ကလေးတွေကို သိမ်ငယ်တဲ့စိတ်က အားငယ်တာပြောတာ အဲ့ဒီကလေးက အရိုက်ခံရလို့ စာဘယ်လောက်ပဲကြိုးစားကြိုးစား စာမေးပွဲတွေမှာ အဆင့်၁ပဲရရ သူ့စိတ်ထဲမှာသိမ်ငယ်တဲ့စိတ်က အမြဲတမ်းပါသွားပြီ၊
🍁တရားမထိုင်လို့ အဲ့ဒီစိတ်ကို သူ့ကိုယ်သူပြန်ပြီးတော့ မဆုံးမတတ်ဘူးဆိုရင်သိမ်ငယ်တဲ့စိတ်က တခါတခါ မခံချင်တဲ့စိတ်ဖြစ်လိုက် တခါတခါကျတော့ စိတ်တိုတဲ့ ဒေါသစိတ်ဖြစ်လိုက် တခါတခါကျတော့ တခြားသူတွေကို မနာလိုတဲ့စိတ်ဖြစ်လိုက် အဲ့ဒါမျိုးတွေဖြစ်တယ် ၊
🍁အခုပြောတဲ့စိတ်တွေအားလုံး သိမ်ငယ်တဲ့စိတ်တို့ အားငယ်တဲ့စိတ် စိတ်တိုတာတို့ စိတ်ကကြမ်းတမ်းပြီးတော့ ဘေးကလူတွေနဲ့ ဆက်ဆံရေးမှာအခက်အခဲရှိတာတို့ မခံချင်တဲ့စိတ်ဖြစ်တာတို့ အဲ့ဒီစိတ်အားလုံးကတော့ ဒေါသ ပဲ ဒေါသစိတ်ပဲ အဖျက်သဘောဆန်တဲ့စိတ် သူက ပျက်သွားတာကိုး အရိုက်ခံရတဲ့အချိန်မှာပျက်သွားတာ ၊
🍁စိတ်ပိုင်းဆိုင်ရာသုတေသနတွေပိုပြီးတော့အားကောင်းလာတဲ့ခုခေတ်မှာ ထောင်ထဲမှာ ထောင်သားတွေကို သူတို့ကျူးလွန်ခဲ့တဲ့ပစ်မှုတွေနောက်ထပ်မကျူးလွန်အောင်ဆိုပြီး သူတို့ကိုကြောက်အောင် သူတို့ကိုနှိပ်စက်တာတွေ အဲ့ဒါတွေက အဲ့ဒီလူတွေနောက်တခါလည်း အဲ့ဒီမှုခင်းတွေကို မကျူးလွန်အောင် မတားမြစ်နိုင်ဘူးတဲ့ ကမ္ဘာပေါ်မှာမှုခင်းအကြောင်းတွေလေ့လာတဲ့ပညာရှင်တွေဟာ အဲ့ဒါတွေရေးထားတယ်၊ ဘာဖြစ်လို့ ပြစ်မှုတွေကိုကျူးလွန်မိတုန်း ဉပမာ အထူးသဖြင့်ကိုယ်ထိလက်ရောက် သူများကိုဆော်ကားတာတို့ လူတွေကိုရိုက်တာတို့ လူသတ်မှုဖြစ်တာတို့ ဘာကြောင့်ဖြစ်တာတုန်း ဆိုတော့ ဆင်းရဲလို့တင်မဟုတ်ဘူးတဲ့ သူ့ရဲ့အဓိကအကြောင်းအရင်းက ဒေါသကိုမထိန်းနိုင်လို့ ၊
သေးသိမ်တဲ့စိတ်ရှိတဲ့သူဟာ သေးသိမ်တဲ့စိတ်ရှိရင် သူကဒီအတိုင်းမနေဘူး သူ့ကိုယ်သူ တခြားသူနဲ့အမြဲတမ်း နှိုင်းယှဉ်တယ် နှိုင်းယှဉ်တယ်ဆိုတဲ့အခါမှာလည်းပဲ သူ့ထက်ပိုပြီးတော့ သာတဲ့သူနဲ့နှိုင်းယှဉ်တယ် သူနဲ့တူတဲ့သူတောင်မှ သူကတချို့နေရာတွေမှာသာတာတွေရှိမယ် တခြားသူကလည်းတချို့နေရာတွေမှာသာတာတွေရှိမယ် ဒါပေမယ့် သူက သာတဲ့နေရာမှာ အဲ့ဒါတွေကိုမမြင်တော့ဘူး ဘယ်နေရာသွားမြင်တုန်းဆိုရင် သူများက သာတဲ့နေရာအဲ့ဒါပဲသွားမြင်တယ် အဲ့ဒါပဲသွားမြင်ပြီးတော့ သူ့ကိုယ်သူ အမြဲတမ်း အားငယ်တဲ့စိတ်ဖြစ်တယ် ကိုယ့်ကိုကိုယ် အမြဲတမ်းပဲအပစ်တင်နေတယ် ၊
🍁အဲ့ဒါဘယ်ကနေလာတာလည်းဆိုတော့ ဉပမာ မိသားစုထဲမှာ မိဘတွေက ကလေးတွေကိုဘယ်လိုဆုံးမရမယ် Parenting Skill လိုခေါ်တယ် ခုခေတ်မှာ အဲ့ဒါတွေ စိတ္တဗေဒပညာရှင်တွေက ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ ရေးသားပြုစုကြတယ်။
🍁အရင်လက ဘုန်းဘုန်းအိမ်သစ်တက် တခုသွားခဲ့တယ် တကယ့်ပညာတတ်မိသားစုလေးပါ ၂ယောက်လုံး နိုင်ငံခြားကနေဘွဲ့ရလာတာ၊ ကိုယ်ပင်ပန်းလာတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်က ခန္ဓာကိုယ်ပင်ပန်းနေတယ်ဆိုတာကို သတိမထားမိတဲ့အခါကျတော့ ခန္ဓာကိုယ်ပင်ပန်းရင် စိတ်ကိုထိပြီးတော့ စိတ်တိုလွယ်လာတယ် ပင်ပန်းလာတဲ့အခါမှာ ၅ မိနစ် ၁၀မိနစ် အနားမယူပဲနဲ့ ကိုယ့်ဟာကိုယ် ဟန်ဆောင်ပြီးတော့ အလုပ်တွေလုပ်တယ် ၊ အလုပ်လုပ်တယ် တချို့ကျတော့အလုပ်တော့မဟုတ်ဘူး ဖေ့ဘုတ်တွေ ဖုန်းတွေနဲ့အမြဲတမ်း ကြည့်နေပြီးတော့ အချိန်ကုန်နေတယ် အဲ့ဒါလည်းပဲ အင်အားတွေကုန်တာပဲ အဲ့လိုအင်အားတွေကုန်တာများရင် နားတဲ့အချိန်မရှိရင် ခန္ဓာကိုယ်က အင်အားတွေမထောက်ပံ့ပေးနိုင်ရင် ကိုယ့်ရဲ့စိတ်ကလည်း တိုလွယ်တယ် ဘုန်းဘုန်းကပြောတယ် သူတို့ကလေးတွေက ငယ်သေးတယ် ကိုယ့်စိတ်ကိုထိန်းကြနော် ကိုယ့်ဒေါသကိုထိန်းကြ နိုင်ငံခြားမှာဘွဲ့ရလာတယ်ဆိုပြီးတော့ တရားထိုင်တာတို့ ဗုဒ္ဓတရားတော်တို့နဲ့ မဝေးစေနဲ့ ဒါလိုအပ်တယ် ဘယ်နေရာလေးမှာလိုအပ်လည်းဆို ဘုန်းဘုန်းပြောပြတယ် ကိုယ်ကပင်ပန်းလာပြီးတော့အနားမရတဲ့အချိန်မှာ မနားရတဲ့အချိန်မှာ စိတ်က တိုလွယ်လာတယ် ဒီလောက်ချစ်တဲ့ လင်မယားချင်းတောင်မှပဲ တယောက်ကိုတယောက်မကျေနပ်မှုတွေ အဆိုးမြင်ဝါဒ တယောက်ရဲ့အပစ်ကိုပဲတယောက် က ကြည့်တာတွေအဲ့ဒီလိုအချိန်မျိုးတွေရှိတတ်တယ် အဲ့လိုဆိုရင် စကားပြောတဲ့အခါ အသံမြှင့်ပြီး ပြောတယ် ကလေးက ၁နှစ်သားအရွယ်လေးလောက်ပဲရှိသေးတယ် အမေနဲ့အဖေက တယောက်နဲ့တယောက်အသံမြှင့်ပြီးတော့ အော်ဟစ်ပြောတဲ့အခါမှာ ကလေးက ထိတ်လန့်တာပေါ့ ၂နှစ် ၃နှစ်ဆိုပိုပြီးတော့ထိပ်လန့်မယ် အဲ့ဒီလိုဖြစ်ရင် အဲ့ဒီကလေးက အားငယ်တတ်တယ် ကြောက်စိတ်ဝင်သွားတာကိုး သူကြောက်စိတ်ဝင်သွားတာ ကလေးကလည်းမသိဘူး မိဘကလည်း ဒီကလေးက ငယ်သေးတယ်ဘာမှမသိဘူးဆိုပြီး တော့ ကလေးကြောက်စိတ်ဝင်သွားတာ မသိဘူး။ အဲ့ဒါကြောင့် လူတစ်ယောက်တခါတခါ သိမ်ငယ်တဲ့စိတ်ဝင်ရင် ဘယ်ကနေဝင်လာမှန်း သူ့ကိုယ်သူမသိဘူး ဘေးကလူလည်းမသိဘူး ဖြစ်နိုင်ချေကတော့ သူငယ်ငယ်တုန်းက မိဘတွေက သူ့ရှေ့မှာ စကားများလို့။ကလေးက အမေနဲ့အဖေဟာ သူ့ရဲ့ကမ္ဘာပဲ အမေနဲ့အဖေက အသံမြှင့်ပြီးတော့ တယောက်နဲ့တယောက် စကားပြောတယ်ဆိုတော့ သူ့ကမ္ဘာပျက်သွားသလိုခံစားရတယ် ကလေးက စကားမပြောတတ်ပေမယ့် သူ့မှာ emotion ရှိတယ် စိတ်ခံစားမှုရှိတယ် အဲ့ဒါကြောင့်မိဘတွေသတိထားပါ၊
သိမ်ငယ်တဲ့စိတ်က သူ့ဟာသူဝင်လာတာ ဘာမှလည်းမဟုတ်ပဲနဲ့ သူများကိုကြည့်ပြီး ကိုယ့်ဟာကိုယ် အားငယ်စိတ်ဝင်တာ အဲ့လိုဆိုရင်လည်း ကိုယ်ဒီအားငယ်တဲ့စိတ် သိမ်ငယ်တဲ့စိတ် ဘယ်လိုစောင့်ရှောက်ရမှာတုန်း ဘယ်လို Healing ( ကုစား ) လုပ်မှာတုန်း အဲ့ဒါလေး ဂရုဏာနဲ့နည်းလမ်းလိုက်ရှာပါ။ သိမ်ငယ်တဲ့စိတ်ကိုသိလိုက်ပါ သိမ်ငယ်တဲ့စိတ်ထဲမှာ ငါမထည့်နဲ့ ( ငါသိမ်ငယ်နေတယ်ဆိုပြီးတော့ ငါမထည့်ပါနဲ့ ) ****ငါ့ရဲ့စိတ်ထဲမှာ သိမ်ငယ်တဲ့ခံစားမှုဖြစ်နေတယ်*** အဲ့ဒီလိုခံစားကြည့်ပါ လူကြီးတွေအနေနဲ့လုပ်နိုင်စွမ်းရှိတယ် ကလေးတွေကတော့မလုပ်နိုင်ဘူး လူကြီးတွေက ဒါကိုသိမ်ငယ်တဲ့စိတ်လို့ခေါ်တယ် ဒိုင်ရာရီရေးချင်လည်းရေးလို့ရတယ် ဘယ်နေ့တွေမှာ သိမ်ငယ်တဲ့စိတ်လေးပေါ်လာတယ် သိမ်ငယ်တဲ့စိတ်လေးကိုလက်ခံပြီးရင် သူ့ဆီမှာအာရုံမထားနဲ့တော့ ဝင်လေ ထွက်လေ ဆီမှာ ကိုယ့်စိတ်ကိုပြန်သွား သို့မဟုတ် ဘေးကိုပို့လိုက်ပါ။
အော် ငါ့ရဲ့စိတ်လေး သိမ်ငယ်တဲ့ခံစားမှုဖြစ်နေတယ် အဲ့စိတ်လေးဝင်ရင်လေ လူကဘေးကိုထွက်ချင်တာ လူတွေနဲ့လည်း တူတယ်လို့မယူဆတော့ဘူး မတူတာကိုပဲမြင်တယ် အဲ့ဒီလူတွေနဲ့ဆက်ဆံပြောဆိုနှုတ်ဆက်စကားပြောရမှာ စိတ်ထဲမှာ အားငယ်ပြီး မဝံ့မရဲဖြစ်ပြီး စိတ်က နောက်ဆုတ်ချင်နေတာ၊အဲ့လိုဖြစ်တယ်ဆိုရင် အော် ဒါအားငယ်တဲ့စိတ်ပဲ အဲ့ဒီလူတွေပြောနေတဲ့စကားကို စိတ်မဝင်စားတော့ဘူး ကိုယ့်ဟာကိုယ် အားငယ်တဲ့စိတ်ဖြစ်နေပြီ အဲ့ဒါလေးကိုအသိအမှတ်ပြုပြီး စိတ်ကို ဘေးကိုပို့လိုက် ပန်းလေးတွေရှိရင် ဒါကအဖြူရောင်ပန်းလေး ဒါက အစိမ်းရောင်အရွက်လေး ပေါ့၊ ဒါပေမယ့်အာရုံမပြောင်းခင် သိမ်ငယ်စိတ်ကိုလက်ခံလိုက်ပါ သိမ်ငယ်တဲ့စိတ်ဖြစ်နေတယ်ဆိုတာကို အသိအမှတ်ပြုလိုက်ပါ ( ရိပ်သာစကားအရဆို သိမ်ငယ်တဲ့စိတ်ကို သိမ်ငယ်တဲ့စိတ်လို့ မှတ်ပါ ) အသိအမှတ်ပြုပါလို့ပြောတာ သိစိတ်နဲ့အသိအမှတ်ပြုပါ ၊ သိမ်ငယ်တဲ့စိတ်က ဘယ်ကလာတုန်း မသိစိတ်က လာတာ
မသိစိတ် ကနေဖြစ်ပေါ်လာတာ။
ဆက်လတ်ရေးသားပါဉီးမည် ✍️

Oxford အောက်စ်ဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိဆရာတော်ဘုရားကြီး၏ Growth Mindset and Happiness Habit ပျော်ရွှင်မှုအကျ...
29/05/2025

Oxford အောက်စ်ဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိ
ဆရာတော်ဘုရားကြီး၏
Growth Mindset and Happiness Habit ပျော်ရွှင်မှုအကျင့် တရားတော်မှ ဆီလျှော်အောင် ရေးသားကုသိုလ်ပြုပါသည်
အပိုင်း( 4 )

Growth Mindset & Fixed mindset
ဒီအကြောင်းကို american stanford university က psychology professior Carol Dweck ဆရာမကြီး သုတေသနလုပ်ပြီးတော့ တင်ပြထားတာ ဖြစ်ပါတယ်၊ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေ ဆရာမကြီးကိုဖိတ်ပြီး သင်တန်းတွေပေးကြတယ်။ Growth Mindset & Fixed mindset ဆိုပြီး ၂ ခုရှိတယ်။ Fixed mindset ဆိုတာက ကိုယ့်ရဲ့ စွမ်းရည်က ပုံသေ ဖြစ်တယ် လို့ယုံကြည်တယ် ၊ တော်တယ်ဆိုလျှင်လည်း မွေးကတည်းက တော်လာတာ ဒီတိုင်းတောက်လျှောက် တော်နေမယ် ညံ့တယ်ဆိုလျှင်လည်း ဒီအတိုင်းညံ့နေမှာ ပြုပြင်ပြောင်းလဲလို့မရဘူး ထာဝရလို့ သတ်မှတ်ထားတာ။ ထာဝရဆိုတဲ့စကားကို နိစ္စလို့ခေါ်တယ် Permanent ပဲ အစစအရာရာတည်မြဲတယ် ဒီပုံစံပဲ အဲ့ဒါကို မြတ်စွာဘုရားက ဘာပဲဖြစ်ဖြစ်တည်မြဲတယ်လို့ ယူဆရင် အဲ့ဒါအယူမှားနေတာ အစစအရာရာ ပြောင်းလဲနေပါတယ် အနိစ္စပါ change ပါ change ability ရှိလို့ ပြောင်းလဲနိုင်စွမ်းရှိလို့ သဘာဝကိုက ပြောင်းလဲနေပါတယ် ရုပ်ခန္ဓာကိုယ်တို့ စိတ်တို့ ဒါတွေဟာ ပြောင်းလဲနေပါတယ် ပြောင်းလဲတဲ့နေရာမှာ အကောင်းဘက်ပြောင်းလဲအောင် Growth Mindset က ဝင်လာတယ် ။
ဆရာမကြီးရဲ့ သုတေသနလုပ်တဲ့ထဲမှာ ၅ တန်းကလေးတွေကို ၅ တန်းသင်ခန်းစာတွေ ပေးပြီး ဖြေခိုင်းတယ် ဖြေနိုင်ကြတယ် ဆရာမကြီးက သားတို့သမီးတို့ တော်တယ်လို့ချီးကျူးတယ် နောက်တဆင့်ကျတော့ ၅ တန်းကလေးတွေကို ၇ တန်း သင်ခန်းစာတွေ ဖြေခိုင်းတယ် အဲ့ဒီအခါ ကလေးတွေက မဖြေနိုင်ကြဘူး အဲ့ဒီအခက်အခဲကို တုန့်ပြန်တဲ့နေရာမှာ ကျောင်းသားတွေက ၂ အုပ်စုကွဲသွားတယ် သဘာဝ အရ အုပ်စု ၂ခု ကွဲထွက်လာတယ်၊ ၁အုပ်စုက ဟာ ဒီသင်ခန်းစာက ခက်လိုက်တာ စိတ်မဝင်စားတော့ဘူး နောက်ဆုတ်တယ် give up လုပ်တယ် မမေးဘူး ထွက်ပေါက်မရှာဘူး တို့က ဒီလောက်ပဲရတယ်ဟေ့ ပေါ့ …ငါတို့အရည်အချင်း က ဒီလောက်ပဲရတယ် Fixed ဖြစ်တယ် ပြုပြင်ပြောင်းလဲလို့မရဘူး ၊ we don’t know I don’t know ဆိုတဲ့ statement တွေ ပေးတယ်၊ ငါတို့မသိဘူး ပေါ့။
ဒုတိယအုပ်စုကကျတော့ ဒါကြီးက ခက်လိုက်တာ ဆရာမကြီးကို သွားမေးမှပဲ ဒီသင်ခန်းစာတွေ ဘယ်ကဝယ်လာလည်းမသိဘူး မေးကြမယ် အိမ်ပြန်ရောက်ရင် မာမီ့ဝယ်ခိုင်းမယ် ဟေ့ အဲ့ဒီအုပ်စုက အဲ့လိုတွေးတယ်၊ ဒီကလေးတွေအတွေးအဲ့လိုကွာသွားတယ်။ အဲ့ကလေးတွေက I don’t know yet. တဲ့ သူတို့မသိသေးဘူး တဲ့။
၁ဖွဲ့က မသိဘူး ၁ဖွဲ့က မသိသေးဘူး
အဲ့ဒါပဲကွာတယ် mindset မှာကျတော့ အများကြီးကွာသွားပြီ ငါမသိသေးဘူးဟု ယူဆထားလျှင် တစ်ယောက်က လာပြီးတော့ ထောက်ပြရင် အဲ့ဒီလူက စိတ်မဆိုးဘူး
ငါမသိဘူးဆိုတဲ့သူက တစ်ယောက်ယောက်က လာထောက်ပြရင် ဒါ ငါ့ကိုနှိမ်တာပဲ ငါကိုချိုးတာပဲ ငါ့ကို လူရှေ့သူရှေ့မှာ‌ ဒေါက်ဖြုတ်တာပဲ လို့ ခံစားရတယ်။ ဒါက mindset ကွာလို့။
Growth Mindset ရှိသူကတော့ တိုးတက်ဖို့အတွက် အခွင့်အလမ်းဖြစ်တယ် မသိတာကို သူများလာပြောပေးရင် သိသွားလို့ ကျေနပ်တယ်။ ဘုန်းဘုန်းလဲ တခါတခါ လေ့ကျင့်ကြည့်တယ် တခါခါ Fixed mindset ထဲ ရောက်သွားတာတွေရှိတယ် တခါတခါ Growth Mindset ထဲပြန်ဆွဲခေါ်ရတယ် ဒီလိုပဲ ကိုယ့်ကိုယ်ကို သတိထားမိတယ်။ ငါ ဘာမှားနေလည်းဆိုပြီး ဆရာမကြီးစာအုပ်တွေ ဝယ်ဖတ်လေ့လာတယ် ဒါက လေ့ကျင့်ယူရတယ်လို့ သိလာရတယ်။ ဒါကြောင့် Happiness Habit တင်မဟုတ်ဘူး ဘုန်းဘုန်းက Growth Mindset ကိုပါအကျင့်ဖြစ်အောင်လုပ်ဖို့အားပေးချင်တယ်။
Fixed mindset ကြီးနဲ့ နေရင် တို့ကိုဝေဖန်ခွင့်မရှိဘူး ဆိုပြီး နေရာတိုင်းမှာ ဆက်ဆက်ထိမခံဖြစ်နေတတ်တယ်။ ပြီးရင် ဆက်ပြီးလေ့လာဖို့အတွက် ဆန္ဒသိပ်မရှိဘူး ၊ ကိုယ်သိထားတဲ့ဟာတွေက အကန့်အသတ်ရှိတယ် အကုန်လုံးမသိဘူး ဆက်ပြီးလေ့လာဖို့လိုတယ် ဒီစိတ်လေးထားဖို့ပါ။ ဆက်လတ်လေ့လာလို့ရတယ် ဆိုပြီး စိတ်က ယုံကြည်ချက်ရှိရမယ် အဲ့ဒီယုံကြည်ချက်ထားပေးပါ ကိုယ့်ကိုယ်ကို အဲ့လိုငါကဆက်ပြီးလေ့လာလို့ရတယ် သင်ယူလို့ရတယ်လို့ ယုံကြည်ချက်ကိုမထားရင် Fixed mindset ထဲရောက်ရောက်သွားလိမ့်မယ်။ ဆက်လတ်ပြီးတော့လည်းလေ့လာနိုင်တယ် ဆက်လတ်ပြီးတော့လည်း သိလာနိုင်တယ် Growth ဖြစ်ခွင့် ကြီးထွားခွင့်ရှိတယ် ပေါ့ အဲ့လိုအမြဲတမ်းကိုယ့်ကိုယ်ကို သတိပေးရတယ်။ Growth Mindset က ကိုယ့်က ဒီထက်ပိုပြီးတော့ ကောင်းနိုင်တယ် ဒီထက် ပိုကောင်းဖို့လိုတယ်ဆိုတာလည်း လက်ခံထားတာ။
အခု ဆင်ခြင်ကြည့်ရအောင် တရားထိုင်သလိုပုံစံလေးနဲ့ အချိန် ၆ မိနစ်လောက် = ကိုယ့်ရဲ့ချို့ယွင်းချက်ကို ကိုယ်ကမြင်ရတဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုဖြစ်တုန်း ပြန်ပြီးတော့အပြစ်တင်လား Fixed mindset ထဲဝင်လား ဒါမှမဟုတ် ကိုယ့်ရဲ့ချို့ယွင်းချက်ကို မြင်တဲ့အခါ ဪဒါလေး ငါပြုပြင်နိုင်တယ် လေ့လာနိုင်တယ်ဆိုပြီး စိတ်မပျက်ပဲ ဆက်လေ့လာသလား ဒါ ကိုယ့်ဟာကိုယ် ပြန်ဆင်ခြင်ကြည့်။ နောက်တခုက လုပ်ငန်းခွင်မှာ သူများဝေဖန်ခံရတဲ့အခါ စိတ်ထဲ မှာ ပေါက်ကွဲသွားသလား သူ့ကို ရန်သူလို့ ချက်ချင်းသတ်မှတ်လိုက်လား အဲ့လူကိုဘယ်လိုတုန့်ပြန်လိုက်သလဲ ကိုယ့်ဟာကိုယ်ပြန်စဉ်းစား ဆင်ခြင်လိုက်ပါ။ အဲ့ဒီအခါ ဖြစ်ပေါ်လာတဲ့ကိုယ့်ရဲ့ တုန့်ပြန်မှုတွေကို အကောင်းအဆိုးမဝေဖန်ပဲ လက်ခံပေးပါ။ ငါဒီလိုဖြစ်နေတယ်ပေါ့။
Growth Mindset အနေနဲ့ဆိုလျှင် ကိုယ့်လုပ်ငန်းခွင်မှာ ကိုယ်က ပြသာနာနဲပါတယ် တခြားသူတွေရဲ့ တုန့်ပြန်ပြောဆိုမှု ဝေဖန်မှုတွေ တန်ဖိုးသတ်မှတ်ချက်တွေကို မှားမှား မှန်မှန် သူတို့ ပြောတဲ့ဟာတွေကို လက်ခံရမှာ ကိုယ်က ကြောက်စိတ်မရှိဘူး၊
မြတ်စွာဘုရားက ပြောထားတယ် လူတွေက ကိုယ့်ကိုပြောတယ်ဆိုရင် စိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့ သူတို့ပြောတဲ့ဟာတွေက ဟုတ်တယ်ဆိုရင် ပြုပြင်လိုက် မဟုတ်ဘူးဆိုရင် confidence အပြည့်နဲ့ကိုယ် လုပ်စရာရှိတာ ဆက်လုပ်ပါ။

Fixed mindset ဆိုတာ ခုဏ တုန်းက ဘုန်းဘုန်းပြောသလို ဘုန်းဘုန်းကိုယ်တိုင် Fixed mindset ထဲရောက်သွားလိုက် Growth Mindset ထဲရောက်သွားလိုက် အဲ့လိုဖြစ်နေတာ။ မိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲ ကိုယ်လည်းပဲ Fixed mindset ဖြစ်လိုက် Growth Mindset ဖြစ်လိုက် ကိုယ့်သားသမီး ပြုပြင်စရာရှိလို့ ကိုယ်ပြောတဲ့အခါ Fixed mindset နဲ့ပြောမိ သလား Growth Mindset နဲ့ပြောမိသလား တိုးတက်စေချင်တဲ့စေတနာတော့ရှိတယ် ဒါပေမယ့် Growth Mindset က ရှေ့တန်းရောက် မနေဘူး ဆိုရင်တခါတခါ ကိုယ့်ရဲ့ကလေး ဒီပုံစံအတိုင်းအမြဲဖြစ်မှာဆိုးလို့ ဆိုတဲ့ စိတ်က အားသာသွားတယ်။ အဲ့လိုအချိန်မျိုးဆိုရင် anxiety စိုးရိမ်မှုတွေ ဒေါသတွေ အထင်သေးစိတ်တွေ အဲ့ဒါမျိုးတွေ စိတ်ထဲဝင်လာတယ်၊ ဘုန်းဘုန်း လည်းတချိန်က စာလေ့လာသင်ယူခြင်းတခုမှာ အသက် ၁၈နှစ်လောက်ကပေါ့ ဘုန်းဘုန်းတို့ ၃ပါး အတူတူ လေ့လာတယ် ၅ ရက်လောက်မှာ ၂ပါးက မသင်တော့ဘူး ဘုန်းဘုန်း ၁ပါးပဲကျန်ခဲ့တယ် မှားတယ်မှားတယ် မှင်နီနဲ့ တားခံရတယ် နေ့တိုင်းနေ့တိုင်း ၃ပတ်လောက် ၊ အဲ့ဒီအချိန်မှာ ဘုန်းဘုန်းက မခံချင်တဲ့စိတ်နဲ့ တောင့်ခံနေတာ လို့ အခုပြန်မြင်တယ် Growth Mindset တကယ်မရှိခဲ့ဘူး ငါ့ရဲ့ဆရာသမားက ငါ့ကို ယုံကြည်လို့ ပြုပြင်နိုင်မယ်ထင်လို့ ဒါတွေပြုပြင်ခိုင်းတာ ငါ ပြုပြင်ရင် အမှားတခုကို ၂ကြိမ် ၃ကြိမ်ပေါ့ အများဆုံးပြုပြင်ရမှ .. အဲ့နောက်ပိုင်းမှာ ထပ်မမှားတော့ဘူး အဲ့ဒီလို အတွေးကမဝင်ဘူး …..
ကြည့်စမ်းပါဉီး ငါ့ကို တခါမှအမှန် မပေးဘူး အဲ့လိုမကျေနပ်စိတ်တွေ ဖြစ်တာ အဲ့လိုဖြစ်တယ်ဆိုရင် Neurology အရဆိုရင်လည်း cortisol hormone တွေဖြစ်တယ် amygdala brain က active ဖြစ်လို့ အဲ့ဒီအချိန်မှာ စိတ်က creative သိပ်မဖြစ်ဘူး ။
Fixed mindset မြင်ရင် အဲ့ဒီစိတ်ကို ဂရုဏာနဲ့ကြည့်ပေးပါ အော် မသိလို့ Fixed mindset ဝင်သွားတာ လူလောကကြီးမှာတယောက်ကိုတယောက် ချီးမြှောက်တာထက် ဝေဖန်ဖို့ က မြန်ဆန်နေတဲ့အခါကျတော့ ဒီလောကကြီးထဲမှာ ကြီးလာရတာ တို့တွေ ဒီ Fixed mindset ကြောက်စိတ်ကြောင့် Fixed mindset ကိုထားမိတာ ကိုယ့်ကိုယ်ကို မချစ်လို့မဟုတ်ဘူး ကိုယ်မေတ္တာမထားလို့မဟုတ်ဘူး ဒီနေ့ကစပြီး ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ Growth Mindset ငါထားမယ် ငါဒီထက်ပိုပြီးတော့ တိုးတက်အောင် စိတ်ချမ်းသာအောင် တို့လုပ်ငန်းအတွက်တင် မကဘူး တို့ မိတ်ဆွေတွေ သူတို့ရဲ့ ပြသာနာတွေတက်နိုင်သလောက် ကိုယ်လုပ်နိုင်တာကနေတဆင့် ဝိုင်းဝန်းဖြေရှင်းနိုင်အောင် တို့တွေကြိုးစားမယ် ဘယ်လိုပြသာနာမျိုးမဆို ကြိုးစားပြီးနည်းလမ်းရှာလို့ရတယ် နည်းလမ်းမတွေ့သေးတာပဲရှိမယ် မဟာဇနက မင်းသား သူလည်းပဲကမ်းခြေမမြင်ဘူး ဘယ်လောက်ကူးရမယ်ဆိုတာလဲ မသိဘူး ဒါပေမယ့် ကူးနိုင်တယ် ကမ်းခြေရှိတယ် အဲ့ဒီစိတ်ထားရှိလို့ ဆက်ကူးတာ တခြားခရီးသွားတွေကတော့ အဖြေမရှိတော့ဘူးဆိုပြီးတော့ မြင်ကြတယ် ဆက်လည်းမကူးတော့ဘူး give up လုပ်ကြတယ် Fixed mindset ရှိလို့ သူတို့တွေကတော့ ငါးစာ ငမန်းစာ မိချောင်းစာဖြစ်သွားကြတယ် အခြေအနေတခုတည်းပဲနော် mindset ကွာတယ်၊
ကိုယ်ကြိုးစားရင် အရာရာ ပြောင်းလဲတယ် ကိုယ့်ရဲ့အရည်အချင်းလည်းပဲတိုးတက်နိုင်တယ် ဒီနေရာမှာ အရည်အချင်းကို တခြားသူတွေရဲ့အရည်အချင်းနဲ့ သွားပြီးတော့ မနှိုင်းယှဉ်နဲ့ နှိုင်းယှဉ်ရင်တော့ Fixed mindset ထဲအလွယ်တကူဝင်သွားနိုင်တယ် ကိုယ့်ရဲ့အရည်အချင်းကို ဘာနဲ့နှိုင်းယှဉ်ရမှာတုန်းဆိုရင် ပြသာနာနဲ့ နှိုင်းယှဉ်ရမှာ ဒီပြသာနာနဲ့နှိုင်းယှဉ် ရင် ငါ့ရဲ့အရည်အသွေး ဘယ်နေရာမှာ improve လုပ်ဖို့လိုသေးတုန်း ဒီလိုတွေးရမှာ၊
လူလောက ကြီးက ပြသာနာတွေ ဒါတွေရှိတယ် ဒါတွေရှိတယ် ဘယ်ပြသာနာတခုကို ငါဝိုင်းပြီးတော့ဖြေရှင်းပေးနိုင်တုန်း အဲ့ပြသာနာနဲ့ကိုယ့်ရဲ့ အရည်အသွေးနဲ့ တိုင်းတာပြီး ကိုယ့်ရဲ့အရည်အသွေးကို Growth Mindset နဲ့ ထပ်ပြီးတော့ ဖြည့်ကြပါ။

Growth Mindset and Happiness Habit တရားတော်ကို နာယူပြီး အပိုင်း ၄ ပိုင်းဖြင့် ရေးသားပြုစုပြီးပါပြီရှင် ဖတ်ရှု့အားပေးကြသူများ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် 🙏

Address

Phnom Penh
120804

Website

Alerts

Be the first to know and let us send you an email when May Power posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share