Pan's Hacks

Pan's Hacks YOLO Skincare Ju**ie who just wants to spread love only and empower Women

အားလုံးပဲ မင်္ဂလာပါ Sales လေးတွေမလာခင် ကတိပေးထားတဲ့အတိုင်း High End Makeup/ Foundation လေးတွေကို Short Review လေးရေးပေးခ...
03/05/2025

အားလုံးပဲ မင်္ဂလာပါ Sales လေးတွေမလာခင် ကတိပေးထားတဲ့အတိုင်း High End Makeup/ Foundation လေးတွေကို Short Review လေးရေးပေးချင်လို့ပါ။ ဝယ်ဖို့ စဉ်းစားနေတဲ့လူတွေအတွက် အကျိုးရှိမယ် မျော်လင့်ပါတယ်

Disclaimer- အခု review လေးက ပန့် Skin Type Oily- Combination Acne Prone Skin မှာလူးထားတဲ့ Result ကို အခြေခံရေးထားတာကြောင့် တယောက်နဲ့တယောက် user experience/ results အတွေအကြုံမတူနိုင်တာလေးကို ကြိုပြီး သတိချပ်စေလိုပါတယ်
(ပန် Product လေးတွေဘေးမှာ ပနိလူးတဲ့ Shade လေးတွေပါထည့်ပေးထားပါတယ်။ ပန်က ဖြူတာကြိုက်တဲ့လူမို့ အရောင်ကိုကွက်တိမယူပဲ ဖြူတာလေးကိုပိုယူဖြစ်ပါတယ်)

Selena Gomez ရဲ့ Rare Beauty Foundation လေးက ဝယ်ထားပေးမယ့် အခုထိ မရောက်လာလို့ ဒီ review post လေးမှာတော့ မပါလာတော့ပါဘူး။ အခု Review ပေးတဲ့ Product လေးတွေကို ပန့်အနေနဲ့
1. Lightweight ဖြစ်မဖြစ်
2. Coverage ဘယ်လောက်ရလည်း (ဝက်ခြံ အမာရွတ်ဖုံးဖို့လိုတာမို့ပါ)
3. Long lasting ဘယ်လောက်ဖြစ်လည်းနဲ့
4. oily-combo skin ဖြစ်တာမို့ တနေကုန် ဘယ်လောက်အထိ မိတ်ကပ်သားမကွက်ပဲ ဝင်းပြီး မိတ်ကပ်သားတက်လည်းရယ်
5. အဆီဖု၊ ဝက်ခြံ ထွက်မထွက် ပေါ်မှာ မူတည်ပြီး Rating လေး ပေးထားတာပါ

စာရှည်မှာစိုးလို့ ပန်အများကြီး မရေးတော့ပေမယ့် ပုံလေးတွေမှာ Rating & short review လေးပါလို့ ပုံလေးတွေကို ဖတ်ပေးကြပါနော်။

📌Repurchase လုပ်မယ့်ဟာကိုပြောပါဆို
- Dior Forever Skin Glow (ကို everyday ကနေ ပွဲတက်အထိ သုံးလို့ရတာမို့ skintone ကိုက်အောင် 1N ပြောင်းဝယ်ပါမယ်)
- Charlotte Tilbury Beautiful Skin

📌 ကုန်အောင် သုံးမယ့် (ထပ်ဝယ်ရ မဝယ်ရ စဉ်းစားတဲ့)ဟာကို ပြောပါဆို
- Too Faced Healthy Glow (Clean Girl Look ရချင်ရင် သုံးကြပါ)
- Lancom Idole Ultra Wear (Chinese Tiktok makeup look တွေအတွက်ကိုက်ပါတယ်)
- Dior Backstage Foundation (Everyday Look အတွက် ပိုအဆင်ပြေတဲ့ Forever Skin Glow ကို ပန်ပိုကြိုက်လို့ပါ)
- Charlotte Tilbury Airbrush Flawless Foundation (Airbrush looks ရပြီး မိတ်ကပ်သားလှပေမယ့် မြန်မာပြည်မှာ ပူတာများတာမို့ အဲ့လိုထူတာကြီး အမြဲ လူးဖြစ် မလူးဖြစ် စဉ်းစားရလို့ပါ)

📌 Internationally Hyped ပေမယ့် ပန့်အတွက် ကောင်းတာရော ဆိုးတာရော သိပ်သိသိသာသာ မထူးတဲ့ Foundation တွေဆိုရင်
- Haus Labs Triclone Skin Tech (Dry-Normal Skin ပဲလူးဖို့ပြေမယ်မြင်ပါတယ်။ ပန့်အတွက် အရမ်း အစိုဓာတ်ရော အဆီများသလို ခံစားရလိုပါ)
- Huda Beauty Easy Blur
- Too faced, born this way medium to full coverage

📌 ဝယ်ပြီး သိပ်မကြိုက်တာကိုပြောပါဆိုရင်
- Laura Mercier Weightless Perfecting Foundation (မိတ်ကပ်သားပါးပြီးလှပေမယ့် ကြာလေ မိတ်ကပ်ကွက်တာ မခံစားနိုင်လို့ပါ)
- Tarte, face tap (နေပူရင် မထင်ရင်မထင်သလို အဆီဖုထစေတာမို့ပါ)

Hope this helps. တခြားသိချင်တာလေးရှိရင် Comment မှာမေးပေးလို့ရပါတယ်နော် 🎀

အားလုံးပဲ မင်္ဂလာပါ အခုက နေအရမ်းပူ ဝက်ခြံတွေ အဆီဖု အပူကန်ပေါက်နေမှာမို့ လိုမယ်ထင်တဲ့ Skincare Review လေးပါ အကုန် ကိုယ်တိ...
22/04/2025

အားလုံးပဲ မင်္ဂလာပါ အခုက နေအရမ်းပူ ဝက်ခြံတွေ အဆီဖု အပူကန်ပေါက်နေမှာမို့ လိုမယ်ထင်တဲ့ Skincare Review လေးပါ အကုန် ကိုယ်တိုင် သုံးနေတာကြာပါပြီ ကောင်းလွန်းလို့ review ပေးချင်လို့ အခွံတွေပါ သိမ်းထားတာတွေပါ။ မျက်နှာ အရမ်း Breakout ဖြစ် ဆေးခန်းပြရတည်းက သုံးရင်း သက်သာတဲ့အပြင် အခု ဆေးခန်းပါသွားစရာမလိုပဲ ဒါလေးတွေနဲ့တင် အဆင်ပြေနေတာမို့ ကိုယ်တိုငိလည်း အဲ့တာတွေ အပြတ်မခံနိုင်လို့ ၂ဘူးစီ ကြို Stock မှာထားရတဲ့အထိ တည့်လို့ ညွှန်းပေးတာပါ။

ပုံမှန် အဆီဖု ဝက်ခြံသမားတွေအတွက် ရည်ညွှန်းတာမို့ အရမ်း Sensitive Skin ဆိုရင် တချက် Ingredients စစ်ပြီး စဉ်းစားပြီးမှ ဝယ်စမ်းဖို့ မှာလိုပါတယ်

Senka Facial Foam က ပန်က Acne Care ပိုကြိုက်ပါတယ် ဝက်ခြံ အဖုကြီးရော အဆီဖုပါ အကုန်သက်သာလို့ပါ။ Medicated ကတော့ အဆီဖုပဲနိုင်ပါတယ် ဝက်ခြံအကြီးတွေ ကန်တက်လာရင် မရတော့ဘူး။ Sensitive သမားဆိုရင်တော့ Acne Care က နည်းနည်း ပြင်းမယ်ထင်ပါတယ်။ Medicated လောက်ပဲ စသုံးစေချင်ပါတယ် ။ ပန်ကတော့
Senka Myanmar က ဝယ်တာပါ

Medicube Exosome Cica Line က ဒီလောက်ကောင်းတာ ဒီမှာဘာလို့ သိပ်မပေါက်လည်း ပန်တော့ သိပ်မသိပေမယ့် တကယ်ကောင်းလို့ သုံးစေချင်လို့ ညွှန်းတာပါ။ Cica Toner Pad ဘယ်လောက်ကောင်းလည်းဆို မိတ်ကပ်လူး နေပူထဲထွက် အဆီဖုတွေ ဝက်ခြံတွေကန်တက်ပြန်လာလို့ မျက်နှာသစ်ပြီး Toner Pad နာရီ ဝက်လောက်ကပ်တာနဲ့ နီရဲနေတာ အကုန်သက်သာ အဖုအသေးဆိုချပ်ကျသွားပြီး အကြီးတွေဆို ကပ်သွားတာရယ်

အဲ့လိုပဲ Medicube Cica Serum ကဆိုရင် Purging ဖြစ်သလို ကန်တတ်တာ မတည့်တာ ပြင်းတာမရှိပဲ မပြစ် မကျဲ Texture လေးနဲ့ အေးပြီး ညလူး မနက်ဆို အဆီဖုအကုန်ရှင်း အဖုအကြီးတွေဆို ချပ်ကျလာတာရယ်။ မနက် မိတ်ကပ်အောက်လူးထားလည်း အဖုအသစ်တွေ ကန်တတ်တာမဖြစ်စေဘူး။ ပန့်အတွက်တော့ ဝက်ခြံတွေ အဆီဖုတွေ အများကြီးကန်တတ်လာရင် Medicube Cica Toner Pad & Serum ရယ်ဆို ၃/၄ရက်နေ သက်သာသွားတာပဲရယ်။ ပုံမှန်ကတော့ ပန် OS ကပဲ မှာတာပါ မနေ့ကတော့ Medicube လေးတွေ The Beauty Roomမှာ instock ရနေလို့ ဝယ်လာပါတယ်

Moisturizer အနေနဲ့ကတော့ ပန့်အနေနဲ့ Skin Barrier ကောင်းအောင် အိမ်မှာရှိတာတွေကိုပဲ ကုန်အောင် သုံးနေလို့ မထည့်တော့တာပါ။ ပန်သုံးတာ Benton Aloe Moisturizer Gel, 345 Relief Cream နဲ့ Purito Oat in Calming Gel ကိုသုံးနေပါတယ်။

See you next posts 😗

Address

Daegu
38616

Telephone

+821027049542

Website

Alerts

Be the first to know and let us send you an email when Pan's Hacks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pan's Hacks:

Share

Category