Eps Topik Sharing

Eps Topik Sharing 🔻 Eps စားမေးပွဲနှင့်ပတ်သက်သမျှ share ပေးပါမည်။🔻

01/01/2026

ခုချိန် EPSသင်တန်းတက်သင့်တယ် မတက်သင့်ဘူး
ဆုံးဖြတ်ပေးနေရအောင် သင်တန်းဆရာတွေက အကြားအမြင်ရ ဘိုးတော်တွေ မဟုတ်သလို
သင်တန်းတက်မယ့်သူတွေကလည်း နလပိန်းတုံး
$ချဥ်ကောင် တစ်ကောင်မှ မပါဘူး။

အခုခေတ်ကလေးတွေကို လျှော့မတွက်နဲ့။
ငါဆရာဆိုပြီး ငါပဲသိ ငါပဲတတ် အရာရာ
မဏ္ဍပ်တိုင်တက်ပြလို့မရဘူး။အဲ့ကလေးတွေက
ကိုယ့်ထက်ပိုသိနေလို့ ဖျင်ပြန်ချသွားမှ ကွတကွတ
ဖြစ်နေဦးမယ်။

ဒီအချိန် မတက်သင့်ရင် ဘယ်ချိန်တက်ရမှာလဲ
ဘာလဲ.. စာမေးပွဲကျင်းပတော့မယ်လို့
ကြေညာချက်ထွက်လာမှ တက်ရမှာလား။
EPS စနစ်က လုံးဝအခြေအနေ မကောင်းတော့လို့
သင်တန်းမတက်သင့်တော့ဘူးလို့ ယူဆရင်
သင်နေတဲ့ သင်တန်းပိတ်လိုက်လေ။

အေး..ဘာမှ မစူးစမ်းမလေ့လာဘဲ
ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘဲ
သင်တန်းဆရာတွေပြောသမျှကိုပဲ
မျက်စိစုံမှိတ်ယုံကြည်ပြီး ကိုယ့်အနာဂတ်
ကိုယ့်ဘဝကို အဆုံးအဖြတ်ခံနိုင်တယ်ဆိုလည်း
ဘာမှ မပြောလိုတော့ဘူး။

အခုခေတ်လို သတင်းအရင်းအမြစ်တွေမြန်ဆန်ပြီး Online mediaတွေ မှိုလိုပေါက်နေတဲ့ ITခေတ်
AIခေတ်မျိုးမှာ ဂျင်းထည့်လို့ရတဲ့ $တောသား
တာဇံဆိုတာမျိုးလည်း မရှိတော့ဘူး။

အေး.. ရှိတယ်ဆိုရင် အဲ့ကောင်တွေက မွေးကတည်းက
ဦးနှောက်တစ်ခြမ်းပဲ ပါလာတဲ့ကောင်တွေ ဖြစ်လိမ့်မယ်။
ဂျင်းထည့်လို့ရလား မရလား။၂၀၂၆ ခုနှစ်မှာ လူလျှော့
ခေါ်မှာကို သင်တန်းတစ်ခုက သေချာမဖတ်ဘဲ
သတင်းကောင်းဆိုပြီး မှားတင်မိလို့ Postအောက်မှာ
ဝင်တွယ်ကြတာ မနည်းမနောပဲ။အဲ့ဒီဝင်တွယ်တဲ့အထဲ
ငါလည်း ပါတယ်။

ငါဆိုသည်မှာလည်း ဟုတ်ရင်ဟုတ်တယ်။
မဟုတ်ရင် မဟုတ်ဘူးပဲ။ဘယ်သူ့မှ မအားနာဘူး။

အခုလည်း ခုချိန်
သင်တန်းတက်သင့်တယ်။
မတက်သင့်ဘူး။

အားလုံးကို သေချာလေ့လာ စုံစမ်း။
ခြုံငုံသုံးသပ်။
ကိုယ်တိုင်ဆုံးဖြတ်။

ငါ့လာမေးလည်း ကိုရီးယားEPS စနစ်က
အရင်လို ခေတ်ကောင်းမဟုတ်တော့ဘူး။

အမှတ်မြင့်တယ်။
ခက်ခဲတယ်။
အစွမ်းကုန် ကြိုးစားမှအောင်မယ်။

အောင်ရင်တောင် အခုအခြေအနေအတိုင်းဆို
လုပ်သားလောင်း လျှော့ခေါ်နေတဲ့ကာလဖြစ်တယ်။

သွားရဖို့ စောင့်ရမယ်။
ကြာမယ်။
ကံဆိုးလွန်းရင် Calling မကျဘူး။
မသွားရဘူး။

ဆရာဆိုတာ အခြေအနေ၊အနေအထားတွေကို
ဒီလိုပဲ ရှင်းပြရမှာလေ။တက်တာ မတက်တာက
ကာယကံရှင်ဆန္ဒအတိုင်း ဆုံးဖြတ်။

တက်သင့်တယ် မတက်သင့်ဘူး။
လုပ်သင့်တယ် မလုပ်သင့်ဘူး။
ဆုံးဖြတ်ပေးနေရအောင် သူတို့အဖေမှ
မဟုတ်တာ။

လုပ်သားလောင်းလျှော့ခေါ်တာနဲ့ပတ်သက်ပြီး
နားလည်မှုလွဲနေကြတာ တစ်ခုတော့
ပြောလိုက်ဦးမယ်။ အခု ၂၀၂၆ မှာ
လူလျှော့ခေါ်မှာ အောင်ထားတဲ့သူတွေနဲ့ပဲ
တိုက်ရိုက်သက်ဆိုင်သေးတာ။

မဖြေရသေးတဲ့ ၁၇ကြိမ်တွေနဲ့ ဘာဆိုင်လို့လဲ။
ဘာလို့ ရောထွေးပြီးပြောနေကြတာလဲ။
၁၇ကြိမ်စာမေးပွဲကလည်း ၂၀၂၆မှာ
ရှိချင်ရှိမယ်။မရှိချင်လည်း မရှိဘူး။

ရှိရင်တောင် အောင်တဲ့သူတွေက
၂၀၂၇ မှ အလုပ်ဖောင်တင်ရမှာ။
ဘာတွေ တွေးပူပြီး လောင်မီးပြာကျ
နေကြသလဲတော့ မသိဘူး။

ဒီတော့ ဒီPostအတွက် နောက်ဆုံးပြောချင်တာက
ကိုရီးယားသွားချင်ရင် EPSနဲ့ ပတ်သက်ပြီး

မျက်လုံးကိုဖွင့် နားကိုစွင့်ထား။
စုံစမ်းလေ့လာ။
ခြုံငုံသုံးသပ်။
ကိုယ်တိုင်ဆုံးဖြတ်။

သူများကို ဆုံးဖြတ်ခိုင်းရအောင်
သူများက မင်းတို့အဖေ မဟုတ်ဘူး။

အဲ့လိုပြောလို့ သင်တန်းသားရှာနေတယ် မထင်နဲ့။
အေး..သင်တန်းတော့ ဖွင့်ထားတယ်။
အကုန်လုံးမေးမြန်းစုံစမ်းပြီးမှ ကျေနပ်လို့
လာတက်တဲ့သူတွေ ရှိရင်သင်မယ်။
တက်တဲ့သူ မရှိရင် တခြားအလုပ်လုပ်မယ်။

ဂျင်းထည့်ပြီးတော့တော့ သင်တန်းသား မရှာဘူး။
သင်တန်းဖွင့်စားပြီးတော့ ချမ်းသာသွားတဲ့
သူတွေထဲလည်း ငါ မပါဘူး။

ဒါပေမဲ့ စာသင်ပြီး မကြီးပွားလို့
ဘယ်တော့မှ နောင်တ မရဘူး။
ပွဲလန့်တုန်း ဖျာခင်း၊ခေတ်မကောင်းတာ
အကြောင်းပြုပြီး အများမေတ္တာခံယူ
တမင်လူချစ်အောင်​ပြော နာမည်ကောင်း
ဝင်ယူနေတဲ့ ဆရာထဲလည်း ငါ မပါဘူး။

အဖြစ်မှန်ကို အဖြစ်မှန်
အရှိကို အရှိအတိုင်းပဲ။
အပိုအလိုလည်း ငါ မရေးထားဘူး။

ဒါကြောင့် ဒီ Post နဲ့ ပတ်သက်ပြီး
ငါ့ကိုတော့ လာ မ Sal နဲ့ နော်။
ပေါ်တင် ဒဲ့ ပြန်ဖြဲမှာ။
ကြိုပြောထားတာ။

Naymin Thawtar

Psaaport အမြန်လျောက်ချင်တဲ့သူတွေ အမြန်ဝန်ဆောင်မှုနဲ့တရားဝင်လျောက်ခွင့်ရတော့မည် ၅.၁.၂၀၂၆မှာ တရားဝင်စပါမည်👇
01/01/2026

Psaaport အမြန်လျောက်ချင်တဲ့သူတွေ အမြန်ဝန်ဆောင်မှုနဲ့တရားဝင်လျောက်ခွင့်ရတော့မည် ၅.၁.၂၀၂၆မှာ တရားဝင်စပါမည်👇

01/01/2026

Happy New Year
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ😍😍😍

👏👏👏
30/12/2025

👏👏👏

လာမယ့် နှစ်(2026) E-9 အလုပ်သမား ၈သောင်း ခေါ်ယူမည်။ယခုနှစ်(2025) လျာထားချက် ဖြစ်တဲ့ E9အလုပ်သမား ၁သိန်း၃သောင်းထက် ၅သောင်း ...
29/12/2025

လာမယ့် နှစ်(2026) E-9 အလုပ်သမား ၈သောင်း ခေါ်ယူမည်။

ယခုနှစ်(2025) လျာထားချက် ဖြစ်တဲ့ E9အလုပ်သမား ၁သိန်း၃သောင်းထက် ၅သောင်း လျော့ ခေါ်ယူခြင်းပါပဲ။

ခေါ်ယူမယ့် ဦးရေ ၈သောင်းမှာ ကုန်ထုတ် ၅သောင်း၊ စိုက်မွေး ၁သောင်း၊ ဆောက်လုပ်ရေး ၂ထောင်၊ ရေလုပ်ငန်း ၇၀၀၀၊ ဝန်ဆောင်မှု ၁၀၀၀နဲ့ အတိုးအလျှော့ လုပ် ခေါ်ယူဖို့ ဦးရေ ၁၀၀၀၀ဦး လျာထားထားပါတယ်။

 #ကိုရီးယားရောက်ညီကိုတွေလုပ်ကြည့်ဝမ် ၁၄ သိန်းကျော်ပြီ ထုတ်ထားတာမပါသေးဘူးတကယ်ရတာလား မေးမနေနဲ့ နောက်ကျတယ် တန်းသားဝင်ဖွင့်ပ...
29/12/2025

#ကိုရီးယားရောက်ညီကိုတွေလုပ်ကြည့်
ဝမ် ၁၄ သိန်းကျော်ပြီ ထုတ်ထားတာမပါသေးဘူး
တကယ်ရတာလား မေးမနေနဲ့ နောက်ကျတယ် တန်းသားဝင်ဖွင့်ပြီးဆော့
ပြီးရင် ထပ်ပြောပြအုံးမယ် တစ်နေ့ တစ်ကြိမ်ပဲ ထုတ်လို့ရပါတယ်
နောက်နေ့ ဒါမှမဟုတ် ည ၁၂ ကျော်ရင် ထပ်ထုတ်လို့
1 dya - 1 time ဆော့မယ်ဆို အောက်က linkနှိပ်ပြီး အကောင့်ဖွင့်ဝင်ဆော့လိုရပြီ ဘောလုံးကန် ok👇👇👇

https://lite.tiktok.com/t/ZSHK3CAYjGJTH-YcQHa/

အသုံးလိုအပ်မယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် 👇👇👇သုံးနေကျသူအတွက် လွယ်ကူပေမဲ့ အခုမှစရောက်တဲ့သူတွေ မသုံးဖူးသေးတဲ့သူတွေအတ...
28/12/2025

အသုံးလိုအပ်မယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် 👇👇👇
သုံးနေကျသူအတွက် လွယ်ကူပေမဲ့ အခုမှစရောက်တဲ့သူတွေ မသုံးဖူးသေးတဲ့သူတွေအတွက် အထောက်အကူဖြစ်မှာပါ✌️

တောင်ကိုးရီးယားရဲ့ရာသီဥတုဟာ ယခုအချိန်ကာလမှာအရိုးကွဲအောင်အေးတဲ့ ဆောင်းရာသီထဲကိုဝင်ရောက်လာပြီဖြစ်ပါတယ်
ဒါကြောင့်မလို့ ကိုးရီးယား naver မှာဖော်ပြထားတဲ့ heaterအသုံးပြုနည်းနဲ့ မီတာခချွေတာနည်းကို တင်ပြလိုက်ပါတယ်

1. 전원 - ခလုတ်အဖွင့်အပိတ်-> ကိုးရီးယား
အင်တာနက်အသုံးပြုသူတွေအဆိုအရ전원ကိုအမြဲဖွင့်ထားသင့်ပါတယ် (ပိတ်လိုက်ဖွင့်လိုက် အသုံးပြုရင် သတ်မှတ်အပူချိန်ရောက်ဖို့အချိန်တခုလိုတဲ့အတွက် လျှပ်စစ်နဲ့ gasပိုကုန်စေပါတယ်)
2. 기능선택 - ရွှေးချယ်မှု
3. 난방조절 - အပူချိန်ချိန်ငြှိ
4. 저(နိမ့်)중(အလယ်) 고(အမြင့်ဆုံး)
5. 온돌 temperature အပူချိန်
6. 온수(ရေပူ)
7. 실내 room temperature(အခန်းအပူ)
8. 예약 timerချိန်ငြှိမှု
9. 외출 အပြင်သွားတဲ့အခါ

-->ဆောင်းရာသီမှာအသုံးပြုမယ်ဆို
+ Leave 중(medium) mode
+ 기능선택 - select skill. Select 실내.

+ 난방조절 - အပူချိန်ထိန်းငြှိ အမြဲတမ်း중လောက်ထားပေးပါ
+ heaterမှာ 20~ 25 degrees. ထားရင်--> စက်က displayမှာ30လောက်ပြပါတယ် ပိုနွေးချင်ရင် နဲနဲထပ်တိုးတင်လို့ရပါတယ် ပုံမှန်က 20~ 25 degrees ကအနေတော်ပါ
နံပါတ်16 က အခန်းရဲ့ ပုံမှန်အပူချိန်ပါ
Timerချထားရင် ၄နာရီတိုင်းတခါ rotateစနစ်နဲ့ အခန်းကိုနွေးစေမှာပါ

※※※※※ အရေးကြီးဆုံးအချက်ကတော့ အပြင်သွားတိုင်း외출modeကို ထားပေးပါ heaterကိုအမြဲဖွင့်ထားရင် မီတာခတလကို၂-၃သိန်းပိုကျနိုင်ပါတယ်
ရွှေမြန်မာ ညီအကိုမောင်နှမများကျန်းမာရေးဂရုစိုက်ကြပါ🙏

#ကိုရီးယားရောက်မြန်မာ #ကိုရီးယား #ကိုရီးယားလုပ်ငန်းခွင်

27/12/2025

၂၀၂၆ ခုနှစ်အတွက် eps လုပ်သား ၈ သောင်း ခေါ်ယူပါမည် ယခင်နှစ်ထက် ၅ သောင်းလျော့ပါတယ်

ကိုရီးယားနိုင်ငံ ကားပြုပြင်ရေးလုပ်ငန်းအတွက် မြန်မာလုပ်သားတွေ တကယ်ခေါ်မှာလား=====================မနေ့ညက  မြန်မာလူငယ်တစ်ယေ...
05/07/2025

ကိုရီးယားနိုင်ငံ ကားပြုပြင်ရေးလုပ်ငန်းအတွက် မြန်မာလုပ်သားတွေ တကယ်ခေါ်မှာလား
=====================
မနေ့ညက မြန်မာလူငယ်တစ်ယောက် လာမေးပါတယ် ။ Tain Pa Chi Overseas Employment Agency ရဲ့ ဖေ့စဘုတ်ကြော်ငြာတစ်ခုကို ပြရင်း လာမေးတာပါ ။ ဒါဟာ တကယ်ကြီးလား ။ အင်တာဗျူးရှိတယ် ပြောပါတယ် ။ ဝင်ဖြေသင့်သလား အကြံပေးပါဦး ဆိုလာလို့ ။ ကိုယ်လည်း သေခြာ မသိကြောင်း ၊ ကိုရီးယား ကားစစ်ဆေးပြင်ဆင်ရေးလုပ်ငန်းရှင်များအသင်း (한국자동차검사정비사업조합연합회/Korea Automobile Repair & Inspection Federation ) က ကြိုးစားနေတာတော့ သိကြောင်း ၊ လေ့လာပြီး ပြန်ပြောမယ်ဖြစ်ကြောင်း ၊ အင်တာဗျူးဖြေသင့်မဖြေသင့်တော့ အကြံမပြုနိုင်ကြောင်း ၊ ငွေကုန်ကြေးကျ မရှိလျင် သို့မဟုတ် မများလျင်တော့ ဖြေသင့်ကြောင်း လို့ အကြံပြုခဲ့ပါတယ် ။
လေ့လာ တွေ့ရှိချက်များကို ကျနော်ရဲ့ ဖေ့စ်ဘုတ် မိတ်ဆွေများအား တင်ပြလိုက်ပါတယ် ။
--------------------------------------------
ဒီအသင်းဟာ ကိုရီးယားကားဝပ်ရှော့လုပ်ငန်းမှာ နိုင်ငံခြားသားတွေ အသုံးပြုခွင့်ပေးဖို့ ကြိုးစားလာကြတာ နှစ် ဆယ်ချီကြာခဲ့ပါပြီ ။ အီးပီအက်စ်လုပ်သားတွေခေါ်ယူခွင့်ပြုဖို့ ကြိုးစားခဲ့သလို ၊ အခြားနည်းလမ်းများဖြင့်လည်း ကြိုးစားခဲ့ကြပါတယ် ။ သို့ပေမယ့် ကားပြုပြင်ရေးလုပ်ငန်းဆိုတာ တိမ်မလို နှင့် နက်ဆိုသလို ၊ ကားထုတ်လုပ်မှုနည်းပညာတွေ အချိန်နှင့် အမျှ ပြောင်းလဲ မြင့်မားလာနေသလို ကားပြုပြင်ရေး လုပ်ငန်းဆိုတာလည်း နေ့စဉ်နှင့် အမျှ ပြောင်းလဲလျက် ရှိနေတာမို့ တော်ရုံ တန်ရုံ တတ်သိသူများကို ခန့်ထားဖို့ မလွယ်ကြောင်း သုံးသပ်ချက်များကလည်း ရှိနေတာမို့ နိုင်ငံခြားသားများ ခေါ်ယူခန့်ထားရေးဟာ ခွင့်ပြုချက် မရဘဲ ရှိနေခဲ့ပါတယ် ။
၂၀၂၅ ခုနှစ် မှာတော့ အစိုးရက သာမန်လုပ်သားများကို မဟုတ်ဘဲ ၊ စွမ်းရည်မြင့်လုပ်သားများ (전문인력) ကိုခေါ်ယူဖို့ မူသဘောအရ ခွင့်ပြုလိုက်ပါတယ် ။ ၂၀၂၅ ခုနှစ်မှာ ဗီဇာ ကုဒ် (E-7-3) မှာ ၄ မျိုးတိုးလာပါတယ် ။
△ 건설기계제조 용접•도장원 (ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်များထုတ်လုပ်ရေး)
△ 자동차부품제조 성형•용접•금형원 (ကားအပိုပစ္စည်းထုတ်လုပ်ရေး)
△ 자동차종합수리업 판금•도장.정비원 (ကားအထွေထွေပြုပြင်ရေးလုပ်ငန်း)
△ 도축원(기능직군 한정) (သားသတ်သမား)
အဲ့သည်မှာ မော်တော်ကားအထွေထွေပြုပြင်ရေးဝန်ဆောင်မှုလုပ်ငန်းခေါင်းစဉ်အောက်မှာ ဘော်ဒီထု (သံပြားပုံဖော်) (판금) ၊ ဆေးသုတ်/ဆေးမှုတ် (도장) နှင့် ပြုပြင်ရေး (정비) ဆိုပြီး ပါလာပါတယ် ။ တရားရေးဝန်ကြီးဌာနဟာ စွမ်းရည်မြင့်လုပ်သား (ပညာရှင်) တွေ ခေါ်ယူရေး နှင့် ပတ်သက်ပြီး အထူးတလည် ကန့်သတ်ထားတာတွေတော့ မရှိဘူးလို့ ဆိုပါတယ် ။ [법무부는 전문인력 도입이 허용된 분야에 대해서는 별도 제한을 두지 않기로 했다.)
လုပ်ငန်းရှင်များကတော့ လုပ်သားရွေးချယ်ရေးစံနှုန်း ၊ သင်ကြားမှုပုံစံ ၊ နည်းပညာ/ကျွမ်းကျင်မှု အသိအမှတ်ပြုရေးနည်းစဉ် အစရှိသည့် လုပ်ငန်းဆောင်ရွက်ရန် လမ်းညွှန်ချက် (SOP: Standard Operating Procedure) အသေးစိတ်အစီအစဉ်များကို ထုတ်ပြန်ပေးရန် တောင်းဆိုထားကြောင်း သိရှိရပါတယ် ။
[정비업계에서는 실무 선발 기준과 교육 방식, 기술 인증 절차 등 세부 운영 가이드라인의 조속한 마련을 요구하고 있다.
정부는 산업인력공단 등과 협력해 외국인 인력의 입국 전 검증•입국 후 기술 평가•현장 연계 교육을 포함한 3단계 적용 체계를 검토 중인 것으로 알려졌다.]
အစိုးရကတော့ ကိုရီးယား. အိပ်ခ်ျအာရ်ဒီ အစရှိသည်တို့ နှင့် ပူးပေါင်းညှိနှိုင်းပြီး ၊ နိုင်ငံခြားသားလုပ်သား ပြည်မဝင်မှီ စစ်ဆေးရန် ၊ ပြည်ဝင်ပြီး နောက် ကျွမ်းကျင်မှု အကဲဖြတ်ရန် ၊ လုပ်ငန်းခွင် နှင့် ဆက်စပ်သည့် ပညာပေး အစီအစဉ် အပါအဝင် အဆင့် ၃ ဆင့် အတိုင်း အသုံးပြုမည့် လုပ်ငန်းစဉ်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုပါသည် ။

အင်အား မည်မျှ ခေါ်မည်ဆိုတာကိုတော့ သတ်မှတ်နိုင်ခြင်း မရှိသေးပေမယ့် (နိုင်ငံစုံမှ) ၃၃၀ ဦး ခေါ်ယူဖို့ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၊ တနိုင်ငံလုံးရှိ လုပ်ငန်းရှင်များထံမှ လိုအပ်သည့် လုပ်သားအင်အားဦးရေကို တောင်းခံထားပြီး ၊ တောင်းခံထားသည့်အတိုင်း ခွဲဝေချထားပေးရန် ရည်ရွယ်ထားကြောင်း ၊ သက်ဆိုင်ရာ (လုပ်သားစေလွတ်မည့်) နိုင်ငံအလုပ်သမား ဝန်ကြီးဌာန/အစိုးရတို့ နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း လုပ်ငန်းရှင်များအသင်းက ဆိုပါသည် ။
အလုပ်ချိန် နှင့် လုပ်ခ လစာလည်း မသတ်မှတ်ရသေးကြောင်း ၊ သို့သော် အီး-၇-၃ ဗီဇာသမားများအတွက် သတ်မှတ်ချက်အရ ၊ အနည်းဆုံးလုပ်ခလစာမှာ တစ်ဦးချင်းအမျိုးသားဝင်ငွေ (G.N.I) ၏ ၇၀ ရာခိုင်နှုန်းဖြစ်ရမည်ဟု ဆိုထားသဖြင့် ၊ ၂၀၂၅ ခုနှစ်အတွက် အနည်းဆုံးလုပ်ခလစာမှာ ၂၀၂၄ ကိုရီးယားနိုင်ငံ၏ အမျိုးသား တစ်ဦးချင်းဝင်ငွေ (G.N.I) မှာ 35,229 USD (49,955,000 Won) ဖြစ်ရာ E-7-3 လုပ်သားအတွက် အနည်းဆုံးလုပ်ခလစာမှာ (နှစ်ချုပ်လစာ 34,968,500) ၊ တစ်လစာမှာ 2,914,041.66 ဖြစ်ပြီး ၊ တစ်နာရီ လုပ်ခလစာမှာ 1,3942.78 ဖြစ်လာမည်ဟု ဆိုပါသည် ။
နေစရာကိုမူ အလုပ်ရှင်က ပေးမည်လား ၊ လစာမှ ဖြတ်မည်လား ဟု မေးခွန်းထုတ်စရာရှိနေပါသည် ။ လစာမှ နှုတ်မည်ဆိုပါက နေစရိတ်စားစရိတ်သည် လစာငွေ၏ ၂၀ ရာခိုင်နှုန်းထက်မပိုရဟု သတ်မှတ်ပြဌာန်းချက်ရှိနေကြောင်းလည်း သိရပါသည် ။
နောက်ဆုံး ရသတင်းမှာ ကားပြင်လုပ်ငန်းရှင်များအသင်း (한국자동차검사정비사업조합연합회/Korea Automobile Repair & Inspection Federation) သည် လုပ်သားပို့လွတ်မည့်နိုင်ငံအလုပ် ရည်ရွယ်လျက် ၊ နိုင်ငံအလိုက် ကိုယ်စားလှယ်များကို သတ်မှတ်ထားပြီး ဖြစ်ကြောင်း ၊ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ခေါ်ယူရန် ရည်ရွယ်ထားပြီး ကိုယ်စားလှယ် ၁၄ ဦးကို ခန့်အပ်ထားပြီးဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအတွက် Nice Way Co., Ltd ကို ရွေးချယ်ထားကြောင်း သိရပါသည် ။

ကျန်းမာ ချမ်းသာ လိုရာ ဆန္ဒပြည့်ဝကြပါစေ ။

ချစ်စရာ့ဦးဦး
2025-07-05

မြန်မာ လုပ်သား တဦးဟာ အလုပ်ကို ကုန်းလုပ်နေစဉ် တခြား မြန်မာ လုပ်သား တဦးက အလုပ်ကို ကုန်း လုပ်နေတဲ့ မြန်မာ လုပ်သားရဲ့ စအိုဝက...
04/07/2025

မြန်မာ လုပ်သား တဦးဟာ အလုပ်ကို ကုန်းလုပ်နေစဉ် တခြား မြန်မာ လုပ်သား တဦးက အလုပ်ကို ကုန်း လုပ်နေတဲ့ မြန်မာ လုပ်သားရဲ့ စအိုဝကို လေပိုက်တံ ထိုးပြီး လေကို ထုတ်လိုက်တယ်။

အလုပ်ကို ကုန်းလုပ်နေတဲ့ မြန်မာ လုပ်သားလည်း ရုတ်တရက်ဆိုတော့ အားလား လားပဲ အော်ပြီး ခါးကို မတ်လိုက်ရပါတယ်။

ဘောင်းဘီ ဝတ်ထားပေမယ့် လေပိုက် အချွန်နဲ့ဆိုတော့ နည်းနည်းတော့ အခံရခက်တာပေါ့။

လေပိုက်နဲ့ ထိုးလိုက်တဲ့ မြန်မာ လုပ်သားကတော့ ရယ်လို့ပေါ့။

လေပိုက်နဲ့ အထိုး ခံလိုက်ရတဲ့ မြန်မာ လုပ်သားဟာ နောက်တနေ့မှာ မစင်သွားတဲ့ အခါ အရည်အရွဲတွေ ပါလာတယ်။

စအိုဝလည်း နာနေတယ်။

ဒါနဲ့ ဆေးခန်းမှာ အူလမ်းကြောင်း စစ်ကြည့်ဖို့ ရက်ချိန်း ယူလိုက်ရပါတော့တယ်။

လေပိုက်နဲ့ စအိုဝကို ထိုးတဲ့ စခြင်း နောက်ခြင်းကိုဘမပြုလုပ်ကြပါနဲ့။

ဟိုးတချိန်တုန်ကလည်း ကိုရီးယားသား အချင်းချင်း လေပိုက်ချွန်နဲ့ စအိုဝကို ထိုးပြီး စနောက်ခဲ့ဖူးတာ ရှိပါတယ်။

ဆေးခန်းပြတော့ ဆရာဝန်က အဲဒီလို အစမနောက်ဖို့ အလျဉ်း မသင့်လျင် အသက် အန္တရှိတဲ့အထိ ဖြစ်နိုင်ကြောင်း ပြောထားပါတယ်။

ပုံကတော့ ကြုံရာ နမူနာ ပြထားတာပါ။

မြန်မာ လုပ်သားကို ထိုးတဲ့ လေပိုက်မဟုတ်ပါ။

ကျန်းမာ ချမ်းသာကြပါစေ။

#ဇော်မိုးအောင် #ကိုရီးယား #ကိုရီးယားလုပ်ငန်းခွင်

မြန်မာ လုပ်သား တဦး အိပ်ပျော်ရင်း ကွယ်လွန် နာရေးအတွက် ကူညီပေးကြပါဦး။ ဦးဝေဖြိုးသက် အသက် ၃၅နှစ်၂၀၂၅ ခုနှစ် မေလ ၅ ရက် တနင်္လ...
05/05/2025

မြန်မာ လုပ်သား တဦး အိပ်ပျော်ရင်း ကွယ်လွန်

နာရေးအတွက် ကူညီပေးကြပါဦး။
ဦးဝေဖြိုးသက် အသက် ၃၅နှစ်

၂၀၂၅ ခုနှစ် မေလ ၅ ရက် တနင်္လာနေ့ နေ့လယ် ၂နာရီ အချိန်ခန့် မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နေ မခင်သန်းမိုး၏ ခင်ပွန်း မသဒ္ဒါဖူးဝေ၏ ဖခင် ဦးဝေဖြိုးသက် အသက် ၃၅နှစ်သည် ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဟွာဆောင်မြို့ရှိ သစ်စက်ရုံ၏ နေအိမ် အခန်းထဲမှာ အိပ်ပျော်နေရင်း ကွယ်လွန်သွားခဲ့ပါသည်။

ကွယ်လွန်သူ ဦးဝေဖြိုးသက်၏ ရုပ်အလောင်းကို ဂျောင်ဝါန် ဆေးရုံမှာ ထားရှိပြီး ရဲဝန်ထမ်းများက သေမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေပါတယ်။

ရဲမှုစစ်ဆေးပြီးပါက နာရေး ကိစ္စကို ထပ်မံ ကြေညာပေးပါမည်။

ကွယ်လွန်သူ ဦးဝေဖြိုးသက်၏ နာရေးအတွက် တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဦးဝေဖြိုးသက် ကောင်းရာ ဘုံဘဝကို ရောက်ရှိပါစေ။

ဇော်မိုးအောင်(ကိုရီးယား)
၀၁၀၈၈၉၄၄၇၇၀

 #ကျားဖြန့်သတိစာသားမက်ဆေ့ခ်ျရှိ လင့်ခ်ကို မနှိပ်ပါနှင့်။ ၎င်းသည် phishing လင့်ခ်တစ်ခုဖြစ်သည်။ မမေးဘဲ ကလစ်လိုက်ရင် kpay ထ...
08/04/2025

#ကျားဖြန့်သတိ

စာသားမက်ဆေ့ခ်ျရှိ လင့်ခ်ကို မနှိပ်ပါနှင့်။ ၎င်းသည် phishing လင့်ခ်တစ်ခုဖြစ်သည်။ မမေးဘဲ ကလစ်လိုက်ရင် kpay ထဲက ငွေတွေကို အလိုအလျောက် လွှဲပေးပါလိမ့်မယ်။ သတိထားပါ! ၎င်းကို လုံးဝမနှိပ်ပါနှင့်။
လူပိုသိအောင် လူတိုင်းက အဲဒါကို ပြန်shareနိုင်တယ်။

Don't click on the link in the text message! It's a phishing link. If you click on it out of curiosity, the money in kpay will be automatically transferred. Be careful!Do not click on it at all.
Everyone can forward it to let more people know.

Address

Daegu

Alerts

Be the first to know and let us send you an email when Eps Topik Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share