26/04/2026
ဒီလောက် စည်းကမ်းမဲ့ ပစ်ထားတော့ နံပြီပေါ့ ။ ကိုယ်ချင်းစာ ကြပါဦး
မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်အတွင်းနှင့် ကျောက်ပွန်ဖက်မှာဆိုရင် မခံနိုင်လောက်အောင် နံစော်နေပါတယ်။အိမ်ထဲက ထွက်တာနဲ့ ပုပ်နံ့က ရနေပါတယ်။သ-တ်ရုံရှိတာက ကိစ္စမရှိပေမယ့် စည်းကမ်းတကျ နဲ့ လုပ်ပေးဖို့ လိုအပ်ပါတယ်။
ပုံ-သ-က်ေ-သ နှင့်တကွ တင်ပေးလိုက်ပါတယ်။
အများရဲ့ ကျန်းမာရေးအတွက် တင်ရခြင်းဖြစ်ပါတယ်။ မကြာခင် ကျောင်းလည်း ဖွင့်တော့မှာဆိုတော့ ကျောင်းတွင်းမှာလည်း နံစော်နေမှာပါ ။
ငါးဈေးထက်ကို ဒီ သ-တ်ရုံက အမဲ - ပုပ်နံ့က ပိုပြီး ဆိုးဝါးပါတယ်။
တာဝန်ရှိတဲ့ လူကြီးမင်းများ အမြန်ဆုံး ကြည့်ရှု စစ်ဆေးပေးဖို့ မေတ္တာရပ်ခံပါတယ်။
ရက်စွဲ -
၂၆ ရက် ဧပြီ ၂၀၂၆