18/09/2025                                                                            
                                    
                                    
                                                                        
                                        Vlogger တစ်ယောက်က ဒီနေရာကနေ နောက်တစ်နေရာကို ခုန်ကူး မလာနိုင်တော့ဘဲ
ဒီတစ်နေရာတည်းမှာပဲ အချိန်ကြာကြာ တန့်နေရတယ်ဆိုတဲ့ အခြေအနေ အများစုက
လေ့လာမှုတွေ ထပ်မလုပ်တော့ဘဲ ကိုယ့်မှာ ရှိနေရနေသေးတဲ့ အခြေအနေပေါ်မှာပဲ သာယာသွားတာကြောင့် ဖြစ်ပါတယ်။
အရင်တုန်းက ကိုယ်လေ့လာခဲ့ဖူးတဲ့ အသီး ၊ အပွင့်တွေကို အမြဲစားသုံးနေတယ်။
နောက်ထပ် လေ့လာမှုတွေ ထပ်မလုပ်တော့ဘူး။
ဒီလိုနဲ့ Vlogger အများစုက တစ်နေရာတည်းမှာပဲ တန့်သွားကြပါတယ်။
အခြားအကြောင်းအရင်းတွေမှာ ဆိုရင်တော့
" ငါကတော့ ဒီပုံစံပဲကြိုက်တယ် "
" ငါကတော့ ဒီပုံစံတိုင်းပဲ လုပ်မယ်" ဆိုပြီး ခေါင်းမာတာကြောင့် ဖြစ်ပါတယ်။
Social Media ပေါ်မှာ လူတွေ စိတ်ဝင်စားနေသော အရာတွေ နဲ့ Trend ဖြစ်နေတဲ့ အရာတွေက အမြဲပြောင်းလဲနေပါတယ်။
ဒါက ငါ့ပုံစံပဲ ဆိုပြီး ဒီတစ်မျိုးထဲကိုပဲ အားကိုးပြီး အမြဲတမ်းနေလို မရပါဘူး ၊ ကျန်ခဲ့နေလိမ့်မယ်။
ထပ်ရှိနေသေးတဲ့ အရာကို ပြောရမယ်ဆိုရင်
Vlogging မှာ ကြိုးစားနေရုံနဲ့ ရပြီ ၊ 
ငါ မှန်နေရင် ရပြီလို ထင်လိုက်တာပဲ ဖြစ်ပါတယ်။
တကယ်တမ်းက အဲ့လောက် မရိုးရှင်းပါဘူး။
ထက်အိ တစ်ခု ထောက်ပြမယ်ပေါ့နော်။
အကယ်၍များ သင်ဖန်တီးထားတဲ့ Video တစ်ပုဒ်အပေါ်မှာ
လူတွေက နားလည်မှု လွဲနေတယ်။
Share ပြီးတော့ အဆဲခံရတယ်။
ဒီအခါ သင်ဘာလုပ်မှာလဲ။
သင်မှန်နေတာပဲ ဆိုပြီး သူတိုကို ပြန်ဆဲတာမျိုး လုပ်မှာလား။
ဒီအခြေအတွေဆိုတာ အလုပ်ကြိုးစားတာနဲ့ မဆိုင်တော့ပါဘူး ၊ ပါးနပ်မှုတွေနဲ့ ဆိုင်ပါတယ်။
ဒီအတွက်ကြောင့် Master Your Vlogging ( All In One ) အတန်းမှာဆိုရင်
Vlogger တစ်ယောက်အတွက် နောက်ကျကျန်နေခဲ့ရတာမျိုး လုံးဝ မရှိရအောင်
လိုအပ်တာမှန်သမျှ အကုန်သင်ပေးထားပါတယ်။
ထက်အိရဲ့ ( ၈ ) နှစ်တာလုံး ကြိုးစားအားထုတ်ပြီး ရလာတဲ့ အရာမှန်သမျှကို
ဆရာစားမချန် အတန်းသားတွေအတွက် သိခွင့်ရအောင် ပေးထားတဲ့ အတန်းလည်း ဖြစ်ပါတယ်။
ဒါတွေကို သင့်ဘက်ကနေ အခါအခွင့်ကြုံနေတုန်းမှာ ယူထားချင်တယ်ဆိုရင်တော့
m.me/hteteijourney ကိုထောက်ပြီး " B2 " လိုပိုကာ အတန်းအပ်လို ရပါပြီ။