Mr. Traveller

Mr. Traveller Doing something is better than doing nothing.

With Htet Ei's Journey – I just got recognized as one of their top fans! 🎉
21/09/2025

With Htet Ei's Journey – I just got recognized as one of their top fans! 🎉

18/09/2025

Vlogger တစ်ယောက်က ဒီနေရာကနေ နောက်တစ်နေရာကို ခုန်ကူး မလာနိုင်တော့ဘဲ

ဒီတစ်နေရာတည်းမှာပဲ အချိန်ကြာကြာ တန့်နေရတယ်ဆိုတဲ့ အ​ခြေအနေ အများစုက

လေ့လာမှုတွေ ထပ်မလုပ်တော့ဘဲ ကိုယ့်မှာ ရှိနေရနေသေးတဲ့ အ​ခြေအနေပေါ်မှာပဲ သာယာသွားတာကြောင့် ဖြစ်ပါတယ်။

အရင်တုန်းက ကိုယ်လေ့လာခဲ့ဖူးတဲ့ အသီး ၊ အပွင့်တွေကို အမြဲစားသုံးနေတယ်။

နောက်ထပ် လေ့လာမှုတွေ ထပ်မလုပ်တော့ဘူး။

ဒီလိုနဲ့ Vlogger အများစုက တစ်နေရာတည်းမှာပဲ တန့်သွားကြပါတယ်။

အခြားအကြောင်းအရင်းတွေမှာ ဆိုရင်တော့

" ငါကတော့ ဒီပုံစံပဲကြိုက်တယ် "

" ငါကတော့ ဒီပုံစံတိုင်းပဲ လုပ်မယ်" ဆိုပြီး ခေါင်းမာတာကြောင့် ဖြစ်ပါတယ်။

Social Media ပေါ်မှာ လူတွေ စိတ်ဝင်စားနေသော အရာတွေ နဲ့ Trend ဖြစ်နေတဲ့ အရာတွေက အမြဲပြောင်းလဲနေပါတယ်။

ဒါက ငါ့ပုံစံပဲ ဆိုပြီး ဒီတစ်မျိုးထဲကိုပဲ အားကိုးပြီး အမြဲတမ်းနေလို မရပါဘူး ၊ ကျန်ခဲ့နေလိမ့်မယ်။

ထပ်ရှိနေသေးတဲ့ အရာကို ပြောရမယ်ဆိုရင်

Vlogging မှာ ကြိုးစားနေရုံနဲ့ ရပြီ ၊
ငါ မှန်နေရင် ရပြီလို ထင်လိုက်တာပဲ ဖြစ်ပါတယ်။

တကယ်တမ်းက အဲ့လောက် မရိုးရှင်းပါဘူး။

ထက်အိ တစ်ခု ထောက်ပြမယ်ပေါ့နော်။

အကယ်၍များ သင်ဖန်တီးထားတဲ့ Video တစ်ပုဒ်အပေါ်မှာ

လူတွေက နားလည်မှု လွဲနေတယ်။
Share ပြီးတော့ အဆဲခံရတယ်။

ဒီအခါ သင်ဘာလုပ်မှာလဲ။

သင်မှန်နေတာပဲ ဆိုပြီး သူတိုကို ပြန်ဆဲတာမျိုး လုပ်မှာလား။

ဒီအခြေအတွေဆိုတာ အလုပ်ကြိုးစားတာနဲ့ မဆိုင်တော့ပါဘူး ၊ ပါးနပ်မှုတွေနဲ့ ဆိုင်ပါတယ်။

ဒီအတွက်ကြောင့် Master Your Vlogging ( All In One ) အတန်းမှာဆိုရင်

Vlogger တစ်ယောက်အတွက် နောက်ကျကျန်နေခဲ့ရတာမျိုး လုံးဝ မရှိရအောင်

လိုအပ်တာမှန်သမျှ အကုန်သင်ပေးထားပါတယ်။

ထက်အိရဲ့ ( ၈ ) နှစ်တာလုံး ကြိုးစားအားထုတ်ပြီး ရလာတဲ့ အရာမှန်သမျှကို

ဆရာစားမချန် အတန်းသားတွေအတွက် သိခွင့်ရအောင် ပေးထားတဲ့ အတန်းလည်း ဖြစ်ပါတယ်။

ဒါတွေကို သင့်ဘက်ကနေ အခါအခွင့်ကြုံနေတုန်းမှာ ယူထားချင်တယ်ဆိုရင်တော့

m.me/hteteijourney ကိုထောက်ပြီး " B2 " လိုပိုကာ အတန်းအပ်လို ရပါပြီ။

11/09/2025

65000 won (44$) per person Jeju Submarine in South Korea
ဂျယ်ဂျူမှာ ရေငုပ်သင်္ဘောစီးကြမယ်

゚viralシfypシ゚viralシalシ

09/09/2025

Pork and Rice Soup in Busan at South Korea
ဘူဆန်ရောက်ခဲ့ရင် မစားမဖြစ် စားရမယ့် ဒွယ်ဂျီဂုဘာ့ဗ်


゚viralシfypシ゚viralシalシ

05/09/2025

Hiking Hallasan Mountain in Jeju at South Korea EP-2


05/09/2025

Hiking Hallasan Mountain in Jeju at South Korea EP-1


04/09/2025

Black Pork in Jeju at South Korea

ကျွန်တော်နှင့် ရန်ကုန်ရောက် နှင်းပုလဲ ထမင်းပေါင်း…………………………။။။။။။။………………………………ရန်ကုန်မြို့ပေါ် လျှောက်သွားရင် တစ်နေရာ အရ...
14/03/2025

ကျွန်တော်နှင့် ရန်ကုန်ရောက် နှင်းပုလဲ ထမင်းပေါင်း

…………………………။။။။။။။………………………………

ရန်ကုန်မြို့ပေါ် လျှောက်သွားရင် တစ်နေရာ အရောက်တော့ ငယ်ငယ်က အမှတ်တရတွေကို ပြန်
မြင်ယောင်နေမိတယ် ။

“ လွမ်းမိတယ် အမေ “

လို့ နှုတ်က ရေရွတ်မိလိုက်တယ် ။ အမေက ကုန်သည်တစ်ယောက်မို့ ကျွန်တော်ငယ်ငယ်က
အမေရထားနဲ့ ကုန်ပို့ဖို့ သွားရင် ကျွန်တော်က
အမေ့နာမှာ တောက်တဲ့လ်ုမျိုး အမြဲပါသွားလေ့ ရှိတယ်။ ရထားပေါ်မှာက သိတဲ့အတိုင်းပဲ ဘူတာတစ်ဘူတာကို ဆိုက်ရောက်တိုင် ရထားဘေးနှစ်ဖက်မှာ စျေးသည်တွေအပြည့် အဲတာအပြင် ရထားပေါ်မှာလည်း ခဏလေရတဲ့အချိန်ကို အလုအယက် တက်လာပြီး ရောင်းတဲ့ စျေးသည်တွေက ရှိသေး။ ဘယ်လောက်ပဲ အိပ်ပျော်နေပါစေ ၊ မနိုးတဲ့သူ မရှိသလောက်ပါပဲ။

“ ကွမ်းယာတွေ ဆေးလိပ်တွေ ယူကြမလား ၊ အကိုတို့ အမတို့ရေ ဘာများသုံးဆောင်မလဲ လိုတာ အကုန်ရမယ်နော် “ စျေးသည်တွေရဲ့ အသံက ရထားအတွဲထဲမှာ ပဲ့တင်ထပ်နေပါတယ်။

ကျွန်တော်က ခလေးသဘာဝမို့ ရောက်တဲ့ ဘူတာတိုင် ဗိုက်ကဆာနေမိတာ အမှန်ပဲ ။ အမေကလည်း
သူ့သား အငယ်ဆုံးမို့ ချစ်ရှာပါတယ် တစ်လမ်းလုံး ဝယ်ကျွေးနေကြ။ အဲဒီထဲမှာမှ မမေ့နိုင်တာ တစ်ခုက
ဘယ်လောက်ပဲ ဗိုက်ပြည့်အောင် စားထားပါစေ ..

နှင်းပုလဲရောက်လို့ နှင်းပုလဲထမင်းပေါင်းသည် ရထားပေါ်တက်လာရင် ထမင်း ဟင်း အနံ့နဲ့တင်
ဗိုက်က တဂျွီးဂျွီး နဲ့ အော်နေပြီး။

မစားချင်ဘဲနေမလား ထမင်းရောင်းတဲ့ အဒေါ်ကြီးကသီးစုံပဲကုလားဟင်း အုပ်ထားတဲ့ အိုးအဖုံးကို ခဏ ခဏ လှမ်းဖွင့်ပြီး မဆလာအုပ်ထားတဲ့ ဟင်းရနံ့နဲ့ ရထားတစ်တွဲလုံးကို သူက မြူဆွယ်နေလေရဲ့ ဒါကလည်း စျေးရောင်းနည်ဗျူဟာတစ်ခုပဲဆိုတာ ကြီးလာမှ သိခဲ့ရတယ်။

ထမင်းကို လက်ဆေးပြီး အားရပါးရ နယ်စားခဲ့တဲ့ အမှတ်တရပါပဲ ။ကျွန်တော့်ရဲ့ ထူးခြားချက်က
ဘယ်ခရီးသွားသွား ၊ ဘယ်အိမ်မှာမဆို ဧည့်သည်သွားလုပ်ရင် ထမင်းက အမြဲ စားလို့ မြိန်တယ်😀

ရန်ကုန်ရောက် နှင်းပုလဲထမင်းပေါင်းကတော့ ဗိုလ်
နည်းနည်းဆန်သွားပြီး ဆိုင်ရှင်က “ သားဘာနဲ့စားမလဲ ဇွန်နဲ့လား ပန်းကန်နဲ့လား “ တဲ့ “ ဒီထမင်း ဟင်းကို
ပိုက်ဆံရှိရင် ဘယ်မှာ စားစား စားလို့ရတယ် အန်တီလို့ နှင်းပုလဲထမင်းပေါင်းရဲ့ vibeက အဓိကမို့ လက်အိတ်နဲ့ ငှက်ပျောဖက်ထုပ်ပြီးပဲ ပေးပါ ” လို့ တောင်းဆိုလိုက်တယ် ။လက်အိတ်စွပ်ပြီး အားရပါးရ ကျွန်တော်စားခဲ့ပါတယ်။





16/02/2025

Hotel63 Yangon in Myanmar

🇲🇲🇲🇲

21/01/2025

30$ per night Hotel Vivid in Yangon , Myanmar

တစ်ည ဒေါ်လာ ၃၀ တန် ဟိုတယ်

🍾Happy New year🎉
31/12/2024

🍾Happy New year🎉

Address

Pyeongtaek
17744

Alerts

Be the first to know and let us send you an email when Mr. Traveller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mr. Traveller:

Share