Korean Flavors

Korean Flavors Food, Places, Shopping and Many More !!!!!

02/12/2025

ကိုရီးယားမှာ အေးလာပြီဆိုတော့ hotpot နဲ့ ShabuShabu တလှည့်စီစားရမယ့် ရာသီကို ရောက်လာပြီပေါ့..🤭😄
📍 Shabu All Day

29/11/2025

Christmas Decorations တွေအရမ်းလှ 🍀💕🎉

📍 Starfield Library - Coex Mall, Gangnam, Seoul

28/11/2025

နှစ်နာရီ ရထားစီးပြီးသွားစားကြသော 😅😄 Friday night dinner 🍷❤️

13/11/2025

အရမ်းလှ 💛

ကိုရီးယား ဆိုးလ်မှာ date သွားလို့အလွန်ကောင်းသောRomantic ဖြစ်သောနေရာလေး တွေထဲက တစ်ခု 💁🏻‍♀️🧡💛အခုကိုရီးယားမှာ ဆောင်းဦး သစ်ရ...
13/11/2025

ကိုရီးယား ဆိုးလ်မှာ date သွားလို့အလွန်ကောင်းသော
Romantic ဖြစ်သောနေရာလေး တွေထဲက တစ်ခု 💁🏻‍♀️🧡💛

အခုကိုရီးယားမှာ ဆောင်းဦး သစ်ရွက်လေးတွေအရောင်ပြောင်းပြီး အရမ်းလှနေတဲ့ အချိန်ဆိုတော့ ဓာတ်ပုံရိုက်ဖို့ နေရာလေးရှာရင်း…

ပြီးခဲ့တဲ့အပတ် Sunday မှာ ဆိုးလ်ရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Deoksugung Palace 덕수궁 ရဲ့ ဘေးက လမ်းလေးထဲရောက်ဖြစ်ခဲ့တယ်…

ရထားစီးသွားရင် Line No.(1), City Hall Station ရဲ့ Exit (2) ကနေထွက်ရင်ရောက်ပြီ…

အဲဒီ့ လမ်းလေးထဲမှာ စားသောက်ဆိုင်လေးတွေလည်း အများကြီးဘဲ…
Date လုပ်လို့လည်းကောင်းသလို သူငယ်ချင်းတွေနဲ့ chill လည်းအရမ်းကောင်းတဲ့နေရာလေးပါ…

လမ်းလေးက အရမ်းလှလွန်းလို့
လေတိုက်တိုင်း သစ်ရွက်ဝါလေးတွေ ကြွေကျ…
အရမ်းကို romantic ဆန်သောဘဲ… 🤭🤭

ချစ်ချစ်နဲ့လက်လေးတွဲ လမ်းလျှောက်နေသူတွေလည်းများ…

လမ်းတစ်လျှောက် လူတွေအပြည့်…
(ဓာတ်ပုံလာရိုက်နေကြတာ)😅😅😅

ဒီနေ့ lunch စားဖို့ထွက်လာတာဆိုတော့ ဆိုင်ရှာရင်း
အဲဒီ့လမ်းလေးထဲက📍 Oddhaus ဆိုတဲ့ဆိုင်လေးကိုရွေးခဲ့တယ်…

ကိုရီးယားမှာ ပိတ်ရက်ဆိုရင် စားသောက်ဆိုင်တွေက တန်းစီစောင့်ရတဲ့ culture ဆိုတော့ ထုံးစံအတိုင်း စောင့်ရပေါ့…

ဆိုင်လှလှလေးတွေ အစားအသောက်ကောင်းတဲ့ဆိုင်တွေဆိုရင် ကြိုပြီး table reserved လုပ်တာတောင် လက်မခံကြပါဘူး…

၄၅မိနစ်စောင့်ပြီးသကာလ ထိုင်ခုံရလို့စားရ…😁😁
အရသာအလွန်ကောင်း အီစိမ့်…

စားခဲ့သမျှကတော့…,
💛 Salmon White Cream Sauce
💛 Seaweed Shrimp Pasta
💛 Green Salad
💛 Fried Cauliflower Salad

ကိုရီးယားမှာ အကြိုက်ဆုံးကတော့ ဒီလို…
✅ စားသောက်ဆိုင်ကောင်းကောင်းလေးတွေ
✅ ဓာတ်ပုံရိုက်ဖို့ နေရာလှလှလေးတွေ
✅ Mind Relax လုပ်လို့ကောင်းတဲ့နေရာလေးတွေဘဲ…💕

Slow Cali ~ Seoul 🧡ကိုရီးယားမှာ မိန်းကလေးတော်တော်များများက low calorie food တွေကိုပိုစားလာကြတယ်…အရမ်းလည်းလှချင် ပိန်ချင်...
12/11/2025

Slow Cali ~ Seoul 🧡

ကိုရီးယားမှာ မိန်းကလေးတော်တော်များများက low calorie food တွေကိုပိုစားလာကြတယ်…
အရမ်းလည်းလှချင် ပိန်ချင်ကြတယ်… 😁🤭

ထမင်းထက် အသီးအရွက်နဲ့ အသားကိုပိုစားကြတယ်…

ထမင်းကိုလည်း ထမင်းဖြူထက် အဆီမတက်တဲ့ brown rice ကိုပိုပြီးစားကြတာတွေ့ရတယ်…

နေ့လည်စာစားချိန်ဆိုရင် ဒီ Slow Cali ဆိုတဲ့ဆိုင်လေးက မိန်းကလေးတွေနဲ့ပြည့်နေတတ်တယ်…

ဆိုင်မှာရောင်းတာတွေက ရိုးရိုးရှင်းရှင်းပါဘဲ…

အသားရယ် အရွက်ရယ် ပဲရယ် အဓိကပါပြီး ထမင်းကိုတော့ brown rice လိုမျိုးဆန်သားကြမ်းကြမ်းလေးတွေ…
(ဘယ်လိုနာမည်ခေါ်လဲတော့ ထမင်း specialist မဟုတ်လို့ မသိပါ) 😅😁

အများဆုံးနဲ့ အကြိုက်ဆုံးစားဖြစ်တာကတော့
Salmon ကို အစိမ်းရော အကျက်ရော ကြိုက်တယ်…

ငါးဥလေးတွေလည်းကြိုက်တော့ သူရဲ့ salad mixed ကို တကယ် သဘောကျမိတယ်…

Salad dressing လည်းကောင်းတယ်…
အသားကတော့ ပုံမှန် အမြဲတမ်းစားဖြစ်တာ Salmon ပါ…
တခါတလေ ဘဲသားစားဖြစ်တယ်…

စျေးနှုန်းကတော့ One bowl 🥗 ကို ၁ သောင်း ၂ထောင်ကနေ ၁သောင်းခွဲလောက်ကစပြီးရှိတယ်…

ကိုယ် စားချင်တဲ့ အသားအသီးအရွက် ထမင်း additional ထပ်ထည့်ချင်တာတွေအတွက်ထပ်ပြီး add လုပ်တယ်…

ဒီနေ့ နေ့လည်စာစားချိန် အပြင်မထွက်ချင်တာနဲ့
ဆိုင်မှာမစားဘဲ ရုံးကစားပွဲမှာ ရုပ်ရှင်လေးကြည့်ရင်းစား…

ဒီနေ့တော့ Salmon ရယ် ဘဲသားရယ် mixed လိုက်တယ်…😁😄🤭

Feeling so good ဘဲ… 🧡

ကိုရီးယားမှာ အမျိုးသမီးတွေ တော်တော်လေးကိုင်ကျတာတွေ့ရတဲ့ Metro City ဆိုတဲ့ brand လေး 🖤သူ့ origin က Italian origin ပေမယ့် ...
08/11/2025

ကိုရီးယားမှာ အမျိုးသမီးတွေ တော်တော်လေးကိုင်ကျတာတွေ့ရတဲ့ Metro City ဆိုတဲ့ brand လေး 🖤

သူ့ origin က Italian origin ပေမယ့် Made in Korea ဆိုတော့ ကိုရီးယားမှာတော့ စျေးသင့်တင့်ပြီး ကိုင်ပျော်တဲ့ Brand ပေါ့နော်…

သူက နာမည်ကြီး brand တွေရဲ့ bag design တွေကို inspired လုပ်ပြီး ထုတ်လေ့ရှိတယ်…

Metro City က အခုနောက်ဆုံး ထွက်လာတဲ့ ပုံလေးက Chanel ရဲ့ နောက်ဆုံးထွက်ထားပြီး အတော်လေးခေတ်စားနေတဲ့ Chanel 25 ကို inspired ယူပြီးလုပ်ထားတယ်…

(Chanel 25 က Chanel lover တွေကြားမှာတော်တော်လေး အကြိုက်တွေ့နေကြပြီး Black Pink - Jenny နဲ့လည်း ကြော်ငြာခဲ့တာပါ…)*

Metro City ကတော့ သူ့ရဲ့ အိတ်တွေဟာ Cow leather ဖြစ်တဲ့အပြင် quality ရော material တွေရောကောင်းလို့ အကြမ်းလည်းခံတဲ့အတွက် high end brand တွေ ဝယ်မကိုင်ချင်တဲ့သူတွေ (money saved ဖြစ်ချင်သူတွေ)
Brand Copied တွေ မကိုင်ချင်ဘူးဆိုရင်
Metro City လိုမျိုး quality brand လေးတွေကို ရွေးချယ်စေချင်တယ်…

Classy လည်းဖြစ်ပြီး design ကလည်း Luxury taste နဲ့ ကိုင်ရမှာဖြစ်သလို
စျေးနှုန်းအရလည်း ၄/၅သိန်း ဝန်းကျင်ကအစရှိတဲ့အတွက် ရွေးချယ်စဉ်းစားသင့်တဲ့ brand လေးမို့လို့ ညွှန်းလိုက်ပါတယ်…🖤

မနေ့က သူငယ်ချင်းအတွက် လက်ဆောင်ဝယ်ပေးချင်လို့ဆိုပြီး Nike 👟 သွားတာ Sale ချနေတာနဲ့ကြုံတော့ အရမ်းတန်လို့ သူငယ်ချင်း(၃)ယောက်...
11/08/2025

မနေ့က သူငယ်ချင်းအတွက် လက်ဆောင်ဝယ်ပေးချင်လို့ဆိုပြီး Nike 👟 သွားတာ Sale ချနေတာနဲ့ကြုံတော့
အရမ်းတန်လို့ သူငယ်ချင်း(၃)ယောက်အတွက်ရော သူတို့မိသားစုတွေရော အိမ်ကအမေ အဒေါ် မောင်တွေရော ရှိသမျှ အကုန်ဝယ်ရင်း ဖိနပ် (၁၁)ရံ လက်လွန်ကြက်သွန်ဖြစ်သွားတယ် 😅😅😅

ကိုရီးယားမှာ shopping လုပ်ရတာ အရမ်းကြိုက်တာတစ်ခုက Season Off Sale ချပြီဆိုရင် အရမ်းတန်

အကုန် 50% off အပြင်ကို တခါတလေဆိုရင် နောက်ထပ် 30% 20% ထပ် off သေးတာ

New collection ကိုအရမ်းကြိုက်မှသာ ချက်ချင်းဝယ်ဖြစ်တယ်
မဟုတ်ရင်တော့ ၃/၄လ စောင့်လိုက်ရင် Sale နဲ့ရရော

Sale အချိန်ဆို brand ကောင်းကောင်းတွေရှိတဲ့ Shinsegae/ Lotte / Hyundai Outlet တွေသာသွား ပိုက်ဆံကတော့ ပါမလောက်ဘဲ 🤣🤣🤣

29/06/2025

Costco မှာအပတ်စဉ်ပိတ်ရက် groceries shopping 🛍️ 🛒 ✨

Costco မှာ စျေးဝယ်မယ်ဆိုရင် Costco membership ရှိထားရပါမယ်…

Online ကနေလည်း အလွယ်တကူလုပ်လို့ရသလို
Costco branch တွေမှာလည်း သွားလုပ်လို့ရပါတယ်…

Costco membership က တစ်နှစ်ကို ကိုရီးယားဝမ် ၄သောင်းနီးနီးဘဲကျတာမို့လို့ တန်တယ်ပြောရမှာပါ…

နောက်တစ်ခုက payment လုပ်တဲ့အခါ cash သို့အဟုတ် Hyundai Credit Card ကိုသာလက်ခံပါတယ်…

နည်းနည်းတော့ ကန့်သတ်ချက်တွေများပေမယ့် Costco မှာဝယ်ရတာ တခြားနေရာတွေထက် ပိုကြိုက်လို့ ဒီမှာဘဲ တော်တော်များများဝယ်ဖြစ်ပါတယ်…

Costco က Pizza 🍕 နဲ့ hot meal တွေဖြစ်တဲ့ အသားကင် ကြက်ကင်တွေကတော့ ရောက်တိုင်း မစားမဖြစ်ပါ…😄

Korean Fine Dining တွေသွားတဲ့အခါ course by course လာတာဆိုတော့ ဗိုက်ဆာနေတဲ့အချိန်ဆို စိတ်မရှည်ဘူး 😅အရသာကောင်းပေမယ့် Porti...
29/06/2025

Korean Fine Dining တွေသွားတဲ့အခါ course by course လာတာဆိုတော့ ဗိုက်ဆာနေတဲ့အချိန်ဆို စိတ်မရှည်ဘူး 😅

အရသာကောင်းပေမယ့် Portion က မများတဲ့အတွက် ဗိုက်တော့ မဝဘူး 😅

ဟင်းပွဲတွေက colorful ဖြစ်ပြီး plating လှတာတော့ သဘောကျတယ် 💓

တယာက်ကို ကိုရီးယားဝမ် ၇-၈သောင်းလောက်ကနေ ဆိုင်ကောင်းရင်ကောင်းသလို စျေးကကွာပါတယ်…

မနေ့က မိသားစုထမင်းတူတူသွားစားဖြစ်တော့ Gwanhwamun က ဆိုင်လေးရောက်ဖြစ်လို့ … ✨☘️

American Steakhouse 🥩 ဆိုရင် ကိုရီးယားရောက်ထဲက Outback Steakhouse ကို အမြဲလိုလိုစားဖြစ်တယ်…Meat quality လည်းကောင်းသလို s...
24/06/2025

American Steakhouse 🥩 ဆိုရင် ကိုရီးယားရောက်ထဲက Outback Steakhouse ကို အမြဲလိုလိုစားဖြစ်တယ်…

Meat quality လည်းကောင်းသလို set menu တွေက ရွေးချယ်စရာများတယ်…

ဘူဆန်ရောက်တိုင်း မစားမဖြစ် မသွားမဖြစ်က Outback Steakhouse နဲ့ Paradise Hotel က Buffet ပါဘဲ…

ဒီတခါ ဘူဆန်ရောက်တာ ရာသီဥတုကလည်းမကောင်း မိုးရွာ လေအရမ်းတိုက် မှောင်မဲနေတော့ အစားအသောက်ကလွဲပြီး ဘယ်မှမရောက်လိုက်ရဘူး…

Address

Seoul

Website

Alerts

Be the first to know and let us send you an email when Korean Flavors posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share