Dinga Show

Dinga Show Hello 😊

03/10/2025
03/10/2025
လူတွေကို လွယ်လွယ် မယုံမိပါစေနဲ့ . . .လူတိုင်းကိုလည်း ကိုယ့်စိတ်လို မအောင့်မေ့ပါနဲ့ . . .ယုံလွယ်တတ်ခြင်းဟာ မိမိရဲ့ ရိုးသာ...
03/10/2025

လူတွေကို လွယ်လွယ် မယုံမိပါစေနဲ့ . . .

လူတိုင်းကိုလည်း ကိုယ့်စိတ်လို မအောင့်မေ့ပါနဲ့ . . .

ယုံလွယ်တတ်ခြင်းဟာ မိမိရဲ့ ရိုးသားမှုအစစ်အမှန်ကို ပေါ်လွင်ထင်ရှားအောင် ဖော်ပြနေတာနဲ့ အတူတူပါပဲ . . .

ဘယ်လောက်ပဲ ရိုးသားနေပါစေ ကောက်ကျစ်ယုတ်မာသူနဲ့ တွေ့ရတဲ့အခါ ကျားရှေ့ရောက်တဲ့ သားကောင်ပမာ မညှာမတာ အစားခံရတော့မှာပါ . . .

ကိုယ့်ရဲ့ အားနာတတ်မှု လိုက်ရောတတ်မှု နားလည်ပေးတတ်မှု ၊ သည်းခံနိုင်မှုတွေဟာ ကောက်ကျစ်ယုတ်မာသူတွေအတွက် လမ်းဖွင့်ပေးထားသလို ဖြစ်နေတတ်တယ် . ..

သူတို့မှာ မိဘဆရာဆိုတာ မရှိ . . . သူငယ်ချင်းမိတ်ဆွေကောင်း မထား ဇနီးမယား သမီးသားကိုတောင် မထောက် .

အရှက်အကြောက် ကင်းမဲ့ပြီး ကျီးတစ်ကောင်ပမာ မိမိအစာအတွက်သာ အလေးအနက်ထားသူတွေ ဖြစ်ကြပါတယ် . . .

ဒါကြောင့် လူတစ်ယောက်ရဲ့ ကောက်ကျစ်ယုတ်မာမှုကို

မိမိရဲ့ရိုးသားမှုနဲ့ ဘယ်လိုမှ အနိုင်ယူလို့ မရတတ်ပါဘူး . . . ..

ဝေးဝေးရှောင် မမြင်အောင်တိမ်း မိမိကိုယ်ကို အကောင်းဆုံး ထိမ်းခြင်းဖြင့် အန္တရာယ် ကင်းဝေးနိုင်ပါစေ . . .

လောကမှာ ယုံလွယ်တတ်ခြင်းဟာ မိမိကိုယ်ကို သားကောင်လို့ ကြွေးကြော်နေသလို ပါပဲ ..

ကောက်ကျစ်ယုတ်မာတဲ့ မုဆိုးနဲ့တွေ့တဲ့အခါ အလွယ်တကူ ဖမ်းစားခံရတတ်တယ် . . .

တစ်ခါတစ်ရံ

ကိုယ်ယုံကြည်စိတ်အချရဆုံး သူတွေက ကိုယ့်ကို အနီးကပ် အန္တရာယ်ပေးမယ့်သူ ဖြစ်နေတတ်တယ်ဆိုတာ သတိကြီးကြီးထားပါ၊၊

❤️🌹

Credit ゚viralシfypシ゚

03/10/2025
တဖြေး ဖြေး နဲ့  အရွယ်တစ်ခု ရလာတော့တိတ်ဆိတ်အေးချမ်းမှုကိုသာ မက်မောလာတယ် ။ဘယ်အရာမှ မမြဲဘူးဆိုတာကို အကြိမ်" ကြုံတွေ့ခဲ့ရတော...
03/10/2025

တဖြေး ဖြေး နဲ့ အရွယ်တစ်ခု ရလာတော့
တိတ်ဆိတ်အေးချမ်းမှုကိုသာ မက်မောလာတယ် ။
ဘယ်အရာမှ မမြဲဘူးဆိုတာကို အကြိမ်"
ကြုံတွေ့ခဲ့ရတော့ ကိုယ့်ကိုယ်ကိုယ်သာ
အားကိုးရာဆိုတာကို နှလုံးသွင်းတတ်လာတယ် ။
ရေစက်ရှိသလောက်ပဲ ကြုံတွေ့ရမှာမို့
ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဆုံစည်းခွင့် ရတုန်းလေးမှာ
စိတ်ကလေးကို အတတ်နိုင်ဆုံး
ဖြူအောင်ထားဖြစ်တယ်...
ခွင့်လွှတ်နိုင်သလောက်
ခွင့်လွှတ်ပြီး ခွင့်မလွှတ်နိုင်တော့ရင်
မပတ်သက်ခြင်းဖြင့်သာ
ကိုယ့်စိတ်အေးချမ်းမှုကို ရွေးချယ်ဖြစ်ခဲ့ပါတယ်

Credit ゚viralシfypシ゚

အချိန်မဆွဲသင့်တဲ့ အရာများ 👌______________ကိုယ့်အပေါ် မကောင်းတဲ့ပတ်ဝန်းကျင်ကို ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့ကိုယ့်အတွက် ...
03/10/2025

အချိန်မဆွဲသင့်တဲ့ အရာများ 👌
______________

ကိုယ့်အပေါ် မကောင်းတဲ့ပတ်ဝန်းကျင်ကို ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့

ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့
မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့
အချိန်မဆွဲပါနဲ့

ကိုယ့်မေတ္တာစေတနာကို တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့

ကိုယ့်ကို နာကျင်စေခဲ့တဲ့
အတိတ်တွေကို မေ့ပစ်လိုက်ဖို့
အချိန်မဆွဲပါနဲ့

ကိုယ့်ကို စာနာနားလည်ပေးပြီး
ကိုယ့်မျက်ရည်တွေသုတ်ပေးတဲ့သူ တွေ့ရင်
သူ့လက်ကို ဖမ်းဆုပ်ထားဖို့
အချိန်မဆွဲပါနဲ့

ကိုယ့်ကိုယ်ကို ချစ်ပေးဖို့
အချိန်မဆွဲပါနဲ့

ချစ်သင့်တဲ့သူကို ချစ်ဖို့
အချိန်မဆွဲပါနဲ့

မုန်းသင့်တဲ့သူကို မုန်းဖို့ အချိန်မဆွဲပါနဲ့ !

Credit ゚viralシfypシ゚

ကြားသုံးကြားမဝင်ကောင်းဘူး !ကိုယ့်ဘက်က စာနာလို့ပဲ ဖြစ်ဖြစ် ကူညီပေးလိုက်ပေမယ့် လူတိုင်းက စေတနာလို့ ထင်ချင်မှ ထင်တာလေ ကျေးဇ...
03/10/2025

ကြားသုံးကြား
မဝင်ကောင်းဘူး !

ကိုယ့်ဘက်က
စာနာလို့ပဲ ဖြစ်ဖြစ်
ကူညီပေးလိုက်ပေမယ့်
လူတိုင်းက
စေတနာလို့ ထင်ချင်မှ ထင်တာလေ
ကျေးဇူးတင်ချင်မှလဲ တင်တတ်ကြတာ
ကံမကောင်းရင် သူတို့ဇာတ်လမ်းမှာ ကိုယ်က
လူယုတ်မာကြီး ဖြစ်ချင်ဖြစ်သွားတတ်တာလေ။

ပထမတစ်ခုက
သူတစ်ပါးမိသားစုကြား ဝင်မပါနဲ့
ကိုယ်ဆိုတာ သူစိမ်းလေ
မိသားစုဆိုတာ ဘယ်လောက် သတ်သတ်
တစ်နေ့ကျရင် ပြန်ပြီး အဆင်ပြေသွားမယ့်
အမျိုးလေ။

သွေးပူတုန်းခဏမှာ
ကိုယ့်ဆီကို လာပြီး ရင်ဖွင့်ကြလိမ့်မယ်
ကူညီပါလို့ ပြောကြလိမ့်မယ်။

ချစ်သူ ရည်းစား လင်မယားတွေလဲ
ထိုနည်းလည်းကောင်းပါပဲ

ကိုယ်က
ကိုယ့်သူငယ်ချင်း
ကိုယ့်မိတ်ဆွေဘက်က
မခံမရပ်နိုင် ဘယ်လောက်ပဲဖြစ်ဖြစ်ပါ
သူတို့က
ကိုယ်တွေပတ်သက်တဲ့
ဆက်ဆံရေးတွေထက် ပိုပြီး နီးကြတယ်။

သိတိုင်းတတ်တိုင်း
ကြားမဝင်ကောင်းဘူး
စေတနာဆိုတာ လူတိုင်းမမြင်တတ်ကြဘူးလေ

လူအနည်းစုလောက်ကပဲ
ငါ့အတွက် ပြောနေတာပါလို့ နားလည်
တတ်ကြတာ။

လူအများကတော့
ကိုယ်ပြောခဲ့တဲ့စကားကို
နှစ်ယောက်သားပြန်အဆင်ပြေသွားတဲ့အခါ
အပြန်အလှန်ပြောကြရင်း ဟားတိုက်
နေကြလိမ့်မယ်။ အရူးလုပ်မခံနဲ့။

လူမိုက်လုပ်ပြီး ဘယ်လောက်ပဲ
ရှေ့က ကာဆီးပြီးရပ်ရပ်ပါ
မပြတ်တဲ့ကြိုးက
ဘယ်တော့မှ ပြတ်မှာမဟုတ်သလို…

ကိုယ်မခံမရပ်နိုင်ဖြစ်နေရုံနဲ့ တစ်ဖက်ကလဲ
ကိုယ့်နဲ့ စိတ်တူ ကိုယ်တူ ဖြစ်လိမ့်မယ်လို့
မထင်ပါနဲ့။

အမြင်မတော်ပေမယ့်လဲ
နေရာတကာ ဝင်ပါလို့မရတဲ့နေရာတွေမှ
အများကြီးရှိနေပါသေးတယ်။

ကိုယ်က သူ့အတွက် မကျေမနပ်ဖြစ်နေပေမယ့်
သူကိုယ်တိုင်က ပျော်နေတဲ့ဘဝတွေလဲ
အများကြီးရှိတယ်။

သံယောဇဉ်ဆိုတာ
ရှေ့တန်းအရမ်းမတင်နဲ့!!

သူငယ်ချင်းသံယောဇဉ်ဆိုတာ
ချစ်သူရည်းစားနဲ့ ယှဉ်လာတဲ့အခါ
လင်မယားတွေနဲ့ ယှဉ်လာတဲ့အခါ
ညီအစ်ကို မောင်နှမ
သားအမိ သားအဖတွေနဲ့
ယှဉ်လာတဲ့အခါ ဘာမှ မဟုတ်တော့ဘူး။

အမြင်မတော်ပေမယ့်လဲ
ကြားသုံးကြားဆိုတာ မဝင်ကောင်းဘူး
ဘာကြောင့်ဆို
ပဲကြီးလှော်ကြား ဆားညှပ်သလို
ကိုယ်ပဲ မကောင်းဖြစ်တတ်တယ်။

မောလိုက်တာ....

ဒါပါဘဲနော်
ကျေးဇူးတင်ပါတယ်။

Credit

▪️အသက်အရွယ်တစ်ခုရလာရင်မသိချင်ယောင်ဆောင်တတ်ရတယ်မကြားချင်ယောင်ဆောင်တတ်ရတယ်။▪️စိတ်ခံစားချက်နဲ့ဒေါသတွေကို ထစ်ခနဲ့ဆို စိတ်မထိ...
03/10/2025

▪️အသက်အရွယ်တစ်ခုရလာရင်
မသိချင်ယောင်ဆောင်တတ်ရတယ်
မကြားချင်ယောင်ဆောင်တတ်ရတယ်။

▪️စိတ်ခံစားချက်နဲ့ဒေါသတွေကို ထစ်ခနဲ့ဆို စိတ်မထိန်းပဲ မထုတ်မိစေနဲ့။အဲ့ဒီလူတွေအတွက်နဲ့ စိတ်အပင်ပန်းမခံပါနဲ့။

▪️တချို့လူတွေကို ဘာခံစားချက်မှ ထုတ်ပြမနေ၊ပြောမနေတော့ပဲ ဆက်ဆံရေးတွေကိုဖြတ်တောက်ပြစ်လိုက်ပါ။

▪️စကားတွေ အများကြီးပြောမနေတော့ပဲ တိတ်ဆိတ်နေလိုက်ပါ။ သူတို့ကြောင့် ကုန်သွားမယ့်အချိန်တွေအစား သင့်ကိုယ်သင်ပဲ ပိုဂရုစိုက်ပါ။

▪️နေ့ရက်တိုင်းမှာ သင့်အတွက်သင်ပဲ အာရုံစိုက်ပါ ရှင်သန်ပါ တခြားသူတွေကို သင့်ရဲ့ခံစားချက်တွေအပေါ်လွှမ်းမိုးတာ ခွင့်မပြုပါနဲ့တော့ ။

▪️အခုချိန်ကစပြီး သင်ဂရုစိုက်ရမယ့်အရာသုံးခုပဲရှိတယ် သင့်ရဲ့ကျန်းမာခြင်း၊ချမ်းသာခြင်းနဲ့သင့်ရဲ့စိတ်ခံစားချက်တွေပါပဲ ဒီနေ့ကစပြီး သင့်ကိုယ်သင်ပိုချစ်တတ်ပါစေ။

လေးစားစွာဖြင့်
မေဆု{ရာမညမြေ}

Credit ゚viralシfypシ゚

စျေးမပေါချင်တော့လို့ပါမာနကြီးလာတယ်နော်..တဲ့..ဒီစကားကို ကြားရတိုင်း ကိုယ်ပြုံးနေမိတယ်အရင်တုန်းကလို မကြီးရပါဘူးဟိုဟိုဒီဒီ ...
03/10/2025

စျေးမပေါချင်တော့လို့ပါ

မာနကြီးလာတယ်နော်..တဲ့..
ဒီစကားကို ကြားရတိုင်း
ကိုယ်ပြုံးနေမိတယ်

အရင်တုန်းကလို မကြီးရပါဘူး
ဟိုဟိုဒီဒီ ဘာဘာညာညာ တွေကိုလည်း
မရှင်းပြဖြစ်တော့ပါဘူး

ကိုယ်ရဲ့ ခြေလမ်းတွေကို မသိဘဲနဲ့
အပေါ်ယံသတ်သတ်တာ
ဆုံးဖြတ်တတ်တဲ့ လူတွေအတွက်
ကိုယ့်ရဲ့ အချိန်နဲ့ိုယ့်ရဲ့ Energy ကို
မသုံးပစ်ချင်လို့ပါ

ဒါ့ကြောင့် ဒီတိုင်းလေးဘဲ
ပြုံးမိတော့တယ်

ပြီးတော့ ခုနောက်ပိုင်းကိုယ်ဟာ
ကိုယ့်ဘက်ကစမှ
အသက်ဝင်မယ့် Conversation တွေ ၊
လိုအပ်မှ လာခေါ်တဲ့ တချို့သောလူတွေအတွက် စျေးမပေါးတတ်တော့ပါပဲ...။

ကိုယ်ဟာ လောကရဲ့
လိုသုံးအတွက် မွေးဖွားလာတာမှ မဟုတ်ပဲ
မာနဆိုတာ နေတရာတကာမှာ
မထားကောင်းပေမယ့်
ကိုယ့်ကိုယ်ကို အတွက်တော့
ရှိသင့်တယ် မဟုတ်လား.....

Credit

အပြည့်အဝ ယုံကြည်ပါတယ်အလိုလိုနေရင်းနဲ့ ကိုယ်တိုင်ကလည်း အကြည်ဓာတ်တစ်ခုခုရနေသလိုလို ဘယ်သွားသွားဘာလုပ်လုပ် အဆင်ကိုပြေလာတယ်  ...
02/10/2025

အပြည့်အဝ ယုံကြည်ပါတယ်

အလိုလိုနေရင်းနဲ့ ကိုယ်တိုင်ကလည်း အကြည်ဓာတ်တစ်ခုခုရနေသလိုလို ဘယ်သွားသွားဘာလုပ်လုပ် အဆင်ကိုပြေလာတယ်

Address

Seoul

Website

Alerts

Be the first to know and let us send you an email when Dinga Show posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share