Sapal - Shop

Sapal - Shop Hello 😊

အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။ပြဿနာတစ်ခုတွေ့တိုင်း ဖြေရှင်းတတ်ပါစေ။အခက်အခဲ တွေ့တိုင်း စိတ်ဓာတ်မကျပါနဲ့။ဒုက္ခဆိုတာ သ...
27/10/2025

အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။

ပြဿနာတစ်ခုတွေ့တိုင်း ဖြေရှင်းတတ်ပါစေ။

အခက်အခဲ တွေ့တိုင်း စိတ်ဓာတ်မကျပါနဲ့။

ဒုက္ခဆိုတာ သုခအတွက် ပထမရှေ့ပြေး။

မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်။

လောကဓံကို ကြံ့ကြံ့ခံနိူင်မှ
လူဘဝဆိုတာ ဖြောင့်ဖြူးတာပါ။

အပြေးသမားတစ်ယောက်က
အမောမခံနိူင်ပဲ ပန်းတိုင်ရောက်အောင်
မပြေးနိူင်ဘူးလေ။

လူ့ဘဝကလဲ ဒီလိုပဲ
မောပန်းခြင်းကို အကြောင်းပြ
ရောက်တဲ့နေရာ ရပ်နေသရွေ့့
လျှင်မြန်ပါတယ်ဆိုတဲ့ “ယုန်”ကို
“လိပ်”ကတောင် အနိူင်ယူသွားသေးတာပဲ။

ရှေ့ကလူကို နောက်ကလူက
လိုက်မှီတယ်ဆိုရင်
အဲ့ဒီလူကပဲ မြန်တာလား?
ရှေ့က လူက ရပ်နေတာလား?
စဉ်းစားကြည့်ပါ။

ဘယ်ကိစ္စမဆို
မှားမှာမကြောက်နဲ့
ရှုံးမှာမကြောက်နဲ့
ကြောက်တက်တဲ့ စိတ်ကိုပြင်။

စိတ်ဓာတ်ကို အမြဲမြှင့်တင်ပါ။

ဘဝကိုမြှင့်မှ တိုးတက်တာပါ
ဘဝင်မြင့်ရင်တော့
အောက်ကျလိမ့်မယ်သတိထား။

ဘာကြောင့်ဖြစ်ဖြစ် အားမငယ်ပါနဲ့
စိတ်ဓာတ်မကျပါနဲ့၊ ဒါပေမဲ့
လောကကြီးက ဒုက္ခတစ်ခုပေးတိုင်း
အခက်အခဲ တစ်ခုပေးတိုင်း
ပြဿနာတစ်ခုပေးတိုင်း
သင်ခန်းယူဖို့တော့ မမေ့ပါနဲ့။

ဘာကြောင့်ဆို
အခက်အခဲနဲ့ ဒုက္ခဆိုတာ
ကျွန်မတို့ လူသားတွေအတွက်
ပြီးဆုံးတယ်ဟူ၍ မရှိနိူင်ပါဘူး။

Credit

ဘဝ ဆိုတာ...မဖြစ်နိုင်ခြင်း ဆိုတဲ့ နောက်ကွယ်မှာဖြစ်အောင် လုပ်ချင်တဲ့ တံခါး ပေါက်လေး ရှိတယ်။ဆုံးရှုံးခြင်း ရဲ့ နောက်ကွယ်မှ...
26/10/2025

ဘဝ ဆိုတာ...
မဖြစ်နိုင်ခြင်း ဆိုတဲ့ နောက်ကွယ်မှာ
ဖြစ်အောင် လုပ်ချင်တဲ့
တံခါး ပေါက်လေး ရှိတယ်။

ဆုံးရှုံးခြင်း ရဲ့ နောက်ကွယ်မှာ
တဖန် အောင်မြင် ဖို့အတွက်
မျှော်လင့်ချက်တွေ ရှိတယ်။

နာကျင်ခြင်း ရဲ့ နောက်ကွယ် မှာ
မခံချင် စိတ်တွေ ရှိတယ်။

အနိမ်ခံ ဘဝ ရဲ့ နောက်ကွယ် မှာ
ခံပြင်းစိတ် နဲ့ ကြိုးစားချင်
စိတ်တွေ ရှိတယ်။

စွန့်လွှတ်မှု ရဲ့ နောက်ကွယ် မှာ
တမ်းတ ငိုကြွေး ခြင်းတွေ ရှိတယ်။

အစွန့်လွတ်ခံ ရခြင်းရဲ့ နောက်ကွယ် မှာ
အရာရာကို နားလည် သွားနိုင်တဲ့
ဘဝ သင်ခန်းစာတွေ ရှိတယ်။

ဘဝဆိုတာ
ကိုယ့်ဒူးကိုယ်ချွန် ရမယ်။
ကိုယ့်လမ်း ကိုယ်လျှောက် ရမယ်။
ကိုယ့်သမိုင်း ကိုယ် ရေးရမယ်။

တကယ်တော့ ဘဝဆိုတာ
အားကိုးရှာဖို့ ရောက်လာတာ မှ
မဟုတ်တာပဲ

ကိုယ်ဖောက် ရမဲ့ လမ်း အတွက်
သင်ခန်းစာယူဖို့ ရောက်လာ ကြတာပါ

အဲဒီ တော့
ဘဝမှာ လဲကျသွားရင်
အားတင်းထား၊

ဘာလို့ လဲကျသွားလဲ ...
သင်ခန်းစာယူ၊

ရအောင် ပြန်မတ်တပ် ရပ်
အောင်မြင်ဖို့ အတွက် ဆက်လျှောက်၊
အဲဒါ ဘဝ ပါပဲ သူငယ်ချင်း။

`ကိုယ့်ကိုကိုယ် ပိုဂရုစိုက်ပါ„*******************ပိုက်ဆံတွေ ဘယ်လောက်ရှိရှိစိတ်ချမ်းသာမှု မရှိရင် လူတစ်ယောက်ရဲ့ စည်းစိမ်ဆ...
26/10/2025

`ကိုယ့်ကိုကိုယ် ပိုဂရုစိုက်ပါ„
*******************
ပိုက်ဆံတွေ ဘယ်လောက်ရှိရှိ
စိတ်ချမ်းသာမှု မရှိရင် လူတစ်ယောက်ရဲ့ စည်းစိမ်ဆိုတာ မရှိဘူး။

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်လုပ်ယူမှ ရတာဆိုပေမယ့် တစ်ခါတလေ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကို တွေးပြီး စွန့်လွှတ်ရတဲ့ လွတ်လပ်ခြင်းတွေ ရှိတယ် ၊၊လစ်လျူရှု့ခဲ့ရတဲ့ ပျော်ရွှင်ခြင်းတွေ ရှိတယ်။ ဆုံးရှုံးခံလိုက်ရတဲ့ အခွင့်ရေးတွေရှိတယ်။

ဘဝက ကိုယ်လိုသလို ပုံဖော်လို့ရပါတယ်
ဒါပေမယ့် ကိုယ့်ရည်မှန်းထားသလောက်
ခရီးမပေါက်ရင် တစ်လမ်းမဟုတ်
တစ်လမ်းကတော့ ရွေးချယ်ကြရတာပါပဲ။

ပျော်စရာတွေပျောက်ဆုံးတဲ့အထိ
ကိုယ်ပိုင် အချိန်တွေကို အဆုံးရှုံးမခံလိုက်ပါနဲ့ တစ်ခုခုကို လိုချင်ရင် တစ်ခုခုကိုစွန့်လွတ်ရတာက လောကသဘာဝပဲမဟုတ်လား???

သူက ကိုယ်မှမဟုတ်တာ ကိုယ်ခံစားရတာကိုယ်ပဲ သိတာပါနာကျင်လာပြီဆိုရင် လွှတ်ချခဲ့ပါ ။ဆူးမှန်းသိရက်နဲ့ ဆုပ်ကိုင်ထားမနေနဲ့ ကြယ်တစ်လုံး ကြွေလို့ ကမ္ဘာကြီး မမှောင်မိုက်သွားပါ ဘူး ကိုယ်မရှိလည်း အချိန်ကြာလာတာနဲ့အမျှ နေသားကျသွားကြမှာပါ။

အဓိက က ကိုယ်ကျန်းမာဖို့နဲ့
စိတ်ချမ်းသာဖို့ကို ပိုဂရုစိုက်ပါ
ငွေဆိုတာ အမြဲရှာနေလို့ရတယ် စိတ်ချမ်းသာခြင်းနဲ့ကိုယ်ကျန်းမာခြင်းက
ပုံသေမရှိဘူး ကိုယ့်ဘဝအတွက် အရေးမကြီးဘူးဆိုရင် ဘာကိုမှဂရုစိုက်မနေပါနဲ့ ။

ကိုယ့်ဘဝတက်လမ်းအတွက် အတားအဆီး တစ်ခုဆိုရင် ဘယ်လောက်ချစ်ချစ် ဘယ်လောက်ခင်ခင် တွယ်တာမနေနဲ့
သကြားနဲ့သဏ္ဍာန်တူလို့ ဆားကို
လိုတာထက် ပိုရောမိရင် နောက်ဆုံးငန်သွားမှာပဲ လောကမှာ လူတစ်ချို့က အပေါ်ယံတွေများတယ်။

အချိန်ကို စောင့်ပါ။⏱⏱==================ဘဝဆိုတာ ကိုယ်လုပ်ချင်တာ တစ်ခု လုပ်ရဖို့အတွက်မလုပ်ချင်တာတွေအများကြီးကိုလုပ်ပြီး စေ...
26/10/2025

အချိန်ကို စောင့်ပါ။⏱⏱
==================

ဘဝဆိုတာ ကိုယ်လုပ်ချင်တာ
တစ်ခု လုပ်ရဖို့အတွက်
မလုပ်ချင်တာတွေ
အများကြီးကိုလုပ်ပြီး စောင့်ရတာပါ။

လူတော်တော်များများဟာ
အချိန်တွေရင်း ဘဝတွေရင်းပြီး..
ဖြစ်ချင်တာလေးတစ်ခု
ဖြစ်လာဖို့ စောင့်ရပါတယ်။

ဖြစ်ချင်တာတစ်ခု ဖြစ်လာဖို့
အခုလုပ်သင့်တာတွေ
အများကြီးကို လုပ်ပြီး စောင့်နိုင်ရတယ်။

အဲလိုစောင့်နိုင်တာ
အဲဒါရင့်ကျက်မှုပါ။
အဲဒါ ပညာပါ။

ကျေနပ်စရာတစ်ခု မတွေ့တိုင်း
မကျေနပ်စရာကို ရအောင်ရှာကြည့်တာ လူ့ သဘာဝပါ။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
တစ်ထပ်တည်းကျသွားပြီဆိုရင်
အဲဒီလူမှာ စိတ်ဓာတ်အင်အားတွေ
အများကြီးတိုးလာပါလိမ့်မယ်။
ဉာဏ်ပညာလည်း ကြီးလာလိမ့်မယ်။
ကြည်လင်အေးချမ်းတဲ့သူတစ်ယောက်လည်း .
ဖြစ်လာပါလိမ့်မယ်။

ပြဿနာဆိုတာ ဘဝနဲ့အတူတူ
တွဲပါလာပြီးသားပါနော်။
ဘဝရှိရင် ပြဿနာ ရှိတာပါပဲ။
ရှောင်လွှဲချင်လို့မရပါဘူး။

ဘဝနဲ့ အတူရှိနေတဲ့
မလွှဲသာမရှောင်သာ
ပြဿနာတွေ၊ စိတ်ဆင်းရဲမှုတွေအပေါ်
ဘယ်လိုသဘောထားရမလဲ
ဘယ်လိုအမြင်နဲ့ ကြည့်ရမလဲ...
အဲဒါအရေးကြီးပါတယ်။

ကြုံတွေ့ရတဲ့ လောကဓံတွေ
အခက်အခဲဒု၊က္ခကြောင့်
ကိုယ်ဟာ ပိုပြီးတော့ ထားတတ်တဲ့သူ ဖြစ်လာရမယ်။
စိတ်ထား ပိုကောင်းတဲ့သူ ဖြစ်လာရမယ်။

ကိုယ့်ပြဿနာတွေ..
ကိုယ့်အခက်အခဲတွေကိုဖြေရှင်းရင်း ...
ကိုယ်ဟာအရင်ထက်ပိုပြီး
ဉာဏ်ရင့်သန်လာတဲ့သူ ဖြစ်ရမယ်။

ဘဝမှာ အခက်အခဲတွေ
ပြဿနာတွေရှိလာရင်...
ဒီအခက်အခဲတွေ ဒီပြဿနာတွေကို
ရင်ဆိုင်ရင်းဖြေရှင်းရင်းနဲ့ ကိုယ်ဟာ
ပိုစဉ်းစားတတ်တဲ့သူ၊
ပိုတွေးခေါ်မြော်မြင်တဲ့တတ်သူ
ပိုစိတ်ထားမြင့်တဲ့သူ ဖြစ်လို့ ရပါတယ်။

Credit

25/10/2025
25/10/2025
မကြိုးစားတဲ့ဘဝက ပိုပင်ပန်းရပါတယ်။ ဒီနေ့ဒီအချိန်မှာကြိုးကြိုးစားစား အလုပ်တွေလုပ်နေရတာ၊လေ့လာမှုတွေလုပ်ရတာပင်ပန်းတယ်လို့ထင်...
25/10/2025

မကြိုးစားတဲ့ဘဝက ပိုပင်ပန်း
ရပါတယ်။ ဒီနေ့ဒီအချိန်မှာ
ကြိုးကြိုးစားစား
အလုပ်တွေလုပ်နေရတာ၊
လေ့လာမှုတွေလုပ်ရတာ
ပင်ပန်းတယ်လို့ထင်ကြတယ်။

ဒါပေမယ့် ဘဝကို
ဖြစ်သလိုနေတဲ့အတွက်
ကိုယ့်ကိုယ်ကို
အမြဲစိတ်ပျက်အပြစ်တင်တာတွေ၊

အပျင်းကြီးပြီး အချိန်ဆွဲမိတဲ့
အတွက် နောင်တရတာတွေ၊

ဒုံရင်းအတိုင်းနေတဲ့အတွက်
တခြားသူတွေနဲ့နှိုင်းယှဉ်ပြီး
ကျရှုံးနေသလို ခံစားရတာတွေက

​တွေးကြည့်ရင် ပိုတောင်
စိတ်ပင်ပန်းရပါသေးတယ်။

ဘာပဲဖြစ်ဖြစ်
အိပ်မက်တွေကို ရှေ့တန်းတင်ပြီး
ကြိုးစားခဲ့တဲ့ ပင်ပန်းမှုတွေက
ကိုယ့်ကို စားဝင် အိပ်ပျော်စေတယ်။

ဒီနေ့နဖူးကနေ ခြေမထိ
ကျခဲ့တဲ့ ချွေးတွေက
နောင်တချိန် အေးဆေးနေရဖို့အတွက်
သက်သေတွေ ဖြစ်လာစေတယ်။

တဖက်မှာ ရေသာခိုပြီး
ရခဲ့တဲ့ စိတ်ပင်ပန်းမှုတွေက
ကိုယ့်ကို တစ်ချိန်ပိုပြီးပဲ
ဒုက္ခများစေမှာကို မမေ့ဖို့လိုပါတယ်။

Credit

မင်းကို သိပ်ခင်ပါတယ်ဆိုတဲ့  သူငယ်ချင်းတွေ အများကြီးထဲမှာ  ဘယ်သူတွေက သူငယ်ချင်းအစစ်အမှန်တွေလဲဆိုတာ  မင်းဒုက္ခရောက်တဲ့အချိ...
25/10/2025

မင်းကို သိပ်ခင်ပါတယ်ဆိုတဲ့
သူငယ်ချင်းတွေ အများကြီးထဲမှာ
ဘယ်သူတွေက သူငယ်ချင်းအစစ်အမှန်တွေလဲဆိုတာ
မင်းဒုက္ခရောက်တဲ့အချိန်မှာ သိလာလိမ့်မယ်။

မင်းဒုက္ခရောက်နေတဲ့အချိန်မှာ မင်းအောင်မြင်တုန်းက
ဆွဲပြီးနှုတ်ဆက်ခဲ့တဲ့ လက်တွေဟာ
မသိမသာ နောက်ဆုတ်သွားကြလိမ့်မယ်။
စစ်မှန်တဲ့ သူငယ်ချင်းတွေကသာ
မင်းကို လက်တွဲပြီး ကူညီကြလိမ့်မယ်။

အောင်မြင်တဲ့အချိန်မှာ
ဆွဲပြီးနှုတ်ဆက်တဲ့ လက်တွေထက်
ကျရှုံးချိန်မှာ တွဲထူပေးတဲ့
လက်တွေကသာ ပိုပြီးတန်ဖိုးရှိပါတယ်။

မင်းအဆင်မပြေဖြစ်တဲ့ အချိန်မှာ
လက်အတု ပိုင်ဆိုင်ထားတဲ့
သူငယ်ချင်းတွေက
မင်းအနားက ထွက်ခွာသွားကြလိမ့်မယ်။
စစ်မှန်တဲ့ လက်ပိုင်ရှင်တွေကသာ
မင်းအနားမှာ ကူညီဖို့ စောင့်ဆိုင်းနေကြမှာပါ။

လောကမှာ လက်ပါတဲ့လူတိုင်း
မကူညီတတ်ကြပါဘူး။
တစ်ချို့လက်တွေဟာ ကူညီဖို့အတွက်ဆို
ပျောက်ဆုံးနေကြပြီး ရယူဖို့ကျမှ
ပေါ်ပေါက်လာတတ်ကြပါတယ်။

မင်းကူညီခဲ့တဲ့ သူတိုင်း
မင်းကိုပြန်ပြီး မကူညီကြဘူးဆိုတာ
မင်းလိုအပ်တဲ့အချိန် သိလာလိမ့်မယ်။

တစ်ချို့တွေက သူတို့လိုအပ်ချက်အတွက်
တစ်ခဏတာ လာရောက်ပေါင်းသင်းတဲ့
မိတ်ဆွေတု၊မိတ်ဆွေယုတ်တွေပါ။

မင်းအောင်မြင်ပြီး အဆင်ပြေနေတဲ့အချိန်
မင်း အကြိုက်လိုက်ပြီး ပေါင်းလို့သင်းလို့ကောင်းတဲ့
သူငယ်ချင်းတွေ မင်းအရောင်အဝါ ကင်းမဲ့လာချိန်မှာ
ပေါင်းရသင်းရ ကြပ်လာလိမ့်မယ်။

တစ်ချို့အရာတွေက အမြင့်က တက်ကြည့်မှ
အရာအားလုံးကို မြင်တွေ့ရတာပါ။
လူမှုပေါင်းသင်း
ဆက်ဆံရေးမှာလည်း ဒီလိုပါပဲ။
ကိုယ်အဆင်ပြေနေချိန်မှာ ဘယ်သူက မိတ်ဆွေစစ်၊
ဘယ်သူက မိတ်ဆွေတုဆိုတာ ခွဲခြားရခက်ပါတယ်။
ကိုယ်အဆင်မပြေဖြစ်မှသာ
ခွဲခွဲခြားခြား သိနိုင်တာမျိုးပါ။

အပေါင်းအသင်းတိုင်းကို
ကိုယ့်လိုထင်ပြီး
မျက်စိမှိတ် မယုံကြည်လိုက်ပါနဲ့။
ကိုယ်ကျိုးအတွက်
တစ်ကိုယ်ကောင်းဆန်တဲ့
အတ္တသမားတွေလည်း ရှိနေပါတယ်။

လိမ္မာပါးနပ်စွာနဲ့
လူတစ်ယောက်ရဲ့အပြုအမူ၊
အပြောအဆိုနဲ့ သူအကြောင်းကို
ထဲထဲဝင်ဝင် လေ့လာပြီးမှသာ
သူငယ်ချင်းအဖြစ် လက်ခံသင့်ပါတယ်။
တစ်နေ့ကြရင် ဒါတွေကို မင်းသိလာမှာပါ။


လက်ရှိဘုရင် မဟာဝဇီရာလောင်ကွန်း၏ မယ်တော်ဖြစ်သူ ထိုင်းနိုင်ငံ၏ မိဖုရား သီရိကစ် ကိတီယာကာရသည် အောက်တိုဘာလ ၂၄ ရက်၊ သောကြာနေ့ ...
25/10/2025

လက်ရှိဘုရင် မဟာဝဇီရာလောင်ကွန်း၏ မယ်တော်ဖြစ်သူ ထိုင်းနိုင်ငံ၏ မိဖုရား သီရိကစ် ကိတီယာကာရသည် အောက်တိုဘာလ ၂၄ ရက်၊ သောကြာနေ့ ည ၉:၂၁ နာရီတွင် အသက် ၉၃ နှစ်အရွယ်၌ ကွယ်လွန်သွားသည်။

Thailand’s Queen Sirikit Kitiyakara, the mother of the current King Maha Vajiralongkorn Passes Away at 93 on Friday, 24 October, at 9:21 PM.

Address

Seoul

Website

Alerts

Be the first to know and let us send you an email when Sapal - Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share