SKY Creation +

SKY Creation + ကမ္ဘာပေါ်ရှိ ထူးဆန်းထွေလာ ဗဟုသုတ အကြောင်းအရာများ
(1)

ဘဝဆိုတာ ကိုယ်လုပ်ချင်တာ တစ်ခု လုပ်ရဖို့အတွက်မလုပ်ချင်တာတွေအများကြီးကိုလုပ်ပြီး စောင့်ရတာပါ။လူတော်တော်များများဟာ အချိန်တွ...
19/10/2025

ဘဝဆိုတာ ကိုယ်လုပ်ချင်တာ
တစ်ခု လုပ်ရဖို့အတွက်
မလုပ်ချင်တာတွေ
အများကြီးကိုလုပ်ပြီး စောင့်ရတာပါ။

လူတော်တော်များများဟာ
အချိန်တွေရင်း ဘဝတွေရင်းပြီး..
ဖြစ်ချင်တာလေးတစ်ခု
ဖြစ်လာဖို့ စောင့်ရပါတယ်။

ဖြစ်ချင်တာတစ်ခု ဖြစ်လာဖို့
အခုလုပ်သင့်တာတွေ
အများကြီးကို လုပ်ပြီး
စောင့်နိုင်ရတယ်။

အဲလိုစောင့်နိုင်တာ
အဲဒါရင့်ကျက်မှုပါ။
အဲဒါ ပညာပါ။

ကျေနပ်စရာတစ်ခု မတွေ့တိုင်း
မကျေနပ်စရာကို
ရအောင်ရှာကြည့်တာ လူ့ သဘာဝပါ။

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
တစ်ထပ်တည်းကျသွားပြီဆိုရင်
အဲဒီလူမှာ စိတ်ဓာတ်အင်အားတွေ
အများကြီးတိုးလာပါလိမ့်မယ်။
ဉာဏ်ပညာလည်း ကြီးလာလိမ့်မယ်။
ကြည်လင်အေးချမ်းတဲ့သူတစ်ယောက်လည်း ဖြစ်လာပါလိမ့်မယ်။

ပြဿနာဆိုတာ ဘဝနဲ့အတူတူ
တွဲပါလာပြီးသားပါနော်။
ဘဝရှိရင် ပြဿနာ ရှိတာပါပဲ။
ရှောင်လွှဲချင်လို့မရပါဘူး။

ဘဝနဲ့ အတူရှိနေတဲ့
မလွှဲသာမရှောင်သာ
ပြဿနာတွေ၊ စိတ်ဆင်းရဲမှုတွေအပေါ်
ဘယ်လိုသဘောထားရမလဲ
ဘယ်လိုအမြင်နဲ့ ကြည့်ရမလဲ...
အဲဒါအရေးကြီးပါတယ်။

ကြုံတွေ့ရတဲ့ လောကဓံတွေ
အခက်အခဲဒု၊က္ခကြောင့်
ကိုယ်ဟာ ပိုပြီးတော့ ထားတတ်တဲ့သူ ဖြစ်လာရမယ်။
စိတ်ထား ပိုကောင်းတဲ့သူ ဖြစ်လာရမယ်။

ကိုယ့်ပြဿနာတွေ..
ကိုယ့်အခက်အခဲတွေကိုဖြေရှင်းရင်း ...
ကိုယ်ဟာအရင်ထက်ပိုပြီး
ဉာဏ်ရင့်သန်လာတဲ့သူ ဖြစ်ရမယ်။

ဘဝမှာ အခက်အခဲတွေ
ပြဿနာတွေရှိလာရင်...
ဒီအခက်အခဲတွေ ဒီပြဿနာတွေကို
ရင်ဆိုင်ရင်းဖြေရှင်းရင်းနဲ့ ကိုယ်ဟာ
ပိုစဉ်းစားတတ်တဲ့သူ၊
ပိုတွေးခေါ်မြော်မြင်တဲ့တတ်သူ
ပိုစိတ်ထားမြင့်တဲ့သူ ဖြစ်လို့ ရပါတယ်။

Credit



゚viralシfypシ゚viralシalシ

"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။ ကိုယ့်ထက်သာတဲ့သူကိုလည်းမနာလိုတဲ့စိတ် မရှိခဲ့ဘူး ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်းနို...
19/10/2025

"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။
ကိုယ့်ထက်သာတဲ့သူကိုလည်း
မနာလိုတဲ့စိတ် မရှိခဲ့ဘူး

ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်း
နိုင့်ထက်စီးနင်း
ပြုမူတယ်ဆိုတာ မရှိခဲ့ပါဘူး

ကိုယ်ကတော့သာစေ သူများတော့
နာပါစေဆိုတဲ့
အတ္တတွေနဲ့လည်း မရှင်သန်ခဲ့ဘူး

ဘယ်သူအပေါ်ကိုမှ
အနိုင်မယူတတ်ခဲ့သလို
မောက်မာချင်းမရှိခဲ့တာတောင်
ကိုယ့်အပေါ်ကိုကြ
ယုတ်မာ ကောက်ကျစ်တဲ့သူက
ခပ်များများရယ် ပါ။

ဘယ်သူတွေ ဘယ်လိုပုံစံမျိုးနဲ့
ဘဝကိုရပ်တည်နေပါစေ
ကိုယ့်ရဲ့ဘဝကိုတော့
ဖြူစင်တဲ့ စိတ်ထားနဲ့သာနေထိုင်ပါတယ်။

သူများမကောင်းတာက သူများပဲလေ
ကိုယ်ကကောင်းအောင်နေထိုင်ရမှာက
ကိုယ့်ရဲ့ တန်ဖိုးပဲ မဟုတ်လား

ကိုယ့်ရဲ့ စိတ်ထား မှန်ခဲ့ရင်
တစ်နေ့ကြ အကျိုးပေးလာလိမ့်မယ်လို့
ကျွန်မယုံကြည်မိပါတယ်...
စိတ်ထားတတ်ရင်မြတ်ပါတယ်လို့.. နော်

အမေကတော့ မှာရှာတယ် ... အဆင်မပြေရင် အိမ်ကို အပြေးလေးပြန်လာနော် အမေ မျှော်နေမယ် တဲ့ ။ဒါပေမယ့် အမေရယ် တစ်ဘ၀လုံးအဆင်မပြေခဲ့တ...
18/10/2025

အမေကတော့ မှာရှာတယ် ...
အဆင်မပြေရင် အိမ်ကို
အပြေးလေးပြန်လာနော်
အမေ မျှော်နေမယ် တဲ့ ။

ဒါပေမယ့် အမေရယ်
တစ်ဘ၀လုံးအဆင်မပြေခဲ့တဲ့အမေ့ကို
တင့်တောင့်တင့်တယ်လေး
ထားနိုင်ဖို့
အဆင်မပြေတာတွေရှိလည်း
ကျွန်တော် ကြိုးစားနေပါဦးမယ် ။

Credit

အလုပ်နဲ့ အတွေးကို အာရုံစိုက်ပါ ---------------------------------ငါဆင်းရဲလိုက်တာ မငြီးတွားပါနဲ့။ငါချမ်းသာ နိုင်သေးတယ်ဆိုတ...
18/10/2025

အလုပ်နဲ့ အတွေးကို အာရုံစိုက်ပါ
---------------------------------
ငါဆင်းရဲလိုက်တာ မငြီးတွားပါနဲ့။
ငါချမ်းသာ နိုင်သေးတယ်ဆိုတဲ့
အသိနဲ့ ကြိုးစားပါ။
ငါအဆင်မပြေဘူးလို့ မတွေးပါနဲ့။
ငါအဆင်ပြေ နိုင်သေးတယ်လို့ပဲ တွေးပါ။
ငါကံဆိုးတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။
ငါကံကောင်း နိုင်သေးတယ်လို့ပဲ တွေးပါ။
ငါလုပ်လို့ မရနိုင်တော့ဘူးလို့
မငြီးတွားပါနဲ့။
ငါ ဆက်လုပ်နေမယ်ဆိုရင်
အောင်မြင်မယ်ဆိုတဲ့ အသိနဲ့ ကြိုးစားပါ။
အလုပ်ဆိုတာ အရေးကြီးသလို
အတွေးတွေကလည်း အဓိကကျပါတယ်။
ဒါကြောင့် အတွေးကို
ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ကောင်းတဲ့ အတွေးအမြင်တွေကသာ
သင့်ကို ကောင်းတဲ့ ဘဝဆီ
ခေါ်ဆောင်သွား နိုင်မှာပါ။
အလုပ်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။
ကောင်းမွန်စွာ ကြိုးစားလုပ်ကိုင်ခြင်းကသာ
သင့်ကို ကောင်းတဲ့ဘဝဆီ ခေါ်ဆောင်သွားမှာပါ။
ဘာပဲလုပ်လုပ်
အလုပ်နဲ့ အတွေးကို ဂရုစိုက်ပါ။

 #ဗုဒ္ဓကပြောတယ် 🙏🤍🙏 #ပေးဆပ်စရာ  #ဝဋ်ကြွေးတွေ ကုန်သွားတဲ့အခါ  #လမ်းခွဲခြင်းနဲ့ ခွဲခွါခြင်းတွေဟာ # သူ့အလိုလို ဖြစ်သွားပါလိ...
17/10/2025

#ဗုဒ္ဓကပြောတယ် 🙏🤍🙏
#ပေးဆပ်စရာ
#ဝဋ်ကြွေးတွေ ကုန်သွားတဲ့အခါ
#လမ်းခွဲခြင်းနဲ့ ခွဲခွါခြင်းတွေဟာ
# သူ့အလိုလို ဖြစ်သွားပါလိမ့်မယ် ...🙏🙏🙏

အပြုံးကိုတော့ ...🤍လူတိုင်းနှစ်သက်ကြတာချည်းပါပဲ ဒါပေမယ့် ... 💙ဘဝမှာ ပြုံးပြဖို့တောင် မတန်တဲ့ လူတချို့တော့ ရှိခဲ့တာပေါ့......
17/10/2025

အပြုံးကိုတော့ ...🤍
လူတိုင်းနှစ်သက်ကြတာချည်းပါပဲ
ဒါပေမယ့် ... 💙
ဘဝမှာ ပြုံးပြဖို့တောင် မတန်တဲ့
လူတချို့တော့ ရှိခဲ့တာပေါ့...💜

‎တန်ဖိုးရှိတဲ့ မိန်းမ‎💌💌💌💌💌💌‎‎မိန်းမချင်း တူတယ်။‎အရည်အချင်း ကွာတယ်။‎အတွေ့အကြုံ ကွာတယ်။‎ဝတ်စားဆင်ယင်မှု ကွာတယ်။‎အပြောအဆို...
17/10/2025

‎တန်ဖိုးရှိတဲ့ မိန်းမ
‎💌💌💌💌💌💌

‎မိန်းမချင်း တူတယ်။
‎အရည်အချင်း ကွာတယ်။
‎အတွေ့အကြုံ ကွာတယ်။
‎ဝတ်စားဆင်ယင်မှု ကွာတယ်။
‎အပြောအဆို ကွာတယ်။
‎အနေအထိုင်
‎အပြုအမူ ကွာတယ်။

‎ဒီတော့…
‎အနေအထားတွေ ကွာတယ်။
‎‎အဲဒီ အနေအထားတွေ ကွာတော့…
‎စိတ်ဓာတ်တွေလည်း ကွာတယ်။

‎စိတ်ဓာတ်တွေ ကွာတော့…
‎အဆင့်အတန်းတွေ ကွာတယ်။
‎‎အဆင့်အတန်းတွေ ကွာတော့…
‎တန်ဖိုးတွေလည်း
‎ကွာခြားသွားတော့တာပေါ့။

‎အဆင့်အတန်းဆိုတာ…
‎ငွေကြေးချမ်းသာ ကြွယ်ဝမှုနဲ့
‎မဆိုင်ဘူး။

‎အနေအထားဆိုတာ…
‎စည်းစိမ်ပိုင်ဆိုင်မှုနဲ့ မဆိုင်ဘူး။
‎‎စိတ်ဓာတ်တွေနဲ့ပဲ ဆိုင်တယ်။

‎လုပ်ရပ်တိုင်းဟာ…
‎စိတ်ကြောင့်ဖြစ်တယ်
‎ငွေကြောင့် မဟုတ်ဘူး။

‎စိတ်ကောင်းရင် လူကောင်းမယ်။
‎စိတ်သေရင် လူသေမယ်။
‎စိတ်ပုပ်ရင် လူပုပ်မယ်၊

‎မိမိစိတ်ကြောင့်…
‎ကိုယ် ဘယ်လိုလူဆိုတာဖြစ်လာတယ်။

‎ဒါကြောင့်…
‎အဆင့်အတန်းတွေ
‎တန်ဖိုးတွေ
‎ကွာခြားတယ်ဆိုတာ…
‎စိတ်ဓာတ်တွေ ကွာခြားလို့ပဲ ဖြစ်ပါတယ်။

‎မြန်မာပြည်မှာ အမျိုးသမီးဦးရေဟာ
‎အမျိုးသားဦးရေထက်
‎( ၂ )သန်းကျော် ပိုများပါတယ်။
‎‎မိန်းမတွေ ပေါတယ်။

‎သို့သော်…
‎တန်ဖိုးရှိတဲ့ မိန်းမကောင်းတွေတော့
‎ရှားလာတယ်။
‎‎အများနည်းတူ ပြုမူရင်တော့
‎အများနည်းတူ စာရင်းထဲမှာပဲ ရှိလိမ့်မယ်။

‎တန်ဖိုးရှိသူ ဖြစ်ချင်ရင်တော့…💌
‎တန်ဖိုးရှိအောင် ကြိုးစားနေထိုင်သင့်တယ်။

🤍🌿

ကံတွေဟာ သိပ်သတိထားဖို့ကောင်းပါတယ်။နေ့စဉ် နေ့တိုင်းကိုယ်မှု နှုတ်မှုစိတ်အကြံကြောင့် လူတွေဟာ ဒုက္ခရောက်နေကြရတယ်။ ဒါကြောင့်...
17/10/2025

ကံတွေဟာ သိပ်သတိထားဖို့ကောင်းပါတယ်။
နေ့စဉ် နေ့တိုင်းကိုယ်မှု နှုတ်မှုစိတ်အကြံကြောင့် လူတွေဟာ ဒုက္ခရောက်နေကြရတယ်။ ဒါကြောင့် လုပ်ရင်လည်း သတိရှိပါ။ ပြောဆိုရင်လည်း သတိရှိပါ။ တွေးရင်လည်း သတိရှိပါ။ ကိုယ်ရေးဆွဲတဲ့ ပန်းချီကားကို အရုပ်ဆိုး အကျည်းတန်အောင် မရေးဆွဲမိပါစေနဲ့။

( #ဖားအောက်တောရဆရာတော်ဘုရားကြီး)

ကိုယ့်အခြေအနေ ကိုယ်သိရမယ်~~~~~~~~~~~~~~~~~~~~~ #ကိုယ်ခံစားရတာ သူသိပါ့မလားလို့ တွေးမနေနဲ့။ သေချာတယ်မသိဘူး။ စိတ်လည်းမဝင်စာ...
17/10/2025

ကိုယ့်အခြေအနေ ကိုယ်သိရမယ်
~~~~~~~~~~~~~~~~~~~~~
#ကိုယ်ခံစားရတာ သူသိပါ့မလားလို့ တွေးမနေနဲ့။ သေချာတယ်မသိဘူး။ စိတ်လည်းမဝင်စားဘူး။ လူဆိုတဲ့ သတ္တဝါက ကိုယ့်အရေးပဲ ကိုယ်စိတ်ဝင်စားတတ်တယ်။ သူများအရေး စိတ်ဝင်စားတယ်ဆိုရင်လည်း ကိုယ့်အရေးနဲ့ ဆက်စပ်နေလို့ပဲ။ သိတယ်ဆိုဦးတော့ ကိုယ်ခံစားတာ သူခံစားရတာ မဟုတ်တဲ့အတွက် ဒီလောက်ကြီး နားလည်နိုင်မှာ မဟုတ်ဘူး။ ထပ်တူခံစားပေးနိုင်မှာ မဟုတ်ဘူး။

#ဒီတော့ ကိုယ့်ဝေဒနာ ကိုယ်အဖြေရှာဖို့ပဲရှိတယ်။ ကိုယ့်ခံစားချက် ကိုယ်ပဲချေဖျက်ရမယ်။ ကိုယ့်ဝေဒနာအတွက် သူ့ကိုထည့်တွက်နေရင် ခံစားချက်ကမလျော့ဘဲ ထပ်တိုးနေတတ်တယ်။ မျှော်လင့်နေမိတာကိုက ကိုယ့်အမှားပဲလေ။ ဝေဒနာထပ်တိုးတယ်ဆိုတာလည်း အဲဒီမျှော်လင့်စိတ်ကြောင့်ပဲ။ ဒီစိတ်ကို လျှော့ချလိုက်တာနဲ့ ကိုယ့်ခံစားချက်က အလိုလိုသက်သာသွားတော့တယ်။ လက်တွေ့လျှော့နိုင်အောင်တော့ ကြိုးစားရမှာပေါ့။

#ဆိုလိုတာက ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းတတ်ဖို့ပါပဲ။ ကိုယ့်ခံစားချက်ကို ကိုယ်ကိုယ်တိုင်ပဲ လျှော့ချကြည့်ဖို့ပါပဲ။ "ငါ့ကိုပစ်ထားတယ်"ဆိုတဲ့ အဲဒီအတွေးကိုက ကိုယ့်စိတ်ကိုလေးစေတာ၊ ခံစားစေတာဖြစ်တဲ့အတွက် အဲဒီစိတ်အတွေးကို အရင်ဘေးဖယ်ကြည့်ဖို့ပါပဲ။ "ဘယ်သူမှမရှိလည်း ဖြစ်တယ်"ဆိုတဲ့ စိတ်ဓာတ်ခွန်အား တိုးပွားအောင်ကြိုးစားကြည့်ဖို့ပါပဲ။ ဘဝခရီးသာ အတူလျှောက်လို့ရပေမယ့် သံသရာခရီကတော့ ကိုယ့်လမ်းကိုယ်လျှောက်ရမှာ မဟုတ်လား။

#တအားကြီး မတွေးနဲ့ တအားကြီးလေးနေလိမ့်မယ်။
#အများကြီးမမျှော်နဲ့ အများကြီးချော်နေလိမ့်မယ်။
#အကြာကြီးမခံစားနဲ့ ဘဝခရီးအမှန်သွားရဦးမယ်လေ။

မေတ္တာဖြင့်
#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ

မနာလိုစိတ် ကင်းပါစေ.......လူဆိုတာ သူ့ကံ နဲ့ သူ , ကိုယ့်ကံ နဲ့ ကိုယ်ပါ … ကိုယ်က ပညာ , အတွေ့အကြုံ သူ့ထက် သာချင်သာမယ်ကံကတော...
17/10/2025

မနာလိုစိတ် ကင်းပါစေ.......

လူဆိုတာ သူ့ကံ နဲ့ သူ ,
ကိုယ့်ကံ နဲ့ ကိုယ်ပါ …

ကိုယ်က
ပညာ , အတွေ့အကြုံ
သူ့ထက် သာချင်သာမယ်
ကံကတော့
သူ့ထက် သာချင်မှ သာပါ့မယ် …

သူ့ရဲ့ကံကို
အပြစ် မမြင်မိစေပဲ
ကိုယ့်ရဲ့ကံကို အပြစ်တင်ပြီး
ငါ အတိတ်ဘဝက ကောင်းမှုနည်းခဲ့လို့
အခုဘဝ မကောင်းခဲ့တာ ...

ဒီဘဝမှာတော့
ကုသိုလ်ကောင်းမှုတွေ
ဆင့်ကာဆင့်ကာ ပြုနေမှပဲ ဆိုပြီး
ကုသိုလ်ကောင်းမှုတွေ
အမြဲ ပြု ပေးနေဖို့ပါပဲ။

အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ )

Address

Seoul

Website

Alerts

Be the first to know and let us send you an email when SKY Creation + posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share