Movie Crazy +

Movie Crazy + Moiveချစ်သူများPageကိုLike & Followလုပ်ပေးသွားကြပါဦးနော်😍

အောင်မြင်ချင်ရင် မနက်စောစော ထပါ။**************************************          ///မနက်ဖက်မှာအိပ်ရာစောစောထခြင်းက ကိုယ့်ရ...
27/09/2025

အောင်မြင်ချင်ရင် မနက်စောစော ထပါ။
**************************************

///မနက်ဖက်မှာအိပ်ရာစောစောထခြင်းက
ကိုယ့်ရဲ့ဘဝကို ပိုမို အောင်မြင်တိုးတက်စေပါတယ်။///

နေ့စဉ်နေ့တိုင်းမနက်ဖက်ကို ပုံမှန်ထက် ၁နာရီပဲ
စောပြီး ထတတ်တဲ့အကျင့်ပြုလုပ်ကြည့်ပါ။

ဒါဆိုရင် တစ်ပတ်စာမှာ
ကိုယ့်အတွက်အချိန်၇နာရီပိုထွက်လာမယ်။ ;///

တစ်လမှာ နာရီပေါင်း ၂၀ ကျော်၊

တစ်နှစ်မှာ နာရီပေါင်း ၂၀၀ ကျော် ကို ကိုယ့်အတွက်ကြိုးစားဖို့အချိန် ပိုရလာမယ်။ း

ဒါကြောင့်မနက်စောစောထခြင်းအားဖြင့်မိတ်ဆွေတို့အတွက် အကျိုးရှိစေမှာကတော့

(၁) ကိုယ်လက်အားကစားလုပ်ဖို့အချိန်ပိုရလာမယ်။

(၂) ဘုရားကိုလည်းအေးအေးချမ်းနဲ့ရှိခိုးနိုင်မယ်။

(၃) တနေ့တာအတွက်အချိန်ဇယားစွဲဖို့အချိန်ရလာမယ်။

(၄) ကိုယ့်ရဲ့ဘဝအောင်မြင်တိုးတက်ဖို့အတွက်အတွေးခေါ်ကောင်းတွေရဖို့အတွက်စာဖတ်ဖို့အချိန်ပိုရလာမယ်။

(၅) အလုပ်သွားဖို့အတွက်ပြင်ဆင်ချိန်ပိုရတဲ့အတွက် မနက်စာကိုအေးအေးဆေးဆေးစားနိုင်ပြီး၊
တနေ့တာကိုအေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနိုင်မှာ
ဖြစ်ပါတယ်။

ဒါကြောင့်မနက်ခင်းအချိန်ဟာကိုယ့်ရဲ့ဘဝကိုအောင်မြင်တိုးတက်အတွက်အကောင်းဆုံးအချိန်ဖြစ်တဲ့အတွက် မနက်ခင်းအချိန်တွေကို အကောင်းဆုံး အသုံးချပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။

Credit
Credit Photo နှင်းဆီစာပေ

လိုသုံးပဲသုံးသုံးမလိုသုံးပဲသုံးသုံးသူတစ်ပါးစိတ်ချမ်းသာတယ်ဆိုရင်ပဲကျေနပ်ပါတယ်ခါးသီးလွန်းတဲ့ ဘဝတွေမှာဒေါင်ကျကျ ပြားကျကျနေသ...
27/09/2025

လိုသုံးပဲသုံးသုံး
မလိုသုံးပဲသုံးသုံး
သူတစ်ပါးစိတ်ချမ်းသာတယ်ဆိုရင်ပဲ
ကျေနပ်ပါတယ်

ခါးသီးလွန်းတဲ့ ဘဝတွေမှာ
ဒေါင်ကျကျ ပြားကျကျ
နေသားကျနေပြီမို့ လူ့ဘဝဆိုတာထက် ပစ်တိုင်းထောင်လို နေလိုက်ရတာပါပဲ

မကောင်းဘူးလား
တိုက်ရိုက်ပြောနေ ရှင်းပြမနေတော့ဘူး

အချိန်တန်ရင်
ကိုယ်ကောင်းတာလုပ်ရင်
ကိုယ့်ခေါင်းက ဘယ်မှရွေ့သွားမှာမဟုတ်တော့
ရှင်သန်နေသ၍ လိပ်ပြာလုံဖို့ပဲလိုတယ်မဟုတ်လား

ဒဏ်ရာတွေပြပြီး
ငိုနေရမယ့်အရွယ်တွေမဟုတ်တော့
တစ်ခါတလေတော့မြိုသိပ်လိုက်ပြီး
တစ်ခါတလေတော့
မျက်ရည်ကျမိတဲ့အချိန်တွေ ရှိခဲ့တာပဲလေ

နေသားကျဖို့ နေသာသလို
မနေတတ်ပေမယ့်
နေရတဲ့အခိုက်အတန့်တိုင်းကို
ကျေနပ်နေဖို့ပဲလိုပါတယ်

မျှော်လင့်တာတွေ များရင်
ပူလောင်နေရမယ့်အတူတူ
ကိုယ်စိတ်ချမ်းသာဖို့ ဘယ်သူ့ဆီကမှ
မမျှော်လင့်ပါနဲ့

ကိုယ့်ဘဝ ကိုယ့်အကြောင်းကို
ကိုယ်ကလွဲပြီး နားလည်ပေးနိူင်မယ့်သူ
ဆိုတာလောကမှာ မရှိပါဘူး

နှစ်သိမ့်ပေးမယ့်သူထက်
ထိုးနှက်မယ့်သူက ပိုများလို့
အရမ်းဝမ်းနည်းနေရင်တောင်
ပြုံးနိူင်ဖို့အမြဲကြိုး စားတယ်

ကိုယ်ကျရှုံးရင်
တွဲထူမယ့် လက်ထက်
ပြန် တွန်းချင်တာက ခပ်များများမို့

လောကမှာ
လောဘ အတ္တ မာန ဒေါသတွေများလာရင် ဘယ်လောက် ခင်ခင် ဘယ်လောက်ချစ်ချစ် အားလုံးက ရန်သူပါပဲ။

Credit
Credit Photo

သိထားလိုက်ပါ".. 🧑‍🏫🍂
27/09/2025

သိထားလိုက်ပါ".. 🧑‍🏫🍂

လူတိုင်းကလူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမယ့်စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။ဟိုးအရင် ကလေးဘဝက ကိုယ့်အလို မကျတိုင်း ချ...
27/09/2025

လူတိုင်းက
လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမယ့်
စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။

ဟိုးအရင် ကလေးဘဝက
ကိုယ့်အလို မကျတိုင်း
ချော့မယ့်သူ စိတ်ချမ်းသာအောင်
ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ မိဘရှိပေမယ့်---

အသက်အရွယ်ရလာလို့
ကိုယ့်ဘဝကိုယ်
လျှောက်လှမ်းရတဲ့ခါ
ဘယ်သူကမှ
ကိုယ့်ကို စိတ်ချမ်းသာအောင်
ပျော်ရွှင်အောင် လုပ်မပေးနိုင်ပါဘူး။

ကိုယ့်စိတ်ကသာ ကိုယ့်ကို
စိတ်ချမ်းသာအောင်ထားနိုင်မယ့်
တစ်ခုတည်းသောအရာပါ။

ဘဝမှာ လူတိုင်းက
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်း
ပူဆွေးသောကတွေ ပြေးမလွတ်နိုင်အောင်
ရှိတတ်ကြပါတယ်။

ဒါပေမယ့်
ဒီအရာအားလုံးက
ကိုယ့်စိတ်က ဖြစ်ပေါ်လာတာပါ။
ကိုယ့်စိတ်ကိုထိန်းရင်း ဖြစ်ပေါ်လာတဲ့
ခံစားချက်တိုင်းကို အစွဲမထားရင် အကောင်းဆုံးပါပဲ။

ဖြစ်သမျှအကြောင်းကို
အကောင်းပဲမှတ်လိုက်ပါ။

ကြားသမျှစကားကို
နားထဲ စွဲမထားပါနဲ့။

နားထောင်သင့်သမျှ နားထောင်
နားမထောင်သင့်တဲ့စကားဆို ထုတ်ပစ်လိုက်ပါ
ဘာကိုမှ အစွဲမထားပါနဲ့။

လူတိုင်းက
လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမဲ့
စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။

ဒါကြောင့်----

ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့လူတွေကို
မေ့ထားလိုက်ပါ။

ကိုယ့်စိတ်ကို ဒဏ်ရာပေးတဲ့
ပတ်ဝန်းကျင်နဲ့ ဝေးဝေးနေလိုက်ပါ။

ကိုယ့်ခံစားချက်တွေကို
လူတိုင်းကို ယုံပြီးဖွင့်မပြောလိုက်ပါနဲ့။

ဆေးပေးမဲ့သူထက်
ထိုးနှက်မယ့်သူတွေက
များတတ်ပါတယ်။
ဒီစိတ်နဲ့ ကိုယ်လည်း
ပျော်နိုင်မှာ မဟုတ်ဘူးလေ။

တကယ်တော့ လောကမှာ
ပျော်ရွှင်မှုပေးနိုင်တဲ့သူဟာ
ကိုယ်တိုင်ကလွဲပြီး
ဘယ်သူမှမရှိနိုင်ပါဘူး။

သူက ငါ့ကို အရမ်းချစ်လို့
ပျော်အောင်ထားနိုင်မယ်လို့တော့ မတွေးပါနဲ့။

ကိုယ်လဲ လူ, သူလဲ လူပဲလေ
အနည်းအများတော့
စိတ်ရှုပ်စရာတွေ ရှိနိုင်တာပဲ။

ကိုယ့်စိတ်ကိုတောင် ပျော်အောင်မထားနိုင်တာ
သူတစ်ပါးဆီက ရဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။

ဘယ်လောက်ပဲ
ကြီးမားတဲ့ ပြဿနာဖြစ်နေပါစေ
အချိန်တန်ရင် ပြီးသွားမှာပဲဆိုတာ မမေ့ပါနဲ့။

ပျော်ရွှင်မှုဆိုတာ
ကိုယ့်ဆီမှာပဲ ရှိတာပါ။

ဒါကို သင်လုံးဝ မမေ့ပါနဲ့။

ပျော်အောင်ပဲ နေခဲ့ပါတယ်---------------------------------------ဒီခုနှစ်တွေဟာ ဘဝမှာ အခါးသီးဆုံးလို့တောင်ဆိုလို့ရတဲ့ ခုနှစ်...
27/09/2025

ပျော်အောင်ပဲ နေခဲ့ပါတယ်
---------------------------------------

ဒီခုနှစ်တွေဟာ
ဘဝမှာ အခါးသီးဆုံးလို့တောင်
ဆိုလို့ရတဲ့ ခုနှစ်တွေပါ ။
မပျော်ရွှင်စရာတွေချည်းပဲ
များစွာ ကြုံတွေ့ခဲ့ရတယ် ။

ဒါတွေဟာ ခဏပါ
တစ်နေ့တော့အဆင်ပြေသွားမှာပါလို့
ကိုယ့်စိတ်ကိုယ် နှစ်သိမ့်ရင်းနဲ့
ကြိတ်မှိတ်ပြီး ဖြတ်သန်းခဲ့တာလည်း
ဒီယနေ့ထိဆို ရက်စွဲပေါင်း တော်တော်ကြာခဲ့ပေါ့ ။

ခံနိုင်ရည်ရှိလို့ မဟုတ်ပေမဲ့
ခံနိုင်ရည်ရှိအောင် နေခဲ့ရတယ် ။
ပျော်နေတာ မဟုတ်ပေမဲ့
ပျော်အောင်ပဲ နေခဲ့ရတယ် ။
ဘာပဲဖြစ်ဖြစ် ပြိုလဲလို့မဖြစ်သေးဘူးဆိုတဲ့
စိတ်တွေနဲ့ပဲ ရှေ့ဆက်ပြီးရှင်သန်ခဲ့ရတယ် ။

ဖြစ်နိုင်ရင်
ဟိုးတုန်းကနေ့ရက်တွေကို ပြန်သွားချင်တယ် ။
နောက်ပြီး တန်ဖိုးထားချင်တယ် ။
အရင်က ကိုယ့်အနားမှာ တရင်းတနှီးရှိခဲ့ကြတဲ့
သူငယ်ချင်းတွေနဲ့လည်း ပြန်ပြီးဆုံဆည်းချင်တယ် ။

တကယ်ပါ ၊ ဒီနှစ်တွေဟာ
ဘဝမှမကြုံစဖူး ကြုံခဲ့ရတဲ့
အမွန်းကြပ်ဆုံး နေ့ရက်တွေပါ ၊
ဝန်ခံရရင် အဝေးဆုံးကို ထွက်ပြေးသွားချင်တာ ၊
ဒါပေမဲ့
အရှုံးပေးလို့မဖြစ်ဘူးဆိုတဲ့ စိတ်တွေနဲ့ပဲ
ကိုယ့်ဘဝကိုယ် ပျော်အောင်ပဲ နေခဲ့ပါတယ် !!

စေတနာထားလိုက်တဲ့ အရာတွေကတစ်ခါတလေ ကိုယ့်ကိုပြန်စော်ကားဖို့အခွင့်အရေးပေးလိုက်သလိုဖြစ်သွားတတ်တယ် ယုံကြည်လို့ရင်ဖွင့်လိုက်တဲ...
27/09/2025

စေတနာထားလိုက်တဲ့ အရာတွေက
တစ်ခါတလေ
ကိုယ့်ကိုပြန်စော်ကားဖို့
အခွင့်အရေးပေးလိုက်သလိုဖြစ်သွားတတ်တယ်

ယုံကြည်လို့ရင်ဖွင့်လိုက်တဲ့ စကားတွေက
တစ်ခါတလေ
ကိုယ့်အကြောင်းအတင်းပြောဖို့
စကားလုံးတွေရသွားတတ်တယ်

အားနာလို့ကူညီလိုက်တဲ့ ကိစ္စတွေက
တစ်ခါတလေ
ကိုယ့်ကိုအခွင့်ရေးယူပြီး
အသုံးချခံရသလိုဖြစ်သွားတတ်တယ်

နားလည်ပေးလိုက်တဲ့ အကြောင်းအရာတွေက
တစ်ခါတလေ
ကိုယ့်ဆီနာကျင်မှုတွေရောက်လာဖို့
လက်ကမ်းကြိုသလိုဖြစ်သွားတတ်တယ်

ဘယ်သူ့ ဘယ်သူ့ကိုမှ
လိုအပ်တာထက်မပိုမိပါစေနဲ့

တစ်ခါတလေကိုယ့်ကိုယ်ကိုတောင်
ယုံလို့မရတာ
သူစိမ်းဆိုရင်ပိုဆိုးသွားမှာပေါ့ ။

#လွှမ်းရစ်ဖူး ((Hlwan Yit Phoo))

ကိုယ့်အတွက်ကိုယ်ရှိတယ်ရောင်နီကို မြင်တွေ့ရဖို့မနက်ခင်းတွေအတွက်ကိုယ်ရှိနေဖို့ လိုအပ်တယ်။အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ က...
27/09/2025

ကိုယ့်အတွက်ကိုယ်ရှိတယ်
ရောင်နီကို မြင်တွေ့ရဖို့
မနက်ခင်းတွေအတွက်
ကိုယ်ရှိနေဖို့ လိုအပ်တယ်။

အိပ်မက်တွေကို
အကောင်အထည်ဖော်ဖို့
ကိုယ့်အတွက်ကိုယ်ရှိတာ
သိနေဖို့လိုအပ်တယိ။

ပြောင်းလဲတတ်တဲ့လူတွေကို
ပြုံးပြုံးကလေးကြည့်နေနိုင်ဖို့
ကိုယ့်အတွက်ကိုယ်ရှိတာ
သိနေဖို့လိုအပ်တယိ။

မျက်ရည်တွေကို ခွန်းအား
အဖြစ် ပြောင်းလဲနိုင်ဖို့ ကိုယ့်
အတွက်ကိုယ်ရှိတာ သိနေဖို့လို
အပ်တယိ။

ကိုယ်ထင်သလိုဖြစ်မလာတဲ့
အခါ ထပ်ကြိုးစားရုန်းကန်နိုင်
ဖို့ ကိုယ့်အတွက်ကိုယ်ရှိတာ သိ
နေဖို့လိုအပ်တယိ။

ဘယ်သူမှအနားမရှိတော့တဲ့
အခါ ကိုယ့်ဘာသာ ရှင်သန်ဖြစ်
တည်ဖို့ ကိုယ့်အတွက်ကိုယ်ရှိတာ
သိနေဖို့လိုအပ်တယိ။

ပြိုလဲမှုတွေအခါခါကြုံရတဲ့
အခါ ထပ်ခါထပ်ခါပြန်ထနိုင်
ဖို့ ကိုယ့်အတွက်ကိုယ်ရှိတာ
သိနေဖို့လိုအပ်တယိ။

ကိုယ့်ဖြစ်တည်မှုကို ဘယ်သူမှ
လက်မခံနိုင်တဲ့အခါ ကိုယ့်အတွက်
ကိုယ်ရှိတာ သိနေဖို့လိုအပ်တယ်။

တစ်ခုခုအတွက် မရပ်တည်နိုင်
တော့လို့ သတ်သေဖို့ စိတ်ကူးမိတဲ့
အခါတိုင်း ကိုယ့်အတွက်ကိုယ်ရှိတာ
သိနေဖို့လိုအပ်တယိ။

Credit

ဟန်ဆောင် ပန်ဆောင် ပြုံးပြတဲ့သူထက်မမြင်ချင်ယောင် ဆောင်သွားတဲ့သူကို ပိုသဘောကျတယ်စားပါ စားပါ လေနဲ့ကျွေးတဲ့သူထက်ရော့..နင့်အတ...
27/09/2025

ဟန်ဆောင် ပန်ဆောင် ပြုံးပြတဲ့သူထက်
မမြင်ချင်ယောင် ဆောင်သွားတဲ့သူကို
ပိုသဘောကျတယ်

စားပါ စားပါ လေနဲ့ကျွေးတဲ့သူထက်
ရော့..နင့်အတွက်ဆိုပြီး တကယ်ကျွေးတဲ့သူကို
ပိုသဘောကျတယ်

လူရှေ့သူရှေ့ တအားတွေ ခင်ပြနေပြီး
ကွယ်ရာ အတင်းတုတ်တဲ့သူထက်
ခပ်တည်တည် ခပ်မှန်မှန်လေ
နေတတ်တဲ့သူကို ပိုသဘောကျတယ်

တကယ်တော့
ရင်ထဲကမပါတဲ့ ဆက်ဆံရေးတချို့ဟာ
ရေရှည် မတည်မြဲပါဘူး
ဟန်ဆောင် မျက်နှာဖုံးဆိုတာ
ကြာကြာတပ်ထားလို့မှ မရတာ

အချိန်တန်တော့
သူ့ဗီဇ,သူ့အကျင့်က ပေါ်လာစမြဲပါ...

ကိုယ်လည်း
ခပ်တည်တည် ခပ်မှန်မှန်လေး နေတတ်သူမို့
စိတ်ထား ယုတ် မယုတ် ကတော့
ကိုယ်နဲ့ ခင်မင်ဖူးသူတိုင်း
သိကြပါတယ်

အဖေက ပြောဖူးတယ် .. " ငွေကလွဲပြီး ကျန်တာ ဘာမှမရှိတဲ့လူမဖြစ်စေနဲ့ "တဲ့။;အဲဒီတုန်းက "ဟုတ်ကဲ့ " လို့သာပြောခဲ့တာ သူဘာကို ဆိုလ...
27/09/2025

အဖေက ပြောဖူးတယ် ..
" ငွေကလွဲပြီး ကျန်တာ ဘာမှမရှိတဲ့လူ
မဖြစ်စေနဲ့ "တဲ့။;
အဲဒီတုန်းက "ဟုတ်ကဲ့ " လို့သာ
ပြောခဲ့တာ သူဘာကို ဆိုလိုလဲ
သဘော မပေါက်ခဲ့ဘူး။
အသက်တွေ ကြီးလာတော့
လူပေါင်းစုံနဲ့ ကြုံရ ဆုံရ
ဆက်ဆံရတော့မှ ငွေကလွဲပြီး
ဘာမှမရှိတဲ့ လူတွေအကြောင်း
သိလာရတယ်။
အဖေ ပြောတာ အရမ်းမှန်တယ်။
တချို့လူတွေ ဘဝက သိပ်သနားဖို့
ကောင်းတယ်။
သူတို့မှာ ငွေဘဲရှိတာ။
ကျန်တာ ဘာမှ မရှိဘူး။
လူ့အသိုင်းအဝိုင်း အတွက်
အရေးကြီးတဲ့..
" ရိုးသားမှု " တွေ ..
" မေတ္တာတရား " တွေ ..
" ကိုယ်ချင်းစာတရား " တွေ ..
" သနားကြင်နာမှု " တွေ ..
ဘာဆို ဘာမှ မရှိဘူး။
ရှိရကောင်းမှန်းလည်း မသိဘူး။
အရာအားလုံးကို ငွေနဲ့ လဲမယ်
ဆိုတဲ့ လူတန်းစားတွေပေါ့။
အရင်က ငွေရှိတဲ့ လူတိုင်းကို
အထင်ကြီးလေးစား မိပေမယ့်
အဲဒီလို ငွေရှိပြီး ကျန်တာ ဘာမှမရှိတဲ့
လူတန်းစားတွေနဲ့ တွေ့ကြုံဖူးတော့မှ
ဘယ်လောက်ဘဲ ငွေရှိရှိ
ရိုးသားမှုတွေ ၊
ကိုယ်ချင်းစာတရားတွေ
မေတ္တာတရားတွေ လုံးဝ မရှိရင်
အထင်ကြီးလို့ကို မရတော့ဘူး။
သူ့ဟာသူ ဘာကောင်ကြီးဖြစ်နေနေ
ခပ်တန်းတန်းဘဲ နေဖြစ်တော့တယ်။
အဲဒီလိုလူတွေက ငွေအတွက်
ကိုယ်ကျင့်တရားက အစ
ဘယ်အရာကိုမဆို စတေးပစ်ဖို့
ဝန်မလေးတတ်ဘူး။
" လောကမှာ ကြောက်စရာအကောင်းဆုံးလူက
ငွေက လွဲပြီးကျန်တာ ဘာမှမရှိတဲ့
အဲဒီလို လူမျိုးတွေဘဲ "
အဲဒီလိုလူတွေ တွေ့ရင်
အဝေးဆုံးက ရှောင်ပါ။
ငွေရှိပြီး ကျန်တာ မရှိတဲ့လူက
လောကအတွက် ဘယ်နေရာမှာမှ
အကျိုးမပြု ပေမယ့် ...
ငွေ မရှိပေမယ့် ကျန်တဲ့အရာတွေ
ရှိတဲ့လူက လောကအတွက်
အကျိုးပြုတဲ့ လူသားတွေပါဘဲ။
ငွေကော ကျန်တဲ့အရာတွေပါ
ရှိနေရင်တော့
အကောင်းဆုံးဘဲပေါ့။
ငွေကော၊ မေတ္တာတရားကော
ကိုယ်ချင်းစာတရားပါ ထားနိုင်သူများ
ဖြစ်နိုင်ကြပါစေ


#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

လောက လူ့ဘဝဆိုသည်မှာဘယ်သူတွေနဲ့ ဘယ်အချိန်ထိရှိနေမယ် ဆိုတာကို ရေစက်က ဖန်တီးတယ်လို့ ဆိုခဲ့ရင်ဘယ်အချိန်မှာ ဘယ်သူတွေနဲ့လမ်းခွ...
27/09/2025

လောက လူ့ဘဝဆိုသည်မှာ
ဘယ်သူတွေနဲ့
ဘယ်အချိန်ထိရှိနေမယ် ဆိုတာကို
ရေစက်က ဖန်တီးတယ်လို့ ဆိုခဲ့ရင်

ဘယ်အချိန်မှာ ဘယ်သူတွေနဲ့
လမ်းခွဲရမယ် ဆိုတာကိုလည်း
ကံတရားက ဖန်တီးပါလိမ့်မယ် ။

ဒါကြောင့်....ကိုယ့်အပေါ်
ကောင်းခဲ့သည်ဖြစ်စေ ဆိုးခဲ့သည်ဖြစ်စေ
ငွေနဲ့ပေးဝယ်လို့မရတဲ့ အတွေ့ကြုံတွေပေးခဲ့တဲ့
လူတချို့ကို ကျေးဇူးတင်ပါတယ် ။

တစ်ခါတလေတော့လည်း
အချိန်တွေကပေးတဲ့ အဖြေဟာ
ကိုယ့်အတွက်တော့
အရမ်းကို တန်ဖိုးရှိနေတတ်ပါတယ် ။

သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ စိတ်ကလေးကအပြောလွယ်သလောက် လက်တွေ့ကျခက်တယ်ကိုယ်ချင်းစာပါတယ်လို့သာပြောနေကြပေမဲ့လက်တွေ့မှာတကယ်ကိ...
27/09/2025

သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ စိတ်ကလေးက

အပြောလွယ်သလောက် လက်တွေ့ကျခက်တယ်

ကိုယ်ချင်းစာပါတယ်လို့သာပြောနေကြပေမဲ့

လက်တွေ့မှာတကယ်ကိုယ်ချင်းစာတတ်တဲ့သူက

ခပ်ရှားရှားရယ် . ...

မနာလိုစိတ်ရှိတဲ့ သူနဲ့ မရှိတဲ့သူဆိုတာမျက်နှာမှာတင် အရမ်းကွာတယ်လှတာ မလှတာထက်အေးချမ်းတာနဲ့ ပူလောင်တာမှာ သိသာလွန်းတယ်။ဘယ်လိ...
27/09/2025

မနာလိုစိတ်ရှိတဲ့ သူနဲ့ မရှိတဲ့သူဆိုတာ
မျက်နှာမှာတင် အရမ်းကွာတယ်

လှတာ မလှတာထက်
အေးချမ်းတာနဲ့ ပူလောင်တာမှာ သိသာလွန်းတယ်။

ဘယ်လိုပဲ ဟန်ဆောင်နေပေမဲ့
ခံစားချက် အစစ်အမှန်ကိုတော့
ဖုံးကွယ်လို့ မရပါဘူး။Vn

အထူးသဖြင့် မျက်နှာမှာပေါ့
မျက်နှာလေးက
ဘယ်လောက်ပဲ လှနေပါစေ
မကောင်းတဲ့စိတ်တွေ ဝင်လာရင်
အကြည်ဓာတ်တွေ ပျောက်ဆုံးပြီး
ရုပ်ဆိုးသွားတတ်တယ်။/?//

မနာလိုစိတ်ဆိုတာ
ကောင်းတဲ့ အရာတစ်ခု မဟုတ်လို့
မမွေးမြူတာ အကောင်းဆုံးပါပဲ။? #? #?

ကိုယ့်ထက်သာတဲ့ တော်တဲ့သူ တွေ့တဲ့အခါ
ချီးကျူးသင့်ရင် တော်တယ်လို့
ရဲရဲ ချီးကျူး လိုက်ပါ။
အားကျသင့်ရင်
ပွင့်ပွင့်လင်းလင်း အားကျ လိုက်ပစ်လိုက်ပါ။
b bsbs
စိတ်ထဲမှာ ကြိတ်ခံစားပြီး
ကိုယ့်ကိုကိုယ် ပူလောင်မခံပါနဲ့
သူလည်း သူ့ဘဝနဲ့သူ ကိုယ်လည်း
ကိုယ့်ဘဝနဲ့ကိုယ်ပါ။

သူက ကိုယ့်ထက်သာနေလို့
သူ့လိုဖြစ်ချင်ရင် သူ့လို လိုက်ကြိုးစားပါ
သူ့လိုဖြစ်အောင် လုပ်ပါ ကိုယ်လည်း
ဖြစ်လာနိုင်ပါတယ်။mamama

ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို
အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းချင်တယ်ဆိုရင်
ကိုယ့်မှာ မကောင်းတဲ့ စိတ်ဓာတ်တွေ
အရည်အသွေးတွေ မရှိနေမှ ဖြစ်မှာပါ။

အများကြီးမဟုတ်ရင်တောင်
ပြည့်ဝတဲ့ စိတ်ဓာတ်လေးတော့
ရှိအောင်ကြိုးစားပါ။

ကိုယ့်ထက်သာရင်
မနာလိုတယ်ဆိုတဲ့ အရာကြီးက
စိတ်ကိုတင်မကပဲ လူကိုပါ ရုပ်ဆိုးစေတာမို့
မထားတာ အကောင်းဆုံးပါပဲ။

ကိုယ့်စိတ်နဲ့ကိုယ် ပူလောင်မခံပါနဲ့
ရုပ်ဆိုးမခံပါနဲ့ လှအောင်ပဲနေပါ
စိတ်ထားလှရင် လူကလည်း
သူ့အလိုလို လှလာပါလိမ့်မယ်။

#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

Credit
Credit Photo

Address

Seoul

Website

Alerts

Be the first to know and let us send you an email when Movie Crazy + posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share