Your Seoul

Your Seoul Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Your Seoul, Digital creator, Seoul.

18/09/2025
ကိုရီးယားမှာ နေရင်း အနီးအနားက ထိုင်ဝမ်ကို အလွယ်တကူ သွားလည်နိုင်ပါတယ်^^လက်ရှိ ကိုရီးယားမှာ နေထိုင်သူတွေ အနေနဲ့ အနီးနား နိ...
25/04/2024

ကိုရီးယားမှာ နေရင်း အနီးအနားက ထိုင်ဝမ်ကို အလွယ်တကူ သွားလည်နိုင်ပါတယ်^^

လက်ရှိ ကိုရီးယားမှာ နေထိုင်သူတွေ အနေနဲ့ အနီးနား နိုင်ငံဆို ဂျပန်ကို အသွားများကြတာ တွေ့ရပါတယ်။

ဂျပန် အပြင် အခြား သွားလည်လို့ ကောင်းတဲ့ နိုင်ငံ တစ်ခုကတော့ ထိုင်ဝမ်ပါ။ လေယဥ်လက်မှတ်လဲ စျေးသက်သာသလို ရက်ရှည် ခွင့်မရတဲ့ သူတွေအတွက် ၂ညအိပ် ၃ရက်နဲ့လဲ ကောင်းကောင်းလည်လို့ ရပြီး visa ပါ လျှောက်ရ လွယ်ကူလို့ ဘယ်သွားရမှန်း မသိဘူးဆို ထိုင်ဝမ်ကို လည်ကြည့်ဖို့ ညွှန်းချင်ပါတယ်။

ထိုင်ဝမ်ဗီဇာကို လျှောက်ဖို့ ဘာမှ မလိုပါဘူး။ ဘာဆို ဘာမှကို မလိုတာပါ။ ဟိုတယ် ဘိုကင်စာရွက်လဲ မလို၊ လေယဥ်လက်မှတ်လဲ ပြစရာမလို၊ show money လဲ မလို၊ အလုပ်ထောက်ခံစာ စသဖြင့်လဲ ဘာမှကို မလိုတာပါ။

ကကြီးမှာ တရားဝင် နေထိုင်နေတဲ့ (သို့မဟုတ်) လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း ကကြီးမှာ နေထိုင်ဖူးတဲ့ အထောက်အထားရှိရင်ကို လျှောက်လို့ ရပါတယ်။ လျှောက်ရတာလဲ အရမ်းကို လွယ်ပါတယ်။

အောက်မှာ ပြထားတဲ့ ပုံအတိုင်း အဆင့်ဆင့် လျှောက်ထားရင် ရပါပြီ။ ဗီဇာကြေးလဲ မရှိသလို၊ review timeလဲ မရှိပါဘူး။ လျှောက်လွှာ submit လုပ်လိုက်တာနဲ့ တန်းပြီး visa ထွက်လာမှာပါ။ ရလာတဲ့ စာရွက်ကို print ထုတ်ပြီး ယူသွားရုံပါပဲ။

ဗီဇာ ရလာရင် ရက် ၉၀အတွင်း အသုံးပြုရမှာဖြစ်ပြီး၊ ထိုင်ဝမ်ကို ရောက်ပြီး ၁၄ရက်အတွင်း နေထိုင်ခွင့် ရှိပါတယ်။

ဒါကြောင့် ဘယ်နိုင်ငံ သွားလည်ရမလဲ မသိဘူးဆိုရင် ကကြီးမှာ နေတုန်းလေး တစ်ခေါက်လောက် သုံးလေးရက် အချိန်ပေးပြီး သွားလည်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်နော်

ဗီဇာလျှောက်ရန် link:
https://www.roc-taiwan.org/my_en/post/2504.html

ထိုင်ဝမ်မှာ လည်စရာ နေရာတွေ၊ စားစရာတွေကိုတော့ နောက် တစ်ပို့စ်မှာ သီးသန့် ညွှန်းပေးပါ့မယ်။

မိမိကိုယ်တိုင် လေယဉ်လက်မှတ် ဝယ်ယူချင်တယ်ဆိုရင် အောက်က ပို့စ်မှာ ဝယ်နည်း ကြည့်နိုင်ပါတယ် ခင်ဗျာ။
https://www.facebook.com/share/p/xYMgweGGvFL7Q7aK/?mibextid=WC7FNe

ခုတလော အရမ်း hot ဖြစ်နေတဲ့ E-7-4 ကို အယောက် ၃ထောင် ထပ်တိုးခေါ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ admin သိသလောက် knowledge shari...
29/06/2023

ခုတလော အရမ်း hot ဖြစ်နေတဲ့ E-7-4 ကို အယောက် ၃ထောင် ထပ်တိုးခေါ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ admin သိသလောက် knowledge sharing လုပ်ပေးချင်ပါတယ်။

E-9 ဗီဇာကနေ E-7-4 ဗီဇာကို ပြောင်းလျှောက်တဲ့ နည်းက နည်းလမ်း နှစ်မျိုး ရှိပါတယ်။
၁. တစ်နှစ်မှာ ၄ကြိမ် ပုံမှန် ခေါ်ဆိုတဲ့ 정기선발 ဆိုတာရယ်၊
၂. တစ်နှစ်အတွင်း အချိန်မရွေး လျှောက်လို့ရတဲ့ 수시선발 ဆိုပြီး နှစ်မျိုး ရှိပါတယ်။

ခု ထပ်တိုးခေါ်ဆိုတာက ပုံမှန်ခေါ်နေကြ 정기선발 ၄ကြိမ်ထဲက ၂ကြိမ်မြောက်အဖြတ်မှာ လူ ၃ထောင်ကို ထပ်တိုးခေါ်တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ်ကိုတော့ ၆၂၅ ယောက် ခေါ်သွားပါတယ်။

အခု ဒုတိယအကြိမ် ထပ်တိုး ၃ထောင်ကို လျှောက်ရမဲ့ ရက်ကတော့ ၆လပိုင်း ၂၇ကနေ ၇လပိုင်း ၅ရက်နေ့ထိ ဖြစ်ပါတယ်။ result ကိုတော့ ၇လပိုင်း ၂၈ရက်နေ့မှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

လျှောက်ရမဲ့ရက်လဲ​ သိသွားပြီဆိုတော့ ဘာတွေပြင်ဆင်ရမလဲဆိုတာ ဆက်ပြီး ရှင်းပြပေးပါမယ်။ E-7-4 ဗီဇာဟာ အမှတ်ပေးစနစ်နဲ့ သွားတဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။ အမှတ်ကတော့ များလေကောင်းလေပါပဲ။ သူသတ်မှတ်ထားတဲ့ အနည်းဆုံးအမှတ်ကျော်ရင်ကို လျှောက်လို့ရပါတယ်။

လျှောက်ထားသူတွေထဲက အမှတ်အများဆုံးကနေ အနည်းဆုံးကို အစဥ်လိုက် စီလိုက်ပြီး အပေါ်ဆုံးက လူတွေကိုပဲ သတ်မှတ် အရည်အတွက်တိုင်း ခေါ်သွားတာ ဖြစ်လို့ ကိုယ်က အမှတ် ၉၀ကျော် ၁၀၀ကျော် ရနေမယ်ဆိုရင် ရဖို့ သေချာနေပါပြီ။ ပြီးခဲ့တဲ့အခေါက်တုန်းကတော့ အမှတ်ဖြတ်သွားတာ ၇၄ မှတ်မှာ ဖြတ်သွားပါတယ်။ ဥပမာ ပြီးခဲ့တဲ့ ပထမတစ်ဖြတ်က ၆၂၅ယောက်ခေါ်တာမှာ အမှတ်အများကနေ အနည်းကို စဥ်လိုက်တဲ့အခါ ၇၄မှတ်မှာ ၆၂၅ ယောက်ပြည့်သွားတယ်ဆိုတဲ့ သဘောပါ။

ဒီတစ်ခေါက်က အယောက် ၃ထောင်ခေါ်တာဆိုတော့ အရင်တစ်ခေါက်ထက်စာရင် အမှတ်နည်းတဲ့သူတွေလဲ ရနိုင်ခြေ များတယ်လို့ မြင်မိပါတယ်။

အမှတ်တွေက ဘာတွေကို ဘယ်လိုပေးလဲဆိုတာ ဆက်ကြည့်ကြရအောင်။

-산업기여가치 ထဲက တစ်နှစ်လုပ်ခလစာ အမှတ် ၁၀မှတ်နဲ့အထက် ရှိထားရင် စုစုပေါင်းရမှတ် ၅၂ မှတ်ကျော်ရင် လျှောက်လို့ရပါတယ်။

-미래기여가치 အမှတ် ၃၅မှတ်နဲ့အထက် ရှိပြီး စုစုပေါင်းရမှတ် ၇၂မှတ် အထက်ကျော်ရင် လျှောက်လို့ရပါတယ်။

산업기여가치, 미래기여가치 တွေ ကြည့်ရင် ရှုပ်ကုန်ပါလိမ့်မယ်။ အဲ့ဒီတော့ အလွယ်နည်းနဲ့ နားလည်လွယ်အောင် ပြောရရင် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တစ်နှစ် ပျှမ်းမျှ လုပ်ခလစာ သိန်း ၂၆၀ နဲ့အထက် ရထားတယ်ဆိုရင် ရမှတ် စုစုပေါင်း ၅၂ မှတ် ကျော်ရင် လျှောက်လို့ ရပြီလို့သာ မှတ်ယူလိုက်ရင် ရပါပြီ။

✅လုပ်ခလစာအမှတ်
- တစ်နှစ်လစာ သိန်း ၃၃၀ အထက်= ၂၀ မှတ်
- တစ်နှစ်လစာ သိန်း ၃၀၀ အထက်= ၁၅ မှတ်
- တစ်နှစ်လစာ သိန်း ၂၆၀ အထက်= ၁၀ မှတ်

✅ကကြီးအစိုးရအသိအမှတ်ပြုလက်မှတ်
- 기사 လက်မှတ်= ၂၀ မှတ်
- 산업기사 လက်မှတ်= ၁၅ မှတ်
- 기능사 လက်မှတ်= ၁၀ မှတ်
- 기량검증 통과 အောင်လက်မှတ်= ၁၀ မှတ်

✅ပညာအရည်အချင်း
- တက္ကသိုလ်ဘွဲ့ရ= ၁၀ မှတ်
- ကောလိပ်ဘွဲ့ရ= ၁၀ မှတ်
- အထက်တန်းအောင်= ၅ မှတ်

✅အသက်အပိုင်းအခြား
- ၂၄နှစ်အောက်= ၂၀ မှတ်
- ၂၇နှစ်အောက်= ၁၇ မှတ်
- ၃၀နှစ်အောက်= ၁၄ မှတ်
- ၃၃နှစ်အောက်= ၁၁ မှတ်
- ၃၆နှစ်အောက်= ၈ မှတ်
- ၃၉နှစ်အောက်= ၅ မှတ်

✅ကိုရီးယားဘာသာစကားအရည်အချင်း
- TOPIK Level 5= ၂၀ မှတ်
- TOPIK Level 4= ၁၅ မှတ်
- TOPIK Level 3= ၁၀ မှတ်
- TOPIK Level 2= ၅ မှတ်
- KIIP 5단계= ၂၅ မှတ်
- KIIP 4단계= ၂၀ မှတ်
- KIIP 3단계= ၁၅ မှတ်
- KIIP 2단계= ၁၀ မှတ်

✅ပိုင်ဆိုင်မှု (ကိုရီးယားနိုင်ငံအတွင်းရှိ စုငွေ၊ အိမ်ခြံမြေပဲ အကျုံးဝင်ပါတယ်)
- ၂နှစ်အထက်ရှိသော စုငွေ သိန်း ၁၀၀၀နဲ့အထက်= ၁၅ မှတ်
- ၂နှစ်အထက်ရှိသော စုငွေ သိန်း ၈၀၀နဲ့အထက်= ၁၂ မှတ်
- ၂နှစ်အထက်ရှိသော စုငွေ သိန်း ၆၀၀နဲ့အထက်= ၉ မှတ်
- ၂နှစ်အထက်ရှိသော စုငွေ သိန်း ၄၀၀နဲ့အထက်= ၇ မှတ်
- ၂နှစ်အထက်ရှိသော စုငွေ သိန်း ၂၀၀နဲ့အထက်= ၅ မှတ်
- တန်ဖိုး သိန်း ၁၀၀၀အထက်ရှိသော အိမ်ခြံမြေ= ၂၀ မှတ်
- တန်ဖိုး သိန်း ၈၀၀အထက်ရှိသော အိမ်ခြံမြေ= ၁၅ မှတ်
- တန်ဖိုး သိန်း ၅၀၀အထက်ရှိသော အိမ်ခြံမြေ= ၁၀ မှတ်

✅လုပ်သက်
- ၈နှစ်အထက်= ၂၀ မှတ်
- ၆နှစ်အထက်= ၁၀ မှတ်
- ၄နှစ်အထက်= ၅ မှတ်

✅ကိုရီးယားပြည်တွင်းမှာ ကျောင်းတက်ဖူးတဲ့ အတွေ့အကြုံ
- တက္ကသိုလ် ဘွဲ့ရ= ၁၀ မှတ်
- ကောလိပ် ဘွဲ့ရ= ၈ မှတ်

✅အခြားထပ်တိုးအမှတ်တွေလဲ ရှိတာမို့ အသေးစိတ်ကိုတော့ ပုံထဲမှာ စစ်ဆေးကြည့်ရှုနိုင်ပါတယ်။

အဲ့လို အမှတ်တွေ အားလုံးပေါင်းလိုက်လို့ ၅၂ မှတ်ကျော်ရင် လျှောက်လို့ရပါပြီ။ (အမှတ်များရင်တော့ ရနိုင်ချေ ပိုများပါတယ်)

ခုလို လူအများကြီး ခေါ်တာမျိုးက ရှားတာမို့ အခွင့်အရေးရတုန်းမှာ လျှောက်ထားစေချင်ပါတယ်။ အနည်းဆုံး ရမှတ် ၅၂ မှတ် ကျော်တယ်ဆိုရင်ကို လျှောက်ကြည့်စေချင်ပါတယ်။ လူက ၃ထောင်တောင် ခေါ်မှာဆိုတော့ cut line ကလဲ နည်းမယ်လို့ ထင်ရလို့ပါ။

တကယ်လို့ E-7-4 နဲ့ ပတ်သတ်ပြီး မရှင်းဘူး၊ သိပ်နားမလည်ဘူးဆို အောက်က link မှာ ဖောင်ဖြည့်ပြီး လျှောက်ပေးပါ။ လျှောက်ထားသူတွေကို admin သိသလောက် အသေးစိတ် ရှင်းပြပေးပါ့မယ်။

https://docs.google.com/forms/d/1zEw0eTyOSxE98cxIEO5Fcf5K-YGk2hQkb67z7n6n3Uo/edit

Amazing BellyGom 🧸⭕️ ဆိုးလ်မှာ လည်စရာတွေက ထပ်နေပြီ⭕️ စနေ တနင်္ဂနွေ ပိတ်ရက်မှာ ဘယ်ကို လည်ရမလဲ မသိဘူးဆိုရင် ခု ပြောပြတဲ့ B...
08/04/2023

Amazing BellyGom 🧸

⭕️ ဆိုးလ်မှာ လည်စရာတွေက ထပ်နေပြီ
⭕️ စနေ တနင်္ဂနွေ ပိတ်ရက်မှာ ဘယ်ကို လည်ရမလဲ မသိဘူး

ဆိုရင် ခု ပြောပြတဲ့ Bellygom Birthday Event လေးကို သွားလည်ကြည့်ပါနော်😍

ဆိုးလ်ရဲ့ အမြင့်ဆုံး ဖြစ်တဲ့ Lotte Tower နားမှာ ရှိတာ ဖြစ်လို့ ကစားကွင်းတွေ၊ ရှော့ပင်းမောလ်တွေရော အနီးနားမှာ လည်စရာတွေ အများကြီး ရှိပါတယ်။

ပန်းရောင် ဝက်ဝံရုပ်ကြီးနဲ့ ဓါတ်ပုံရိုက်လို့ ရမဲ့ photo spot တွေအပြင် pop up store, picnic, free market စတဲ့ ပရိုဂရမ်တွေလဲ ရှိတာမို့ အမြန်ဆုံး သွားလည်ကြစို့နော် 💜

⠀လိပ်စာ
📍 잠실 롯데월드타워 월드파크광장
- Line 2, Line 8 잠실역 ထွက်ပေါက် ၁၁


photo crd to original uploader

#벨리곰 #잠실벨리곰 #벨리곰축제 #어메이징벨리곰 #잠실롯데월드타워 #봄 #한강 #서울축제 #잠실 #잠실역 #롯데월드 #롯데월드축제 #피크닉 #플리마켓 #버스킹 #벨리곰크리스피도넛 #쿠캣매거진 #쿠캣투어 #쿠캣디

ID Card ဒီီဇိုင်းသစ် ပြောင်းသွားပါပြီနော် 💜အဓိက ပြောင်းသွားတာတွေကတော့- အဖြူအမဲ ဓါတ်ပုံကနေ ကာလာပုံကို ပြောင်းသွားတယ်။- ဓါ...
29/03/2023

ID Card ဒီီဇိုင်းသစ် ပြောင်းသွားပါပြီနော် 💜

အဓိက ပြောင်းသွားတာတွေကတော့
- အဖြူအမဲ ဓါတ်ပုံကနေ ကာလာပုံကို ပြောင်းသွားတယ်။
- ဓါတ်ပုံဆိုဒ်ပိုကြီးသွားတယ်။
- ဓါတ်ပုံက အရင် ဘယ်ဘက်မှာ ရှိတာကနေ ညာဘက်ကို ပြောင်းသွားတယ်။
- QR code ပါလာတယ်။

ကဒ်အဟောင်းကနေ အသစ်ကို ပြောင်းရင် ကိုယ်နေထိုင်တဲ့ မြို့နယ် လဝကကို သွားပြီး ပြောင်းလို့ရပါတယ်။ ပြောင်းခ ဝမ် ၃ သောင်းပါ။

လက်ရှိ သက်တမ်းကျန်နေသလောက်ထိကတော့ အရင်ကဒ်အတိုင်း သုံးလို့ရပါတယ်။ သက်တမ်းတိုးသမားတွေ၊ visa type ပြောင်းတဲ့ သူတွေကတော့ ဒီဇိုင်းအသစ်နဲ့ ရလာမှာပါ 🙏🏼

🌸 မကြာခင် ချယ်ရီပန်းပွဲတော် စတင်တော့မဲ့ ဆိုးလ်က Seokchon ရေကန် 🌸Lotte Worldနဲ့လဲ နီးတာမို့ ချယ်ရီပန်းတွေကြားမှာ ဓါတ်ဖမ်း...
23/03/2023

🌸 မကြာခင် ချယ်ရီပန်းပွဲတော် စတင်တော့မဲ့ ဆိုးလ်က Seokchon ရေကန် 🌸

Lotte Worldနဲ့လဲ နီးတာမို့ ချယ်ရီပန်းတွေကြားမှာ ဓါတ်ဖမ်းရင်း ကစားကွင်းလဲ သွားလည်လို့ ရတယ်နော်🎡

🌸 လိပ်စာ - 석촌호수 (Seokchon Lake)
🌸 서울특별시 송파구 잠실로 180
🌸 မြေအောက်ရထား - လိုင်း 9 송파나루 ထွက်‌ပေါက် နံပါတ် 2

#석촌호수공원 #벚꽃축제 #석촌호수

ဆိုးလ်မြို့က World Cup Stadium မှာ ဘောလုံးပွဲကြည့်ကြမယ် ❤️နိုင်ငံရပ်ခြားမှာ နေထိုင်စဉ် ဘောပွဲ မသွားဖြစ်တာ နှစ်အတော်ကြာနေ...
19/03/2023

ဆိုးလ်မြို့က World Cup Stadium မှာ ဘောလုံးပွဲကြည့်ကြမယ် ❤️

နိုင်ငံရပ်ခြားမှာ နေထိုင်စဉ် ဘောပွဲ မသွားဖြစ်တာ နှစ်အတော်ကြာနေကြမယ်ထင်ပါတယ်။ ဘောလုံးအားကစား နှစ်သက်သူ ရွှေမြန်မာတို့အတွက် ဆိုးလ်မှာ ကန်မဲ့ ပွဲလေးတစ်ပွဲ ကြည့်လို့ရအောင် သတင်းကောင်းပါးလိုက်ပါတယ်။

ကိုယ်တွေ မြန်မာအသင်းနဲ့ ကန်တာ မဟုတ်ပေမဲ့လဲ ကြည့်ဖူးတယ်ရှိအောင် သွားကြည့်တာလဲ မဆိုးဘူးထင်ပါတယ်။

✅ ကန်မည့်အသင်း
ကိုရီးယား - ဥရုဂွေး

✅ နေ့ရက်နှင့် အချိန်
2023.3.28 (အဂါ) ည ၈ နာရီ

✅ နေရာ
World Cup Stadium 서울 마포구 월드컵경기장
မြေအောက်ရထားဖြင့် သွားပါက Line 6 월드컵경기장역 မှတ်တိုင်တွင်ဆင်းပါ။

✅ လက်မှတ်ဝယ်ရန်
https://www.playkfa.com

✅လက်မှတ် စရောင်းမည့်အချိန်
2023.3.21 (အင်္ဂါ) ည ၇ နာရီမှ စပြီး~

ဟန်မြစ်လယ်မှာ ဘီယာသောက်ကြမယ် 💜ဒီနေ့ ပြောပြပေးသွားမဲ့ နေရာလေးကတော့ ဟန်မြစ်လယ်မှာ ဘီယာသောက်ရင်း ဆိုးလ်မြို့ရဲ့ နေဝင်ဆည်းဆာ...
17/03/2023

ဟန်မြစ်လယ်မှာ ဘီယာသောက်ကြမယ် 💜

ဒီနေ့ ပြောပြပေးသွားမဲ့ နေရာလေးကတော့ ဟန်မြစ်လယ်မှာ ဘီယာသောက်ရင်း ဆိုးလ်မြို့ရဲ့ နေဝင်ဆည်းဆာ အလှကို အပြည့်အဝ ခံစားနိုင်မဲ့ နေရာလေးပဲ ဖြစ်ပါတယ်။

အဝိုင်းသဏ္ဍန် boat ပေါ်မှာ အများဆုံး ၆ယောက်ထိ စီးနင်းနိုင်ပြီး ကိုရီးယားကြက်ကြော်နဲ့ ဘီယာကို အတူတွဲပြီး 치맥 သုံးဆောင်နိုင်ပါသေးတယ်။

📍 စျေးနှုန်း (boatစီးခ သီးသန့်)
Boat တစ်စီး= အများဆုံး ၆ယောက်အထိသာ
မိနစ် ၃၀= ဝမ် ၃သောင်း ၅ထောင်
၁နာရီ= ဝမ် ၅သောင်း ၅ထောင်

📍 လိပ်စာ
서울특별시 서초구 올림픽대로 683

📍 အချိန်
ကြားရက်= ညနေ ၃နာရီမှ ည ၁၁နာရီထိ
ပိတ်ရက်= နေ့လည် ၁နာရီမှ ည ၁၁နာရီထိ

photo crd:

🎉2023 ခုနှစ်အတွင်း ဆိုးလ်မှာ ကျင်းပမဲ့ Festival များ🎉[서울 페스티벌 Check List📝]📅 4월-경복궁별빛야행-서울페스타-석촌호수벚꽃축제-여의도봄꽃축제-원픽페스티벌-힙합플...
03/03/2023

🎉2023 ခုနှစ်အတွင်း ဆိုးလ်မှာ ကျင်းပမဲ့ Festival များ🎉

[서울 페스티벌 Check List📝]

📅 4월
-경복궁별빛야행
-서울페스타
-석촌호수벚꽃축제
-여의도봄꽃축제
-원픽페스티벌
-힙합플레이야

📅 5월
-서울장미축제
-뷰티풀민트라이프
-재즈페스티벌
-청춘페스티벌
-서울파크뮤직페스티벌

📅 6월
-워터밤
-월드비제이페스티벌

📅 7월
-신촌물총축제

📅 10월
-밤도깨비야시장
-서울세계불꽃축제

credit:

Address

Seoul

Telephone

+821075178048

Website

Alerts

Be the first to know and let us send you an email when Your Seoul posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Your Seoul:

Share