11/03/2026
ထပ်ချစ်ဖြစ်ခဲ့ရင်
နင့်လို ငါ့အပေါ် သည်းခံတဲ့သူမျိုး
နင့်လို ငါ စားချင်တာဆို အမှတ်တရ ရှိပြီး ဝယ်လာပေးသူမျိုး
နင့်လို ငါ ကြည့်ချင်တဲ့ ရုပ်ရှင်အတွက် လက်မှတ်ကြိုဝယ်ပေးတတ်သူမျိုး
နင့်လို ငါ့မျက်နှာညိုတာနဲ့ မိုးပြိုမလို ပြာယာခတ်နေတဲ့သူမျိုး
နင့်လ်ို ငါက မလုပ်နဲ့ဆိုရင် စိတ်နဲ့တောင် ခိုးမလုပ်တတ်တဲ့သူမျိုး
နင့်လို ငါ့အချစ်နဲ့ အရာရာ ပြည့်စုံပါပြီလို့ ကြွေးကြော်ပြီး
ကမ္ဘာဆိုတာဟာ ငါ့က်ိုပဲ ဗဟိုပြုပြီး လည်ပတ်နေပါတယ်လို့ လူတကာကို လိုက်ပြောပြတတ်သူမျိုးကို ထပ်ရွေးချယ်မိမယ် ထင်တယ်
နင်တော့ မဟုတ်တော့ဘူးပေါ့ ~~