Hein’s Footprints: ကျွန်တော့်ရဲ့ ရောက်တတ်ရာရာ

  • Home
  • South Korea
  • Seoul
  • Hein’s Footprints: ကျွန်တော့်ရဲ့ ရောက်တတ်ရာရာ

Hein’s Footprints: ကျွန်တော့်ရဲ့ ရောက်တတ်ရာရာ Life Style, Travel, and Education

15/04/2025

Snowboard 멘모리

01/04/2025

This is a call for humanity!!!
Myanmar needs urgent help from international bodies. Wherever you are,whoever you are, you can donate or spread awareness about what is happening in Myanmar. Myanmar is very vulnerable right now. All the help is needed to rebuid Myanmar. Thanks for your attention.

အမိမြေက သဘာဝဘေးကြုံနေရတဲ့ အချိန်မှာ အိမ်ကိုပြန်ချင်တဲ့လူတွေကော မိသားစုနံဘေးမှာရှိနေချင်တဲ့ လူတွေကော များမှာပါ။ အခြေအနေတွ...
30/03/2025

အမိမြေက သဘာဝဘေးကြုံနေရတဲ့ အချိန်မှာ အိမ်ကိုပြန်ချင်တဲ့လူတွေကော မိသားစုနံဘေးမှာရှိနေချင်တဲ့ လူတွေကော များမှာပါ။ အခြေအနေတွေကပြန်မရတဲ့အချိန်၊ ကိုယ်ကိုယ်တိုင်က ဘာမှကူမနေနိုင်တဲ့အချိန်မှာ ဒီမှာရှိနေတဲ့ လူတွေအနေနဲ့ ငွေကြေးတိုက်ရိုက် ကူဖို့ကလွှဲရင် ဘာမှမတတ်နိုင်တဲ့အခြေအနေပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှမလုပ်နိုင်တော့ လုပ်နိုင်တာလေးလုပ်မယ်ဆိုပြီး လှူတန်းလို့ရမယ့် page linkလေးတွေ စုစည်းမိပါတယ်ဗျ။ အားလုံးလည်း ကိုယ်ဖြုန်းမယ့် အချို့တဝက်ထဲက နည်းနည်းလောက်ပဲလျှော့ပြီး လှူဒါန်းပေးကြပါလို့ နှိုးဆော်လိုက်ရပါတယ်ဗျ။
(ထပ်မံသိရှိလာတာတွေကို ထပ်တင်ပေးပါမယ်ဗျ)

Miso Myanmar Integrated Student Organization
https://www.facebook.com/share/p/1Gvwa88cih/?mibextid=wwXIfr

Gyeongnam Myanmar Community
https://www.facebook.com/share/1B6EBWogap/?mibextid=wwXIfr

Myanmar Student Organization Korea
https://www.facebook.com/share/p/1C9td89CMJ/?mibextid=wwXIfr

ရခိုင်အသင်း ကိုရီးယား
https://www.facebook.com/share/p/15AWFBfHLL/?mibextid=wwXIfr

Together Kakao
https://together.kakao.com/tags/735

20/03/2025

Creative ဖြစ်ခြင်းဟာ ဘာလဲ
---------------------------
ဖန်တီးမှု ကောင်းသည် မကောင်းသည်ဆိုခြင်းမှာ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးမရှိဘဲ ကျွန်တော်တို့ တစ်ဉီးတစ်ယောက်ခြင်းစီက subjective ခေါ် ပုဂ္ဂလိက အမြင်အရ အဓိပ္ပာယ်ကြတာဖြစ်ပါတယ်။ ထိုနည်း၎င်း၊ ကျွန်တော့်ဗီဒီယိုထဲက အကြောင်းအရာတွေက လူတိုင်းအတွက် တူညီတဲ့ အမြင်ကို ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ ဒီီီဗီဒီယိုလေးက တွေးစရာလေးတစ်ခုကို ဖန်တီးပေးချင်လို့ ပြုလိုက်ရခြင်းဖြစ်ပါတယ်။
You can write your thoughts in the comment section.
#ဖန်တီးမှု #창의력

18/03/2025

ကြောင်ပျောက်နေတဲ့ လူငယ်တယောက်
——————————————————
မသေချာမရေရာမှုတွေ ကြောင်ပျောက်နေတာတွေ ကိုယ့်ဘာသာ self -contemplate လုပ်ရင်း ရောက်တတ်ရာရာပြောထားတာလေးပါ။ #ကြောင်ပျောက်

27/02/2025

한자 공부 !!!
한자 ဆိုတာဘာလဲ?
한자 စကားလုံးအချို့ကို လေ့လာကြရအောင်
#한자 #한국어배우기

လွန်ခဲ့တဲ့ ၁ပတ်ကျော် တုန်းက ကျွန်တော် မျက်လုံးလေဆာပစ်ခဲ့ပါတယ်။( ဒီပို့စ်လေးကတော့ ကိုရီးယားမှာ ရှိတဲ့ မျက်လုံးလေဆာနဲ့ပတ်သ...
04/02/2025

လွန်ခဲ့တဲ့ ၁ပတ်ကျော် တုန်းက ကျွန်တော် မျက်လုံးလေဆာပစ်ခဲ့ပါတယ်။

( ဒီပို့စ်လေးကတော့ ကိုရီးယားမှာ ရှိတဲ့ မျက်လုံးလေဆာနဲ့ပတ်သက်တဲ့ အကြောင်းအရာရယ် ကျွန်တော့်ရဲ့ အတွေ့အကြုံရယ်ကို မျှဝေချင်တာပါ။)

မျက်လုံးလေဆာပစ်တယ်ဆိုတာ မိမိရဲ့ မျက်ကြည်လွှာကို လှန်ပြီး မျက်ကြည်လွှာပုံစံကို ပြန်ပြုပြင်ပြီး မျက်လုံးမှုန်တာကို ကုတာဖြစ်ပါတယ်။
မျက်လုံးမှုန်တာမှာ Myopia, Hyperpia, Astigmatism ဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ မြန်မာလိုဆိုရင်တော့ အဝေးမှုန် ၊ အနီးမှုန်၊ မျက်စိဆုံချက် မညီခြင်းတို့ပဲ ဖြစ်ပါတယ်။

လေဆာပစ်ဖို့က အသက်အပိုင်းအခြားအနေနဲ့ အသက် ၁၈နှစ်ကျော်လို့ရှိရင် လေဆာစပစ်လို့ရပြီပဲဖြစ်ပါတယ်။လေဆာပစ်တဲ့နေရာမှာ ပစ်တဲ့ အမျိုးအစားက အများကြီး ရှိပြီး တစ်ခုချင်းစီအောက်မှာတင် ထပ်ခွဲထားတဲ့ အမျိုးအစားက အများကြီးပါ။ နိုင်ငံတစ်ခုနဲ့ တစ်ခုနဲ့ကလည်း အခေါ်အဝေါ်တွေ ကွဲပါသေးတယ်။ ဆိုတော့ ကျွန်တော့်ရဲ့အတွေ့အကြုံလေးရယ် ကိုရီးယားမှာ လေဆာပစ်ရင််ဘယ်လိုတွေရှိလဲဆိုတာ သိချင်ရင် ပုံတစ်ခုချင်းစီအောက် ဖတ်လိုက်တော့နော်။
4/2/2025

수강신청ကိုရီးယားမှာကျောင်းတက်ရတဲ့အချိန်မှာ 수강신청လုပ်ရတာလည်း စိတ်ပူပန်စရာကောင်းတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ 수강신청 ဆိုတာဘာလဲ။수강신청...
21/01/2025

수강신청

ကိုရီးယားမှာကျောင်းတက်ရတဲ့အချိန်မှာ 수강신청လုပ်ရတာလည်း စိတ်ပူပန်စရာကောင်းတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။
수강신청 ဆိုတာဘာလဲ။
수강신청 ဆိုတာက တက်ရမယ့် အတန်းတွေကို စာရင်းသွင်းရတာပဲ ဖြစ်ပါတယ်။ အတန်းတွေကို စာရင်းသွင်းဖို့ ဘာစိတ်ရှုပ်စရာ ရှိလဲ ဆိုရင် တစ်ကျောင်းနဲ့ တစ်ကျောင်းနည်းစနစ်တွေမတူညီဘဲနဲ့ အပြိုင်အဆိုင်များတယ် ဆိုတဲ့ အချက်ကြောင့်ဖြစ်ပါတယ်။ အတန်းတွေမှာ ကန့်သတ်ထားတဲ့ လူဉိးရေကြောင့် လူတိုင်းကို အတန်းတစ်တန်းထဲမှာ စုပြုံပြီး တက်လို့မရအောင် သင်တဲ့ ပရော်ဖက်ဆာနဲ့ အခန်းဆိုဒ်ပေါ်မူတည်ပြီး လူဉီးရေကို သတ်မှတ်ထားတာပဲဖြစ်ပါတယ်။
အတန်းတွေထဲမှာ နာမည်ကြီးတဲ့ အတန်း အရေးကြီးတဲ့အတန်း မဖြစ်မနေတက်ရမယ့်အတန်းတွေမျိုးဆိုရင် လျှောက်သူဉီးရေများကြပြီး အင်တာနက်မကောင်းရင် လျှောက်ဖို့ မလွယ်ကူပါဘူး။ဒါကြောင့်တက္ကသိုလ်တက်ရဖို့ အချိန်မတိုင်ခင်မှာ 수강신청 ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါ့မယ်။
ပုံတစ်ခုစီအောက်မှာ ရှင်းပြထားတာမို့ ပုံတစ်ခုစီကို ဖွင့်ပြီး ဖတ်လို့ရပါတယ်။

၂၁/၁/၂၀၂၅

19/01/2025

"ဈေးနှုန်းအဆင်ပြေပြီးတော့ ဝန်ဆောင်မှု အဆင်ပြေတဲ့ လေကြောင်းလိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ အစားအသောက်ဝန်ဆောင်မှုကတော့ မဆိုးတဲ့ထဲမှာပါပါတယ်။"

07/01/2025

Let me အမြော်ကင့်

Address

Seoul

Telephone

+821027301104

Website

Alerts

Be the first to know and let us send you an email when Hein’s Footprints: ကျွန်တော့်ရဲ့ ရောက်တတ်ရာရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hein’s Footprints: ကျွန်တော့်ရဲ့ ရောက်တတ်ရာရာ:

Share