Soohan’s Airwave Whispers

Soohan’s Airwave Whispers Sohan’s Tales..

30/10/2025

처음으로 V log 시도 ㅋㅋㅋㅋ
29일에 우리 학교에서 현장학습으로 에버랜드에 보냈음~

16/08/2025

2နှစ်ကျော်မှ လုပ်ဖြစ်တဲ့ page updateလေးပါ hee”
အရင်က podcast တွေမှာ မြန်မာစာတန်းပါထိုးပေးထားပေမယ့် သုံးတဲ့အသုံးနှုန်းလေးတွေက ရိုး”လွယ်”လေးတွေနဲ့ နေ့စဉ်စကားပြောအသုံးနှုန်းတွေပဲမို့ အထူးတလည်ကြီးမထိုးတော့ပဲ ဒီတိုင်းလေးပဲတင်လိုက်ပါတယ်
တကယ်တမ်းလည်း စာတန်းထိုးမကြည့်ပဲနားထောင်မှ listening skillတိုးတက်တာမို့ပါ
See you in my next video guys!!🫶🏻

인생은 점점 재미없어지더라ဘဝကြီးက တဖြည်းဖြည်း စိတ်ဝင်စားစရာမကောင်းတော့ဘူး예전에는 이루고 싶은 꿈으로 하루하루를 버티고 있었지만အရင်ကတော့ အကောင်အထည်ဖော်ချင်တ...
18/03/2023

인생은 점점 재미없어지더라
ဘဝကြီးက တဖြည်းဖြည်း စိတ်ဝင်စားစရာမကောင်းတော့ဘူး

예전에는 이루고 싶은 꿈으로 하루하루를 버티고 있었지만
အရင်ကတော့ အကောင်အထည်ဖော်ချင်တဲ့အိပ်မက်တွေနဲ့ တစ်နေ့တာတွေကို တောင့်ခံခဲ့ပေမယ့်

요즘은 그꿈들도 포기하고 싶다
အခုတလောတော့ အဲ့အိပ်မက်တွေကိုလည်း လက်လျှော့ချင်လာတယ်

똑같은 하루하루는 너무 지긋지긋해지고
တူညီတဲ့ တစ်နေ့တာတွေက အရမ်းငြီးငွေ့ဖွယ်ကောင်းလာပြီး

내가 왜 계속 살아가야 되나라는 의심조차 생겼어
ငါဘာလို့ ဆက်ပြီး အသက်ရှင်သန်နေရမှာလဲဆိုတဲ့ သံသယစိတ်တောင်ဖြစ်မိတယ်

행복이라는 말은 조금이라도 나와 관계없은 말인것 같아
ပျော်ရွှင်မှုဆိုတာ ငါ့နဲ့နည်းနည်းမှ မသက်ဆိုင်တဲ့စကားလုံးထင်တယ်

예전의 사진을 다시 봤다
ဟိုးအရင်ကဓာတ်ပုံတွေကိုပြန်ကြည့်မိတယ်

사진속에 있는 나 대로 실컷 웃지 않았는 지 오래 되었네
ပုံထဲက ငါ့အတိုင်း စိတ်လွတ်ကိုယ်လွတ် မရယ်မောခဲ့တာတော်တော်ကြာခဲ့ပြီပဲ

예전에는 자유롭고 마음껏 웃을 수 있는 사람이 되고 싶었는데
အရင်ကတော့ လွတ်လပ်ပျော်ရွှင်ပြီး စိတ်ကြိုက်ရယ်မောနိုင်တဲ့သူတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့်

지금은 행복하기도 싫어졌어
အခုတော့ ပျော်လည်းမပျော်ရွှင်ချင်တော့ဘူး

누군가한테 아무것도 바라고 싶지 않고 모든 것을 포기하고 싶어
ဘယ်သူ့ဆီက ဘာမှလည်းမမျှော်လင့်ချင်တော့သလို
အရာအားလုံးကို လက်လျှော့ချင်မိတယ်

주변사람들이 힘들 때마다 안아줬던 나는
အနီးနားလူတွေပင်ပန်းတိုင်း ပွေ့ဖက်ပေးခဲ့တဲ့ ငါဟာ

내가 힘들 때에는 스스로한테도 안아주지 못 했네
ငါပင်ပန်းချိန်မှာတော့ ငါ့ကိုယ်ငါတောင် မပွေ့ဖက်နိုင်တော့ဘူးပဲ

그래서 어떤사람들이 이런말을 하는 것 같아
အဲ့တာကြောင့် တချို့ကပြောကြတာထင်တယ်

나이에 따라 있어야 되는 성숙보다 더 성숙하게 될때
အသက်အရွယ်အလိုက်ရှိသင့်တဲ့ ရင့်ကျက်မှုထက် ပိုရင့်ကျက်လာတဲ့အခါ

그사람이 자기의 나이에 가질 수 있는 행복과 자유를 느끼지 못 한다고
အဲ့လူဟာ သူ့အရွယ်မှာရသင့်တဲ့ ပျော်ရွှင်လွတ်လပ်မှုကို မခံစားနိုင်တော့ဘူးလို့

-추-

pic crd to owner

’사랑해, 좋아해, 연모해 ‘ 라는 말들은ချစ်တယ်၊ သဘောကျတယ်၊ မြတ်နိုးတယ်ဆိုတဲ့ စကားလုံးတွေက 너에게 있는 내마음을 표현하길 위해 부족하는 거 알아?မင်းအပေါ်မှာ ရှိ...
02/02/2023

’사랑해, 좋아해, 연모해 ‘ 라는 말들은
ချစ်တယ်၊ သဘောကျတယ်၊ မြတ်နိုးတယ်ဆိုတဲ့ စကားလုံးတွေက

너에게 있는 내마음을 표현하길 위해 부족하는 거 알아?
မင်းအပေါ်မှာ ရှိတဲ့ငါ့ရဲ့နှလုံးသားကို ဖော်ပြဖို့အတွက် မလုံလောက်တာကိုသိရဲ့လား

그런 것보다 더 깊은 말이 왜 없을까?
အဲ့ထက်ပိုနက်ရှိုင်းတဲ့စကားလုံး ဘာလို့မရှိရတာပါလိမ့်

그렇다보니 내 마음만큼 깊은 것이 이 세상에 없어서 그런가봐
ကြည့်ရတာ ငါ့ခံစားချက်တွေလောက်ထိ လေးနက်တဲ့အရာမျိုး ဒီလောကမှာ မရှိလို့နဲ့တူပါတယ်

얼굴을 보기만으로도 저절로 웃음을 가지는 나의 입
မျက်နှာလေးမြင်ရရုံနဲ့ အလိုလို ပြုံးမိတဲ့ငါ့နှုတ်ခမ်း

목소리를 들리기만으로도 터질 정도 뛰고 있는 내 심장
အသံလေးကြားရရုံနဲ့ ပေါက်ထွက်မတတ်ခုန်နေတဲ့ ငါ့နှလုံးသား

네가 부르는 노래를 들리면 마음속에서 꽃들이 활짝 펴 있다
မင်းသီဆိုတဲ့ သီချင်းသံလေးကြားလိုက်ရရင် ရင်ထဲမှာ ပန်းတွေကို ဝေဖြာလို့

아무리 힘들고 다 포기하고 싶어 해도
ဘယ်လောက်ပဲ ပင်ပန်းပြီး အရာအားလုံးကိုလက်လျှော့ချင်နေပါစေ

나는 너를 만날 수 있도록 노력해야한다는 것을 생각만 해도
ငါ့မှာ မင်းနဲ့ တွေ့ခွင့်ရနိုင်အောင်ကြိုးစားရမယ် ဆိုတဲ့အကြောင်းလေးကို စဉ်းစားလိုက်ရုံနဲ့တင်

보내고 싶은 내일이 줄로 서있다
ဖြတ်ကျော်ချင်တဲ့ မနက်ဖြန်တွေဟာ တန်းစီလို့

내 미래가 엄청 빛나고 있어..사랑아
ငါ့အနာဂတ်ဟာ အရမ်းကိုတောက်ပလွန်းတယ်အချစ်ရဲ့

나의 유일한 미래는 너라서 그런까봐
ငါ့ရဲ့တစ်ခုတည်းသော အနာဂတ်က မင်းဖြစ်နေလို့ထင်ပါရဲ့

나는 이 세상에서 외롭더라도 이 미래때문에 살맛이 나게 된다.
ငါဟာဒီလောကမှာ အထီးကျန်နေလည်းပဲ ဒီအနာဂတ်လေးကြောင့်ပဲ အသက်ရှင်နေရတာ သဘောတွေ့လှပါတယ်

-추-

Pic crd

'힘내, 할 수 있어!' အားတင်းထား…လုပ်နိုင်တယ်그런데 과연 우린 할 수 있을까요? ဒါပေမယ့်လည်း ငါတို့တွေ တကယ်လုပ်နိုင်လောက်ပါ့မလား할 수 있다는 말이…힘내라는...
30/01/2023

'힘내, 할 수 있어!'
အားတင်းထား…လုပ်နိုင်တယ်

그런데 과연 우린 할 수 있을까요?
ဒါပေမယ့်လည်း ငါတို့တွေ တကယ်လုပ်နိုင်လောက်ပါ့မလား

할 수 있다는 말이…힘내라는 말이
လုပ်နိုင်တယ်ဆိုတဲ့စကား…အားတင်းထားဆိုတဲ့စကားက

오히려 힘에 부칠 때가 있습니다.
တကယ်တမ်းကျ ငါတို့အတွက် ဖိအားအလွန်အကျွံများတဲ့အခါမျိုးတွေ ဖြစ်လာစေနိုင်တယ်

못해도 되고, 실패해도 괜찮은 세상을 우린 아직 배운 적이 없는 거 같습니다.
မလုပ်နိုင်လည်းရတယ်..ကျရှုံးလည်းအဆင်ပြေတယ်ဆိုတဲ့ လောကကြီးကို ငါတို့ တခါမှ မသင်ယူဖူးဘူးနဲ့တူပါတယ်

그래도 할 수 있는 만큼은 해봅시다.
ဒါပေမယ့်လည်း လုပ်နိုင်သလောက်တော့ လုပ်ကြည့်ကြတာပေါ့

최선은 다해봅시다.
အကောင်းဆုံးကြိုးစားကြည့်ရအောင်

다만 바랍니다.
ဒီတခုလေးကိုပဲ မျှော်လင့်မိပါတယ်

실패하더라도 다시 일어설 수 있는 단단한 마음은
ကျရှုံးသွားရင်လည်းပဲ ပြန်ထပြီးရပ်တည်နိုင်တဲ့ သန်မာတဲ့စိတ်ဓာတ်က

이미 우리의 편이길.
ငါတို့ဘက်မှာ ရှိနေနှင့်ဖို့ကို

백이진(Baek Yi Jin) - Twenty Five Twenty One

만나지 않았더라면 이리 그리워하지 않았을 것을ရှင့်နဲ့သာ မတွေ့ခဲ့ဘူးဆိုရင် ဒီလိုမျိုး လွမ်းဆွတ်မိမှာမဟုတ်ဘူး알지 않았더라면 이토록 생각나지도 않았을 것을ရှင့်ကို...
25/01/2023

만나지 않았더라면 이리 그리워하지 않았을 것을
ရှင့်နဲ့သာ မတွေ့ခဲ့ဘူးဆိုရင် ဒီလိုမျိုး လွမ်းဆွတ်မိမှာမဟုတ်ဘူး

알지 않았더라면 이토록 생각나지도 않았을 것을
ရှင့်ကိုသာ မသိခဲ့ဘူးဆိုရင် ဒီလောက်ထိ ရှင့်အကြောင်းတွေးမိမှာမဟုတ်ဘူး

함께 하지 않았더라면 사라질 일도 없었을 것을
ကျွန်မတို့ အတူသာမရှိခဲ့ဘူးဆိုရင် လမ်းခွဲစရာအကြောင်းလည်းရှိလာမှာမဟုတ်ဘူး

아끼지 않았더라면 이리 기억하지 않았을 것을
ရှင့်ကို တန်ဖိုးမထားခဲ့ဘူးဆိုရင် အခုလိုမျိုး သတိရနေမှာ မဟုတ်ဘူး

사랑하지 않았더라면 서로 버릴 일도 없었을 것을
ကျွန်မတို့သာမချစ်ခဲ့ကြဘူးဆိုရင် တစ်ယောက်ကိုတစ်ယောက် စွန့်ပစ်စရာအကြောင်းလည်းရှိလာမှာမဟုတ်ဘူး

마주치지 않았더라면 함께할 일도 없었을 텐데
မျက်နှာချင်းဆိုင်သာ မဆုံခဲ့ကြရင် ကျွန််မတို့အတူရှိခဲ့မှာမဟုတ်တာကို…..

차라리 당신을 만나지 않았더라면…….
တကယ်လို့သာ အရင်ကတည်းက ရှင့်ကို မတွေ့ခဲ့ဘူးဆိုရင်လေ……

해수(Hae Soo) - 달의 연인 ( Moon Lovers)

Pic crd..
Adminတော့ ညဘက်ကြီး ဒဏ်ရာလာဆွပေးလိုက်ပါပြီနော်😢

안녕하세요..여러분..!ဒီနေ့မှာတော့ adminက ယောရောဘွန်းတို့အတွက် သေချာပေါက်ကိုသိသင့်တဲ့ ဝေါဟာရအချို့ကိုဖော်ပြပေးလိုက်ပါတယ်❤️ဒါတွေကတ...
22/01/2023

안녕하세요..여러분..!
ဒီနေ့မှာတော့ adminက ယောရောဘွန်းတို့အတွက် သေချာပေါက်ကိုသိသင့်တဲ့ ဝေါဟာရအချို့ကိုဖော်ပြပေးလိုက်ပါတယ်❤️
ဒါတွေကတော့ ကိုယ့်ရဲ့ ဝါသနာကိုပြောချင်တဲ့အခါ သုံးလို့ရတဲ့စကားလုံးတချို့ပဲဖြစ်ပါတယ်။
자기소개ဆိုတဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ရတဲ့အခါမျိုးမှာ ဝါသနာကသေချာပေါက်ကို ထည့်ပြောသင့်တဲ့အရာပါနော်🙆🏼‍♀️
အဲ့တာကြောင့် လူအများစုဝါသနာပါကြတဲ့ စကားလုံးတချို့ကို ဖော်ပြပေးလိုက်ပါတယ်ရှင့်။😍
သေချာလေး ကျက်မှတ်ထားဖို့လိုမယ်နော်❤️
ဒါဆို အားလုံးပဲ 안녕히 주무세요..! Good Night✨

20/01/2023

Hello!!!!안녕하세요 여러분..!
adminပျောက်နေတာ တော်တော်ကြာသွားပြီမလား။ Hee“
ပဲခူးကအဘွားဆီ နှစ်ပတ်လောက်ရောက်နေလို့ပါ။
အခုတော့ ပြန်ရောက်ပြီမို့ pageလေးကို သေချာလေးပြန်runပါတော့မယ်နော်။
2023မှာ pageရဲ့ ပထမဆုံး postလေးအနေနဲ့ New Year Plansဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူ podcastလေး တင်ပေးလိုက်ပါတယ်။
အားလုံးပဲ ၂၀၂၃ကိုလည်း အလုပ်တွေကြိုးစားရင်းနဲ့ ကောင်းကောင်းမွန်မွန်ဖြတ်ကျော်ကြရအောင်..!✨
နောက်ကိုလည်း ideaအသစ်တွေနဲ့အတူ ပြန်လာခဲ့ပါ့မယ်ရှင်။❤️
사랑해요..여러분..!

Videoတွေ downloadလုပ်ရတာ အဆင်မပြေရင် adminရဲ့ telegram channelလေးကို လာjoinလို့ရပါတယ်🙆🏼‍♀️
https://t.me/+KLJKfrd2KWs0ZTI9

တစ်ပတ်လောက်ပျောက်သွားတဲ့adminကဒီနေ့မှာတော့ ယောရောဘွန်းတို့အတွက် advanced grammar လေးတစ်ခုကိုရှင်းပြဖို့ ပြန်လာခဲ့ပါပြီရှ...
21/12/2022

တစ်ပတ်လောက်ပျောက်သွားတဲ့adminကဒီနေ့မှာတော့ ယောရောဘွန်းတို့အတွက် advanced grammar လေးတစ်ခုကိုရှင်းပြဖို့ ပြန်လာခဲ့ပါပြီရှင်
Advanced Grammar ဖြစ်တဲ့အတွက် Levelအမြင့်သမားတွေအတွက် တကယ်ကိုသိသင့်တဲ့Grammarလေးပါ
အဲ့တော့ ဘာgrammarလေးလဲဆိုတော့….
“Noun+ 에 의하면” ဆိုတဲ့ သဒ္ဒါလေးပါရှင်
N+ 에 의하면 grammarလေးကို ဘယ်နေရာမှာသုံးလဲဆိုတော့-
- အကြောင်းအရာတခုခုကိုပြောမယ်ဆိုပါစို့…အဲ့တော့ အဲ့အကြောင်းအရာနဲ့ပတ်သတ်တာတွေကိုဘယ်ကသိခဲ့ရတယ်ဆိုတာဖော်ပြချင်တဲ့အခါသုံးပါတယ်
- မြန်မာလိုဆိုရင် “Noun အရ”
”Nounအရဆိုရင်”ဆိုတဲ့အဓိပ္ပာယ်မျိုးပါ။
- သိခဲ့ရတဲ့နေရာက တကယ့်ကိုအချက်ကျကျ၊ အခြေခံကျကျနဲ့ ခိုင်မာရဲ့အရင်းအမြစ်ကနေပြီး တော့သိခဲ့ရတာမျိုးပါ
- ဒါပေမယ့် သူများစကားကနေတခုခုသိခဲ့ရတာမျိုး၊ မတိကျတဲ့ Sourceတခုခုကနေသိခဲ့ရတာမျိုးမှာ သုံးရင်လည်း လုံးဝမှားတယ်လို့ပြောလို့မရပါဘူး။ ဘာလို့ဆို အဲ့တစ်ဆင့်သိခဲ့ရတဲ့သူ/နေရာက ကိုယ့်ထက်တော့ပိုသိတာမို့လို့ပါ
- တိကျတဲ့Sourceကနေသိခဲ့ရတဲ့အခါမျိုးမှာသုံးတာကတော့ အကောင်းဆုံးဖြစ်တာမို့ ဒီGrammarကို သတင်းကြေညာတာမျိုး၊ လူထုကိုအသိပေးတာမျိုး၊ စာရေးသားပြီး တိတိကျကျဖော်ပြတာမျိုးတွေမှာ အသုံးများပါတယ်
- Formal formဖြစ်တဲ့အတွက် ယဉ်ကျေးမှုမရှိတဲ့စကားမျိုးဖြစ်မှာ စိုးရိမ်စရာမလိုပါဘူးနော်
- ဒီ Grammarကဘယ် Grammarလေးနဲ့ပုံစံတူလဲဆိုတော့ “Noun+ 에 따르면” ဆိုတဲ့ Grammarနဲ့ပုံစံတူပါတယ်
- “Noun+ 에 따르면” ကကျ pre-intermediate /intermediate levelရဲ့အသုံးအနှုန်းဖြစ်ပြီး ဒီ”N+ 에 의하면” ကကျ advanced levelရဲ့အသုံးအနှုန်းပဲဖြစ်ပါတယ်
ဒါ့ကြောင့် နဲနဲလူပိုရှိန်အောင်သုံးချင်တာမျိုးကျရင် ဒီGrammarလေးကိုသုံးလို့ရပါတယ်နော်🌚
အဲ့တော့ Chuuက example sentenceတွေမှာ သုံးပြပေးပါ့မယ်နော်
1. 신문에 의하면 그 사건의 피해자가 두 명이 또 있다고 합니다.
သတင်းစာအရဆိုရင် အဲ့အမှုရဲ့ နစ်နာသူက
နောက်နှစ်ယောက်ထပ်ရှိသေးတယ်တဲ့။
2. 일기 예보에 의하면 내일 눈이 온다고 해요.
မိုးလေဝသခန့်မှန်းချက်အရ မနက်ဖြန်
မိုးရွာမယ်လို့ပြောတယ်

3. 그 나라의 법률에 의하면 쓰레기를 길에 무분별하게 버리면 아주 큰 벌을 받아야 된다고 해요.
အဲ့နိုင်ငံရဲ့ တရားဥပဒေအရ အမှိုက်ကို လမ်းပေါ်မှာ လက်လွတ်စပယ် လွှင့်ပစ်ရင် အရမ်းကြီးလေးတဲ့ ပြစ်ဒဏ်ကို ခံရလိမ့်မယ်လို့ပြောတယ်

ကဲ…အဲ့တော့ အပေါ်က Chuuရေးပြထားတဲ့ exampleတွေထဲမှာ သတိထားမိတာရှိကြလား
-အဲ့တာကတော့ နောက်ဆုံးမှာ ‘…..တဲ့၊…..တယ်လို့ပြောတယ်’ဆိုပြီးတစ်စုံတစ်ယောက်ကပြောတာကို ကိုယ်ကပြန်ပြောတဲ့ပုံစံမျိုး 간접인용 နဲ့ အဆုံးသတ်ထားတာပါ
ဒီGrammarရဲ့ပုံစံကလည်း အဲ့လိုကိုယ်ကတခြားကနေသိထားတဲ့sourceအရ၊ sourceပြောတဲ့အတိုင်းပြန်ပြောတာဖြစ်တဲ့အတွက် 간접인용နဲ့အဆုံးသတ်တာက ပိုပြီးသဘာဝကျပါတယ်နော်
ပိုပြီးတော့သတိထားရမှာက အဲ့လို 간접인용နဲ့သုံးတဲ့အခါ ဘယ်လောက်ပဲအတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စမျိုးပဲဖြစ်ဖြစ် 간접인용ကို past tenseအနေနဲ့သုံးမရပါဘူး
Past tenseအနေနဲ့သုံးမရတာက 간접인용မှာပဲသုံးမရတာနော် ရှေ့က တကယ့် Verbမှာတော့သုံးလို့ရပါတယ်
ဥပမာပြရမယ်ဆိုရင်-
1. 소문에 의하면 그배우는 예전에 두번이나 결혼했다고 해요.
ကောလဟာလတွေအရဆိုရင် အဲ့သရုပ်
ဆောင်က အရင်က နှစ်ခါတောင်လက်ထပ်
ခဲ့တယ်လို့ပြောတယ်
ဒီမှာဆို လက်ထပ်တာကိုတော့ past tenseအနေနဲ့သုံးလို့ရပေမယ့် ‘….လို့ပြောတယ်’ဆိုတဲ့ 간접인용ကို past tenseအနေနဲ့သုံးလို့မရပါဘူး
*အလွယ်မှတ်မယ်ဆိုရင်တော့ နောက်ဆုံးက Verbကို past tenseသုံးလို့မရဘူးဆိုပြီး မှတ်လို့ရတာပေါ့*
ဒါဆိုရင် အားလုံသဘောပေါက်လောက်ပြီလို့ထင်ပါတယ်နော်
နားမလည်တာရှိရင်လည်း page cbကိုတိုက်ရိုက်လာမေးလို့ရပါတယ်ရှင့်..!
ဒါဆိုရင် နောက်နေ့ကျမှတွေ့ပါမယ်နော်❤️
안녕 여러분🙆🏼‍♀️

가끔에 ‘건강하지 않아서 내가 할 수 없을 거’라고တခါတလေ “ကျန်းမာရေးမကောင်းလို့ ငါလုပ်နိုင်လောက်မှာမဟုတ်ဘူး”ဆိုပြီး자신의 꿈을 포기하고 침대위에서 누워 있으면서 က...
12/12/2022

가끔에 ‘건강하지 않아서 내가 할 수 없을 거’라고
တခါတလေ “ကျန်းမာရေးမကောင်းလို့ ငါလုပ်နိုင်လောက်မှာမဟုတ်ဘူး”ဆိုပြီး

자신의 꿈을 포기하고 침대위에서 누워 있으면서
ကိုယ့်အိပ်မက်ကိုလက်လျှော့ပြီး အိပ်ရာထဲမှာလှဲနေရင်းနဲ့

각 분야에서 성공하고 있는 친구들을 보면서 부러운 것보다
နယ်ပယ်အသီးသီးမှာအောင်မြင်နေကြတဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး အားကျနေရတာထက်

‘건강하지 않아도 나는 최선을 다 해볼 거’라고
“ကျန်းမာရေးမကောင်းတောင် ငါအကောင်းဆုံးလုပ်ကြည့်မယ်”ဆိုပြီး

피곤해도 최선을 열심히 다 하면서 꿈을 이루려고 하고 있는 것은
ပင်ပန်းတယ်ဆိုရင်တောင် အတတ်နိုင်ဆုံးကြိုးစားရင်းနဲ့ အိပ်မက်တွေကိုအကောင်အထည်ဖော်နေတာက

마음이 더 편해
ပိုပြီးတော့ စိတ်သက်သာရာရတယ်

몸이 피곤해도 마음은 힘들지 않잖아
ခန္ဓာကိုယ်ပင်ပန်းရင်တောင် စိတ်တော့မပင်ပန်းဘူးလေ

실패해도 나쁜 건강을 핑계로 탓하지 않고
ကျရှုံးရင်လည်း မကောင်းတဲ့ကျန်းမာရေးကို ဆင်ခြေတစ်ခုလို အပြစ်တင်နေတာမဟုတ်ပဲ

‘내가 부족해서 그렇다’ 라는 생각으로 다시 일어날 수 있는게 더 재미있거든
“ငါလိုအပ်ချက်တွေရှိနေသေးလို့”ဆိုတဲ့အတွေးနဲ့ပြန်ထနိုင်တာက ပိုပြီးပျော်ဖို့ကောင်းတယ်

세상에서 편한 몸보다 편한 마음이 더 중요하지?
လောကကြီးမှာ ခန္ဓာကိုယ်သက်သာဖို့ထက် စိတ်သက်သာဖို့က ပိုအရေးကြီးတယ်မလား

나는 태어났을 때부터 이렇게 태어났는데
ငါကမွေးဖွားလာကတည်းက ဒီလိုပုံစံအဖြစ်နဲ့မွေးဖွားလာခဲ့တာလေ

바꿀수가 없잖아
ပြောင်းလဲလို့မရနိုင်ဘူးမလား

그래도 그 안 좋은 건강을 나의 단점으로 정하고
ဒါပေမယ့် အဲ့ဒီ့ကျန်းမာရေးမကောင်းတာကို ငါ့ရဲ့အားနည်းချက်အဖြစ်သတ်မှတ်ပြီး

꿈을 포기하는 건 나의 장점은 좀 아깝지 않아 ?
အိပ်မက်တွေကိုလက်လျှော့ရအောင် ငါ့ရဲ့အားသာချက်တွေကကော နှမြောစရာကောင်းမနေဘူးလား

왜 나의 단점만 보고 포기해야 되나?
ဘာလို့အားနည်းချက်ကိုပဲကြည့်ပြီး လက်လျှော့ရမှာလဲ

장점을 계속 가지면서 앞으로 진행할 수 있잖아
အားသာချက်ကိုဆုပ်ကိုင်ပြီး ရှေ့ဆက်လို့ရတာပဲမဟုတ်လား

나에게는 건강이 좋건 안 좋건 나는 내가 되고
ငါ့အတွက်တော့ ကျန်းမာရေးကောင်းကောင်း မကောင်းကောင်း ငါဟာငါဖြစ်နေပြီး

나의 삶을 어떻게 살 건지 내가 선택할 거야
ငါရဲ့ဘဝကို ဘယ်လိုပုံစံနဲ့နေထိုင်မယ်ဆိုတာ ငါပဲရွေးချယ်သွားမှာ

‘할 수 없을 거’라고 두려움을 가지면서
‘မလုပ်နိုင်လောက်ပါဘူး’ဆိုပြီး ကြောက်ရွံ့ရင်း

‘왜 안 했을까’ 라고 후회로 사는 거보다
‘ဘာလို့မလုပ်ခဲ့ရပါလိမ့်’ဆိုပြီး နောင်တတွေနဲ့နေထိုင်ရတာထက်

‘내가 최선을 다 했네’라고
‘ငါအကောင်းဆုံးလုပ်ခဲ့တာပဲ’ဆိုပြီး

결과보다 나의 노력을 내가 인정하면서 살 수 있는 그런 삶을 더 선호해
ရလဒ်ထက်ငါ့ရဲ့ကြိုးစားမှုတွေကို ကိုယ့်ကိုယ်ကိုအသိအမှတ်ပြုရင်းနေထိုင်ရတဲ့ဘဝကို ပိုနှစ်ခြိုက်တယ်

나에게는 미래에서 내가 하고 싶은 것들을 설계하면서
ငါ့အတွက်တော့ အနာဂတ်မှာငါလုပ်ချင်တဲ့အရာတွေကို စိတ်ကူးရင်းနဲ့

일이 쌓여 있는 하루가 더 설렌다
အလုပ်တွေအပုံလိုက်ရှိနေတဲ့ တစ်နေ့တာက
ပိုပြီးရင်ခုန်စရာကောင်းတယ်

별 일이 없고 원하는 것을 핸드폰에 사진으로만 저장할 수 있는
ထွေထွေထူးထူးဘာမှမရှိပဲ လိုချင်တဲ့အရာတွေကို ဖုန်းထဲမှာဓာတ်ပုံလေးအဖြစ်နဲ့သိမ်းထားရတဲ့

모든 것을 만족해야 하는 그런 단순한 하루는 진짜 지루한 날이지?
အရာရာကိုတင်းတိမ်နေရတဲ့ ရိုးရှင်းတဲ့တနေ့တာက တကယ်ငြီးငွေ့ဖို့ကောင်းတယ်မလား။

나의 소중한 소질을 보여줄 수 없는 자리에서 사는 것은
ငါ့ရဲ့တန်ဖိုးရှိတဲ့အရည်အချင်းတွေကို ထုတ်ပြခွင့်မရှိတဲ့နေရာမှာရှင်သန်ရတာက

나에게는 의미가 없는 인생이야
ငါ့အတွက်တော့ အဓိပ္ပာယ်မရှိတဲ့ဘဝကြီးပဲ

그래서 나는 내 삶을 의미심장하게 내가 살고 싶은 대로 살거야
ဒါ့ကြောင့်ငါက ငါ့ဘဝကိုတော့ အဓိပ္ပာယ်ရှိရှိနဲ့ ငါနေချင်တဲ့ပုံစံအတိုင်း နေထိုင်သွားမှာ

나는 내가 제일 아니까…나는 나니까
ငါကိုယ်ငါအသိဆုံးမို့….ငါကငါဖြစ်နေလို့

내 꿈을 끝까지 잡으면서 계속 갈거야..
ငါ့အိပ်မက်ကိုအဆုံးထိဆုပ်ကိုင်ပြီး လျှောက်လှမ်းသွားမှာ။

-추-🐹
Admin အစကလိုရင်းတိုရှင်းပဲရေးမယ်ဆိုပြီး ရေးရင်းရေးရင်းနဲ့ moodဝင်ပြီးရှည်သွားတယ်😆Fighting to all!!

Address

Kyaukse

Telephone

+959754999664

Website

Alerts

Be the first to know and let us send you an email when Soohan’s Airwave Whispers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share