Uncle Kyaw

Uncle Kyaw knowledge Sharing shortvideo & travelVlog video များကြည့်ရှူ့နိုင်ရန် Like&Follow နှိပ်ထားနိုင်ပါတယ်။

ဆေးရောင်စုံ ပန်းချီကား တစ်ချက်လို ပင်လယ်ကမ်းခြေပေါ်မှာတည်ရှိနေတဲ့ ကိုရီးယားရဲ့အလှဆုံးဗုဒ္ဓဘုရားကျောင်းတစ်ခု 해동용궁사 (Haedo...
19/07/2026

ဆေးရောင်စုံ ပန်းချီကား တစ်ချက်လို ပင်လယ်ကမ်းခြေပေါ်မှာတည်ရှိနေတဲ့ ကိုရီးယားရဲ့အလှဆုံးဗုဒ္ဓဘုရားကျောင်းတစ်ခု

해동용궁사 (Haedong Yonggungsa Temple) 🇰🇷🙏
🌊✨
လှိုင်းသံတွေကြားထဲမှာ ငြိမ်းချမ်းမှုကိုခံစားရတဲ့နေရာ…
Busan ရောက်ရင် မဖြစ်မနေသွားသင့်တဲ့နေရာလေးတစ်ခုပါ 🥰

#해동용궁사 #부산여행 #ဗဟုသုတ #ခရီးသွား #ကိုရီးယား #ဘူဆန် #ဗုဒ္ဓဘုရားကျောင်း

12/06/2026

🌊 ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးကမ်းခြေ

Songdo Beach ဟာ 1913 ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အများပြည်သူအတွက် အပန်းဖြေကမ်းခြေ ဖြစ်ပါတယ်။

#ဗဟုသုတ #ခရီးသွား #ကိုရီးယား #ဘူဆန်

🚴🌊 ကျန်းမာရေးအတွက် စက်ဘီးစီးရင်း…မမျှော်လင့်ဘဲ ရောက်ရှိခဲ့တဲ့ Healing Trip တစ်ခုဒီခရီးစဉ်ကို အစကတော့အပန်းဖြေခရီးတစ်ခုအနေ...
20/05/2026

🚴🌊 ကျန်းမာရေးအတွက် စက်ဘီးစီးရင်း…
မမျှော်လင့်ဘဲ ရောက်ရှိခဲ့တဲ့ Healing Trip တစ်ခု

ဒီခရီးစဉ်ကို အစကတော့
အပန်းဖြေခရီးတစ်ခုအနေနဲ့ စီစဉ်ထားတာမဟုတ်ပါဘူး။

အားလပ်ရက်မှာ
ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ရင်း
စက်ဘီးစီးထွက်ခဲ့ရာကနေ
မမျှော်လင့်ဘဲ ရောက်ရှိခဲ့တဲ့နေရာလေးပါ။

ဒါပေမယ့်
ဒီနေရာကိုရောက်သွားတဲ့အချိန်မှာတော့
ပင်လယ်အလှကိုပဲ မြင်ခဲ့ရတာမဟုတ်ဘဲ
သဘာဝတောတောင်တွေနဲ့ ပင်လယ်ကို
ဘယ်လောက်ထိ စနစ်တကျထိန်းသိမ်းထားကြသလဲဆိုတာကို
လေ့လာခွင့်ရခဲ့တယ်။

ထင်းရှူးပင်တောကြီးထဲ လမ်းလျှောက်ရင်း
သဘာဝလေညင်းအေးအေးလေးတွေခံစားနေတဲ့အချိန်မှာ
မိသားစုလိုက် အေးအေးချမ်းချမ်းအနားယူနေကြတဲ့သူတွေကိုတွေ့ရတော့
ဒီနေရာက လူတွေရဲ့စိတ်ဖိစီးမှုကို လျော့ချပေးနိုင်တဲ့
healing place တစ်ခုလို ခံစားမိစေတယ် 🌲✨

တောင်ပေါ်ကိုတက်သွားတဲ့အခါ
ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားတဲ့နေရာမှာ
တည်ဆောက်ထားတဲ့ ကြိုးတံတားကို မြင်တွေ့ရတယ် 🌉

တံတားပေါ်ကို လျှောက်သွားတဲ့အချိန်မှာတော့
အောက်ဘက်က ပင်လယ်လှိုင်းသံတွေ၊
ကျောက်ဆောင်ကြီးတွေ၊
လေပြင်းတွေကြားမှာ လှုပ်ရမ်းနေတဲ့ တံတားပေါ်မှာ ကြောက်စိတ်နဲ့ ပျော်ရွှင်တဲ့စိတ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ခံစားချက်ကို တကယ်ပဲခံစားရတယ်။

အထူးသဖြင့် Sunset အချိန်ရောက်လာတဲ့အခါ
ပင်လယ်ပေါ်ကျလာတဲ့ နေရောင်အလင်းတွေကြားမှာ
တံတားလေးက cinematic scene တစ်ခုလို လှနေခဲ့တယ် 🌅✨

အဲဒီနေရာကနေကြည့်လိုက်ရင်
အဆုံးမရှိသလိုထင်ရတဲ့ ပင်လယ်ကြီး၊
တောင်တန်းတွေ၊
သစ်တောတွေကို တစ်ပြိုင်နက်မြင်ရပြီး
လူတစ်ယောက်ရဲ့စိတ်ကို ခဏလေးငြိမ်သက်သွားစေတယ် 🌊🌲

အထူးသဖြင့် သဘောကျမိတာက
သဘာဝကို မဖျက်ဆီးဘဲ
ခရီးသွားတွေအတွက် လမ်းလျှောက်ဖို့၊
အားကစားလုပ်ဖို့၊
အနားယူဖို့နေရာတွေကို
အဆင်ပြေစွာဖန်တီးထားကြတာပါ။

တောင်ပေါ်၊ တောထဲမှာဆိုပေမယ့်
စားသောက်စရာတွေ လွယ်လွယ်ကူကူရနိုင်သလို
သန့်စင်ခန်းတွေလည်း စနစ်တကျရှိနေတယ်။

ဒီခရီးစဉ်လေးက
ကျန်းမာရေးအတွက် စက်ဘီးစီးရင်း
မမျှော်လင့်ဘဲ ရရှိခဲ့တဲ့
ဗဟုသုတနဲ့ စိတ်အေးချမ်းမှုတွေကို
ကျွန်တော့်အတွက် အမှတ်တရကောင်းတစ်ခုအဖြစ် ကျန်ရစ်စေခဲ့တယ်။

ဓာတ်ပုံလှလှရိုက်ချင်သူတွေအတွက်ပဲဖြစ်ဖြစ်
သဘာဝတောတောင်နဲ့ ပင်လယ်အလှကို
ဘယ်လိုထိန်းသိမ်းထားကြသလဲဆိုတာ
ကိုယ်တိုင်သွားပြီးခံစားချင်သူတွေအတွက်ပဲဖြစ်ဖြစ်
ဒီနေရာလေးက တစ်ခါလောက်တော့ သွားရောက်လည်ပတ်ဖူးသင့်တဲ့နေရာတစ်ခုလို့ ထင်မိပါတယ် 🌊🚴🌲✨

လိပ်စာ👇👇👇

📍 Ulsan Ilsan Beach & Daewangam Park
📍 울산 일산해수욕장 & 대왕암공원









#힐링여행 #울산여행
#대왕암공원 #바다풍경

🌊🇰🇷 Busan ရဲ့ Songdo Beach ကိုရောက်ခဲ့တဲ့နေ့မှာ… ဓာတ်ပုံရိုက်ဖို့ကောင်းသလို သမိုင်း၊ သဘာဝနဲ့ လူသားဖန်တီးမှုတို့ကိုပါ လေ့...
17/05/2026

🌊🇰🇷 Busan ရဲ့ Songdo Beach ကိုရောက်ခဲ့တဲ့နေ့မှာ… ဓာတ်ပုံရိုက်ဖို့ကောင်းသလို
သမိုင်း၊ သဘာဝနဲ့ လူသားဖန်တီးမှုတို့ကိုပါ လေ့လာခွင့်ရခဲ့ပါတယ်။

📍 Songdo Beach ဟာ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးအများပြည်သူသုံး ကမ်းခြေဖြစ်ပြီး 1913 ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အရင်တုန်းက ဒေသခံပြည်သူတွေအတွက် အပန်းဖြေရာ နေရာတစ်ခုဖြစ်ခဲ့ပြီး ယနေ့ခေတ်မှာတော့ Busan ရဲ့ အထင်ကရခရီးသွားနေရာတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။

✨ ယနေ့မြင်တွေ့ရတာတွေကတော့
✔️ Songdo Skywalk
✔️ Cable Car
✔️ Turtle Island
✔️ လှပတဲ့ပင်လယ်ရှုခင်း
✔️ ခေတ်မီမြို့ပြနဲ့သဘာဝပေါင်းစပ်မှုတွေ့ရမှာပါ။

🌊 ကမ်းခြေဘေးမှာမြင်ရတဲ့ လေးထောက်ချွန် concrete
တုံးကြီးတွေကို Tetrapods လို့ခေါ်ပါတယ်။
Tetrapods တွေရဲ့အဓိကအလုပ်လုပ်ပုံကတော့—
✔️ သဘာဝဘေးအန္တရာယ် ရေလှိုင်းကြီးတွေရဲ့ အင်အားကို လျှော့ချပေးတယ်
✔️ ကမ်းခြေထိခိုက်ပျက်စီးပြိုကွဲမှုကို ကာကွယ်‌ပေးပါတယ်
✔️ ရေစီးအားကို ထိန်းညှိပေးတယ်
✔️ ကမ်းရိုးတန်းနဲ့မြို့ပြကို ပိုမိုလုံခြုံစေတယ်ပါတယ်

ဒါကြောင့် Songdo Beach ဟာ သဘာဝအလှတရားတစ်ခုတည်းမဟုတ်ဘဲ လူသားတွေရဲ့ဉာဏ်ပညာနဲ့ သဘာဝကိုထိန်းသိမ်းမှု ပေါင်းစပ်ထားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒီခရီးစဉ်က ဘာတွေလေ့လာသိခွင့်ရနိုင်မလဲ?
ခရီးသွားခြင်းဆိုတာ ဓာတ်ပုံလှလှလေးတွေလည်းမှတ်တမ်းယူပြီး…
နေရာတစ်ခုရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ သဘာဝနဲ့ ဗဟုသုတအကြောင်းကိုပါ လေ့လာမှတ်သားဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခုဆိုတာ ဒီနေရာမှာ မြင်တွေ့ရနိုင်ပါတယ်။

Busan ရဲ့ Songdo Beach ကတော့ အလှတရားတွေကို
“ကြည့်ရှုခံစား လည်ပတ်ရင်း လေ့လာနိုင်တဲ့ မှတ်သားစရာခရီးစဉ်တစ်ခု” ပါပဲဗျာ။


11/05/2026

😱သင့် ခေါင်းကို အမှိုတ်ပုံ မဖြစ်ချင်ရင်🤯🗑️

13/04/2026

မြန်မာ နှစ်သစ် ၁၃၈၈ ခုနှစ်အတွက် ဆုမွန်ကောင်း..🙏🌸✨

သင်္ကြန်အချိန်အခါမှာ အားလုံး ဘေးရန်ကင်းကြပါစေ....
အတာရေနဲ့အတူ အေးမြလန်းဆန်းပြီး ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်….🙏🌸

Google Gemini AI



-new-year
-video-AI
-AI-Gemini

"ခရီးသွားခြင်းက အကောင်းဆုံး စာဖတ်ခြင်းပါပဲ" 📖🌸ကိုရီးယားရဲ့ နွေဦးမှာ ပွင့်တဲ့ ချယ်ရီပန်းလေးတွေက တစ်နှစ်မှာ တစ်ခါပဲ ခဏတာ ပ...
07/04/2026

"ခရီးသွားခြင်းက အကောင်းဆုံး စာဖတ်ခြင်းပါပဲ" 📖🌸

ကိုရီးယားရဲ့ နွေဦးမှာ ပွင့်တဲ့ ချယ်ရီပန်းလေးတွေက တစ်နှစ်မှာ တစ်ခါပဲ ခဏတာ ပွင့်လန်းတာပါ။ ဒီလိုပဲ အခွင့်အရေးဆိုတာ ရတုန်းမှာ သူငယ်ချင်းတွေနဲ့အတူ အရယူပြီး လေ့လာကြည့်ကြဖို့ လိုပါတယ်။ ဒီခရီးမှာ ကိုရီးယားလူမျိုးတွေရဲ့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားပုံ၊ ရှေးဟောင်းအမွေအနှစ် (ဥပမာ- ပုံထဲကလို Hwangnyongsa စေတီပုံစံ အဆောက်အအုံတွေ) ကို စနစ်တကျ ထိန်းသိမ်းတတ်တဲ့ စိတ်ထားတွေကို အပြည့်အဝ မြင်တွေ့ခဲ့ရပါတယ်။

စာအုပ်ထဲမှာ ဖတ်ရတဲ့ အသိထက် ကိုယ်တိုင် မြေပြင်မှာ မြင်တွေ့ရတဲ့ သင်ခန်းစာတွေက ပိုပြီး ခိုင်မြဲစေပါတယ်။

Address

Ulsan

Alerts

Be the first to know and let us send you an email when Uncle Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Uncle Kyaw:

Shortcuts

Share

Category