Martial Arts Myanmar News

Martial Arts Myanmar News ရိုးရာလက်ဝှေ့လောက တိုးတက်အောင် ဝိုင်းဝန်းကြိုးစားကြပါစို့...
(3)

18/08/2025

သွေးလင်းထက်ရဲ့ပြိုင်ဘက် ထိုင်းဖိုက်တာက ဘယ်လိုဖိုက်တာမျိုးလဲ...???

ONE CHAMPIONSHIP ကတော့ နဘီးကို ဘန်တန်ဝိတ်တန်းကစ်ဘောက်ဆင်ချန်ပီယံဟောင်း အင်နာဟာချီနဲ့ ပွဲတည်ပေးလိုက်ပါပြီမွေထိုင်းမှာအောင...
18/08/2025

ONE CHAMPIONSHIP ကတော့ နဘီးကို ဘန်တန်ဝိတ်တန်းကစ်ဘောက်ဆင်ချန်ပီယံဟောင်း အင်နာဟာချီနဲ့ ပွဲတည်ပေးလိုက်ပါပြီ

မွေထိုင်းမှာအောင်မြင်ခဲ့သလိုမျိုး ကစ်ဘောက်ဆင်မှာရော နဘီးအနေနဲ့လုပ်ပြနိုင်ဦးမလား စောင့်ကြည့်ရမှာပါ...

17/08/2025

မြန်မာဖိုက်တာအားလုံး အလဲထိုးတွေနဲ့အနိုင်ရခဲ့တဲ့ MLWC ရိုးရာလက်ဝှေ့ပြိုင်ပွဲ...👊👊👊

နိုင်ငံခြားဖိုက်တာတွေနဲ့ တွေ့တဲ့ပွဲတွေမှာ နိုင်ပွဲကိုယ်စီရသွားခဲ့ကြတဲ့ ကိုထွန်းထွန်းမင်း၊ ထွန်းမင်းနိုင်နဲ့ စူပါရေချမ်းတ...
17/08/2025

နိုင်ငံခြားဖိုက်တာတွေနဲ့ တွေ့တဲ့ပွဲတွေမှာ နိုင်ပွဲကိုယ်စီရသွားခဲ့ကြတဲ့ ကိုထွန်းထွန်းမင်း၊ ထွန်းမင်းနိုင်နဲ့ စူပါရေချမ်းတို့ကို ဂုဏ်ပြုပါတယ်

အထူးသဖြင့် ထွန်းမင်းနိုင်နဲ့ စူပါရေချမ်းအတွက် ဒိနိုင်ပွဲတွေက ယုံကြည်မှုပိုမြင့်တက်စေမှာပါ

နှစ်ယောက်စလုံးကို နည်းစန်ပိုင်းအားပြုကစားခဲ့ကြပြီး ပွဲသိမ်းသွားခဲ့ကြတဲ့ပုံစံတွေကလည်း သေသပ်လွန်းပါတယ်

BKFC သာ ရိုးရာဖိုက်တာတွေကို သူတို့ပရိုမိုးရှင်းရဲ့လက်ဝှေ့ပြိုင်ပွဲတွေမှာ အခွင့်အရေးပေးမယ်ဆိုရင် ဒီဖိုက်တာနှစ်ယောက်က ကျိန်းသေပေါက်ပွဲရနိုင်တဲ့သူတွေပါပဲ

17/08/2025

ချန်ပီယံသစ်ဖြစ်သွားတဲ့ ခမ်ဇက်ချီမာယက် နဲ့ ပတ်တံတောင်အစွမ်းပြခဲ့ကြတဲ့ UFC 319 ပွဲကောင်းများ...

ONE ဘက်ကတာဝမ်ချိုင်းကို လူမင်ယန်းနဲ့ပွဲတည်ပေးလိုက်ပါပြီလူမင်ယန်းက ONEFF ပွဲဦးထွက်မှာ နိုအီရီကိုနိုင်ခဲ့ပေမာ့် ဒုတိယပွဲမ...
17/08/2025

ONE ဘက်ကတာဝမ်ချိုင်းကို လူမင်ယန်းနဲ့ပွဲတည်ပေးလိုက်ပါပြီ
လူမင်ယန်းက ONEFF ပွဲဦးထွက်မှာ နိုအီရီကိုနိုင်ခဲ့ပေမာ့် ဒုတိယပွဲမှာ မိုဟာမက်ဆီရာဆာရာနီကို ရှုံးထားပါတယ်

ဒီပွဲစဥ်ကို လာမယ့် စက်တင်ဘာ 26 ရက်နေ့မှာကစားကြမှာပါ...

မက်အန်တန်ဘတ်ကို BKFC ချန်ပီယံလို့ မြန်မာလိုရော အဂ်လိပ်လိုရော ဘယ်လိုကြောင့်အော်လိုက်သလဲပဲ မေးချင်ပါတယ်မသိလို့အော်တာလား၊ တ...
17/08/2025

မက်အန်တန်ဘတ်ကို BKFC ချန်ပီယံလို့ မြန်မာလိုရော အဂ်လိပ်လိုရော ဘယ်လိုကြောင့်အော်လိုက်သလဲပဲ မေးချင်ပါတယ်

မသိလို့အော်တာလား၊ တမင်အော်တာလားမသ်ိပေမယ့် ကမ္ဘာ့အဆင့် UFC ဖိုက်တာဟောင်းတွေရှေ့မှာ ပေါက်ကရလုပ်တာကတော့ အင်မတန်ရှက်စရာပါပဲ

ဒေဝနဲ့ ထွန်းထွန်းမင်းတုန်းကလည်း အဲ့လ်ိုတွေမှားအော်လို့ ဖြေရှင်းမရပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်ခဲ့ပြီးပါပြီ

နောက်တစ်ခါ သေသေချာချာလုပ်ကြစေချင်ပါတယ်
အပြုသဘောဖြင့်သာ...🙏🙏🙏

ထွန်းထွန်းမင်း အလဲထိုးအနိုင်ပါဘယ်ညာလက်သီးတွဲလုံးနောက်မှာ ဆက်လိုက်လာတဲ့ အမြင့်ကန်ချက်အပြင် ခေါင်းတိုက်ချက်ပါမိသွားတာပါအဓိ...
17/08/2025

ထွန်းထွန်းမင်း အလဲထိုးအနိုင်ပါ
ဘယ်ညာလက်သီးတွဲလုံးနောက်မှာ ဆက်လိုက်လာတဲ့ အမြင့်ကန်ချက်အပြင် ခေါင်းတိုက်ချက်ပါမိသွားတာပါ

အဓိက ကတော့ ခေါင်းတိုက်ချက်ပါပဲ
တစ်ခါတည်းကိုမေ့သွားတာပါ
အနားတောင်းခဲ့ပေမယ့် သတိသေချာလည်မလာတဲ့ K ONE ကြောင့်ဆရာဝန်ကထိုးခွင့်မပြုတော့ပဲ ပွဲကိုရပ်ပစ်လိုက်ပါတယ်

အမှန်တကယ်ဆိုရင် ပထမအချီမှာ ထွန်းထွန်းမင်း သိပ်မသာပါဘူး
K ONE ကမထင်မှတ်ထားတဲ့ပုံစံတွေနဲ့ တုန့်ပြန်ကစားခဲ့တာပါ

ဒုတိယအချီမှာတော့ အခုလိုဖြစ်သွားတော့တာပါပဲ

ဂုဏ်ယူပါတယ် ချန်ပီယံကြီးထွန်းထွန်းမင်း...✊✊✊

ကောင်းလွန်းပါတယ် စူပါရေချမ်းရေ...မက်အန်တန်ဘတ် ဘာမှကိုလုပ်လို့မရပါဘူးပထမအချီမှာတင် အနားတောင်းအပါအဝင် အမှတ်စဉ်သုံးကြိမ်ရေတ...
17/08/2025

ကောင်းလွန်းပါတယ် စူပါရေချမ်းရေ...

မက်အန်တန်ဘတ် ဘာမှကိုလုပ်လို့မရပါဘူး
ပထမအချီမှာတင် အနားတောင်းအပါအဝင် အမှတ်စဉ်သုံးကြိမ်ရေတွက်ခံရပြီး TKO နဲ့အရှုံးပေးလိုက်ရတာပါ

စူပါရေချမ်းရဲ့ Head Movement တွေ ၊ဘယ်ဝိုက်ညာဝိုက်တွေက‌ ကြောက်ခမန်းလိလိပါပဲ

တကယ်ကိုကောင်းလွန်းတာပါ...

စူပါရေချမ်းပွဲ လာပြီနော်BKFC ဖိုက်တာနဲ့ထိုးမှာပါအစီအစဥ်ကြေငြာသူက BKFC ချန်ပီယံဆိုပြီးအော်သွားပါတယ် 😅😅
17/08/2025

စူပါရေချမ်းပွဲ လာပြီနော်
BKFC ဖိုက်တာနဲ့ထိုးမှာပါ

အစီအစဥ်ကြေငြာသူက BKFC ချန်ပီယံဆိုပြီးအော်သွားပါတယ် 😅😅

ထွန်းမင်းနိုင်နဲ့အတူ တွေ့ရတဲ့ BKFC က နစ်ရှက်မန်း...BKFC မှာနေရာတစ်ခုရမယ်ထင်ပါတယ်
17/08/2025

ထွန်းမင်းနိုင်နဲ့အတူ တွေ့ရတဲ့ BKFC က နစ်ရှက်မန်း...

BKFC မှာနေရာတစ်ခုရမယ်ထင်ပါတယ်

ကောင်းလွန်းပါတယ် ထွန်းမင်းနိုင်ပထမအချီမှာပဲ KO နှစ်ခါကျအောင်ထိုးပြတယ်ပထမတစ်ခါက ကောင်တာလက်သီးတွဲလုံးနဲ့ပါခမာဖိုက်တာ မေ့မျ...
17/08/2025

ကောင်းလွန်းပါတယ် ထွန်းမင်းနိုင်

ပထမအချီမှာပဲ KO နှစ်ခါကျအောင်ထိုးပြတယ်
ပထမတစ်ခါက ကောင်တာလက်သီးတွဲလုံးနဲ့ပါ
ခမာဖိုက်တာ မေ့မျောသွားလို့ ကြိုးဝိုင်းဒေါင့်မှာ ကြက်ကုကုလိုက်ရတယ်

နောက်တစ်ခေါက်ပြန်အတည်မှာ ထွန်းမင်းနိုင်ကသတ်ပေါက်ပိုစုံလာတယ်
အလစ်အငိုက်မှာ အမြင့်ကန်ချက်ထိပြီး တန်းမှောက်သွားပြန်တာပါပဲ

ဒီပွဲမှာ ထွန်းမင်းနိုင်ကစားသွားတာက အလိုအပိုမရှိ တကယ်ကိုကောင်းလွန်းခဲ့ပါတယ်
ခမာမြေမှာ ရိုးရာဖိုက်တာတွေ ရလဒ်မကောင်းခဲ့သလို မြန်မာ့မြေပေါ်မှာလည်း ခမာမှောက်သွားပြန်ပါပြီ

ကျွမ်းကျင်ရာ လိမ်မာရာပါပဲ...

Address

Alawwa

Website

Alerts

Be the first to know and let us send you an email when Martial Arts Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share