KNU-Taw Oo DOI News

KNU-Taw Oo DOI News KNU-Taw Oo District DOI Department Of Organizing and Information is democratic political organization

19/03/2025
27/03/2024

သံတောင်ကြီး ဘုရင့်နောင်တပ်က ပစ်ခတ်နေသောလက်နက်ကြီးကြောင့် ခြံလုပ်ငန်းလုပ်ကိုင်သူများ သတိထားသွားလာနေရ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်စခန်းမှ နေ့စဥ်ရက်ဆက် ရမ်းသမ်းပစ်ခတ် သောလက်နက်ကျည်များသည် တပ်စခန်းအနီး လူသွားလူလာရှိသော ခြံများအတွင်း ကျရောက် ပေါက်ကွဲသဖြင့် ခြံလုပ်ငန်းလုပ်ကိုင်သူဒေသခံများ သတိထားသွားလာနေရကြောင်း ထိုနယ်မြေအတွင်းနေထိုင်သူများထံမှ သိရသည်။

ဘုရင့်နောင်တပ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ တတိယ အပတ်ခန့်မှစ၍ ယမန်နေ့ကအထိ နေ့စဥ် ညနေ(၆)နာရီနောက်ပိုင်းမှ ည(၁၀)နာရီအတွင်းနှင့် မနက်(၄) နာရီ နောက်ပိုင်းတွင် လက်နက်ကြီး၊ ငယ် အကြိမ်ရေများစွာ ပစ်ထုတ်နေခြင်းဖြစ်သဖြင့် တပ်စခန်း အနီးခြံလုပ်ငန်းလုပ်ကိုင်သူများ သတိဖြင့်နေရကြောင်း ဒေသခံများက ပြောသည်။

နယ်ခံအမျိုးသမီးတစ်ဦးက “လူနေအိမ်တွေရှိတဲ့နေရာနဲ့ ဘုရင့်နောင်တပ်ကြားက ကုန်းလေးပေါ်ကနေ ပစ်နေတာ ကျမတို့နဲ့သိပ်မဝေးဘူး။ မနေ့ညကပစ်တာတောင် ကျမရဲ့ခြံဘေးနားမှာကျတယ်။ ကျမခြံက အိမ်နဲ့ဆယ်မိနစ်ပဲဝေးတာကိုး။ တစ်ရက်ကလည်းလူနေခြံထဲကျတယ်။ ခြံအလုပ်တွေရှိတော့ ဒီရာသီမှာလည်း သွားနေရတာပဲ ။ ဖာလာချိန်ဆိုရင်လည်း ထင်းတွေဘာတွေခုတ်ထားရတယ်လေ” ဟု ကေအိုင်စီသို့ ပြောသည်။

သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ကော်ဖီ၊ ဖာလာ၊ နနွင်းစိုက်ပျိုးခြင်းအပါအဝင် ခြံလုပ်ငန်းကိုသာ အဓိကအားထားလုပ်ကိုင်နေရခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်က ပစ်ခတ်နေသည့်အနက် လက်နက်ကြီးကျည်များ ပါဝင်လာလျှင် ခြံကွက်များထိခိုက်ပျက်စီးမှုရှိသော်လည်း ဒေသခံများမှာ စားဝတ်နေရေးအတွက် စိုက်ပျိုးခြံအတွင်း မဖြစ်မနေသွားလာရကြောင်း သံတောင်ကြီးမြို့ခံများက ပြောသည်။

ဘုရင့်နောင်စစ်ကောင်စီတပ်မှ လေ့ကျင့်ရေးလုပ်ဆောင်သည့်အနေဖြင့် ထိုသို့ လက်နက်ကျည်များ ပစ်ခတ်နေခြင်းဖြစ်ကြောင်း တပ်တွင်းနီးစပ်သူတစ်ချို့ကပြောဆိုကြသော်လည်း လူသွားလူလာရှိသော ခြံများအတွင်းကျရောက်သဖြင့် ဒေသခံများအတွက် စိုးရိမ်နေရသောအနေအထားဖြစ်ကြောင်း တွေ့ရသည်။

အမည်မဖော်လိုသူဒေသခံက “အုပ်ချုပ်ရေးမှူးရုံးကတစ်ယောက်ကတော့ သူတို့(စစ်ကောင်စီ တပ်ဖွဲ့ဝင်များ) သင်တန်းတက်နေလို့ပစ်တာလို့ပြောတယ်။ သင်တန်းဆိုရင်လည်း ပစ်ကွင်းသတ် သတ်မှတ်မှတ်တော့ ရှိသင့်တာပေါ့နော်။ အခုကျတော့ ဟိုလူ့ခြံထဲကျ ဒီလူ့ခြံထဲကျ ရမ်းသမ်းပြီး တော့ပစ်တာ တစ်ရက်ကို ပစ်တာ။ အကြိမ် ရေတွက်လို့မရဘူး။ စက်လက်နက်တွေ ပစ်တဲ့ပုံစံမျိုးလည်းကြားရတယ်၊ နားလိုက်ပစ်လိုက်ပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ၏ အဆိုပါဘုရင့်နောင်တပ်သည် သံတောင်ကြီးမြို့နယ်အတွင်း ၎င်းတို့နှင့် လက်လှမ်းမီရာအရပ်တွင် တိုက်ပွဲဖြစ်ပွားပါက လက်နက်ကြီးပစ်ကူပေးလေ့ရှိသော တပ်တစ်ခုဖြစ်သလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မြို့အတွင်း၊ မြို့အပြင်ရှိ ဒေသခံနေအိမ်နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ရခြင်းတို့ ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကလည်း မြို့အတွင်းတိုက်ပွဲဖြစ်ပွားမည့် ကောလာဟလကြောင့် ထိုတပ် စခန်းနှင့်(၂၀၀)မီတာပတ်လည်အတွင်း နေထိုင်သူများအား စစ်တပ်က နေအိမ်ရွှေ့ပြောင်းနေ ထိုင်ခိုင်းသည့်အတွက် ပြောင်းရွှေ့ခဲ့ရသော်လည်း ယခု ပြန်လည်နေထိုင်နေပြီဖြစ်သည်ဟု ဒေသခံများကပြောသည်။

Photo: CJ

===============================
-> ကရင်ပြည်သူထု၏ အသံများ နှင့် အမြင်များကို ဖော်ပြပေးသော လွတ်လပ်သည့်သတင်းဌာန အဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိဿတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေကို ကြိုဆိုပါတယ်။
-> အောက်ပါ Link သို့ဆက်သွယ်ပြီး လစဉ်ကြေး ပေးသွင်းခြင်းအားဖြင့်သော်လည်းကောင်း ၊ အလှူငွေသီးသန့်လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း ပံ့ပိုးကူညီပေးလို့ ရပါတယ်။
Support KIC - https://web.facebook.com/messages/t/113038198360641
===============================
Website: https://kicnews.org
Twitter: https://twitter.com/KIC_NewsCompany
Youtube: https://www.youtube.com//videos
Telegram: https://t.me/Karen_Information_Center
TikTok: https://www.tiktok.com/
Instagram: https://www.instagram.com/karen_information_center_kic/
Spotify: https://open.spotify.com/.../31olqg6bqyrsqmezjqlxbighzu2u...
KIC Application
For (IOS) https://apple.co/3IaRU2G
For (Android) https://bit.ly/3khtzQP

KNLA သုးက့(၂)ခိၣ်တၢ်ကတိၤလီၤတၢ်ဆူ တၢ်ပၢၢ်ဆၢမုၢ်နံၤကပှဲၤထီၣ်(၇၅)နံၣ် ဖဲ ၃၁/၁/၂၀၂၄ (စှော်ကရင်ဘာသာဖြင့်)
30/01/2024

KNLA သုးက့(၂)ခိၣ်တၢ်ကတိၤလီၤတၢ်ဆူ တၢ်ပၢၢ်ဆၢမုၢ်နံၤကပှဲၤထီၣ်(၇၅)နံၣ် ဖဲ ၃၁/၁/၂၀၂၄ (စှော်ကရင်ဘာသာဖြင့်)

Address

Maradana

Website

Alerts

Be the first to know and let us send you an email when KNU-Taw Oo DOI News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KNU-Taw Oo DOI News:

Share