Duwun Lifestyle အလုပ်ကိစ္စများအတွက် ဆက်သွယ်ရန်
09 955 002 015
09 955 002 016 မျိုးဆက်သစ်တို့ရဲ့မီဒီယာ
(337)

ဟင်းအမျိုးပေါင်း (၂၀)ကျော်နဲ့ ထမင်းကြော်ကို လက်ဖက်ရည်နဲ့တွဲပြီး စားရမယ့် သမိုင်းလမ်းဆုံက ထမင်းကြော်ဆိုင်(၁၁) နှစ်ကျော်နီ...
12/08/2025

ဟင်းအမျိုးပေါင်း (၂၀)ကျော်နဲ့ ထမင်းကြော်ကို လက်ဖက်ရည်နဲ့တွဲပြီး စားရမယ့် သမိုင်းလမ်းဆုံက ထမင်းကြော်ဆိုင်

(၁၁) နှစ်ကျော်နီးနီး သက်တမ်းရှိနေပြီဖြစ်တဲ့ ဒီဆိုင်လေးကတော့ ဆိုင်နာမည်မရှိပေမယ့်လည်း ကိုချစ်စရာ ထမင်းကြော်ဆိုင်ဆိုရင် သမိုင်းလမ်းဆုံမှာ မသိသူမရှိပါဘူး။ ဆိုင်အကြောင်းကို ဆက်လက်ဖတ်ရှုရန် ...

#သမိုင်းလမ်းဆုံထမင်းကြော်

တစ်‌ရက်ကို ၄ သိန်းကျပ်ဖိုး‌လောက် ရောင်းရပါတယ်။ Keep reading.

11/08/2025

နှစ်ပေါင်းများစွာ ဇွဲမလျှော့ဘဲ ကြိုးစားပြီးနောက် ရန်ကုန်မှာ မွန်ထောင်းဒူးရင်းသီးကို အောင်မြင်စွာစိုက်နိုင်ခဲ့သူ

ခြံရှင်ဟာဆိုရင် အသီးအောင်မြင်ဖို့ နှစ်ပေါင်းများစွာ အလုပ်သမားဖိုးနဲ့ ခြံဖိုးတွေ အိတ်စိုက်ခဲ့ရတာဖြစ်ပြီး ရာသီဥတုဖောက်ပြန်တဲ့ နှစ်တွေမှာလည်း ဆုံးရှုံးမှုတွေ ကြုံရပါတယ်။ အခုဆို ဒူးရင်းသီးပင် (၁၀၀)ကျော်လောက်ရှိပြီး တစ်နေ့ကို အနည်းဆုံးအလုံး (၂၀)လောက် ရောင်းနေရပါပြီ။ ဝယ်သူတွေအတွက် အသီးကောင်းမကောင်း အာမခံပေးသလို အမြည်းအနေနဲ့ ခွဲပြီးကျွေးတာပါ။ ကိုမောင်မောင်ရဲ့ ဒူးရင်းခြံကတော့ လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာ၊ ကြီးလေးကြီးလမ်းသစ်လမ်းမှာရှိပြီး အမြန်လမ်း ၁၅မိုင်၂ဖာလုံမှ ဝင်ရပါတယ်။

#ကိုမောင်မောင် #ဒူးရင်းခြံ

ကိုရီးယားနိုင်ငံ ဘူဆန်မြို့က စားသောက်ဆိုင်မျိုးပုံစံ ဖန်တီးထားတဲ့ Buldak Factoryဒီဆိုင်က လှည်းတန်းရဲ့ ရွက်ပုန်းသီးဆိုင်လ...
11/08/2025

ကိုရီးယားနိုင်ငံ ဘူဆန်မြို့က စားသောက်ဆိုင်မျိုးပုံစံ ဖန်တီးထားတဲ့ Buldak Factory

ဒီဆိုင်က လှည်းတန်းရဲ့ ရွက်ပုန်းသီးဆိုင်လေးဖြစ်ပြီး ကိုရီးယား Vibe အပြည့်ခံစားရစေမှာပါ။ အပြင်ကနေကြည့်ရင် ဆိုင်ကျဉ်းသလို မြင်ရပေမယ့် အထဲမှာပိုပြီး ကျယ်ပါတယ်။ ဆိုင်ကတော့ ၂ ထပ်ရှိပြီး အတွင်းပိုင်း အပြင်အဆင်ကအစ ကိုရီးယားနိုင်ငံရဲ့ ပညာရှင်တွေနဲ့ ဆောက်ထားတာပါ။

သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး အကျယ်ကြီးထိုင်ချင်သူတွေအနေနဲ့ အပေါ်ထပ်က ပိုပြီးသင့်တော်ပါတယ်။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ရွေးဖွင့်ခိုင်းလို့ရနိုင်ပြီး အေးဆေးထိုင်လို့ရတဲ့ နေရာတစ်ခုပါ။ ဆိုင်အတွင်းပိုင်းမှာ ဓါတ်ပုံရိုက်ဖို့ နေရာလေးတွေရှိသလို ကိုရီးယားရိုးရာဝတ်စုံတွေလည်း ငှားလို့ရပါတယ်။ ဝတ်စုံအနေနဲ့ ယောက်ျားဝတ်နဲ့ မိန်းမဝတ် (၆)စုံရှိပြီး (၃၀၀၀)ကျပ်တည်းနဲ့ ဝိုင်းတစ်ဝိုင်းမှာ ထိုင်သမျှလူအကုန် ဝတ်နိုင်တာပါ။

လူငယ်အကြိုက် ကိုရီးယားမီနူးတွေ အစုံရှိပြီး စျေးနှုန်းတွေအနေနဲ့ တစ်ပွဲ (၃၀၀၀)ကျပ်ကစရှိပါတယ်။ ကြက်ကြော်ကိုလည်း (၅)မျိုးရပြီး လူကြိုက်အများဆုံးကတော့ တော့ပိုကီနဲ့ ကင်မ်ချီဟင်းရည်ပါ။ လိပ်စာကတော့ အမှတ် (၃၅)က၊ လှည်းတန်း ဦးထွန်းလင်းခြံလမ်း၊ ကမာရွတ်မြို့နယ်မှာ ရှိပါတယ်။

09/08/2025

ဆုံးသွားတဲ့တိလေးတွေ အနားမှာရှိနေသလို ခံစားရအောင် ကိုယ်ချင်းစာစိတ်နဲ့ ပုံတူအပ်ထိုးအမွှေးပွရုပ်တွေ ဖန်တီးပေးနေသူ

ZZT Needle Felting က မသဉ္ဇာဟာဆိုရင် ဆုံးသွားတဲ့ခွေးလေးရဲ့ ပုံတူကိုလုပ်ကြည့်ဖို့ စိတ်ကူးနဲ့ သင်တန်းတက်ပြီး ဒီလုပ်ငန်းကိုစခဲ့တာပါ။ တိလေးတွေဟာဆိုရင် ကိုယ်ပိုင်ရုပ်တစ်မျိုးစီ ရှိကြတာကြောင့် ချွတ်စွပ်တူအောင် အချိန်အကြာကြီး ပုံကိုသေချာကြည့်ပြီးမှ လုပ်ပေးရပါတယ်။ မသဉ္ဇာကိုယ်တိုင်လည်း တိချစ်သူဖြစ်တာကြောင့် ဒီလိုဖန်တီးလုပ်နေရတာကို ပျော်နေသူတစ်ဦးပါ။ ဆုံးသွားတဲ့တိလေးတွေရဲ့ ပုံတူကိုလုပ်ပေးရင်း အခုဆို အရုပ်အပ်သူတွေလည်း အတော်အများ ရှိလာပါပြီ။ တိပုံတူ အရုပ်အပ်ချင်သူတွေအနေနဲ့ page မှာ လေ့လာစုံစမ်းနိုင်ပါတယ်။

နှစ်ပေါင်း (၆၅)နှစ်သက်တမ်းရှိ အရင်ခေတ်ပုံစံအတိုင်းလေးနဲ့ "ရသာ" လက်ဖက်ရည်ဆိုင်ဒီဆိုင်မှာတော့ အဆောက်အဦးပိုင်း အနည်းငယ် ပြု...
09/08/2025

နှစ်ပေါင်း (၆၅)နှစ်သက်တမ်းရှိ အရင်ခေတ်ပုံစံအတိုင်းလေးနဲ့ "ရသာ" လက်ဖက်ရည်ဆိုင်

ဒီဆိုင်မှာတော့ အဆောက်အဦးပိုင်း အနည်းငယ် ပြုပြင်ထားတာကလွဲလို့ ခွက်၊ ထိုင်ခုံကအစ ခေတ်ဟောင်းပုံစံနဲ့ပဲ ထိန်းသိမ်းထားတာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀)လောက်ကို ပြန်ရောက်သွားသလို ခံစားရစေပြီး ဆိုင်ဟောင်းနှစ်သက်သူတွေက တကူးတက ရှာပြီးလာတတ်ပါတယ်။ ဆိုင်းဘုတ်၊ ခုံဟောင်း၊ မီးခလုတ်၊ တစ်ရှူးစက္ကူတွေနဲ့ ပန်ကာကအစအသစ်မပြောင်းဘဲ မပျောက်ပျက်အောင် ထားတာပါ။

ယခင်က ရုံးဝန်ထမ်းတွေ အများဆုံးလာစားခဲ့ကြပြီး မိတ်ဆွေဟောင်းတွေ ဆုံကြတဲ့နေရာတစ်ခုပါ။ ပင်စင်ယူသွားတဲ့ ဝန်ထမ်းဟောင်းတွေကလည်း ငယ်ဘဝအမှတ်တရတွေ ပြန်လည်တမ်းတစေတဲ့ ဒီဆိုင်လေးမှာ အတူဆုံကြပါတယ်။ ကိုယ်ပိုင်ဆိုင်လည်းဖြစ်ပြီး ဝန်ထမ်းတွေနဲ့အတူ မိသားစုပုံစံနဲ့ ရောင်းနေတာပါ။

အဓိကရောင်းတာကတော့ ပလာတာဖြစ်ပြီး မုန့်တွေအစုံအလင်ရသလို ဈေးနှုန်းလည်းသင့်တင့်ပါတယ်။ အီကြာကွေးတစ်ခု (၅၀၀) နဲ့ အခြားမုန့်တွေကလည်း (၁၀၀၀)ဝန်းကျင်ပဲရှိတာပါ။ ဆိုင်လိပ်စာကတော့ မဟာဗန္ဓုလလမ်းမပေါ်၊ ၃၉ လမ်းထိပ်၊ ကျောက်တံတားမြို့နယ်မှာ ရှိပါတယ်။

#ရသာ #လက်ဖက်ရည်ဆိုင်

07/08/2025

ညနေပိုင်းဆို အမြဲလူစည်းကားနေတဲ့ လှည်းတန်းက "စားကြည့်" ငါးကင်၊ ကြက်ကင်ဆိုင်

ဒီဆိုင်က နှစ်ပေါင်း (၃၀)ကျော် သက်တမ်းရှိနေပြီဖြစ်ပြီး ဘယ်ဆိုင်နဲ့မှမတူတဲ့ အကင်အရသာမျိုး စားရမှာပါ။ အသားတွေကို အိမ်လုပ်မဆလာ၊ ပျားရည်၊ ဒိန်ချဉ်တိုနဲ့ အရသာနှပ်ထားပြီး အချိုမှုန့်လုံးဝမသုံးပါဘူး။ ငါးကင်၊ ဆိတ်အသားကင်နဲ့ ကြက်ရေခွံကင်က လူကြိုက်အများဆုံးဖြစ်ပြီး အနည်းဆုံး (၅၀၀) ကျပ်က စရှိပါတယ်။ ဆိုင်နေရာကတော့ လှည်းတန်းစင်တာမျက်နှာချင်းဆိုင်၊ လှည်းတန်းလမ်းမပေါ်၊ ကမာရွတ်မြို့နယ်မှာပါ။

#စားကြည့် #ငါးကင် #ကြက်ကင် #ဆိတ်ကင်

၁၉၇၀ ခုနှစ်တည်းက ဖွင့်ခဲ့တဲ့ Myint Zu စားဖွယ်စုံဒီဆိုင်ကိုတော့ စားဖူးသူအကြိုက်မှာ ဂုဏ်ထူးမှတ်ထွက်တယ်လို့ တင်စားပါတယ်။ အဘ...
07/08/2025

၁၉၇၀ ခုနှစ်တည်းက ဖွင့်ခဲ့တဲ့ Myint Zu စားဖွယ်စုံ

ဒီဆိုင်ကိုတော့ စားဖူးသူအကြိုက်မှာ ဂုဏ်ထူးမှတ်ထွက်တယ်လို့ တင်စားပါတယ်။ အဘွားဖြစ်သူလက်ထက် တစ်ပွဲကို တစ်မတ်ခေတ်တည်းက ရောင်းခဲ့တာပါ။ ရန်ကုန်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ စားနေကျဆိုင်ဖြစ်ပြီး အသက်ကြီးသွားသူတွေကပါ အမှတ်တရအနေနဲ့ လာစားကြပါတယ်။

မြေးဖြစ်သူလက်ထက်မှာတော့ ဆိုင်ခွဲ (၃) ဆိုင် ဖွင့်ထားနိုင်ခဲ့ပြီး သားအမိတွေအတူတူ လုပ်ကိုင်ကြတာပါ။ အဘွားဖြစ်သူလက်ထက်ကနေ မြေးဖြစ်သူအထိ နေ့စဉ်လက်မလည်အောင် ရောင်းကောင်းပါတယ်။ ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ အသုပ်စုံတွေကို အင်ဖတ်လေးနဲ့ ထုပ်ရောင်းတာဖြစ်ပြီး အင်ဖတ်တွေကိုတော့ ပြည်ဘက်က ကုန်သည်တွေနဲ့ချိတ်ပြီး ယူတာပါ။

ဆိုင်မှာတော့ ပင်တိုင်စံသုပ်လို့ နာမည်ပေးထားတဲ့ အစုံသုပ်က လူကြိုက်အများဆုံးဖြစ်ပြီး တစ်ပွဲကို (၂၀၀၀) ကျပ်ပါ။ အစုံသုပ်အပြင် ခေါက်ဆွဲ၊ ကြာဇံ၊ တို့ဟူး၊ ငါးဖယ်၊ နန်းကြီး၊ နန်းပြား၊ သင်္ဘောသီးသုပ်၊ ကြာဇံချက်၊ အုန်းနို့ခေါက်ဆွဲတို့လည်း ရပါတယ်။

မနက် ၆ နာရီခွဲဆို ဆိုင်စဖွင့်ပြီး ၉ နာရီဆို ရောင်းကုန်ပါပြီ။ ဆိုင်ခွဲတွေအနေနဲ့ လှည်းတန်းဈေး၊ လှိုင်ဘူတာရုံဈေးနဲ့ ပဒေသာဈေးဆိုပြီး ၃ ဆိုင်ရှိပြီး အသစ်ဖွင့်ထားတဲ့ ဆိုင်လိပ်စာကတော့ မေတ္တာလမ်း၊ ပဒေသာဈေး(ခ)၁၀ ရပ်ကွက်ဈေး၊ တောင်ဥက္ကလာပမြို့နယ်မှာပါ။

ားဖွယ်စုံ

မာလာခေါက်ဆွဲကို ကြိုက်နှစ်သက်ရာ ခေါက်ဆွဲခြောက်၊ အသား၊ အသားလုံးတွေ ထပ်ထည့်စားလို့ရပြီး အရသာအပေါ့အငန်ကိုလည်း စားသုံးသူစိတ်...
06/08/2025

မာလာခေါက်ဆွဲကို ကြိုက်နှစ်သက်ရာ ခေါက်ဆွဲခြောက်၊ အသား၊ အသားလုံးတွေ ထပ်ထည့်စားလို့ရပြီး အရသာအပေါ့အငန်ကိုလည်း စားသုံးသူစိတ်ကြိုက် ပြင်ပေးတဲ့ ဆိုင်လေးအကြောင်း ပြောပြမယ်နော်...

#ဖက်တီး #မာလာခေါက်ဆွဲ #ရှမ်းခေါက်ဆွဲ

ရှမ်းခေါက်ဆွဲကို အိမ်လုပ်မာလာနှစ်နဲ့ ချက်ထားတဲ့ ထူးထူးခြားခြားမီနူး"ရှမ်းတရုတ်" မာလာခေါက်ဆွဲကိုစားလို့ရမ...

တနင်္ဂနွေနေ့တိုင်း ရောင်းချပေးတဲ့ အ၀စား (၁၀၀၀)တန် ထမင်းဆိုင်ဒီဆိုင်ကို "ရွှေမန်း" လူမှုဘဝမြှင့်တင်ရေး ပရဟိတအဖွဲ့ကဦးစီးပြ...
05/08/2025

တနင်္ဂနွေနေ့တိုင်း ရောင်းချပေးတဲ့ အ၀စား (၁၀၀၀)တန် ထမင်းဆိုင်

ဒီဆိုင်ကို "ရွှေမန်း" လူမှုဘဝမြှင့်တင်ရေး ပရဟိတအဖွဲ့ကဦးစီးပြီး ရောင်းပေးတာပါ။ အဝစား (၁၀၀၀)ကျပ်နဲ့ လူဦးရေ (၁၂၀၀)စာ ရောင်းတာဖြစ်ပြီး တစ်ပတ်တစ်ရက်ပဲ ရောင်းပါတယ်။ အပတ်စဉ် ပရဟိတအဖွဲ့ဝင်တွေကလည်း အခကြေးငွေမယူဘဲ စေတနာနဲ့ လုပ်အားပေးနေကြတာပါ။ ဆန်ကောင်းကောင်းသုံးပြီး ဟင်းကောင်းကောင်း ချက်ရောင်းတာဖြစ်လို့ တစ်ဝက်လှူ တစ်ဝက်ရောင်းပုံစံနဲ့ ရောင်းပေးပါတယ်။

အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ပြီးရောင်းတာဖြစ်လို့ စားသုံးသူတွေက ဆိုင်ပိတ်သွားမှာတောင် စိုးရိမ်ကြတာပါ။ ၁ ထောင်ပြည့်အောင် မပါလာသူတွေဆိုလည်း ဒါနပြုတဲ့အနေနဲ့ ကျွေးလိုက်တာမျိုးလည်းရှိပြီး အသက်ကြီးလို့ မလာနိုင်သူတွေအတွက်လည်း ပါဆယ်ရောင်းပေးတာမျိုးတွေ ရှိပါတယ်။ ဒါနလုပ်အားပေးနေသူတွေလည်း ပီတိဖြစ်ရသလို စားသုံးသူတွေကလည်း ပီတိဖြစ်ကြတာကြောင့် လာစားကြည့်ရင်း အလှူငွေ လှူသွားသူတွေလည်းရှိတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့တိုင်း မနက် (၉)နာရီဆို လက်မှတ်စရောင်းပြီး မနက် (၁၀)နာရီဆို ဆိုင်စဖွင့်ပါပြီ။ ထမင်းအဝစားလိုသူ၊ လှူလိုသူတွေအတွက် လိပ်စာကတော့ လှိုင်သာယာမြို့နယ်၊ သမကုန်းမီးပွိုင့်အနီး၊ စုပေါင်းရုံးဝန်းအတွင်းမှာ ရှိပါတယ်။

#ရွှေမန်း #ထမင်းအဝစား၁၀၀၀

04/08/2025

"ပြည်စုံဟိန်း" ဆိုရင် မြောက်ဥက္ကလာမှာ မသိသူမရှိတဲ့ ထမင်းပေါင်းဆိုင်

ဒီဆိုင်မှာ ထမင်းပေါင်းပူပူလေးကို အခေါက်ကင်ကျွတ်ကျွတ်လေးနဲ့ တွဲစားရမှာပါ။ လက်ရာကောင်းတယ်လို့ နာမည်ကျော်ပြီး တစ်ပွဲကို ၄၅၀၀ နဲ့ရောင်းချနေတာပါ။ မောင်နှမတွေအတူ မိသားစုဆိုင်လေးအနေနဲ့ ဖွင့်ထားတာဖြစ်ပြီး ထမင်းပေါင်း၊ ဝက်ကင်နဲ့ ကြက်ကင်တွေကို တွဲရောင်းပါတယ်။ လက်ရှိဆိုင်ရဲ့ လိပ်စာကတော့ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ ၅ လမ်းမှတ်တိုင်အနီးမှာရှိပါတယ်။

#ပြည့်စုံဟိန်း #ထမင်းပေါင်း

ဆီးချိုသွေးချိုရောဂါ စောင့်ရှောက်မှုတွေကို တစ်နေရာတည်းမှာ ရရှိနိုင်မယ့် ပန်းလှိုင်ဆေးရုံရဲ့ Diabetes & Metabolic Centre ...
04/08/2025

ဆီးချိုသွေးချိုရောဂါ စောင့်ရှောက်မှုတွေကို တစ်နေရာတည်းမှာ ရရှိနိုင်မယ့် ပန်းလှိုင်ဆေးရုံရဲ့ Diabetes & Metabolic Centre ဖွင့်လှစ်

ဒီစင်တာကိုတော့ ပန်းလှိုင်ဆေးရုံ - လှိုင်သာယာ မှာ ဖွင့်လှစ်လိုက်တာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီစင်တာမှာ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်တွေအတွက် စနစ်တကျ ကျန်းမာရေးစစ်ဆေးမှုများ၊ အချိန်နှင့်တပြေးညီ ကုသမှုများ၊ ဆီးချိုသွေးချိုရောဂါဆိုင်ရာ ပညာပေးအစီအစဉ်များ၊ ခေတ်မီသွေးချိုထိန်းညှိမှုနည်းပညာများ (CGM စနစ်များ) ကို ဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး ရောဂါဝေဒနာရှင်တွေရဲ့ နေ့စဉ်လူမှုဘဝအရည်အသွေးများကို မြှင့်တင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Diabetes & Metabolic Centre ဟာဆိုရင် -
၁) ဆီးချိုသွေးချိုရောဂါဝေဒနာရှင်တွေအတွက် ပြီးပြည့်စုံတဲ့ ဆီးချိုသွေးချိုရောဂါ စောင့်ရှောက်မှု (Comprehensive Diabetes Care)
၂) ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်ကုသဖို့
၃) အရည်အသွေးမြင့် ဆီးချိုသွေးချိုရောဂါထိန်းညှိမှုများ ပေးအပ်ဖို့
၄) ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များအား ကျန်းမာရေးအသိပညာများ ဖြန့်ဝေဖို့နဲ့
၅) ဆီးချိုသွေးချိုရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် ဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါနဲ့ ပတ်သက်ပြီး ကုသမှုခံယူလိုသူတွေ၊ ကျန်းမာရေးအကြံဉာဏ်ရယူလိုသူတွေအနေနဲ့ ပန်းလှိုင် Diabetes & Metabolic Centre ကို လာရောက်ပြသပြီး အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနိုင်သလို ဆီးချိုသွေးချိုရောဂါ ကျန်းမာရေးအသိပညာတွေကို ပန်းလှိုင်ဆေးရုံကြီးမှ ဆီးချိုနဲ့ဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်ကြီးတွေ ကြီးကြပ်ဦးစီးတဲ့ ဆီးချိုသွေးချိုရောဂါဆိုင်ရာ Facebook Group Community တစ်ခုဖြစ်တဲ့ Diabetes Care With Compassion - https://www.facebook.com/share/g/1Auoa5hb4r/ မှာလည်း ဝင်ရောက်လေ့လာဆွေးနွေးနိုင်ပါတယ်။

ที่อยู่

Room No. 710, Building B, Lanna Nakorn Condominium ลานนานคร คอนโด เชียงใหม่, 38 Soi 2 Suk Kasem Rd, Tambon Patan, Mueang Chiang Mai District, Chang Wat Chiang Mai
Chiang Mai
50300

เบอร์โทรศัพท์

+66652068422

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Duwun Lifestyleผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์