Duwun Lifestyle အလုပ်ကိစ္စများအတွက် ဆက်သွယ်ရန်
09 955 002 015
09 955 002 016 မျိုးဆက်သစ်တို့ရဲ့မီဒီယာ
(337)

ထူးထူးခြားခြား မီနူးအစုံကို ဈေးအသင့်အတင့်နဲ့ရောင်းတဲ့ ""ခေတ်သစ်ကျော်"" စားသောက်ဆိုင်ဆိုင်ရှင်ဟာဆိုရင် အရင်က အသီးအနှံရောင...
01/11/2025

ထူးထူးခြားခြား မီနူးအစုံကို ဈေးအသင့်အတင့်နဲ့ရောင်းတဲ့ ""ခေတ်သစ်ကျော်"" စားသောက်ဆိုင်

ဆိုင်ရှင်ဟာဆိုရင် အရင်က အသီးအနှံရောင်းခဲ့တာပါ။ ကုန်ဈေးနှုန်းတက်လာတဲ့အချိန် အသီးအနှံစားတဲ့သူ နည်းလာတာကြောင့် စားသောက်ဆိုင်အဖြစ် ပြောင်းဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ဆိုင်ဖွင့်ဖို့ မန္တလေးက ညီဖြစ်သူကိုလှမ်းခေါ်ပြီး အတူစတင်ခဲ့ကြတာပါ။

ဒီဆိုင်မှာ ကိုယ်ပိုင်စိတ်ကူးနဲ့ ဖန်တီးထားတဲ့ ""ပင်လယ်စာနန်းတော် ဖူးစာဟင်းပွဲ"" နဲ့ ""သီးစုံမရောနိစ်"" ဆိုတဲ့ မီနူးတွေရှိပါတယ်။ ပင်လယ်စာအစုံဟင်းပွဲမှာ လင်ဗန်းနဲ့ ပင်လယ်စာအစုံထည့်ပြီး ချိုချဉ်စပ် အရသာနဲ့ လုပ်ထားတာပါ။ သီးစုံမရောနိစ်မှာတော့ ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ နာနတ်သီးတွေပါပြီး မရောနိစ်၊ နို့ဆီတွေနဲ့ အချိုအဆိမ့် အရသာရှိပါတယ်။

လူကြိုက်အများဆုံးကတော့ မာလာရှမ်းကော၊ ကြက်ချဉ်စပ်နဲ့ ဝက်နံရိုးမီးတောက်တွေပါ။ အခြားမီနူးတွေလည်းအစုံရှိပြီး ဈေးနှုန်းတွေအနေနဲ့ တစ်ပွဲ (၅၀၀၀)ကျပ်ကနေ အများဆုံး (၁၈၀၀၀)အထိရှိပါတယ်။ ဆိုင်င်လိပ်စာကတော့ လှည်းတန်းလမ်းမပေါ်၊ ကျောင်းရှေ့မှတ်တိုင်အနီး၊ ထန်းတစ်ပင်လမ်းထိပ်မှာပါ။

#ခေတ်သစ်ကျော်

မြန်မာနိုင်ငံထဲမှာဆိုရင် မြူခိုးဝေနေတဲ့ တောင်ကုန်းတွေ၊ ထုံးကျောက်ဂူတွေနဲ့ တောင်ပေါ်လေကောင်းလေသန့် ရတဲ့ ကိုလိုနီခေတ်မြို့...
31/10/2025

မြန်မာနိုင်ငံထဲမှာဆိုရင် မြူခိုးဝေနေတဲ့ တောင်ကုန်းတွေ၊ ထုံးကျောက်ဂူတွေနဲ့ တောင်ပေါ်လေကောင်းလေသန့် ရတဲ့ ကိုလိုနီခေတ်မြို့လေးတွေက စိတ်အပန်းဖြေဖို့၊ အနားယူဖို့နဲ့ အတွေ့အကြုံသစ်တွေ ရဖို့အတွက် စနေ၊ တနင်္ဂနွေပိတ်ရက်ရှည် ခရီးထွက်လို့ကောင်းတဲ့ နေရာကောင်းတွေ အများကြီးရှိပါတယ်။

"ရန်ကုန်ကနေ အနားယူဖို့ ခရီးတိုလေးတွေ ထွက်ကြမလား၊ ခရီးသွားကျွမ်းကျင်သူရဲ့ အကြံကောင်းတွေနဲ့ စိတ်ရောကိုယ်ပါ ....

"ဆောင်းရာသီမှာ မိသားစုလိုက် ခရီးထွက်ဖို့အကောင်းဆုံး မလေးရှားနိုင်ငံယဉ်ကျေးမှု၊ သမိုင်းဝင်အမွေအနှစ်တွေနဲ့ သဘာဝအလှတရား ပေါ...
31/10/2025

"ဆောင်းရာသီမှာ မိသားစုလိုက် ခရီးထွက်ဖို့အကောင်းဆုံး မလေးရှားနိုင်ငံ

ယဉ်ကျေးမှု၊ သမိုင်းဝင်အမွေအနှစ်တွေနဲ့ သဘာဝအလှတရား ပေါင်းစပ်ထားတဲ့ မလေးရှားနိုင်ငံကို ရောက်ဖြစ်ခဲ့ရင် ဘယ်နေရာတွေကို အဓိက သွားလည်ကြမလဲ? ကလေးတွေရော လူကြီးတွေပါ စိတ်ပျော်ရွှင်စေဖို့ သွားလည်သင့်တဲ့ အထင်ကရ နေရာအကြောင်း ပြောပြမယ်နော်...

"

ဒီနေရာတွေကတော့ မလေးရှားကို ရောက်ရင် မချန်ထားခဲ့သင့်တဲ့ အလည်ပတ်သင့်ဆုံးနေရာတွေပါပဲ။ Keep reading.

31/10/2025

ငယ်စဉ်တည်းက ယောက်ျားတွေနဲ့တန်းတူ ဆိုက်ကားမောင်းသလို အခုလည်း မိသားစုအတွက် သုံးဘီးမောင်းနေတဲ့ အမျိုးသမီး

မနန္ဒာလှိုင်ဟာဆိုရင် အသက်(၃၀)ဝန်းကျင် အမျိုးသမီးငယ်တစ်ဦးပါ။ ကလေးတွေအတွက် မုန့်ဖိုးရအောင်၊ အမျိုးသားအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေပံ့ပိုးနိုင်အောင် သုံးဘီးဆိုင်ကယ်မောင်းနေတာဖြစ်ပါတယ်။ မိန်းကလေးအနေနဲ့ သုံးဘီးမောင်းတဲ့အခါ အထင်သေးမှုတွေ၊ အချို့ယောက်ျားတွေရဲ့ စနောက်မှုတွေ ခံရပေမယ့် သတ္တိရှိရှိ လုပ်နေတာပါ။ တစ်ခါတလေ ရိုက်လုခံရနိုင်တဲ့ အန္တရာယ်တွေရှိပေမယ့်လည်း သတိထားပြီး မောင်းရတယ်လို့ ပြောပြပါတယ်။ မိသားစုအတွက် ရိုးသားစွာ ရုန်းကန်ရှာဖွေနေတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို အခုလိုပဲ တင်ဆက်ပေးလိုက်ပါတယ်။

#သုံးဘီးမောင်းသူအမျိုးသမီး

ငွေဆောင်ကမ်းခြေမှာ ပင်လယ်စာချက်တွေကို စားနေရသလိုမျိုး ရန်ကုန်မှာလည်း စားလို့ရအောင် လာဖွင့်ပေးထားတဲ့ "မဇာ" ချက်ပို့"မဇာ" ...
30/10/2025

ငွေဆောင်ကမ်းခြေမှာ ပင်လယ်စာချက်တွေကို စားနေရသလိုမျိုး ရန်ကုန်မှာလည်း စားလို့ရအောင် လာဖွင့်ပေးထားတဲ့ "မဇာ" ချက်ပို့

"မဇာ" ရဲ့ဆိုင်ကတော့ ငွေဆောင် ချစ်သူများကျွန်းမှာ နာမည်ကြီးပြီး အရမ်းရောင်းကောင်းတဲ့ ချက်ပို့ဆိုင်တစ်ဆိုင်ပါ။ ချစ်သူများကျွန်းမှာ ၃ နှစ်တိတိ လေလံဆွဲပြီး သဲတွေ၊ လှိုင်းလုံးတွေကြားထဲမှာ တစ်ယောက်တည်း ချက်ပြုတ်ပြီးရောင်းခဲ့ရတယ်လို့ ပြောပြပါတယ်။ ချက်ပို့တွေထဲမှာ အရောင်းကောင်းဆုံးဆိုင်အဖြစ် ဖြစ်လာတဲ့အလျောက် အတိုက်အခိုက်တွေလည်း ခံခဲ့ရပါတယ်။

ငွေဆောင်မှာ နာမည်ရပြီး နောက်ပိုင်းမှာတော့ မဇာကိုယ်တိုင် ရန်ကုန်မှာလာဖွင့်လိုက်ပါပြီ။ ငွေဆောင်မှာ စားရတဲ့အရသာအတိုင်းပဲ စားရမှာဖြစ်သလို ပင်လယ်စာအစုံ၊ လတ်လတ်ဆတ်ဆတ် ပုဇွန်ကင်တွေပါ စားရမှာပါ။ ဆိုင်စဖွင့်တည်းက လက်မလည်အောင် ရောင်းရသလို အရသာကောင်းတယ်လို့ ပြန်ညွှန်းသွားကြပါတယ်။ နောက်ပိုင်းမှာတော့ ဆိုင်ကြီးအဖြစ်ဖွင့်နိုင်အောင် ကြိုးစားသွားမှာလို့လည်း မဇာက ပြောပြပါတယ်။

ဆိုင်မှာထိုင်စားမယ်ဆိုရင် ထမင်းသပ်သပ်ဝယ်ရပြီး ပင်လယ်စာဟင်းတွေကတော့ ဘာစားစား တစ်ပွဲတစ်သောင်းပါ။ တစ်ခါစားရင် အရံဟင်း၊ အရည်သောက်၊ ငါးပိရည်တို့စရာလည်း အတွဲလိုက်ပေးပါတယ်။ Delivery နဲ့စားမယ်ဆိုရင်တော့ ၁၂၀၀၀၊ ၁၅၀၀၀ ဆိုပြီး ကျသင့်မှာပါ။ ဆိုင်လိပ်စာကတော့ အမှတ် (113) မြေညီထပ်၊ (၄)ရပ်ကွက်၊ ဗန္ဓုလလမ်းနဲ့ အနော်ရထာလမ်းကြား(လသာလမ်း)၊ လသာမြို့နယ် ရဲစခန်းရှေ့မှာ ရှိပါတယ်။

#မဇာချက်ပို့

29/10/2025

"မီးပိုးကောင်ကို ကြောက်လို့ ဖိချေလိုက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး!

မီးပိုးကောင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ သွေးနဲ့အရည်ကြည်တွေရှိတာကြောင့် ပွတ်မိ၊ ဖိမိတဲ့အခါ အရေပြားကိုထိပြီး လောင်သွားနိုင်ပါတယ်။ ဒါဆို မီးပိုးကောင်က လူတွေကို အန္တရာယ်ပြုနိုင်လား? မီးပိုးကောင်နဲ့ မထိမိအောင် ဘယ်လိုကာကွယ်ကြမလဲ၊ မီးပိုးကောင်ရဲ့ အဆိပ်ရည်တွေ မတော်တဆထိမိခဲ့ရင် ချက်ချင်း ဘာလုပ်သင့်လဲ၊ ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ၊ အခြေအနေဆိုးလာရင် ဘာလုပ်ရမလဲ ဆိုတာတွေကို အ​ထွေ​ထွေ​ရောဂါအထူးကုသမားတော်ကြီး ဒေါက်တာမိုး​အောင်​ကျော်နိုင်က Duwun Health Talk အစီအစဥ်က​နေ ဝေမျှ​ဆွေး​နွေး​ပေးထားပါတယ်။

#မီးပိုးကောင်"

"မီးပိုးကောင်က ကိုက်တတ်လား? မီးပိုးကောင်နဲ့ မထိမိအောင်ရော ကာကွယ်လို့ရနိုင်လား?မီးပိုးကောင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ အရည်က...
29/10/2025

"မီးပိုးကောင်က ကိုက်တတ်လား? မီးပိုးကောင်နဲ့ မထိမိအောင်ရော ကာကွယ်လို့ရနိုင်လား?

မီးပိုးကောင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ အရည်ကြည်နဲ့ သွေးတွေရှိတာကြောင့် အရေပြားနဲ့ထိမိတဲ့အခါ လောင်သွားနိုင်ပါတယ်။ ဒါဆို မီးပိုးကောင်ကို တွေ့တဲ့အခါ ဘယ်လိုရှောင်ရမလဲ၊ မီးပိုးကောင်ရဲ့ အဆိပ်တောက်တွေကို ထိမိတဲ့အခါ ချက်ချင်းဘာတွေလုပ်သင့်လဲ၊ ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်လဲ၊ အခြေအနေဆိုးလာခဲ့ရင် ဘာဆေးတွေလိမ်းသင့်လဲ စတာတွေကို ဒီနေ့ည ၈ နာရီမှာ အ​ထွေ​ထွေ​ရောဂါအထူးကုသမား​တော်ကြီး ​ဒေါက်တာ​မိုး​အောင်​ကျော်နိုင်က Duwun Health Talk အစီအစဉ်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။

#မီးပိုးကောင်"

28/10/2025

လူ (၈)ယောက်စာအတွက် ဟင်းသီးသန့်ချက်မယ်ဆို (၂)သောင်းနဲ့ လောက်ပါ့မလား?

ဒီအပတ်တော့ မြတ်စုက လူဦးရေများတဲ့ မိသားစုတွေအတွက် တစ်မျိုးတည်းနဲ့ အရသာရှိရှိစားလို့ရမယ့် ဟင်းတစ်မျိုးကို ချက်ပြမှာပါ။ ၈ ယောက်ရှိတဲ့ မိသားစုတစ်စုအတွက် ဈေးဖိုး ၂ သောင်းပဲသုံးမယ်ဆိုရင် ဟင်းစား ဘယ်နှမျိုးဝယ်လို့ရမလဲ? ဘယ်လိုဟင်းတွေ ချက်လို့ရမလဲဆိုတာတော့ လိုက်ပြီးကြည့်ကြပါဦးနော်...

ဈေးဖိုး (၂) သောင်းတွင် - ဆန်၊ ဆီ၊ ဆား၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ မီးဖိုချောင်အသုံးစရိတ်များ မပါဝင်ပါ။

#ချွေတာချက်

"မွေးရာပါနှလုံးရောဂါရှိတဲ့ ကလေးငယ်တွေအတွက် အဆင်မြင့်ကုသမှုတွေပေးတော့မယ့် ပန်းလှိုင်YOMA OUE ပန်းလှိုင်ဆေးရုံဟာဆိုရင် မလေ...
28/10/2025

"မွေးရာပါနှလုံးရောဂါရှိတဲ့ ကလေးငယ်တွေအတွက် အဆင်မြင့်ကုသမှုတွေပေးတော့မယ့် ပန်းလှိုင်

YOMA OUE ပန်းလှိုင်ဆေးရုံဟာဆိုရင် မလေးရှားနိုင်ငံက အဆင့်မြင့် နှလုံးကုသရေးသင်တန်းကျောင်းနဲ့ ဆေးရုံတစ်ခုဖြစ်တဲ့ Institut Jantung Negara (IJN)နဲ့ ပူးပေါင်းပြီး သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ ပူးပေါင်းမှုအနေနဲ့ IJN ဆေးရုံက ကလေးနှလုံးခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေဟာဆိုရင် ပန်းလှိုင်ဆေးရုံကို ပုံမှန်လာရောက်ပြီး နှလုံးရောဂါရှင်လူနာတွေကို ကုသပေးသွားတော့မှာပါ။ မွေးရာပါနှလုံးရောဂါရှင် ကလေးငယ်တွေကိုလည်း ပန်းလှိုင်ဆေးရုံမှတစ်ဆင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာရှိတဲ့ ကမ္ဘာ့အဆင့်မီ IJN ဆေးရုံကြီးအထိ ခေါ်ဆောင်ပြီး အထူးကြပ်မတ် ကုသပေးသွားမှာလို့ သိရပါတယ်။

ပန်းလှိုင်ဆေးရုံအနေနဲ့ နှလုံးခွဲစိတ်ကုသတဲ့အခါ ခွဲစိတ်ခန်း၊ လူနာ နားနေခန်း၊ စဉ်ဆက်မပြတ် စောင့်ကြည့်ကုသမှုနဲ့အတူ ကုသမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးတွေကို တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး IJN ဆေးရုံကတော့ ခွဲစိတ်ကုသမှုနဲ့ ဆေးပညာရပ် မျှဝေသင်ကြားရေးကိစ္စရပ်တွေကို တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် IJN ဆေးရုံကလာရောက်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးခြင်း၊ သင်တန်းပို့ချခြင်းနဲ့ လက်တွေ့ ကွပ်ကဲကြည့်ရှုပေးခြင်းတွေကိုလည်း ပြုလုပ်သွားမှာပါ။

ဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ အဆင့်မြင့် ကလေးနှလုံးကျန်းမာရေး ကုသမှုအစီအစဉ်တွေကို နိုင်ငံတွင်းမှာပဲ ရရှိနိုင်တော့မှာပါ။ IJN ဆေးရုံကြီးက နှလုံးအထူးကု ဆရာဝန်ကြီးတွေနဲ့ ပြသချင်သူတွေအနေနဲ့ ပန်းလှိုင်ဆေးရုံရဲ့ Call Center (သို့) HEAL by Pun Hlaing Application ကနေတစ်ဆင့် လွယ်ကူစွာ စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှု ကုန်ကျစရိတ်တွေအတွက်လည်း ဘဏ်တွေနဲ့ချိတ်ဆက်ပြီး Medical Loan ရယူနိုင်မယ်လို့ သိရပါတယ်။


#ပန်းလှိုင် #နှလုံးရောဂါ"

ကိုဗစ်မှာ လုပ်ငန်းရပ်သွားပြီး ၄ နှစ်ကျော်နားခဲ့ရပေမယ့် ပြန်ဖွင့်ချိန်မှာလည်း လူကြိုက်များနေဆဲ ရွှေဟင်္သာတငါးကင်ဆိုင်ရှင်...
28/10/2025

ကိုဗစ်မှာ လုပ်ငန်းရပ်သွားပြီး ၄ နှစ်ကျော်နားခဲ့ရပေမယ့် ပြန်ဖွင့်ချိန်မှာလည်း လူကြိုက်များနေဆဲ ရွှေဟင်္သာတငါးကင်

ဆိုင်ရှင်ဟာဆိုရင် ငါးကင်ဆိုင်ကို အင်းလျားလမ်းမှာတစ်ဆိုင်၊ မြောက်ဒဂုံမှာတစ်ဆိုင်ဆိုပြီး ဆိုင်ခွဲ ၂ ဆိုင်ဖွင့်ခဲ့တာပါ။ ဝန်ထမ်းရာကျော်နဲ့ ဆိုင်တွေကိုလည်ပတ်ခဲ့ပေမယ့် ကိုဗစ်မှာ စီးပွားရေးတွေအရှုံးပေါ်ပြီး ဆိုင်တွေပိတ်ခဲ့ရပါတယ်။ ဆုံးရှုံးမှုများစွာနဲ့ ၄ နှစ်ကျော် နားခဲ့ရပေမယ့် အခုချိန်မှာတော့ တစ်ဖန်ပြန်လည် ထူထောင်ခဲ့ပါပြီ။

စိတ်ညစ်နေချိန်မှာ အရက်သေစာသောက်တာ၊ လောင်းကစားလုပ်တာတွေ လုံးဝမလုပ်ဘဲ အားကစားလုပ်၊ Gym ဆော့ပြီး ဖြတ်သန်းခဲ့တာပါ။ အမျိုးသမီးဖြစ်သူက အများဆုံးဖေးမပေးခဲ့ပြီး မိတ်ဆွေသူငယ်ချင်း၊ စားသုံးသူတွေရဲ့ ပြန်လည်ကြိုဆိုမှုတွေကြောင့် အခုလိုမျိုး ပြန်လည်ရုန်းထနိုင်ခဲ့တယ်လို့လည်း ပြောပြပါတယ်။ ဟိုတယ်မှာ လုပ်ခဲ့တဲ့သူဖြစ်တာကြောင့် ပစ္စည်းကောင်းတွေဆိုလည်း ကိုယ်တိုင်ပဲရှာဝယ်ပြီး တစ်နေ့စာတစ်နေ့ လတ်လတ်ဆတ်ဆတ်ပဲ ရောင်းတာပါ။

ဒီဆိုင်ကငါးကင်ကို စားဖူးသူတိုင်းက ကြိုက်ကြပြီး မကြာခဏ ပြန်လာစားကြလေ့ရှိပါတယ်။ ငါးကင်၊ ငါးသံပုရာပေါင်း၊ ငါးခဲပတ်ကို အဓိကရောင်းပြီး အသားကင်၊ အသီးအရွက်နဲ့၊ ထုံချိုင်းအကင်တွေလည်း တွဲရောင်းတာပါ။ စားသုံးသူတွေအတွက် စဉ်းစားပြီး အအေးဆိုင်ကိုလည်း တွဲဖွင့်ထားပါတယ်။ လိပ်စာကတော့ ရှင်းလမ်းမီးပွိုင့်အနီး New Day ဓာတ်ဆီဆိုင်အနီး၊ စမ်းချောင်းမြို့နယ်မှာပါ။

#ရွှေဟင်္သာတငါးကင်

26/10/2025

ဒန်ပေါက်ကို တစ်ပွဲစာမြေအိုးလေးနဲ့ အခုမှာ အခုချက်ချင်း ပူပူလေးချက်ပေးတဲ့ "တော်ဝင် ဒန်ပေါက်"

ဆိုင်ရှင်ဟာဆိုရင် မိခင်ဖြစ်သူချက်ကျွေးတဲ့ မြေအိုးဒန်ပေါက်ကို ရောင်းကြည့်ဖို့ စိတ်ကူးရခဲ့ပြီး အွန်လိုင်းကနေ စရောင်းခဲ့တာပါ။ စရောင်းတည်းက လူကြိုက်များခဲ့လို့ ဆိုင်ခန်းဖွင့်လိုက်ပြီး ကြက်ဆီထမင်းပါ တွဲရောင်းပါတယ်။ အိုးတွေဆိုလည်း သေချာမီးဖုတ် သန့်စင်ထားသလို စားသုံးသူစိတ်ကြိုက် တောင်းဆိုတဲ့ အရသာအတိုင်း ချက်ပေးတာပါ။ ဆိုင်ရှင်တို့မိသားစု မျိုးရိုး ၄ ဆက်လောက်လုပ်လာခဲ့တဲ့ တော်ဝင်ကဖီးမှာလည်း မြေအိုးဒန်ပေါက်ကို ဝယ်ယူလို့ရနိုင်ပြီး လိပ်စာကတော့ သာကေတမြို့နယ်၊ တပ်ဖွဲ့မှတ်တိုင်အနီး၊ မင်းနန္ဒာလမ်းမကြီးပေါ်မှာရှိပါတယ်။

#တော်ဝင်ဒန်ပေါက်

ကြက်တစ်ကောင်လုံး ဘာစားစား တစ်ပွဲ (၂၀၀၀)ကျပ်နဲ့ ရောင်းပေးတဲ့ "ကောင်းစံဟိဏ်း" မြန်မာကြက်သားသုပ်ဆိုင်ရှင်ဟာဆိုရင် အရင်က ကြက...
25/10/2025

ကြက်တစ်ကောင်လုံး ဘာစားစား တစ်ပွဲ (၂၀၀၀)ကျပ်နဲ့ ရောင်းပေးတဲ့ "ကောင်းစံဟိဏ်း" မြန်မာကြက်သားသုပ်

ဆိုင်ရှင်ဟာဆိုရင် အရင်က ကြက်သားသုပ်ဆိုင်မှာ ဝန်ထမ်းအဖြစ် (၆)နှစ်လောက် အလုပ်လုပ်ခဲ့သူပါ။ ဝန်ထမ်းလုပ်စဉ်တုန်းကလည်း ကိုယ်ပိုင်ဆိုင်လို သဘောထားပြီး စေတနာနဲ့ ရောင်းပေးတယ်လို့ ပြောပြပါတယ်။ အချိုမှုန့်လုံးဝမသုံးဘဲ ကိုယ်တိုင်မြည်းစမ်းကြည့်ပြီး ကောင်းတယ်ဆိုမှ ရောင်းပေးတာပါ။

ရေခဲရိုက်မဟုတ်ဘဲ လတ်လတ်ဆတ်ဆတ်ဖြစ်အောင် နေ့စဉ် ကြက်ဘဲဈေးမှာ ဆိုင်ရှင်ကိုယ်တိုင်သွားဝယ်ပါတယ်။ တစ်နေ့ကို ပိဿာချိန် (၃၀)လောက် ရောင်းရပြီး တစ်နေ့စာကုန်တဲ့အထိ ဆိုင်ဖွင့်တာပါ။ ဆိုင်စဖွင့်တုန်းက တစ်ပွဲကို (၅၀၀)ကျပ်နဲ့ ရောင်းပေးတာဖြစ်ပြီး အခုတော့ ဘာစားစားတစ်ပွဲ နှစ်ထောင်ဖြစ်နေပါပြီ။

ကြက်သားသုပ်တစ်ပွဲမှာ ကြက်ပေါင်းရည်ချိုချိုလေးဆမ်းပြီး ကြက်ဥလည်းထည့်ပေးပါတယ်။ မိမိကြိုက်နှစ်သက်ရာ အသား၊ အသည်းအမြစ်၊ အရေခွံ၊ အရိုးလွတ်ဆိုပြီး ရွေးဝယ်စားလို့ရနိုင်ပါတယ်။ ဆိုင်လိပ်စာကတော့ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး၊ ကုန်ပဒေသာမီးပွိုင့်အနီးမှာပါ။

#ကောင်းစံဟိဏ်း #မြန်မာကြက်သားသုပ်

ที่อยู่

Room No. 710, Building B, Lanna Nakorn Condominium ลานนานคร คอนโด เชียงใหม่, 38 Soi 2 Suk Kasem Road, Tambon Patan, Mueang Chiang Mai District, Chang Wat Chiang Mai
Chiang Mai
50300

เบอร์โทรศัพท์

+66652068422

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Duwun Lifestyleผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์