HIGH

HIGH သင့် လုပ်ငန်းအတွက်လိုအပ်သော ကြော်င?

03/03/2022

ထမင်းကိုပုံမှန်ထက်အာဟာရပြည့်ဝအောင်ဘယ်လိုချက်မလဲ❓

ထမင်းချက်တာလွယ်လွယ်လေးလို့ထင်ရပေမယ့်
ထမင်းချက်နည်းမမှန်ရင် အာဟာရတန်ဖိုးတွေဆုံးရှုံးစေနိုင်တယ်လေ…😰

ဆန်ကနေထမင်းဖြစ်ဖို့အတွက်ချက်ရာမှာ “ထမင်းရေခန်းချက်နည်းနဲ့ထမင်းရေငှဲ့ချက်နည်း” ဆိုပြီးနှစ်မျိုးရှိတယ်။
ဒီထဲကမှထမင်းရေခန်းချက်နည်းနဲ့ချက်တဲ့ထမင်းကိုစားသုံးခြင်းကသင့်ကိုအာဟာရပြည့်ဝစေပြီးကျန်းမာရေးနဲ့လည်းပိုလို့ညီညွတ်စေပါတယ်။✅

ယနေ့ခေတ်လျှပ်စစ်မီးရတဲ့နေရာကလူအများစုကလည်း rice cooker(ထမင်းပေါင်းအိုး)နဲ့ အလွယ်တကူထမင်းချက်ကြတာများပါတယ်။ ထမင်းပေါင်းအိုးနဲ့ချက်ခြင်းကလည်း တစ်နည်းအားဖြင့် ထမင်းရေခန်းချက်နည်းပါ။

ထမင်းရေငှဲ့ချက်တဲ့အခါမှာတော့ ဆန်မှာပါရှိတဲ့ အကျိုးပြုVitamin ဓာတ်တွေက ရေမှာပျော်ဝင်ပြီး ငှဲ့လိုက်တဲ့ထမင်းရည်နဲ့အတူပါသွားတာပေါ့။ ဒီလို အာဟာရပြည့်ဝတဲ့ ငှဲ့လိုက်တဲ့ထမင်းရည်ကို အလဟဿမလုပ်ပစ်ဘဲ သောက်သုံးသင့်တယ်၊ မဟုတ်ရင်တော့ ဒီလိုထမင်းကို နေ့တိုင်းစားခြင်းဖြင့် ခန္ဓာကိယ်မှာ VitaminB ဓာတ်တွေချို့တဲ့ခြင်း စတာတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ထမင်းရေငှဲ့ချက်တဲ့ထမင်းကိုကြိုက်တဲ့သူတွေက ငှဲ့တဲ့ထမင်းရည်ကိုသွန်ပစ်တာမျိုးထက် သောက်သုံးပေးပါနော်။ ✅
⚠️မှတ်ချက်။ ။ ဆီးချိုသမားအများစုအတွက်တော့ ထမင်းကစီဓာတ်နဲ့ မတည့်တာကြောင့် အာဟာရပြည့်တဲ့ ထမင်းထက် ငှဲ့ထမင်းကိုသာ အနည်းငယ်စားခြင်းက ပိုသင့်တော်ပါလိမ့်မယ်။

နောက်ထပ်သတိထားရမယ့်အချက်ကတော့ဆန်ဆေးတဲ့အခါမှာ အရမ်းပွတ်မဆေးဖို့ပဲဖြစ်ပါတယ်‼️
ရေကိုလည်းအထပ်ထပ်မဆေးဘဲနှစ်ရေလောက်သာဆေးသင့်တယ်။
အထပ်ထပ်ဆေးမိတဲ့အခါ ဆန်မှာပါရှိတဲ့VitaminB ဓာတ်တွေ ထပ်ဆောင်း လျော့နည်းသွားနိုင်လို့ပါ။

အဆုံးသတ်အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရပြည့်ဝသောထမင်းတစ်နပ်ကိုစားသုံးချင်တယ်ဆိုရင်တော့ထမင်းရည်ခန်းချက်နည်းကိုသုံးပါလို့အကြံပြုချင်ပါတယ်။ 💯
ဘယ်လို ထမင်းချက်နည်းဖြစ်ဖြစ် ဆန်မကောင်းရင်တော့ ပြီးပြည့်စုံတဲ့ထမင်းကို မရနိုင်ဘူးနော်❗️
အာဟာရပြည့်ဝတဲ့ အကောင်းဆုံးထမင်းတစ်နပ်အတွက်ဆို Burma Bhumiကိုသတိရလိုက်ပါ။😉

ဆန်းသစ်တဲ့Contentနဲ့ရိုးရှင်းတဲ့ဒီဖိုင်းများ လာရောက်အပ်နှံနိုင်ပါပြီခင်ဗျာ
22/02/2022

ဆန်းသစ်တဲ့Contentနဲ့ရိုးရှင်းတဲ့ဒီဖိုင်းများ လာရောက်အပ်နှံနိုင်ပါပြီခင်ဗျာ

ဆန်ပိုးမတက်အောင် ဘယ်လိုကာကွယ်မလဲ❔

အိမ်ရှင်မတော်တော်များများ ဆန်ပိုးပြဿနာနဲ့ကြုံဖူးကြမှာပါ😠
အထူးသဖြင့် အိမ်တိုင်းနီးပါးက ဆန်ကို အထိုက်အသင့်ဝယ်ပြီး လနဲ့ချီ၊ နှစ်နဲ့ချီအောင် သိုလှောင်ထားတတ်ကြတာမို့ အထားအသိုမသင့်တဲ့အခါ ဆန်ပိုးတွေရောက်လာတတ်တာပေါ့။

ဆန်ပိုးမတတ်အောင် ထိန်းသိမ်းတဲ့နေရာမှာ သန့်ရှင်းခြောက်သွေ့တဲ့ နေရာဖြစ်နေဖို့တော့ အဓိကအရေးကြီးဆုံးဖြစ်မှာပါ။ဒါ့အပြင် သဘာဝနည်းလမ်းအချို့နဲ့ ဆန်ပိုးကာကွယ်နည်းလေးတွေလဲရှိပါသေးတယ်။🌾

- ကရဝေးရွက်၊ နနွင်းရွက်စတဲ့ အနံ့ရှိတဲ့ အရွက် တစ်မျိုးမျိုးကို ဆန်သိုလှောင်ရာနေရာအတွင်းမှာ ထားထားပေးပါ။ ပိုကောင်းတဲ့ ရလဒ်အတွက်ဆို လေလုံတဲ့နေရာဖြစ်ရင်ပိုအကျိုးရှိပါတယ်။🍃
- လေးညင်းပွင့်ကလဲ အင်းဆက်ပိုးတွေ မလာအောင်တားဆီးပေးနိုင်တာမို့ လေးညင်းပွင့်ကို ဆန်သိုလှောင်ရာအတွင်း ထည့်ပေးထားတာ ( သို့မဟုတ် ) လေးညင်းဆီရှိရင်လဲ ဆန်သိုလှောင်ရာနေရာ(ဘူး၊ပုံး၊ကြောင်အိမ် စသည်) တို့ကို ဆီဖြင့်သုတ်၍သန့်ရှင်းပေးနိုင်ပါတယ်။🍀
- ဆန်ကို ဝယ်ယူလာပြီးပြီးချင်း ရေခဲသေတ္တာအအေးခန်းထဲ ထိန်းသိမ်းထားမယ်ဆိုရင်လဲ ဆန်ပိုးရန်က ကာကွယ်နိုင်မယ်၊ မတော်တဆ ဆန်ပိုးများကပ်ပါလာပြီးဖြစ်ရင်လဲ အအေးဒဏ်ကြောင့်ကြာကြာမနေနိုင်တာမို့ အလွယ်တကူရှင်းလင်းပေးနိုင်ပါလိမ့်မယ်။ အချိန်အတန်ကြာ freezer ထဲထည့်ပြီးတဲ့နောက် အခန်းရဲ့ အပူချိန်အတိုင်း သန့်ရှင်းခြောက်သွေ့တဲ့ တစ်နေရာမှာ ရက်အတန်ကြာ ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။🧊
- ဆန်ထိန်းသိမ်းရာ ပုံး(သို့မဟုတ်)ဘူးအတွင်း မလှီးရသေးတဲ့ ကြက်သွန်ဖြူတွေကို နေရာချပြီး ထည့်ထားပေးနိုင်ပါတယ်။ ထည့်သွင်းထားတဲ့ ကြက်သွန်ဖြူတွေ ခြောက်သွားပြီဆိုရင်တော့ အသစ်ပြောင်းလဲထည့်ပေးရမယ်နော်။🧄
- နောက်ဆုံးတစ်ခုကတော့ မြန်မာနိုင်ငံကအိမ်ရှင်မအတော်အများလဲ ပြုလုပ်နေကျဖြစ်တဲ့ ဆန်ပိုးအမြောက်အများနဲ့ကြုံတွေ့နေရပြီဆိုရင်တော့ ဆန်ကို နေပူထဲထုတ်လှန်းလိုက်တာ အကောင်းဆုံးပါ။ ပိုးကောင်များက နေရောင်ကိုကြောက်ကြတဲ့အတွက် မှောင်တဲ့စိုစွတ်တဲ့နေရာကို ပြေးကြမှာအမှန်ပါဘဲ!☀️

ဒီလိုဆိုရင်တော့ ဆန်ပိုးမတက်အောင် ထားသိုရမယ့်နည်းလမ်းတွေလဲ သိသွားပြီ၊
အကောင်တွေရှိနေရင် ဘယ်လိုပြေးအောင်လုပ်ရမယ့်အကြောင်းတွေလဲ သိလောက်ပြီဆိုတော့ အိမ်မှာ ဆန်ဝယ်ထားဖို့ဘဲ လိုတော့တယ်လေ🍚❗️

နေ့တိုင်းမရှိမဖြစ် အရသာပြည့်ဝတဲ့ ထမင်းတစ်နပ်အတွက်
ဆန်ဝယ်မယ်ဆို Burma Bhumi ကို သတိရလိုက်နော်💛

16/02/2022

လူတွေနေ့တိုင်းဘာလို့ထမင်းစားသင့်တာလဲ❓🍚

ထမင်း အသက် ၇ရက်ဆိုသလို အာရှတိုက်က လူအများစုဟာ အလေ့အကျင့်အရ ထမင်းနေ့စဉ်စားသုံးကြပါတယ်။
အချို့က ထမင်းကိုစုံမက်တဲ့ အာသီသကြောင့်၊ အချို့က ပြင်မရတော့တဲ့ အလေ့အကျင့်ကြောင့်၊
အချို့က ထမင်းစားမှ ရင်အေးသောကြောင့် ဘာကြောင့်ညာကြောင့် စသဖြင့်
ကျွန်တော်တို့ နေ့တိုင်း ထမင်းစားဖြစ်ကြတယ်။

နေ့တိုင်း ထမင်းစားနေရသော်ငြား ထမင်းစားရတဲ့ ရည်ရွယ်ချက်ကိုမေ့နေကြသူက ခပ်များများပါ❗️
ထမင်းမှာ ကာဘိုဟိုက်ဒရိတ်( Carbohydrate ) လို့ခေါ်တဲ့ အမျှင်ဓာတ်အများကြီး ပါဝင်တယ်။
အမျှင်ဓာတ်က ခန္ဓာကိုယ်အတွက် ဘယ်မှာအကျိုးပြုသလဲဆို အစာခြေဖျက်အားကောင်းမွန်ဖို့ များစွာ အထောက်အကူပြုတယ်။
လူ့ခန္ဓာကိုယ်ဟာ များများစားနိုင်မှ ကောင်းတယ်မခေါ်ပါဘူး ၊
စားနိုင်သလောက် အစာခြေဖျက်အားကောင်းမွန်ပြီး ခန္ဓာရဲ့မလိုအပ်တော့တဲ့ အညစ်အကြေးစသည်တွေကို ဝမ်းအတွင်းမှာကြာကြာမတည်ရှိစေခြင်းအားဖြင့်လဲ ကျန်းမာတဲ့ကိုယ်လို့ တစ်နည်းအားဖြင့်ဆိုနိုင်ပါတယ်။
ဒါ့အပြင် ထမင်းက ကင်ဆာဖြစ်စေနှုန်းကို လျော့ကျစေတယ်၊ သွေးတွင်းဖိအားကို လျော့ပေးစေနိုင်တယ်။
အာရှသားဖြစ်တဲ့ ဂျပန်နိုင်ငံက လူမျိုးတွေဟာ အသက်အရှည်ဆုံးစာရင်းဝင်ကြတာ တဖက်က ထမင်းရဲ့အကျိုးကျေးဇူးကြောင့်ပါ💯
ကျန်းမာရေးအတွက် အကျိုးမယုတ်စေတဲ့အပြင် နေ့စဉ် ထမင်းတစ်ခွက် ကျကျနနစားခြင်းအားဖြင့် တစ်နေ့တာအတွက် အလုပ်လုပ်ဖို့ရာ လုံလောက်တဲ့ အားအင်ကို ထမင်းက ပေးစွမ်းတယ်။
ဒါဆိုရင် လူတိုင်းအတွက် အကျိုးများတဲ့ နေ့တိုင်းစားတဲ့ထမင်းတစ်နပ်က ပြီးပြည့်စုံအာဟာရပြည့်ဝတဲ့ ထမင်းတစ်နပ်ဖြစ်ဖို့တော့ အရေးကြီးတာပေါ့။

စားကြည့်ဖူးသူတိုင်း နောင်တမရစေမယ့် ထမင်းတစ်နပ်အတွက်တော့ စိတ်မပူပါနဲ့!
သင့်အတွက် Burma Bumi ရှိပါတယ် 💛

အမှန်တိုင်းပြောရရင် ကျွန်တော်တို့ HIGH Team အနေနဲ့ rebranding ပြုလုပ်နေတာဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်...
07/09/2021

အမှန်တိုင်းပြောရရင် ကျွန်တော်တို့ HIGH Team အနေနဲ့ rebranding ပြုလုပ်နေတာဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ Business တွေကိုပြန်လည်စတင်ဖို့စီစဥ်ထားတာပါ။Marketing Campaign တွေ Run ဖို့ပါစီစဥ်ထားတာပါ။

ဒါပေမဲ့ လက်ရှိ Committee Representing Pyidaungsu Hluttaw - CRPH နဲ့ NUG တို့ D-DAY ကြေညာချက်များနဲ့အတူ ကျွန်တော်တို့ရဲ့ Plan တွေကိုလည်းထပ်မံ Postpone လုပ်ဖို့ဆုံးဖြတ်လိုက်ပါပြီ။

စိတ်အနှောင့်အယှက်ဖြစ်စေမယ့်၊ အရေးကြီးသတင်းတွေဖုံးစေမယ့် မည်သည့် Post, Ads တွေကိုမှတင်မှာမဟုတ်ပါဘူး။

အခြားသော Business လုပ်ငန်းများအနေနဲ့လည်း
ဒီလိုအချိန်မှာ Ads run တာတွေကိုခဏလောက်ရပ်နားတာပဲဖြစ်ဖြစ်လုပ်ဆောင်စေချင်ပါတယ်။

အားလုံးပဲဂရုတစိုက်ရှိကြဖို့လည်းပြောပါရစေ။

❗️We Must Win❗️

Scheduling App for Content Creators.💻တစ်နေ့တစ်နေ့ Creator tools, Social media apps, analysis အစရှိတာတွေနဲ့အမြဲနပန်းလုံးန...
18/06/2021

Scheduling App for Content Creators.💻

တစ်နေ့တစ်နေ့ Creator tools, Social media apps, analysis အစရှိတာတွေနဲ့အမြဲနပန်းလုံးနေရတဲ့ Content Creators တွေအတွက်တကယ်ကိုအကျိုးရှိစေမယ့် Scheduling App လေးတစ်ခုနဲ့မျှဝေပေးချင်ပါတယ်။ပုံမှန်ဆိုရင် page မှာ Post တွေတင်ဖို့အတွက် Creator Studio, Business Suite အစရှိတဲ့ Tools တွေကိုအသုံးပြုကြတာများပါတယ်။Beginner တွေအနေနဲ့ကလည်း Digital Marketing လောကထဲကိုစတင်ဝင်ရောက်လာပြီဆိုရင်ဒီလို Tools တွေကိုမဖြစ်မနေသိထားဖို့လည်းလိုအပ်တာပေါ့။

ဒီတစ်ခါမျှဝေပေးချင်တဲ့ Scheduling App ကတော့ Facebook တစ်ခုထဲတင်မဟုတ်တော့ဘဲတခြား platform တွေဖြစ်တဲ့ Instagram, Pinterest, Twitter အစရှိတဲ့ accounts တွေနဲ့ပါတစ်ပြိုင်နက်ထဲချိတ်ဆက်အသုံးပြုလို့ရနိုင်မယ့် "Planoly" လို့အမည်ရတဲ့ app လေးပါ။ကိုယ့်ရဲ့ Business က Facebook မှာတင်မဟုတ်ဘဲ အခြား Platform တွေပေါ်မှာပါရှိနေတယ်ဆိုရင်တော့ ဒီ app ကတော်တော်လေးကိုအသုံး၀င်စေမှာပါ။Content တွေအားလုံးအတွက် တစ်နေရာထဲကနေ Schedule လုပ်လို့ရနိုင်မယ့် app တစ်ခုဆိုလည်းမမှားပါဘူး။Scheduling အတွက်သီးသန့်လားဆိုတော့မဟုတ်ပါဘူး။Social-selling, Content Calendar အစရှိတာတွေကိုပါပြုလုပ်ဖန်တီးလို့ရနိုင်မယ့်နေရာတစ်ခုပါ။Instagram, Pinterest တို့ရဲ့ Official partner ဖြစ်တာကြောင့် security ပိုင်းမှာကလည်းပြောစရာမရှိပါဘူး။

Mobile and Desktop Version နှစ်မျိုးလုံးရရှိနိုင်ပြီးတော့ ရိုးရှင်းတဲ့ UI design ကြောင့်အသုံးပြုရတာလွယ်ကူပြီး user friendly ဖြစ်စေမှာအမှန်ပါပဲ။Image Upload လုပ်တဲ့နေရာမှာလည်း Drag-and-Drop function ပါ၀င်တာကြောင့် Post မတင်ခင်မှာဓာတ်ပုံတွေကိုကိုယ်ဖြစ်စေချင်တဲ့အတိုင်းစိတ်တိုင်းကျပြုလုပ်လို့ရမှာပါ။analytics တွေလည်းပါ၀င်တာကြောင့် Accounts အားလုံးရဲ့ Engagement တွေကိုလည်းတိတိကျကျကြည့်ရှုလို့ရနိုင်မှာပါ။

အခြားသော Scheduling app တွေလိုမျိုး Subscription fees ပေးမှအသုံးပြုလို့ရတာမျိုးမဟုတ်ဘဲ Free Version နေနဲ့လည်းအသုံးပြုလို့ရပါတယ်။တခြား Platform တွေနဲ့ပါချိတ်ဆက်အသုံးပြုချင်တယ်၊ Premium functions တွေကိုပါကိုယ်ကအသုံးပြုမယ်ဆိုရင်တော့ Solo, Duo, Custom ဆိုပြီး ကိုယ်ကြိုက်နှစ်သက်ရာ Plan ကို၀ယ်ယူသုံးစွဲလို့ရပါတယ်။Premium တွေမှာဆိုလည်း Post schedule တင်မဟုတ်တော့ဘဲ Comment Inbox, Post 1st Comment တွေကိုပါ schedule ပေးလို့ရနိုင်မယ့် features တွေအပြင် Image filters တွေပါထပ်မံပါဝင်လာအုံးမှာပါ။စမ်းသပ်အသုံးပြုချင်တဲ့သူတွေအတွကလည်း Download Link ထည့်ပေးထားပါတယ်။

Smart ဖြစ်ပြီး လွယ်ကူလျှင်မြန်စွာနဲ့ Work-done ဖြစ်ချင်တဲ့ Creators တွေအားလုံးအတွက် ဒီ Application လေးကိုမျှဝေပေးရခြင်းဖြစ်ပါတယ်။အားလုံးအတွက်အသုံးတည့်စေမယ်လို့လည်းမျှော်လင့်ပါတယ်။နောက်ရက်တွေမှာလည်း Marketing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါအုံး။

For IOS•••

https://apps.apple.com/us/app/planoly-plan-schedule-post/id1014568284

For Android•••

https://play.google.com/store/apps/details?id=com.planoly.android&hl=en_SG&gl=US

Playstore က down မရတဲ့သူတွေအတွက် ApkPure Link ပါ။

https://play.google.com/store/apps/details?id=com.planoly.android&hl=en_SG&gl=US

Website Link
https://www.planoly.com/

“အမြဲတမ်း အသင့်ဖြစ်နေဖို့အတွက်။”HIGH Content Creations ရဲ့ Activities တွေအားလုံးကို Coup စတင်ဖြစ်ပွားတဲ့အချိန်ကစပြီး ယခု...
31/05/2021

“အမြဲတမ်း အသင့်ဖြစ်နေဖို့အတွက်။”

HIGH Content Creations ရဲ့ Activities တွေအားလုံးကို Coup စတင်ဖြစ်ပွားတဲ့အချိန်ကစပြီး ယခုအချိန်ထိရပ်နားထားခဲ့တာဟာ အခုဆိုရင် (၄) လနီးပါးခန့်ကြာမြင့်ခဲ့ပါပြီ။ကျွန်တော်တို့ရဲ့Post တွေကြောင့်အခြားသူတွေစိတ်အနှောင့်အယှက်ဖြစ်ရမှာမျိုး၊ သတင်းတွေအပေါ်ထိခိုက်မှုရှိလာမှာမျိုးတွေကိုမလိုလားတာကြောင့် Page ရဲ့ Post တွေကိုရပ်နားခဲ့ပါတယ်။

အခုအခါမှာတော့ Digital Marketing နဲ့ပက်သတ်ပြီးလေ့လာသင်ယူမှုတွေပြုလုပ်ချင်သူတွေ၊Content Marketing နဲ့ပက်သတ်လို့ Content Writing, Copywriting အခြေခံသဘောတရားများကိုလေ့လာလိုသူတွေအဆင်ပြေစေနိုင်ရန်အတွက် June လမှစတင်ကာ Digital Marketing, Content Marketing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Knowledge Sharing အနေဖြင့်အပတ်စဥ်ပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

Creators တွေအတွက်အသုံး၀င်စေမယ့် Tools တွေအကြောင်းကိုလည်း Review တွေအနေနဲ့တင်ဆက်ပေးသွားမှာပါ။

တော်လှန်ရေးမှာလည်းပါ၀င်ရင်း ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေကိုလည်း အလကားမဖြစ်စေဖို့အတွက်လေ့လာသင်ယူမှုတွေကိုတော့ အဆက်မပြတ်ပြုလုပ်ပေးသင့်ပါတယ်။ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် ဒါတွေနဲ့ပတ်သက်ပြီးအဆင်သင့်ဖြစ်နေဖို့လိုအပ်ပါတယ်။

ဒါကြောင့်မို့ HIGH Content Creations ကနေပြီး Digital Marketing Industry ထဲကိုစတင်လျှောက်လှမ်းတော့မယ့်သူတွေနဲ့ Begineer Level သမားတွေအတွက်အသုံး၀င်နိုင်အောင်အကောင်းဆုံးတင်ဆက်ပေးသွားမှာပါ။ကျွန်တော်တို့တင်မယ့် Post တွေတိုင်းကလည်း ဖတ်ရှုသူတစ်ယောက်ချင်းဆီတိုင်းအတွက် တစ်ထောင့်တစ်နေရာကနေအသုံး၀င်စေနိုင်မယ်လို့မျှော်လင့်ပါတယ်။

အားလုံးပဲ အစစအရာရာဂရုစိုက်လို့ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။🍀

“We are all Together.”CDM မှာပါဝင်ထားပြီး ယခုအချိန်မှာ ဝမ်းရေးအတွက်နည်းလမ်းမျိုးစုံနဲ့ ဈေးရောင်းချနေရတဲ့ကျွန်တော်တို့ပြည...
16/05/2021

“We are all Together.”

CDM မှာပါဝင်ထားပြီး ယခုအချိန်မှာ ဝမ်းရေးအတွက်နည်းလမ်းမျိုးစုံနဲ့ ဈေးရောင်းချနေရတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့ Hero တွေ၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ရင်း ရလာတဲ့အစွန်းအမြတ်လေးတွေကနေ လှူဒါန်းမှုတွေပြုလုပ်နေကြသူတွေအပြင် စီးပွားရေးကျပ်တည်းမှု‌ကြောင့် အခက်အခဲကြုံတွေ့နေရသူတွေအားလုံးအတွက် ကျွန်တော်တို့ HIGH Team ကနေပြီး တက်နိုင်တဲ့ဘက်ကနေတက်နိုင်သလောက်လေး ကူညီပေးနိုင်ဖို့ ဒီအစီအစဥ်လေးကို ပြုလုပ်ခဲ့တာပါ။

Zay Tharyar - စျေးသာယာ လို့အမည်ရတဲ့ Social Media Advertising Platform တစ်ခုကိုပြည်သူတွေအားလုံးရဲ့ စီးပွားရေးတွေအတွက် ရည်ရွယ်ပြီး HIGH အဖွဲ့သားတွေနဲ့အတူဖန်တီးဖြစ်ခဲ့ပါတယ်။ဒီ Page ကနေပြီး ကျွန်တော်တို့ပြည်သူတွေရဲ့စီးပွားရေးလုပ်ငန်းတွေ၊ CDM ဝန်ထမ်းတွေရောင်းချနေတဲ့ ကုန်ပစ္စည်း၊ အစားအသောက် အစရှိတဲ့ မည်သည့်ထုတ်ကုန်လုပ်ငန်းကိုမဆို အကျိုးအမြတ်တစ်ပြားတစ်ချပ်မှမယူဘဲ အခမဲ့အနေဖြင့်ကြော်ငြာပေးသွားမှာဖြစ်ပါတယ်။(Boycott Brand များကို လုံးဝ(လုံးဝ) ကြော်ငြာပေးသွားမည်မဟုတ်ပါ။)❌

SMEs (အသေးစား၊ အလတ်စားလုပ်ငန်း) တွေကအစပြုလို့ Online Shopping တွေအထိပါကြော်ငြာလို့ရနိုင်မှာပါ။အခက်အခဲကြုံတွေ့နေရတဲ့ Food Rider တွေအတွက်လည်း Customer ရရှိအောင် ကူညီပေးသွားမှာဖြစ်တဲ့အပြင် ပြည်သူတွေရဲ့စီးပွားရေးတွေအတွက်သာအခြေခံပြီး ပြုလုပ်ထားခြင်းဖြစ်တာကြောင့် စစ်တပ်နဲ့သက်ဆိုင်သော Military Brand ဘာတစ်ခုကိုမှမြင်တွေ့ရမှာမဟုတ်ပါဘူး။ဒါ့ကြောင့် ၀ယ်ယူမယ့် Customer များအနေနဲ့ကလည်း စိတ်သန့်ရှင်းစွာနဲ့၀ယ်ယူနိုင်မှာအသေအချာပါပဲ။

စီးပွားရေးတွေမယိုင်လဲသွားအောင် တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမရင်း၊ အားလုံးစည်းလုံးစွာနဲ့ ဒီတိုက်ပွဲကြီးကိုရင်ဆိုင်သွားနိုင်ဖို့အတွက် HIGH Team ကနေပြီး တတ်နိုင်သလောက်လေးဖန်တီးထားတဲ့ ဒီ Program လေးမှာပြည်သူတွေအားလုံးပါ၀င်ပေးကြဖို့ လေးစားစွာနဲ့ဖိတ်ခေါ်ပါရစေ။🙇‍♂️

ရောင်းသူ/ဝယ်ယူ နှစ်ဦးနှစ်ဖက်အဆင်ပြေစွာနဲ့ ဝယ်ယူရောင်းချနိုင်ဖို့အတွက် Zay Tharyar ကအားလုံးနဲ့အတူရှိနေမှာပါ။ကြော်ငြာထည့်သွင်းရန် အသေးစိတ်သိရှိလိုသမျှကိုတော့ HIGH Page, Zay Tharyar Page 📩Chat Box နှစ်ခုလုံးကနေဆက်သွယ်နိုင်ပြီး အောက်ပါဖုန်းနံပါတ်များကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။✨

☎️09-773024546

Page Link...
https://www.facebook.com/ZayTharyarMarket/

"ဖန်တီးမှုကောင်းတွေအား သင့်လုပ်ငန်းအားထိတွေ့ခွင့်ပေးလိုက်ပါ။"



📣လုပ်ငန်းရှင်များအတွက် Creative production Package.💥👥စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ Business Page တွေမှာဘယ်လိ...
25/01/2021

📣လုပ်ငန်းရှင်များအတွက် Creative production Package.💥

👥စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ Business Page တွေမှာဘယ်လို Post အမျိုးအစားတွေကိုတင်ရမလဲဆိုပြီးခေါင်းရှုပ်နေတာမျိုးတွေ၊ Creative ကောင်းကောင်းနဲ့ကြော်ငြာစာတွေကို ဖန်တီးချင်ပေမဲ့ မဖန်တီးနိုင်တာမျိုးတွေအစရှိတဲ့ပြဿနာမျိုးစုံကို ကြုံရတတ်ပါတယ်။

Post တွေလည်းပုံမှန်မတင်နိုင်၊ Page ကလည်းစျေးကွက်ထဲမှာ ထင်သလောက်နေရာမရဘူး၊ မပေါက်ရောက်ဘူးဖြစ်နေတယ်ဆိုရင်တော့ သင့်လုပ်ငန်းအတွက် HIGH ကနေပြီး Creative Production(Monthly Package) နဲ့တကွ ထူးခြားတဲ့ပြောင်းလဲမှုတွေအတွက် တာ၀န်ယူဆောင်ရွက်ပေးပါရစေ။

Page အတွက်လိုအပ်တဲ့ Content များ၊ ကြော်ငြာစာများ၊ Social media designs များအပြင် Ads Short Video များကို Monthly Pakage နဲ့တကွဆောင်ရွက်ပေးနေတာဖြစ်တဲ့အပြင် (1) လစာအခမဲ့အသုံးပြုနိုင်မယ့် အခွင့်အရေးကိုလည်းရရှိအုံးမှာပါ။

Page (2) ခုသာလက်ခံမှာဖြစ်တဲ့အတွက်ကြောင့် အမြန်ဆုံးလာရောက်စုံစမ်းဖို့တော့လိုအပ်ပါတယ်။စျေးကွက်ထဲမှာ Creative ကောင်းကောင်းနဲ့ပြိုင်ဘက်လုပ်ငန်းတွေထက် လူသိများပြီး ပိုမိုအောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက်ဆိုရင် HIGH နဲ့အမြန်ဆုံးလက်တွဲဖို့ အကြံပြုပါရစေ။🤝

Package နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုသမျှကိုလည်း 📨Page Chat Box အပြင်အောက်ပါဖုန်းနံပါတ်များကိုလည်းဆက်သွယ်စုံစမ်းနိုင်ပါပြီ။Page များအတွက်လည်း အခမဲ့အကြံပြုချက်တွေရှိသေးတာမို့ အခုချက်ချင်းသာ ဆက်သွယ်စုံစမ်းလိုက်ပါ။💥

☎️09-43027604, 09-773024546

𝐓𝐡𝐞 𝟑 𝐑𝐞𝐚𝐬𝐨𝐧𝐬 𝐖𝐡𝐲?စျေးကွက်ထဲမှာ ပြိုင်ဘက်တွေထက် နေရာရဖို့ ကြိုးစားတဲ့အခါမှာ ကိုယ့်လုပ်ငန်းရဲ့ကြော်ငြာစာ အခန်းကဏ္ဍကိုလည်း...
11/01/2021

𝐓𝐡𝐞 𝟑 𝐑𝐞𝐚𝐬𝐨𝐧𝐬 𝐖𝐡𝐲?

စျေးကွက်ထဲမှာ ပြိုင်ဘက်တွေထက် နေရာရဖို့ ကြိုးစားတဲ့အခါမှာ ကိုယ့်လုပ်ငန်းရဲ့ကြော်ငြာစာ အခန်းကဏ္ဍကိုလည်း ပေါ့ပြက်ပြက်လုပ်လို့မရပါဘူး။Copywriter တွေအနေနဲ့လည်း သူများထက်သာလွန်ထူးခြားတဲ့ ကြော်ငြာတွေကို ဖန်တီးနိုင်ဖို့အတွက်ဆိုရင် အစဥ်မပြတ်လေ့လာနေဖို့လိုအပ်ပါတယ်။Digital Platform တွေအပြင် အခြား Advertising နယ်ပယ်မျိုးစုံမှာပါ Copywriting Skills တွေကို ဖြန့်ကျက်နိုင်အောင် ကြိုးစားဖို့လိုပါတယ်။

Copywriter တွေအပြင် SME လုပ်ငန်းတွေလုပ်ကိုင်နေပြီး Content Marketing, Digital Marketing အကြောင်းအရာတွေကိုပါ စိတ်၀င်စားတဲ့သူတွေအတွက်ပါ အသုံး၀င်မယ့် Copywriting Formula တစ်ခုဖြစ်တဲ့ 𝐓𝐡𝐞 𝟑 𝐑𝐞𝐚𝐬𝐨𝐧𝐬 𝐖𝐡𝐲?Formula လေးကိုမျှဝေပေးခြင်ပါတယ်။

💠Why are you the best?

ဘာကြောင့်သင်ဟာ အကောင်းဆုံးဖြစ်နေတာလဲ။Prospect, Customer တွေအနေနဲ့ကုန်ပစ္စည်း၊၀န်ဆောင်မှုတစ်ခုကို ၀ယ်ယူပြီဆိုရင် စျေးကွက်ထဲမှာ ရွေးချယ်စရာတွေများပြားပါတယ်။အများကြီးထဲက သင့်ကိုရွေးချယ်ဖို့ဆိုရင် သင်ကလည်း အကောင်းဆုံးဖြစ်နေဖို့လိုအပ်ပါတယ်။ဒါဆိုရင် "သင်ဟာသင့်စျေးကွက်ထဲမှာ ဘာလို့အကောင်းဆုံးဖြစ်နေတာလဲ။" ဆိုတာကို သေချာသိအောင်ပြောပြဖို့လိုအပ်ပါတယ်။

💠Why should I believe you?

ဘာကြောင့်သင့်ကို ယုံကြည်သင့်တာလဲ။ကိုယ့်ကုန်ပစ္စည်း၊၀န်ဆောင်မှု တစ်ခုကို၀ယ်ယူဖို့ဆို အမှန်တကယ်ကောင်းမွန်ကြောင်းပြသနိုင်၊ယုံကြည်မှုရရှိအောင် ပြုလုပ်နိုင်ဖို့လိုအပ်ပါတယ်။သင့်ကို ယုံကြည်လာစေမယ့် အချက်အလက်တွေထည့်သွင်းရေးသားပါ။အမှန်တကယ် ပြုလုပ်နိုင်ဖို့တော့လိုပါလိမ့်မယ်။

💠Why should I buy right now?

ဘာကြောင့်အခုချက်ချင်း သင့်ကုန်ပစ္စည်းကို ၀ယ်ယူသင့်တာလဲ။ကိုယ့်ကုန်ပစ္စည်း၊၀န်ဆောင်မှုဟာ စားသုံးသူအတွက် အသုံးလည်း၀င်ပြီး အမှန်တကယ် လိုအပ်နေတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့အပြင် မဖြစ်မနေ၀ယ်ယူသင့်ကြောင်းကို သိရှိအောင်ပြောပြပါ။

စားသုံးသူမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဒီပစ္စည်းဟာ ဖြေရှင်းပေးနိုင်ပြီး သူတို့ရဲ့လိုအင်ကို ဖြည့်ဆည်းပေးနိုင်တာ သေချာတယ်ဆိုရင် ၀ယ်ယူဖို့အတွက် လက်တွန့်နေမှာမဟုတ်ပါဘူး။Customer's Need & Wants ကိုသေချာသိရှိထားပြီးရေသားနိုင်ရပါမယ်။Need & Wants မှာလည်း ဘယ်ဟာက ပိုအရေးကြီးလည်းဆိုတာ ကွဲကွဲပြားပြား သိရှိဖို့လိုအပ်ပါတယ်။

နောက်ထပ်ပြီးတော့လည်း Digital Marketing, Content Marketing အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာကြောင့် See First လုပ်ထားပေးနိုင်ပါတယ်။လုပ်ငန်းရှင်များအတွက်လည်း HIGH Content Creations မှ Service တွေရှိသေးတာကြောင့် Page Chat Box အပြင် အောက်ပါဖုန်းနံပါတ်များမှလည်း ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

☎️0943027604
☎️09773024546

HIGH Content Creations•••
04/01/2021

HIGH Content Creations•••

"စိတ်အချမ်းသာရဆုံး လုပ်ငန်းရှင်။"✨• လန်းဆန်းတဲ့မနက်ခင်းတစ်ခု၊ ကော်ဖီခွက်ကိုယ်စီကိုင်ကာ ထူးခြားပြောင်မြောက်လှတဲ့ ပညာရပ်တွ...
03/01/2021

"စိတ်အချမ်းသာရဆုံး လုပ်ငန်းရှင်။"✨

• လန်းဆန်းတဲ့မနက်ခင်းတစ်ခု၊ ကော်ဖီခွက်ကိုယ်စီကိုင်ကာ ထူးခြားပြောင်မြောက်လှတဲ့ ပညာရပ်တွေကို သင့်လုပ်ငန်းအတွက် ဖန်တီးပေးဖို့ HIGH အဖွဲ့သားများ အစပြုနေကြပြီ။

• စာအုပ်တစ်အုပ်၊ ဘောလ်ပင်တစ်ချောင်းနဲ့အတူ ကွန်ပြူတာရှေ့မှာ နပန်းလုံးနေတဲ့ ကီးဘုတ်ဖိုက်တာလေးကလည်း အားကြိုးမာန်တက်နဲ့။မှန်ကြောင်၊ခေါင်းစုပ်ဖွား Graphic Desiger လေးကလည်း သေချာကြိုးစားနေလေရဲ့။တခြားအဖွဲ့သားများကလည်း သင့်လုပ်ငန်းတိုးတက်အောင်မြင်ရေးအတွက် အားသွန်ခွန်စိုက် ကျရာနေရာကနေ တာ၀န်တွေကို ကျေပွန်အောင် ထမ်းဆောင်နေကြစဥ်...။သင်ကတော့ ဒီအပိုင်းမှာ နောက်လှည့်ကြည့်စရာ
မလိုလောက်အောင်ကို စိတ်မပူရဘူးပေါ့။

• လုပ်ငန်းတစ်ခုရဲ့ အရေးအကြီးဆုံးအခန်းကဏ္ဍတွေထဲက တစ်ခုဖြစ်တဲ့ ကြော်ငြာစာတွေကို အများနဲ့မတူ၊ တမူထူးခြားတဲ့လက်ရာတွေနဲ့ ဖန်တီးပေးနေပေးနေရတာကို သူတို့အပျော်ရွှင်ဆုံးပါပဲ။

• သူတို့ဖန်တီးပေးထားတဲ့ ကြော်ငြာစာတွေမှ
တစ်ဆင့် လုပ်ငန်းအပေါ် စိတ်၀င်စားပြီး မေးမြန်းလာမှုတွေ၊ လူသိများလာမှုတွေ အဆင့်ဆင့်တိုးတက်လာပြီဆိုရင်လည်း လုပ်ငန်းရှင်နဲ့ထပ်တူ ပီတိဖြစ်နေကြရတာပေါ့။

• ဒီလိုနဲ့အလုပ်တွေကို တစ်နေ့တာမှာ အကောင်းဆုံးလုပ်ဆောင်ပြီးရင်လည်းသူတို့မနားသေးပါဘူး။လုပ်ငန်းရှင်တို့ရဲ့လိုအပ်နေမှုတွေ၊ ဆွေးနွေးတိုင်ပင်မှုတွေကို အတူနားထောင်ပြီး နောက်တစ်နေ့မှာဘယ်လိုအကောင်းဆုံး ထပ်မံလုပ်ဆောင်မယ်ဆိုတာ တိုင်ပင်ကြပြန်ပါသေးတယ်။ဒါတွေလုပ်နေရတာဟာ သူတို့အတွက် ပင်ပန်းတယ်မရှိပါဘူး။အလုပ်ရှင်ဟာလည်း စိတ်ချမ်းသာနေမှာအကျိန်းသေပါပဲ။

• စေတနာကိုရှေ့ထားပြီး အားသွန်ခွန်စိုက် ကြိုးစားပေးနေတဲ့ HIGH အဖွဲ့သားတွေဟာ လုပ်ငန်းရှင်တွေအတွက်တော့ အဖိုးတန်ရတနာတစ်ပါးပါ။ဒီလိုအဖွဲ့မျိုးနဲ့သာ သင့်လုပ်ငန်းအတွက် အလိုအပ်ဆုံးဖြစ်တဲ့ကြော်ငြာစာတွေ၊ Social Media Design တွေကိုအပ်နှံထားမယ်ဆိုရင်သင်ဟာလည်း "စိတ်အချမ်းသာရဆုံး လုပ်ငန်းရှင်" တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင့်မို့ သင့်လုပ်ငန်းအတွက် ကြော်ငြာစာတွေဖန်တီးဖို့ လိုလာပြီဆိုရင်တော့ HIGH ကိုမမေ့ပါနဲ့။အကောင်းဆုံးတွေကို သင့်ဆီယူဆောင်လာပေးဖို့ သူတို့တွေဟာ တက်ကြွနေကြပါပြီ........။

ဖုန်း☎️: 09-773024546,09-43027604

Address

Ahlone

Website

Alerts

Be the first to know and let us send you an email when HIGH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share