D-Day News Channel

D-Day News Channel D-Day News Channel သည် တော်လှန်‌ေရးသတင်းများကိ?

အကြမ်းဖက် မင်းအောင်လှိုင် တောင်ငူမြို့သို့ လှည့်လည်သွားပြီးနောက် မြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်းဖြင့် ဆ...
10/06/2026

အကြမ်းဖက် မင်းအောင်လှိုင် တောင်ငူမြို့သို့ လှည့်လည်သွားပြီးနောက် မြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်းဖြင့် ဆွဲချဖျက်ဆီး ဖယ်ရှား

ရန်ကုန်၊ ဇွန် ၁၀

အကြမ်းဖက် မင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း​ တောင်ငူမြို့သို့ လှည့်လည်လာရောက်ခဲ့ပြီးနောက်​ တောင်ငူမြို့လယ်တွင် စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်နှင့်စည်ပင်တို့က ကရိန်းဖြင့် ဖျက်ဆီး ဖယ်ရှား ရှင်းလိုက်ကြောင်း တောင်ငူမြို့မှ ပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် စစ်တပ်နှင့်စည်ပင်တို့က တောင်ငူမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်ကားများဖြင့် လာရောက်ဖျက်ဆီး သယ်ဆောင် ဖယ်ရှားသွားခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရာ ဗိုလ်ချုပ်ရုပ်တုရင်ပြင်ကိုလည်း ဖျက် ဆီးသွားကြောင်း၊ ယင်းသို့ ဖျက်ဆီးမှုမှာ ဇွန်လ ၆ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင် တောင်ငူမြို့သို့ လာရောက်ပြီးနောက် ၃ ရက်အကြာ ဇွန်လ ၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"တောင်ငူမှာ မအလ လာပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုကရိန်းနဲ့ဆွဲချ ဖျက်ဆီးသွားတာ။ မနေ့ ည ၉ နာရီကျော်လောက်မှာလုပ်တာ။ ရှေးဟောင်းမြို့ ဖော်မယ်ဆိုတဲ့စီမံကိန်းနဲ့ ဘူတာသွားကြည့်ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုကို သူမြင်ပြီး ဖယ်ရှားခိုင်းတာ။ ညကထွက်ကြည့်တဲ့သူတွေကို စစ်တပ်က မောင်းထုတ်တယ်" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

တောင်ငူမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုမှာ ၁၇ ရပ်ကွက်၊ ကန်လမ်း၊ ကေတုမတီကျုံးအနီး ဗိုလ်ချုပ်ရုပ်တုရင်ပြင်တွင် ထားရှိခြင်းဖြစ်ပြီး အဆိုပါ ရုပ်တုကြီးသည် အမြင့် ၁၅ ပေ၊ အလေးချိန် ၄၅၃ ပိဿာရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အမြင့်ဆုံးအဖြစ် သွန်းလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတစ်ခုဖြစ်သည်။ ယင်းဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

၉ တန်းကျောင်းသူအား အဓမ္မပြုကျင့်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သူ  ၂ ဦးကို မသေမချင်းကြိုးကွင်းစွတ်သေဒဏ် အမိန့်ချ May 23, 2025ပ...
25/05/2025

၉ တန်းကျောင်းသူအား အဓမ္မပြုကျင့်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သူ ၂ ဦးကို မသေမချင်းကြိုးကွင်းစွတ်သေဒဏ် အမိန့်ချ

May 23, 2025

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှာ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသူလေးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို မေ ၂၂ ရက်က တောင်ငူခရိုင်တရားရုံးက သေဒဏ်ကြိုးမိန့်ပေးလိုက်ပါတယ်။

မနေ့က တောင်ငူခရိုင်တရားရုံးကနေ တရားခံ သိန်းထိုက်အောင် (ခ) သားပုနဲ့ စည်သူနိုင် (ခ) မှဲ့ကြီး တို့ကို ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ဂ)/၃၄ အရ စစ်ဆေးပြီး မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန်ချခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

တရားရုံးနဲ့ နီးစပ်သူတယောက်က “အမှုကို စစ်ဆေးတဲ့အခါ ကောင်မလေးကို ၂ ယောက်လုံး မုဒိမ်းကျင့်တာ ၅ ကြိမ်၊ မုဒိမ်းကျင့်ပြီးတော့ လည်ပင်းကို ကြိုးနဲ့ချည်ပြီးသတ်တယ်။ ကောင်မလေးက တောင်းပန်တယ်။ မသေဘူးဆိုတာသိတော့ ဓားမနဲ့ လည်ပင်းကို စိမ်ပြေနပြေ ခုတ်သတ်တာ။ အဲဒါကြောင့် တရားသူကြီးက သေဒဏ်ပေးလိုက်တာပါ” လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုကို အခုလို ထိရောက်စွာ အပြစ်ပေးဖို့ မြို့ခံတွေနဲ့ မိသားစုဝင်တွေက အခင်းဖြစ်ချိန်မှာ တရားရုံးအထိ လာရောက်ကြိုးစားခဲ့ရလို့ ကျေနပ်ကြောင်း မြို့ခံတယောက်က ပြောပါတယ်။

“သက်ငယ်မုဒိမ်းမှု ကျူးလွန်ရင် ဒီလို သေဒဏ်ခံရမယ်ဆိုတာ သိအောင် မြို့ခံတွေရော၊ ရွာခံတွေရော ကြိုးစားကြတာ။ အခုလို သေဒဏ်ပေးမှ တဏှာရူးတဲ့သူတွေ ကလေးငယ်တွေကို ပစ်မှတ်မထားရဲမှာ။”

မတ် ၁၉ ရက်က တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာမြောက်ပိုင်းမှာ မိဘတွေ လုပ်ငန်းခွင်သွားနေတုန်း အိမ်မှာကျန်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသူကို တရွာတည်းနေ အမျိုးသား ၂ ယောက်က အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသူလေးမှာ လိမ္မာယဥ်ကျေးပြီး ပညာရေးထူးချွန်ကာ မိဘအပေါ် သိတတ်သူတယောက်ဖြစ်တာကြောင့် ရွာခံတွေနဲ့ မြို့ခံတွေပေါင်းကာ ပြစ်မှုကျူးလွန်သူ ၂ ယောက်ကို ထိရောက်တဲ့ပြစ်ဒဏ်ချရေးအတွက် ကြိုးစားခဲ့ကြတာပါ။

D-Day News Channel #မှုခင်းသတင်း #သေဒဏ် #မှုဒိမ်းမှု

အပြာညစ်ညမ်းဗီဒီယိုရိုက်ကူးထုတ်လုပ်သည့် တရုတ်လူမျိုး ၄ဦး အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ စီချ25 May, 2025 အမျိုးသမီးစုံတွဲတွေက...
25/05/2025

အပြာညစ်ညမ်းဗီဒီယိုရိုက်ကူးထုတ်လုပ်သည့် တရုတ်လူမျိုး ၄ဦး အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ စီချ

25 May, 2025

အမျိုးသမီးစုံတွဲတွေကို ညစ်ညမ်းဗီဒီယို live လွှင့်ရိုက်ကူးပြီး ရရှိတဲ့ အကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးအပါအဝင် ဆောင်ရွက်သူတွေကို လူကုန်ကူးမှုနဲ့ အရေးယူပြီး အလုပ်နဲ့ ထောင်ဒဏ် နှစ် ၃၀ စီ ချမှတ်ခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ထုတ်ပြန် ပါတယ်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ၊အပြင်ပဒံကျေးရွာ ၊ရွှေကမ်းသာယာအိမ်ရာမှာ တရုတ်လူမျိုး Mr. Wang Shaohua (၃၉)နှစ် (ဘ) ဦးဝမ်းရှင်းဖား ၊ Mr. Yung Kun (၃၇)နှစ် (ဘ)ဦးရန်ပေါင်စွင့် ၊ Mr. Zeng Yuan (၂၉)နှစ် (ဘ) ဦးကျင်းယုံ ကောင်းနဲ့ အဲလစ်စစ် (ခ) နော်မူးရှီးဖော(ခ) ကျဲကျဲ (မ) (၃၂) နှစ် (ဘ) ဦးစောလားချရှီးတို့က မြန်မာအမျိုးသမီး စုံတွဲ လေးတွဲ ကို S*x video Live လွှင့် ရိုက်ကူးပြီး ရရှိတဲ့ အကျိုးအမြတ်တွေ ကို ခေါင်းပုံဖြတ်ယူခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အခုလို လုပ်ဆောင်ခဲ့တဲ့ အတွက် ကျူးလွန်သူ တွေ ကို လှိုင်သာယာ(အနောက်ပိုင်း) မြို့မရဲစခန်းမှာ (ပ) ၈၇၆/၂ဝ၂၄၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) (ခ) နဲ့ အမှုရေးဖွင့် တရားစွဲတင်ခဲ့တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာရဲစခန်းက တရားစွဲတင်မှုကို အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၂ဝ ရက်မှာ တရားခံ Mr. Wang Shaohuai ၊Mr. Yung Kuni၊ Mr. Zeng Yuan နဲ့ အဲလစ်စစ် (ခ) နော်မူးရှီး ဖော (ခ) ကျဲကျဲ (မ) တို့ လေးဦးတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)အရ အလုပ်နဲ့ ထောင်ဒဏ်နှစ် (၂၀) စီနဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (ခ) အရ အလုပ်နဲ့ထောင်ဒဏ် (၁ဝ) နှစ်စီကို တစ်ပေါင်းတည်း ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ သူသူရှိန် ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

D-Day News Channel #အပြာ #ညစ်ညမ်းဗီဒီယို #တရုတ် #မှုခင်းသတင်း

အသက် ၁၄နှစ်အရွယ် ၇ တန်းကျောင်းသား ပြန်ပေးဆွဲ အသတ်ခံရမှုမှ ကျူးလွန်သူ ၁ ဦးကို ဖမ်းမိMay 24, 2025ပဲခူးမြို့က အသက် ၁၄ နှစ် ...
25/05/2025

အသက် ၁၄နှစ်အရွယ် ၇ တန်းကျောင်းသား ပြန်ပေးဆွဲ အသတ်ခံရမှုမှ ကျူးလွန်သူ ၁ ဦးကို ဖမ်းမိ
May 24, 2025

ပဲခူးမြို့က အသက် ၁၄ နှစ် အရွယ် ၇ တန်းကျောင်သားကို ပြန်ပေးဆွဲ ခြိမ်းခြောက်ငွေတောင်းပြီး ရက်ရက်စက်စက် သတ်ခဲ့သူတွေထဲကတယောက်ကို ရဲတွေက ဖမ်းမိထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မေ ၂၀ ရက်နေ့ ညနေပိုင်းက နေအိမ်ကနေ ဘောလုံးသွားကန်ဖို့သွားတဲ့ ပဲခူးမြို့၊ မဇင်းရပ်ကွက်မှာနေထိုင်တဲ့ မောင်သက်နိုင်မင်းကို လူတစုက ပြန်ပေးဆွဲခဲ့ပြီး သတ်ပစ်လိုက်တာလို့ ဖြစ်စဉ်ကိုသိသူတယောက်က DVB ကို ပြောပါတယ်။

“ကလေးပျောက်တဲ့ညမှာပဲ ဖမ်းသွားတဲ့သူတွေက မိဘတွေဆီဖုန်းဆက်တယ်။ ငွေ ၅ သိန်းပေးရင် ပြန်လွှတ်မယ်။ ဖောင်ကြီးကိုလာခဲ့လို့ ချိန်းတယ်။ ရဲတိုင်ရင်သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ မိဘတွေက ရဲကိုလည်းအကြောင်းမကြားရဲဘူး။ သားသမီးဇောနဲ့ငွေယူပြီးသွားတယ်။ ဖောင်ကြီးရောက်တော့ မတွေ့ဘူး။ နောက်ရက် ဖုန်းထပ်မဆက်ဘူး။ ၃ ရက်မြောက်မှာ ကလေးအလောင်းတွေ့တာ” လို့ ပြောပါတယ်။

မောင်သက်နိုင်မင်းအသတ်ခံရမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေထဲက တယောက်ကို ပဲခူးမြို့နယ်၊ အမှတ် ၂ နယ်မြေရဲစခန်းမှာ မေ ၂၃ ရက် ညနေက ဖမ်းမိခဲ့ပြီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“ဖမ်းသွားတဲ့သူတွေက ဆေးသမားတွေဖြစ်မယ်။ ဖုန်းဆက်ပြီး ၅ သိန်းတောင်းတယ်။ မိဘတွေက ပေးဖို့သွားတာ ရဲတွေခေါ်လာတယ်ထင်ပြီး ကလေးကို သတ်ပစ်လိုက်တာ။ ၁ ယောက်ကိုမိထားတယ်။ လက်ရှိစစ်ဆေးနေဆဲပဲ ကျန်တဲ့သူတွေက လွတ်နေတယ်” လို့ ပြောပြပါတယ်။

မောင်သက်နိုင်မင်းအသတ်ခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပြစ်မှုကျူးလွန် ၄ ယောက်မိတယ်ဆိုတဲ့ သတင်းမှားယွင်းနေပြီး ကလေးကိုလာခေါ်ဆောင်သွားသူတယောက်ကိုပဲ လက်ရှိဖမ်းမိပြီး တခြား ပြစ်မှုကျူးလွန်သူတွေက လွတ်မြောက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

မောင်သက်နိုင်မင်းရဲ့ ရုပ်အလောင်းကို မေ ၂၃ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်မှာ သင်္ဂြိုလ်ခဲ့ပါတယ်။

D-Day News Channel #မှုခင်းသတင်း #ပြန်ပေးမှု #လူသတ်မှု

အသားမည်းမည်ကို ကြောက်၍ နေရောင်အထိမခံသည့် တရုတ်အမျိုးသမီးတဦး အိပ်ပျော်နေစဉ် လှိမ့်လိုက်ရာမှ အရိုးကျိုးသွားခဲ့25 May, 2025...
25/05/2025

အသားမည်းမည်ကို ကြောက်၍ နေရောင်အထိမခံသည့် တရုတ်အမျိုးသမီးတဦး အိပ်ပျော်နေစဉ် လှိမ့်လိုက်ရာမှ အရိုးကျိုးသွားခဲ့
25 May, 2025

တရုတ်ရိုးရာတိုင်းရင်းဆေးရုံ ရှင်တိဆေးရုံ၏ အရေးပေါ်ဌာနမှ ဆရာဝန် လောင်ဆွမ်းက ပုံမှန်မဟုတ်သော အဖြစ် အပျက်ကို မေလ ၁၄ ရက်တွင် လူမှုမီဒီယာတွင် ဖော်ပြပြီးနောက် လူသိများလာခဲ့သည်။

ယင်းအဖြစ်အပျက်က တရုတ်လူမှုကွန်ရက်တွင် လူအများကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့မှ အသက် ၄၈ နှစ်အရွယ်၊ အမျိုးသမီးတဦးသည် နေရောင် ခြည်ကို ကြာရှည်စွာရှောင်ခြင်း၏ အကျိုးဆက်အဖြစ် အိပ်ရာပေါ်တွင် လူးလိမ့်ရုံမျှဖြင့် အရိုးကျိုးခဲ့ရသည်။

ယင်းအမျိုးသမီးသည် ငယ်စဉ်ကတည်းက နေရောင်ခြည်ထိတွေ့မှုကို ရှောင်ရှားခဲ့ပြီး အပြင်ထွက်ပါက အင်္ကျီ လက်တိုဝတ်ဆင်ခဲပြီး နေရောင်ခြည်ဒဏ်ကာကွယ်ဆေးကို အမြဲလိမ်းလေ့ရှိကြောင်း ဒေါက်တာ ဟောင်က ပြောကြားသည်။

အလွန်အမင်းနေရောင်ရှောင်ခြင်းအလေ့အထနှင့် ပတ်သက်၍ သူမ၏ မိသားစုက စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောဆိုဖူးခြင်း ရှိ၊ မရှိ မသိရသော်လည်း၊ သူ ဒဏ်ရာပြီးနောက် ယင်းကိစ္စသည် သက်ရောက်မှုများ ရှိလာခဲ့သည်။

ဆေးရုံတင်ပြီးနောက်တွင် သူ၏ ဗီတာမင်ဒီပမာဏသည် အလွန်နိမ့်ကျကြောင်း တွေ့ရှိရပြီး၊ အရိုးသိပ်သည်းဆများ ကျဆင်းနေပြီး၊ ပြင်းထန်အရိုးပွရောဂါကို ဖြစ်စေနိုင်သည်။

ကွမ်ကျိုးဆေးတက္ကသိုလ်၏ ပြင်ပရောဂါကုဆေးရုံမှ ကျောရိုးခွဲစိတ်ကုဆရာဝန်ကြီး ကျန်းရှောင်ပင်းက အွန်လိုင်းဗီဒီယိုတခုတွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

“နေရောင်ဒဏ်ကာကွယ်ဖို့အတွက် ခေါင်းကနေ ခြေဖျားအထိ အပြည့်ဖုံးကာထားတဲ့လူတွေကို အခုတွေ့မြင်နေရ ပါတယ်။ ဒါက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက အရိုးတွေအားလုံးဟာ ၁၀ နှစ်တ ကြိမ်ပြန်ပေါက်တတ်ပေမယ့်၊ အသက် ၃၀ နှစ်ကစပြီး၊ နှစ်စဉ် အရိုးထုက ၀ ဒသမ မှ ၁ ရာခိုင်နှုန်း အထိ ဆုံးရှုံးတတ်ပါတယ်။ ကယ်လစီယမ်စားသုံးမှုနည်းတာ၊ နေရောင်ခြည်မထိတွေ့တာ၊ ဗီတာမင်ဒီ ချို့တဲ့တာ၊ ကယ်လ်စီယမ်စုပ်ယူမှုနည်းတာ၊ ဆေးလိပ်သောက်တာနဲ့ အရက်အလွန်အကျွံသောက်တာက အရိုးကျန်းမာရေးကို ထိခိုက်စေပါတယ်။”

“ဒါက မယုံနိုင်စရာပါပဲ၊ အိပ်ရာပေါ်လှိမ်လိုက်ရုံနဲ့ သူ့အရိုးကျိုးသွားသလား” ဟု အင်တာနက်တွင် လူတယောက်က မှတ်ချက်ပြုခဲ့သည်။

SCMP မှ Chinese woman, afraid of tanning, suffers fractures from rolling over in bed အား သောမတ် ဘာသာပြန်သည်။

D-Day News Channel #တရုတ်

ဒါယိကာမကို မုဒိမ်းကျင့်တာ မရ၍ ဓားဖြင့်ခုတ်သတ်သည့် ကျောင်းထိုင်ဘုန်းကြီးကို ဖမ်းဆီးMay 25, 2025သိမ်ကျောင်းလှူထားတဲ့ ဒါယိက...
25/05/2025

ဒါယိကာမကို မုဒိမ်းကျင့်တာ မရ၍ ဓားဖြင့်ခုတ်သတ်သည့် ကျောင်းထိုင်ဘုန်းကြီးကို ဖမ်းဆီး

May 25, 2025

သိမ်ကျောင်းလှူထားတဲ့ ဒါယိကာမကို မုဒိမ်းကျင့်ဖို့ ကြိုးစားတာမှာ ထွက်ပြေးလို့ ဓားနဲ့ ၁၅ ချက် ခုတ်သတ်ခဲ့တဲ့ လှည်းကူးမြို့နယ်၊ အောင်ဘုန်းပြည့်ကျောင်းတိုက်ဆရာတော်ကို ရဲတွေက ဖမ်းဆီး စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လှည်းကူးမြို့နယ်၊ ရွှေအင်တုံကျေးရွာ၊ အောင်ဘုန်းပြည့်ဘုန်းကြီးကျောင်းမှာ သိမ်ကျောင်း လှူထားတဲ့ ဒါယိကာမကို မေ ၂၁ ရက်မနက်က ကျောင်းထိုင်ဆရာတော် ဦးသမ္မာစာရ က မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့ပြီး ဒါယိကာမက ရုန်းကန်အော်ဟစ်ထွက်ပြေးတဲ့အတွက် ဓားနဲ့ မသေမချင်း ခုတ်သတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“သိမ်ကျောင်းလှူထားတဲ့ ဒါယိကာမရဲ့ အမေက ဘုန်းကြီးကျောင်းမှာ နေတာ။ သူ့အမေ နေမကောင်းလို့ဆိုပြီး ဘုန်းကြီးက ဒါယိကာမကို အိမ်အထိ လိမ်ပြီးသွားခေါ်တာ။ ကျောင်းရောက်တော့ ကိုရင်တွေကို ဆွမ်းခံထွက်ခိုင်း၊ ကပ္ပိယကို ဆွမ်းချိုင့်သွားယူခိုင်းပြီး လူရှင်းတဲ့အချိန် အဓမ္မကျင့်ဖို့ ကြိုးစားတာ။ ဒါယိကာမက ရုန်ကန်းပြီးထွက်ပြေးလို့ ဓားနဲ့ မသေမချင်းခုတ်သတ်လိုက်တာ” လို့ ပြောပါတယ်။

ဒါယိကာမကို ခုတ်သတ်ပြီးနောက် အောင်ဘုန်းပြည့် ကျောင်းတိုက်ဆရာတော် ဦးသမ္မာစာရ ထွက်ပြေးသွားခဲ့ပြီး မေ ၂၁ ရက်ည ၇ နာရီမှာ အမြန်လမ်း ၁၅ မိုင်အနီးတောစပ်မှာ ရဲတွေက ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“အဲဒီနေ့ညကတည်းက မိတာ။ မုဒိမ်းကျင့်ဖို့ ကြိုးစားတာ မရလို့ ဓားနဲ့ခုတ်သတ်တာ မှန်ပါတယ်။ ဓားဒဏ်ရာ ၁၅ ချက်ရှိတယ်။ မျက်မြင်သက်သေအနေနဲ့ အခင်းဖြစ်ချိန် ကျောင်းမှာ ကျန်ခဲ့တဲ့ ကိုရင်တွေ ရှိတယ်။ အလောင်းကို အရင်ဆုံးစမြင်တဲ့ ကပ္ပိယလည်း ရှိတယ်။ ရဲစခန်းဘက်က စစ်ဆေးနေတုန်းပဲ” လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ အောင်ဘုန်းပြည့်ကျောင်းထိုင်တော်ဆရာတော် ဦးသမ္မာစာရ(ခ)ဦးသန်းဦး ကို လူဝတ်လဲပြီး လှည်းကူးမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

#မှုဒိမ်းဘုန်းကြီး #မှုခင်းသတင်း

လေးမျက်နှာမြို့တွင် တစ်ပတ်အတွင်းအုပ်စုလိုက်ဆိုင်ကယ်ခိုးယူမှု၂၀ ကျော်ဖြစ်ပွား၊ ကျူးလွန်သူများမှာ လွတ်ငြိမ်းဖြင့်ပြန်လွတ်သ...
15/08/2023

လေးမျက်နှာမြို့တွင် တစ်ပတ်အတွင်းအုပ်စုလိုက်ဆိုင်ကယ်ခိုးယူမှု၂၀ ကျော်ဖြစ်ပွား၊ ကျူးလွန်သူများမှာ လွတ်ငြိမ်းဖြင့်ပြန်လွတ်သူများဖြစ်နေ

Aug 15

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် သြဂုတ်လ ပထမအပတ်အတွင်း အုပ်စုလိုက်ဆိုင်ကယ် ခိုးယူမှု (၂၀)မှုထက်မနည်းဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

ခိုးယူမှု ကျုးလွန်သူများမှာလွတ်ငြိမ်းခွင့်ဖြင့်ပြန်လည်လွတ်မြောက်သူများဖြစ်ကြောင်း ရဲသတင်းအရင်းအမြစ်နှင့် ဒေသခံများထံကသိရသည်။

" ပထမအပတ်ထဲမှာ နေအိမ်ထဲကိုအုပ်စုလိုက် ဆိုင်ကယ်ခိုးခံရတဲ့​အမှုတွေလာတိုင်တာမနည်းဘူး။ တစ်ပတ်ကျော်ကို အမှု၂၀ လောက်ကိုဖြစ်နေတယ်။ လုံခြုံရေးကင်းလှည့်နေတဲ့အလစ်မှာကို ရပ်ကွက်ထဲကိုဝင်ခိုးနေကြတာ။ အခုရပ်ကွက်ကရာအိမ်မှူးတွေကိုစောင့်ကြည့်ခိုင်းထားတယ်" ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

အုပ်စုလိုက်ဆိုင်ကယ်ခိုးယူသူများမှာ ပြီးခဲ့သည့်သြဂုတ်လ ၁ ရက်နေ့၌ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်ပေးခံရသူများဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သူများမှ ဖမ်းဆီးကာရဲစခန်းသို့အပ်နှံခဲ့သော်လည်း ရဲထံ ငွေကြေးပေးကာပြန်လည်လွတ်ပေးနေကြောင်း မြို့ခံများထံကသိရသည်။

" အခုဆိုင်ကယ်သူခိုးတွေကလွတ်ငြိမ်းနဲ့ပြန်လွတ်လာတဲ့သူတွေချည်းပဲဖြစ်နေတယ်။ ရပ်ကွက်က​ဝိုင်းဖမ်းပေးပြီးရဲစခန်းကိုသွားအပ်ရင်လည်း ပိုက်ဆံပေးပြီးပြန်လွတ်လာကြတာ။ အကြောင်း မထူးဘူး။ ရာဇဝတ်နှိမ်နှင်းရမယ့် ရဲတွေကိုယ်၌က ရာဇဝတ်ကောင်တွေ ဖြစ်နေပြီ။ အဲတော့တအိမ်နဲ့တအိမ်အချင်းချင်းသတိပေးပြီးသူခိုးရန်စောင့်နေကြရတယ်" ဟု အမှတ်( ၁)ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကဆိုသည်။

လေးမျက်နှာမြို့တွင်း၌ စစ်ကောင်စီတပ်၊ရဲ၊မီးသတ်၊ပျူစောထီးအဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှညစဥ်ကင်းလှည့်လည်ဆောင်ရွက်နေသော်လည်း ပြီးခဲ့သည့်ဇူလိုင်လအတွင်း အုပ်စုဖွဲ့ဆိုင်ကယ်ခိုးယူမှု(၈၀)မှုထက်မနည်းဖြစ်ပွားခဲ့ကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်နီးစပ်သည့်ရဲသတင်းအရင်းအမြစ်ထံကသိရသည်။

#လေးမျက်နှာမြို့ #စစ်ကောင်စီတပ် #ခိုးမှု #ဆိုင်ကယ်
D-Day News Channel

Photo - CJ

13/08/2023

ဩစတေးလျသွားတော့မည်ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးလာတဲ့ ဟားငါးကောင်
#ဟားငါးကောင်း #ဩစတေးလျ

13/08/2023

အကြမ်းဖက်စကစလော်ဘီများကိုယ်တိုင် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှာ အရည်အချင်းမရှိကြောင်း ထုတ်ပြောလာရ

Video- အကြမ်းဖက်စစ်အုပ်စုသည် အရည်အချင်းမရှိကြောင်း အကြမ်းဖက်စကစလော်ဘီ ကျော်မျိုးမင်း၏ ပြောဆိုချက်

13/08/2023

ဖားကန့်မြို့နယ်၊ မနရွာအနီးရှိ လက်ကျင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ပြိုကျပြီး လူဦးရေ ၄၀ နီးပါး ပျောက်ဆုံးနေ(ရုပ်/သံ)

Aug 13

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနရွာအနီးရှိ လက်ကျင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ပြိုကျပြီး လူဦးရေ ၄၀ နီးပါး ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ မနရွာအနီးရှိ လက်ကျင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မြေစာပုံ ပြိုကျခဲ့ပြီး လူဦးရေ ၄၀ နီးပါး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

"ဖားကန့်မြို့ မနရွာအနီးက လက်ကျင်းလုပ်ကွက်မြေစာပြိုကျတယ်။ အခုအလောင်းတွေ ဖော်နေပါတယ်။ အသေ အပျောက် အားလုံးခန့်မှန်း ၄၀ ခန့်ရှိမယ်။ အလောင်းတော့ မတွေ့သေးဘူး။ ရှာနေတုန်း" ဟု ဒေသပြည်သူများကပြောဆိုသည်။

D-Day News Channel
#ဖားကန့် #ကျောက်စိမ်း #မြေစာပုံပြို

Address

Amarapura
05061

Alerts

Be the first to know and let us send you an email when D-Day News Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share