TPP News

TPP News သပြေပင်ရွာ၊

အောင်လံခရိုင်၊

မကွေးတိုင်းဒေသကြီး။
(1)

သပြေပင် 4 - 2  စမြမိုးရွာရွာ နေပူပူ ခေတ်တိုင်းရဲ့ သပြေ ညီငယ်တွေကတော့ဒီ ပုံစံအတိုင်းပါပဲဘယ်နေရာ ဘယ်နေ့ ဆိုတာနဲ့  မဖြစ်ဖြစ...
31/07/2026

သပြေပင် 4 - 2 စမြ

မိုးရွာရွာ နေပူပူ ခေတ်တိုင်းရဲ့
သပြေ ညီငယ်တွေကတော့ဒီ ပုံစံအတိုင်းပါပဲ
ဘယ်နေရာ ဘယ်နေ့ ဆိုတာနဲ့ မဖြစ်ဖြစ်အောင်ကို
သွား ကန်ပေးကြတာ။ ။

အစဉ်အလာကောင်းမှသည်၊ အစဉ်အဆက် အဖြစ်သို့ တဲ့။တတိယ အကြိမ်နှင့်အတူ ကျွန်တော် တို့ ပြန်လာခဲ့ပါဦးမယ်ဗျ။  ။ #သပြေပင်ကျောင်းသားက...
29/07/2026

အစဉ်အလာကောင်းမှသည်၊ အစဉ်အဆက် အဖြစ်သို့ တဲ့။
တတိယ အကြိမ်နှင့်အတူ
ကျွန်တော် တို့ ပြန်လာခဲ့ပါဦးမယ်ဗျ။ ။

#သပြေပင်ကျောင်းသားကျောင်းသူဟောင်းများ

ဂန္ဓ၀င်ကစားသမားဟောင်းကြီး မောင် မိုရာတာ နှင့် လူငယ်လေးများ ကတော့ ၂၀၂၆ ခုနှစ်၏သပြေပင် လူငယ့်ဖလားချံပီယံဆုကို ထိုက်ထိုက်တန...
25/07/2026

ဂန္ဓ၀င်ကစားသမားဟောင်းကြီး မောင် မိုရာတာ နှင့် လူငယ်

လေးများ ကတော့ ၂၀၂၆ ခုနှစ်၏သပြေပင် လူငယ့်ဖလား

ချံပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိခဲ့။

ယနေ့ ၂၀၂၆ ဂျူလိုင်လ ၂၄ ရက်နေ့ ညနေ သပြေပင်လူငယ်ဖလား  ဗိုလ်လုပွဲ ပွဲစဉ်၏ ပေါ်ထွက်လာမယ့် ချံပီယံလောင်းများတွက် ဂုဏ်ပြု လက်ဆ...
24/07/2026

ယနေ့ ၂၀၂၆ ဂျူလိုင်လ ၂၄ ရက်နေ့ ညနေ
သပြေပင်လူငယ်ဖလား ဗိုလ်လုပွဲ ပွဲစဉ်၏
ပေါ်ထွက်လာမယ့် ချံပီယံလောင်းများတွက်
ဂုဏ်ပြု လက်ဆောင်မွန်။ ။

12/06/2026

ကမ္ဘာ့ ဖလား ကာလ တို့ သပြေသား‌‌ေတွ

အရင်လို စုပြုံပြီး ပြန်ကြည့်ချင်လိုက်တာ

လူမစုံဘူးလို့ ပြောခဲ့ကြတဲ့အချိန်က နောက်ဆုံး အများဆုံး လူစုံခဲ့ တဲ့အချိန်ကာလ ပါပဲ။ တရွေ့တရွေ့နဲ့ တချိန်က ပတ်လည်လူစာရင်းရဲ...
29/03/2026

လူမစုံဘူးလို့ ပြောခဲ့ကြတဲ့အချိန်က
နောက်ဆုံး အများဆုံး လူစုံခဲ့ တဲ့အချိန်ကာလ ပါပဲ။

တရွေ့တရွေ့နဲ့ တချိန်က ပတ်လည်လူစာရင်းရဲ့လူငယ်
အားလုံးနီးပါးက တမြေစီ မှာပျော်သလို ဖြတ်သန်းနေကြရ။

မနားတမ်းလှည့်ပတ်နေတဲ့ နာရီလက်တံတွေရဲ့အောက်မှာ
လူငယ် ကို လူငယ် ချင်း အစားထိုး‌ နေလျက်

တချိန်က ငါတို့လူငယ်တွေ ပြန်စုံဖို့ ကောင်းပါရဲ့
အားလုံး ဖိုက်တင်း ပါဗျာ။ ။

29.3.20260 (Sun)
TPP News

ယခု ဂျာစီ နှစ်ထည် နှင့် အမှတ်တရ ပုံများ ရှိနေသေးပါကTPP News  page messenger ထံ ပို့ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည် သပြေညီကို...
05/02/2026

ယခု ဂျာစီ နှစ်ထည် နှင့် အမှတ်တရ ပုံများ ရှိနေသေးပါက

TPP News page messenger ထံ ပို့ပေးပါရန်

မေတ္တာရပ်ခံအပ်ပါသည် သပြေညီကို‌ေလးများခင်ဗျာ။

အော်..  ရိုးရာသင်္ကြန်ပွဲတော်တောင်ပြန်လည် ရောက်လာခါနီးပေမယ့်  သပြေချစ်ညီကိုတွေအိမ်ပြန်ခရီး ဝေးနေဆဲပါပဲလားဗျာ။ ။အဲ့ရက်ချိ...
04/02/2026

အော်.. ရိုးရာသင်္ကြန်ပွဲတော်တောင်
ပြန်လည် ရောက်လာခါနီးပေမယ့် သပြေချစ်ညီကိုတွေ
အိမ်ပြန်ခရီး ဝေးနေဆဲပါပဲလားဗျာ။ ။

အဲ့ရက်ချိန်ခါ ဆို သပြေလူငယ်လေးတွေ အတတ်နိုင်ဆုံး
စုပေါင်းပီး တောင်နယ်တကြော လှည့်ပတ် ပျော်ပါးခဲ့‌လေ ရဲ့၊ စားချိန်သောက်ချိန်ဆို စတုဒီသာ အိမ်တွေ ဆီပြေးလိုက်၊ ရပ်မိရပ်ဖ အိမ်တွေဆီကနေ ထမင်း၊ဟင်းလေးတွေ လိုက်တောင်း လိုက် နဲ့ စုရပ်စီပြန်လာပြီး ဝေစားမျှစားလိုက်နဲ့
ပြန်ရဖို့ ခက်ခဲလှတဲ့ အချိန်လေးတွေ လွမ်းနေကြရောပေါ့၊ သပြေ အိုလေးကလည်း အားလုံး ပြန်အလာကို မျှော်နေမယ် ထင်ပါလျက်ဗျာ၊ အမြန် ပြန်စုံနိုင်ခွင့် ရချင် လှပါပီ ရွှေညီကိုတို့ရေ။။

#သပြေပင်ရွာ
TPP News
Feb.4.2026.wed

ညီငယ်လေးတွေ လက်စွမ်းက လေးစားစရာပဲဗျာသပြေပင်မှာ ဒါမျိုးနေရာရှိတယ် ဆိုတာ ဘယ်သူက ယုံပါ့မလဲ
23/12/2025

ညီငယ်လေးတွေ လက်စွမ်းက လေးစားစရာပဲဗျာ
သပြေပင်မှာ ဒါမျိုးနေရာရှိတယ် ဆိုတာ

ဘယ်သူက ယုံပါ့မလဲ

သပြေချစ်ညီကို တို့ရဲ့ ငယ်ဘ၀ မမေ့နိုင်စရာတွေပြည့်နှက်နေတဲ့ ဒီချောင်းလေး ဟာ ယနေ့ထိပုံစံအမျိုးမျိုးနဲ့ ပြောင်း လဲ အလှဆင်လျက...
20/12/2025

သပြေချစ်ညီကို တို့ရဲ့ ငယ်ဘ၀ မမေ့နိုင်စရာတွေ
ပြည့်နှက်နေတဲ့ ဒီချောင်းလေး ဟာ ယနေ့ထိ
ပုံစံအမျိုးမျိုးနဲ့ ပြောင်း လဲ အလှဆင်လျက်
ရှိ‌ေန လျက်ပါ ။။ ။

အမိမြေသပြေပင်ရွာရဲ့ အဝေးက ရွှေညီကိုတို့အဖို့
ဒီချောင်းတော်ကြီးဟာ
အများကြီး ပြောင်းလဲသွားတာဖြစ်လို့
မှတ်မိဖို့ရာ ခက်ခဲလွန်းလှ ပေလိမ့်မယ်ဗျာ။

(ပုံရိုက်ပေးတဲ့ ညီလေး ကျေးဇူးအထူးပါ)

Address

သပြေပင်ရွာ၊အောင်လံမြို့
Aunglan

Website

Alerts

Be the first to know and let us send you an email when TPP News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share