Ayadaw Falcon Force

Ayadaw Falcon Force စစ်အာဏာရှင်စနစ် မုချ ကျရှုံးရမည်

27/02/2026
27/02/2026

စစ်မှုထမ်းဖို့ခေါ်ထားသူတွေကို လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့မီစုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေတွေ့ရတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မောင်မောင်အေးက မနေ့က နေပြည်တော်မှာ ပြောလိုက်ပါတယ်။

စစ်မှုထမ်းအသက်ထဲ အကျုံးဝင်သူတွေကို ဆင့်ခေါ်တဲ့အခါမှာ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေအနေနဲ့ ငွေကြေးဆိုင်ရာ မသမာတာတွေ မဖြစ်အောင် စိစစ်ကြပ်မတ်ဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့အတူ ဖေဖော်ဝါရီ ၂၇ ရက် သတင်းများကို ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/clyzl46gv4et ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်မှုထမ်း #အသက်မပြည့်သူနဲ့ကျော်လူသူ #ရပ်ကျေးတွေကိုကြပ်မတ်ဖို့

17/04/2023

📌 တချို့တွေ ပြန်စရာအိမ်မရှိတော့ဘူး
📌 တချို့တွေ မိသားစုမစုံတော့ဘူး
📌 တချို့တွေ ခန္တာကိုယ်မစုံတော့ဘူး
📌 တချို့ ဘဝတွေ မလွတ်လပ်တော့ဘူး

ကျတော်တို့ အနာဂတ်တွေ မရှိတော့ဘူး

မျိုးဆက်သစ်ကလေးတွေအတွက် အနာဂတ်ကောင်းဖို့ ကျတော်တို့ ဆက်လက်တိုက်ပွဲ ဝင်ကြမှရမယ် 💪💪

ကျတော်တို့ရဲ့ ညီနောင်မဟာမိတ်ရဲဘော်များနဲ့ နိုင်ငံနဲ့အဝန်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ PDF ရဲဘော်အပေါင်းတို့ Fighting 💪💪💪

” အရေးတော်ပုံ အောင်ကိုအောင်ရမည် ”





Vd-crd to original uploader

31/03/2023

မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း - ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (MonywaThe Boys ) မှ ဦးဆောင်ပြီး မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း - ၄ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force) ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ တပ်ခွဲ - ၃ Monywa Nightking PDF ၊ မုံရွာခရိုင်တပ်ရင်း - ၂၄ တပ်ခွဲ - ၄ Spring Dove ၊ သပြေညိုပြောက်ကျားတပ်ဖွဲ့ နှင့် Ayadaw Falcon Force ပူးပေါင်းပြီး ( ၃၁.၃.၂၀၂၃) ရက်နေ့ နေလည် ( ၂:၀၀ ) ပတ်၀န်းကျင်အချိန်တွင် မုံရွာမြို့ မြ၀တီရပ်ကွက်ရုံးစစ်ဆေးဂိတ်အား လက်နက်ကြီး လက်နက်ငယ်များဖြင့်အလစ်၀င် ရောက်တိုက်ခိုက်ခဲ့ပါသည်။ စစ်ကောင်စီတပ်သား ၃ဦး သုတ်သင်နိုင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ေအာင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။

"အရေးတော်ပုံ အောင်ရမည် "


အကြမ်းဖက်စစ်အာဏာရှင်အမြစ်ဖြုတ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေများ ပံ့ပိုးပေးကြသည်ကို ကျွန်တော်တို့Ayadaw Falcon ...
12/03/2023

အကြမ်းဖက်စစ်အာဏာရှင်အမြစ်ဖြုတ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေများ ပံ့ပိုးပေးကြသည်ကို ကျွန်တော်တို့Ayadaw Falcon Force(AF2)တပ်ဖွဲ့ မှ အထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။
#အရေးတော်ပုံအောင်နေပြီ

အကြမ်းဖက်စစ်အာဏာရှင်အမြစ်ဖြုတ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေများ ပံ့ပိုးပေးကြသည်ကို ကျွန်တော်တို့Ayadaw Falcon ...
12/03/2023

အကြမ်းဖက်စစ်အာဏာရှင်အမြစ်ဖြုတ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေများ ပံ့ပိုးပေးကြသည်ကို ကျွန်တော်တို့Ayadaw Falcon Force(AF2)တပ်ဖွဲ့ မှ အထူးပင်ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။
#အရေးတော်ပုံအောင်နေပြီ

28/02/2023

21.2.2023
မဟာမိတ် ပူးပေါင်း စစ်ဆင်ရေး

Internet လိုင်းများ ပြန်ရလာပါသဖြင့် ကျွန်တော်တို့အဖွဲ့မှ စစ်ဆင်ရေးသတင်းများ၊ အလှူရှင်များ လှူဒါန်းထားသော Gun များကို ပြန...
04/01/2023

Internet လိုင်းများ ပြန်ရလာပါသဖြင့် ကျွန်တော်တို့အဖွဲ့မှ စစ်ဆင်ရေးသတင်းများ၊ အလှူရှင်များ လှူဒါန်းထားသော Gun များကို ပြန်လည်တင်ပြပါတော့မယ် ဖြစ်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်

13/12/2022

မဟာမိတ် ပူးပေါင်းစစ်ဆင်ရေး

25/09/2022

စစ်ဆင်ရေး ကြေငြာချက်
ကြေငြာချက် အမှတ် ( ၁၁/၂၀၂၂) ရက်စွဲ။ 25.9.2022
21.9.2022 ရက်နေ့ နေ့လည်တွင် ၃၆၉ သစ်ကျင်းကြီး အမြှောက်တပ်အား တာဝေးပစ် Rocket များဖြင့် စမ်းသပ် ပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သော Rocket များမှာလည်း ခွေးဝပ်ကျင်းထဲသို့ တည့်တည့်ထိမှန်ခဲ့သည်။
ယခုစစ်ဆင်ရေးကို -
Ayadaw Falcon Force
သပြေညိုပြောက်ကျားတပ်ဖွဲ့
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
Ayardaw Bone Naing -PDF (A.B.N.PDF)
ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

Address

Ayadaw

Website

Alerts

Be the first to know and let us send you an email when Ayadaw Falcon Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayadaw Falcon Force:

Share