Voices Of Bagan

Voices Of Bagan အဝေးကနေ ပုဂံမြို့လေးကို လွမ်းနေရသူတယောက်ဖြစ်လို့ ပုဂံနဲ့ပတ်သတ်ရင် သိလိုရာမေးပါ ။ messenger မှ စာပို့မမေးဘဲ post တခုခုမှာ Comments နဲ့ မေးပါခင်ဗျာ ။

ဒီပုံလေးကတောင်ဘီရွာ ၊ ပုဂံမြို့ဟောင်းဝါးကျောင်း သို့ ဣသိပညဒေဝဂုရုကျောင်းတိုက်ဆွမ်းခံသံဃာတန်း အနောက်ကလိုက်ခဲ့တာအပြန်ကျ ဟင...
07/05/2026

ဒီပုံလေးက
တောင်ဘီရွာ ၊ ပုဂံမြို့ဟောင်း
ဝါးကျောင်း သို့ ဣသိပညဒေဝဂုရုကျောင်းတိုက်
ဆွမ်းခံသံဃာတန်း အနောက်ကလိုက်ခဲ့တာ

အပြန်ကျ ဟင်းပေါင်းစွန့်ပြီး
နေ့လယ်စာ စားခဲ့တယ် 😁 ။

မနက်နေထွက်ညောင်လက်ဖက်ကုန်းက ကြည့်ရင်မင်းနန်သူရွာပေါ်  နေလုံးထွက်လာတာ မြင်ရမယ်နန်းမြင့်မျှော်စင် မြင်ရမယ်မနက်နေထွက်ရင်မနာ...
04/05/2026

မနက်နေထွက်
ညောင်လက်ဖက်ကုန်းက ကြည့်ရင်
မင်းနန်သူရွာပေါ် နေလုံးထွက်လာတာ မြင်ရမယ်
နန်းမြင့်မျှော်စင် မြင်ရမယ်

မနက်နေထွက်
ရင်မနားကုန်းက ကြည့်ရင်
ရွှေစည်းခုံ ဘုရားနဲ့ ဧရာဝတီမြစ်ပေါ်
နေလုံးကြီး ထွက်လာတာ မြင်ရမယ်။

မနက်နေထွက်
စူဠာမဏိကုန်းက ကြည့်ရင်
စူဠာမဏိနဲ့ ဆွေတော်မျိုးတော်ဘုရားပေါ်
နေလုံးကြီး ထွက်လာတာမြင်ရမယ်။

မနက်နေထွက်
အနောက်အိုးထိန်းကုန်းက ကြည့်ရင်
ပြသာဒ်ကြီးဘုရားပေါ်က
နေထွက်တာ မြင်ရမယ်။

နေဝင်ချိန်ကျ
မင်းနန်သူတောင်ကုန်းက ကြည့်
မင်းနန်သူရွာအလှရယ်
တန့်ကြည့်တောင်တန်းရယ် မြင်ရမယ်

နေဝင်ချိန်
စူဠာမဏိကုန်းကကြည့်ရင်
ဓမ္မရံကြီးဘုရားပေါ် နေဝင်တာ မြင်ရမယ် ။

အကောင်းဆုံး နေဝင်ချိန်မြင်ချင်ရင်
ကျောက်မျက်မှော်ဘုရားက ကြည့်
သို့မဟုတ်
လောကနန္ဒာဘုရားအနီး
သီရိပစ္စယာရွာ မြစ်ဆိပ် သဲသောင်ခုံပေါ်ကကြည့်။

နေလုံးကြီး
တန့်ကြည်တောင်အောက်
ငုပ်လျှိုးသွားတာကို မြင်ရမယ်

အခုရေးရင်း အခုကြည့်ချင်လာပြီ။

ဆန်းကျော်စွာဝင်း

ပုဂံမှာ မိုးတွေရွာနေတယ်.....
30/04/2026

ပုဂံမှာ မိုးတွေရွာနေတယ်.....

ကဆုန်လပြည့်၊ မဟာပုဂံနှင့် ကျနော်---------------------------------------------------------ဘဝမှာ ဂုဏ်အယူရဆုံးအခိုက်တန့်ဟာပ...
30/04/2026

ကဆုန်လပြည့်၊ မဟာပုဂံနှင့် ကျနော်
---------------------------------------------------------

ဘဝမှာ ဂုဏ်အယူရဆုံးအခိုက်တန့်ဟာ
ပုဂံနဲ့ပတ်သတ်ပြီး
ကျနော့်ကိုအခိုင်းအစေလို သဘောထားတဲ့အချိန်ပဲ။
နေရေး၊စားရေး၊လည်ပတ်ရေးအတွက်
မသိတာမှန်သမျှ ကျနော့်ကိုမေးပြီဆို
ပုဂံအတွက် အခိုင်းစေလို သဘောထားပြီး
မေးလို့ရပါတယ်။

2019 ကဆုန်လပြည့်မတိုင်ခင်မှာ
ပုဂံမြို့ကတာဝန်ရှိသူတွေ
ကျနော့်ထံ ဖုန်းဆက်လာတယ်။

" ကိုဆန်းကျော်စွာဝင်း ရေ
ဒီနှစ် ပုဂံမှာ ညောင်ရေသွန်းပွဲစည်ကားမယ်
Bagan Houseက ကြီးမှူးကျင်းပပြီး
ရှေးရိုးရာဝတ်စုံတွေ အကတွေနဲ့ ညောင်ရေသွန်းမှာမို့
အဆင်ပြေရင် လာခဲ့ပါလား။
ဒီက လူငယ်တွေကိုလည်း
ပုဂံခေတ်ရဲ့ကဆုန်လ အကြောင်း
နည်းနည်းရှင်းပြပေးဖို့ ဖိတ်ခေါ်ပါတယ် " တဲ့

ကျနော့်အတွက်တော့
နှစ်ရှည်လများ ဝေးသွားတဲ့အချစ်ဦးကို
အိမ်ထောင်မကျသေးဘဲ ပြန်တွေ့တဲ့ခံစားချက်မျိုး၊
အကြွေးထိုးတဲ့ ထီလက်မှတ်က သိန်းဆုပေါက်သလို၊
အစားမလျှော့ဘဲ ပေါင် ၂၀လောက်ကျသွားတဲ့
ဝမ်းသာမှုမျိုးနဲ့ ပုဂံကို ပြေးသွားခဲ့တာပေါ့ ။

ပုဂံခေတ်နဲ့ ကဆုန်လ
---------------------------------

ကဆုန်လကို ပုဂံကျောက်စာတွေမှာ
ကုဆုန်၊ ခုဆုန် ဆိုပြီးရေးသားကြကြောင်းကို
ပြတိုက်ထဲက ပုဂံကျောက်စာအချို့မှာတွေ့ရတယ်။

ကု၊ခု ဆိုတာ ရေ
ဆုန် ဆိုတာ စီးဆင်းသည်၊ သွန်းလောင်းသည်။
ဆိုတော့ ကဆုန်ရဲ့အဓိပ္ပါယ်ဟာ
ရေသွန်းလောင်းခြင်းလို့ ဆိုပါတယ်။

ဗုဒ္ဓဘုရားရှင်သည် ကဆုန်လပြည့်နေ့မှာ
သဗ္ဗညုတရွှေဉာဏ်တော်ရပြီး ဘုရားဖြစ်ခဲ့တယ်။
ဗောဓိပင်ကိုအမှီပြုပြီး တရားအားထုတ်ခဲ့လို့
ဗုဒ္ဓဘာသာဝင်တို့က ဗောဓိပင်ကို ရေသွန်းလောင်းကုသိုလ်ပြုကြတယ်။

ကဆုန်လဟာ ရာသီဥတုအရမ်းပူပြင်းတယ်မဟုတ်လား။ ခြောက်သွေ့ခါနီး ညှိုးနေတဲ့ သစ်ပင်တွေကို
ကဆုန်လမှာ ရေလောင်းတဲ့ဓလေ့ဟာ
ပုဂံမှာ သာသနာမရောက်ခင်ထဲက ရှိခဲ့တယ်။
ပုဂံဟာ ပူပြင်းပေမယ့် ဧရာဝတီမြစ်က ရေပေါတာကိုးဗျ။ သာသနာရောက်ပြီးနောက်တော့ ဗုဒ္ဓဘုရားပွင့်ခဲ့တဲ့ အထိမ်းမှတ်အနေနဲ့ ဗောဓိညောင်ပင်ကိုပဲ ရေသွန်းလောင်းခဲ့ကြတယ်။

ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ကို
ပရိဘောဂစေတီအဖြစ် မှတ်ယူကြပြီး
ဗောဓိပင်ရေလောင်းရင်
သာသနာ စိုပြည်စိမ်းလန်းရှင်သန်မယ်လို့ အယူဆထားခဲ့ကြတယ်။

ပုံမှန်အားဖြင့်တော့ ယွန်းတက္ကသိုလ်နားက
မဟာဗောဓိစေတီမှာ ညောင်ရေသွန်းရမှာဖြစ်ပါတယ်။
သို့ပေမဲ့ ဗောဓိညောင်ပင်ရှိပြီး ဘုရားနယ်မြေကျယ်ပြန့်တဲ့ အာနန္ဒာဘုရားမှာပဲ အများအားဖြင့် ကျင်းပကြတယ်။

ကျနော့်အတွေးခေါ်အရ သဗ္ဗညုဘုရားကြီးမှာဆို
သဗ္ဗေညုတရတဲ့ အထိမ်းမှတ် ညောင်ရေသွန်းပွဲဟာ
ပို လိုက်ဖက်မယ်လို့ တွေးမိခဲ့တယ်။ ပုဂံနဲ့ပတ်သတ်ရင်
ကျနော့်အတွေးက တခါတလေ အဲလိုပဲ။

ကဆုန်လပြည့် ဗုဒ္ဓနေ့
-----------------------------------

ကဆုန်လပြည့်ဟာ
ဗျာ၊ ဖွား၊ ပွင့်၊ စံ နေ့ထူးတွေ ဖြစ်ပါတယ်။

ဗျာ။ ။ကဆုန်လပြည့်နေ့မှာ ဂေါတမဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ကိုခံယူတော်မူတယ်။

ဖွား။ ။ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓ ဖွားမြင်တော်မူတယ်။

ပွင့်။ ။ ကဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူတယ်။

စံ။ ။ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူတယ်။

အဲတာကြောင့် ဗုဒ္ဓဘာသာဝင်တို့အတွက်
ဗုဒ္ဓနဲ့ဆိုင်တဲ့ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ပြီး
ကမ္ဘာလုံးဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့တယ်။ လူအချို့အမှတ်မှားနေတာ ခရစ္စယာန်ဘာသာနှင့် မွတ်ဆလင်ဘာသာဝင်၊ ဂေါ်ရခါး၊ဟိန္နူဘာသာဝင်တို့နှင့်
သက်ဆိုင်သောရုံးပိတ်ရက်များရှိပြီး ဗုဒ္ဓနှင့်ဆိုင်သော
ကမ္ဘာ့ရုံးပိတ်ရက်မရှိဘူးထင်နေကြတယ်။
ကဆုန်လပြည့်ဟာ တကမ္ဘာလုံးရုံးပိတ်ရက်ဖြစ်ပါတယ်။

2019 ခုနှစ် ပုဂံညောင်ရေသွန်းပွဲ
-----------------------------------------------------

ကဆုန်လပြည့်နေ့ မနက် ၈နာရီမှာ
အနုပညာနဲ့အခမ်းနား အသေးစိတ်ပြင်ဆင်ကြတယ်။
Bagan Houseမှ စတင်ထွက်ခွာပြီး
ပုဂံသရပါတံခါး( မင်္ဂလာတံခါး)မှတဆင့်
အာနန္ဒာဘုရားဗောဓိညောင်ပင်သို့ လှည့်လည်ကြတယ်။

ကျနော့် ကျောင်းအမများ
ပုဂံတဘက်ပဝါကို မြင်ဖူးပါသလား။
ယွန်းအစ်၊ယွန်းအုပ်မှာ ဆွဲသလိုမျိုး
သားရိုးပန်းအတတ်ပညာနဲ့ အနုစိတ်ဖန်တီးပြီးမှ
သစ်စေးသုတ်ထားတဲ့ ပုဂံတဘက်ပဝါလေးတွေ
အတော်လှပါတယ် ။

ယွန်းပန်းစည်းတွေ ပူဇော်ကိုင်ဆောင်ထားတဲ့
ပုဂံမြို့သူလေးတွေရဲ့ အလှ၊
ပုဂံခေတ် ပညာရှိ ပုဏ္ဏားဟူးရားပုံစံ
ဝတ်ဆင်ထားတဲ့ ပုဂံမြို့သားများရဲ့ ခန့်ညားမှု။

ဦးရွှေရိုးနဲ့ဒေါ် မိုးအက၊ ဒိုးပတ်အဖွဲ့ရဲ့မြိုင်ဆိုင်မှုနဲ့
ပုဂံ ကဆုန်ညောင်ရေသွန်းပွဲဟာ
အနုပညာအပြည့်၊ ကြည်ညိုစိတ်ထားအပြည့်နဲ့
လှလှပပ အောင်မြင်ခဲ့တယ်။

ကဆုန်လပြည့်လမင်းကြီးကို
ပန်းမြိုင်လယ်က လမင်းကြီး (Full Flower Moon)လို့
တင်စားချင်တယ်။ နွေပန်းတွေ ဝေဝေဆာဆာ ပွင့်ဖူးချိန်မှာတွေ့ရတဲ့ လမင်းကြီးလို့ အဓိပ္ပါယ်ရပါတယ်။

ကဆုန်လပြည့် ညောင်ရေသွန်း နေ့မှစ
ကမ္ဘာကြီးရော မြန်မာပြည်ပါ
မြန်မြန် အေးချမ်းပါစေခင်ဗျာ ။

ဆန်းကျော်စွာဝင်း
Credit Sann KyawSwar Winn

ကျမ်းကိုး ; ပုဂံကျောက်စာများ အတွဲ ၁
ဗုဒ္ဓနေ့ထူးနေ့မြတ်များ ဝီကီ

( စကားမစပ်
ယခုပုံပါ ဘုရားစုတည်နေရာကို
မိတ်ဆွေထင်တဲ့နာမည် ပြောခဲ့ပေးပါခင်ဗျာ )

ဆုတောင်း-----------------ဓမ္မက အဓမ္မကိုဂတိက အဂတိကိုသုဘက အသုဘကို နိုင်ပါစေဗုဒ္ဓရဲ့  မေတ္တာတရားဖြင့်ယေရှု နှုတ်ကပတ်တော်အား...
17/04/2026

ဆုတောင်း
-----------------

ဓမ္မက အဓမ္မကို
ဂတိက အဂတိကို
သုဘက အသုဘကို နိုင်ပါစေ

ဗုဒ္ဓရဲ့ မေတ္တာတရားဖြင့်
ယေရှု နှုတ်ကပတ်တော်အားဖြင့်
အလာရှင် ကြီးမြတ်မှုအားဖြင့်
ဟိန္ဒူတို့ရဲ့ သျှန္တိတရားဖြင့်

ကမ္ဘာပေါ် ရှင်သန်သမျှ သက်ရှိမျိုးစိတ်အားလုံး
ဆန်ရေဆီစပါး ပေါကြွယ်ပါစေ
အနာမှန်သမျှ ဆေးတွေ့ပါစေ
ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ
နာကျင်မှုတွေ ပျောက်ကင်းပါစေ
ကပ်ဘေးမှန်သမျှ ဝေးပါစေ
ကမ္ဘာနဲ့အဝန်း ကြုံတွေ့နေတဲ့
ဘေးဒုက္ခမှ လွတ်မြောက်ပါစေ

ရှစ်ခွင်တိုင်း မေတ္တာလှိုင်း မှိုင်းရီပါစေ ။

ဆန်းကျော်စွာဝင်း

ဧကရာဇ်ပန်းတွေပွင့်တဲ့ဆောင်းဝင်ခါစ ပုဂံမနက်ခင်း‌တွေမြစေတီမှာလိမ်းခဲ့တဲ့ သနပ်ခါးရနံ့လေး ရွှေကွန်ခြာဘုရားထိ မွှေးနေတုန်းပဲလ...
05/04/2026

ဧကရာဇ်ပန်းတွေပွင့်တဲ့
ဆောင်းဝင်ခါစ ပုဂံမနက်ခင်း‌တွေ
မြစေတီမှာလိမ်းခဲ့တဲ့ သနပ်ခါးရနံ့လေး
ရွှေကွန်ခြာဘုရားထိ မွှေးနေတုန်းပဲ
လွန်ခဲ့တဲ့ ငါးနှစ်
အရှေ့အိုးထိန်းကုန်းပေါ်က ညနေခင်းတွေကစပြီး
အခု အလိိုတော်ပြည့်ကုန်းနေဝင်ချိန်တွေအထိ
သံယောစဥ်တွေ လတ်ဆတ်နေတုန်းပဲ...❤️

‌ဒီပုံလေးကတော့
စူဠာမဏိကုန်းပေါ်ကနေရိုက်ထားတာပါ ❤️ 📸



#ပုဂံ

ပျော်ရွှင်မှုက လွဲလို့ ကိုယ်တို့ တခြား ဘာအကြောင်း ပြောမလဲ။ ဒီနေ့နဲ့မနက်ဖြန်ဟာ အတူတူပဲ ဆိုရင်ကော။ ကမ္ဘာကြီးက လှတယ်လို့ တစ...
01/04/2026

ပျော်ရွှင်မှုက လွဲလို့
ကိုယ်တို့ တခြား ဘာအကြောင်း ပြောမလဲ။
ဒီနေ့နဲ့မနက်ဖြန်ဟာ အတူတူပဲ ဆိုရင်ကော။
ကမ္ဘာကြီးက လှတယ်လို့
တစ်စုံတစ်ယောက်က ဆိုခဲ့ရင်လည်း
သူ့ကို ကိုယ် ဦးညွှတ်မိမှာ အမှန်ပါပဲ။

#အောင်ခင်မြင့်



#ပုဂံ
#ရင်မနားကုန်း

Address

Pom Prap Sattru Phai
Bagan
10100

Website

Alerts

Be the first to know and let us send you an email when Voices Of Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share