23/09/2024
2!9ရတနာဆိုင်မှ ခေါင်းပုံဖြ-တ်ခံနေရသော
နင်းပြားဘ၀ အိမ်နေ၀န်ထမ်းများ
နစ်နာခဲ့တဲ့ ၀န်ထမ်းဟောင်းတွေ ဦးစားပေးအပြောဆုံးက
အိမ်နေ ၊ အိမ်စား ၀န်ထမ်းတွေအကြောင်းပါ..
နေစားငြိမ်း၀န်ထမ်းကို 2!9ရတနာဆိုင်မှာ
အိမ်နေ၀န်ထမ်းလို့ ခေါ်ပါတယ်..
ရန်ကုန်မြို့ကို တစ်ခါမှမရောက်ဖူးတဲ့ အ
ညာဘက် ရွာတွေက အသက် ၁၄နှစ် မှ
အသက်၂၀ ၀န်းကျင် လူငယ်တွေ အများဆုံးပါပဲ..
၀န်ထမ်း ၇၀၀ မှာ အိမ်နေ၀န်ထမ်း ၁၀၀ ၀န်းကျင်ရှိပြီး
ကျန်တဲ့ ၆၀၀ ကလဲ နယ်အသီးသီးက ခေါ်ထားတဲ့
၂၀ ၀န်းကျင် လူငယ်တွေပါပဲ..
အရည်အချင်းလိုတဲ့ Professional အလုပ်
( Accountant, Content Writer, IT စဖြင့် ) တွေကိုပဲ
ရန်ကုန်လူတွေကို ခေါ်ယူတတ်ပါတယ်.. Live-Sale,
Sale ပညာသင်အားလုံး နယ်ကလူငယ်တွေကိုပဲ
ပစ်မှတ်ထား ခေါ်ယူတယ်..
--------------------------------------
အိမ်နေ၀န်ထမ်းတွေ 2!9ရတနာကို ရောက်လာတဲ့
အကြောင်းအရင်း 👈
HRတွေ ၊ နှစ်ကြာ၀န်ထမ်းတွေ နယ်ကို
ပြန်တဲ့အချိန်မှာ ရွာက လူငယ်တွေကို
"ရန်ကုန်မြို့ကြီးမှာ အလုပ်ရမယ် ၊ ရွှေပညာသင်ရမယ် ဆိုပြီး
မက်လုံးပေးခေါ်တယ်.. စိတ်၀င်စားသူတွေကို
ရွာမှာပဲ တစ်ခါတည်း စာချုပ်ချုပ်ခိုင်းပြီး ပညာသင်အဖြစ်
အလုပ်လုပ်ခွင့်အတွက် စပေါ် ၃သိန်းသွင်းရပါတယ်..
၂နှစ်-၅နှစ် စာချုပ်တွေကို ချုပ်ရပြီး
စပေါ်ကို နှစ်ပြည့်ရင် ပြန်ပေးမယ်ဆိုပြီး ချုပ်ပါတယ်..
(နှစ်ပြည့်တဲ့၀န်ထမ်းလဲ စပေါ်ပြန်ရဖို့
အကြွေးသွားတောင်းရသလို အလီလီတောင်းရတာကိုလဲ)
ဖော်ပြပါမယ်..
29ဆိုင်ခွဲတွေ ရှိတဲ့ ရန်ကုန် ရောက်လာရင်
ဘာတွေဆက် ဖြစ်မယ်ဆိုတာ သူတို့ မသိပါဘူး..
စပေါ်ငွေ ကို ၃နှစ်စာချုပ်ချုပ်ထားပြီး ၃နှစ်ပြည့်မှ
ပြန်ပေးမှာပါ.. လစာက ၃သောင်းကနေ ၁သိန်း
အထိ ရှိပါတယ်.. အများစုက ၃သောင်းပါ..
-------------------------------------
ထောင်နဲ့တူတဲ့ ၀န်ထမ်းနေထိုင်ရေး👈
အိမ်နေ၀န်ထမ်းတွေက ဆိုင်ခွဲမှာ နေရပါတယ်..
အလုပ်ချိန် ၈နာရီ ၊ ၈နာရီခွဲစရပြီး ည ၇နာရီသိမ်းပါတယ်..
တစ်ပတ်ကို နားရက်တစ်ရက် ရပါတယ်..
သန့်ရှင်းရေး၀န်ထမ်းမရှိ ၊ ရှိလဲ တာရှည်မခံ ၊
အိမ်ဖော်လဲ မရှိပါဘူး.. ကလေးတွေသင်ပြဖို့
တီချယ် အိ နဲ့ အဖွားဖြစ်သူရဲ့အ၀တ်အစားနဲ့
ေ၀ယျာ၀◌ိစ္စအတွက် ၁၅နှစ်အရွယ်ကလေးမလေး
တစ်ယောက်ပဲ ရှိပါတယ်..
အိမ်နေ၀န်ထမ်းတွေက ဆိုင်အလုပ်အပြင်
အိမ်ကိစ္စ အကုန်လုပ်ရပါတယ်.. ဟင်းချက်ပြုတ် ၊
ခုံသယ်ထမ်း ၊ ရေသန့်ဘူးသယ် ၊ အမှိုက်ရှင်း ၊
အိမ်သာဆေး ၊ လျှော်ဖွတ်အကုန်လုပ်ရပါတယ်..
ဆိုင်ပိုင်ရှင်လင်မယားကို ထမင်းဟင်းချက်ကျွေးရတာ ၊
ခူးခပ်ပေးရတာ အ၀တ်လျှော်ပေးရတာတွေလဲရှိသလို
အမျိုးတွေဖြစ်တဲ့ ဆိုင်ရှင်အမ ၊ အမေ၊ ညီမ၀မ်းကွဲ ၊
ကွယ်လွန်သွားပြီဖြစ်တဲ့ မောင်ရဲ့မိန်းမ ၊ ရေစကြိုက
လာလည်ကြတဲ့ အမျိုးတွေ ကိစ္စပါ အကုန်လုပ်ပေးရပါတယ်..
(အတွင်းခံက အစ လျှော်ခိုင်းတယ်)
(ဒီကိစ္စက မှန်ကန်ပါတယ်)
ဆိုင်ရဲ့ ထိပ်ပိုင်းက M.D အိအိဖြိုး အပါအ၀င်
အမျိုးတွေရဲ့အိမ်နေကိစ္စအ၀၀ တောက်တိုမယ်ရ
အကုန် လုပ်ပေးရတယ်လို့ဆိုပါတယ်..
တစ်ပတ်တစ်ရက် နားရက်ရှိပေမဲ့
အဲဒီနားရက်မှာ အလုပ်နားရက်ဖြစ်ပြီး
အိမ်အလုပ် မနားရပါဘူး..
တစ်ပတ်စာ အားလုံးစားဖို့ အသားငါးကိုင်ရ
အသီးအရွက်ရွင်ရ အားလုံး မိန်းကလေးတွေ လုပ်ပေးရပါတယ်..
ယောကျ်ားလေးတွေက ရေသန့်ဘူးသယ်တာ ၊
ခုံသယ်ရွေ့ခိုင်းတာ ၊ သန့်ရှင်းရေးလုပ်ခိုင်းတာ ၊
ခိုင်းပါတယ်..
နေ့ခင်း ၂နာရီလောက်မှသာ တစ်ဖြတ် နားရတာဖြစ်ပြီး
သာမန်၀န်ထမ်းတွေလို နားရက်မှာ
အပြည့်နားရတာမဟုတ်ပါဘူး..
အိမ်ကိစ္စတွေ လုပ်နေစဥ်မှာ ဆိုင်ရှင်မိန်းမ နဲ့ အေးသက်မွန် ဆိုသူက
အော်ဟစ် ဆဲဆိုနေတတ်ပြီး ၄င်းတို့ စိတ်တိုင်းမကျတိုင်း
အိမ်နေကလေးတွေကို ဗိုက်ခေါက်ဆွဲလိမ်ခြင်း ၊ ခေါင်းခေါက်ခြင်း ၊
ဆံပင်ဆွဲ ထုရိုက်ခြင်း ၊ ကုတ်ခြစ်ခြင်း ၊ မီးညှပ်နဲ့ ခေါင်းခေါက်ခြင်း
ကိုယ်ထိလက်ရောက် နှိပ်စက်တာတွေရှိပါတယ်..
စည်းကမ်းဖောက်ဖျက်တာတွေ့ရင် ပရိုဂျက်တာနဲ့ထိုးပြီး
အားလုံးစီတန်း အရှက်ခွဲပါတယ်..
အိမ်နေ၀န်ထမ်းတွေကို အဖွဲ့ခေါင်းဆောင်တွေက
အုပ်ချုပ်ပြီး သန့်ရှင်းရေးအဖွဲ့ ၊ အထုပ်စောင့်အဖွဲ့ ၊
Live Sale အဖွဲ့ဆိုပြီး ခွဲထားပါတယ်..
အိပ်တဲ့နေရာတစ်ခန်း ၊ ၀န်ထမ်းပိုင်းအထုပ်အပိုး
ထားရတဲ့နေရာတစ်ခန်း ဒီလိုခွဲထားတာပါ..
ပြင်းထန်တဲ့ ဒဏ်ကြေးတွေ တပ်လေ့ရှိတယ်..
Fine က (အိမ်နေ Fine) နဲ့ (ဆိုင် Fine) ဆိုပြီး
နှစ်မျိုးကောက်ပါတယ်.. အိပ်ရာထနောက်ကျရင်တောင်
ဖိုင်းတပ်ပြီးသားပါ..
Fine ဆိုတာလဲ သူတို့ပါးစပ်ထဲသာရှိပြီး လိုသတစ်မျိုး
မလိုတစ်မျိုး ကျင့်သုံးပါတယ်..
ရတဲ့ လစာ က သုံးသောင်း ၊ Fine က တစ်သိန်း
ဖြစ်နေလို့ မျက်ရည်ပေါက်ကြီးငယ်ကျရတဲ့
၀န်ထမ်းကလေးမလေး တွေ တောက်တခေါက်ခေါက်နဲ့
စိတ်ဓာတ်ကျနေတဲ့ ၀န်ထမ်းယောကျ်ားလေးတွေ
ရှိပါတယ်..
"မခံနိုင်တော့ဘူး ထွက်တော့မယ် ..
နယ်ပြန်ပါရစေ" ပြောရင် HR ဆိုသူက
(အောက်မှာ စာရွက်စာတမ်းတွင် ပါသူ)
အိမ်နေ၀န်ထမ်းတွေက ထွက်ချင်ရင်
(အပ်နှံစပေါ် ၃သိန်း (အရှုံး) + တစ်လ တစ်သိန်းခွဲ )
ပေးရမယ်.. နေခဲ့တဲ့လအလိုက် အလျော်တောင်းပါတယ်..
တစ်လနေဖူးရင် တစ်သိန်းခွဲ ၊ နှစ်လနေရင် သုံးသိန်း
လနဲ့တွက်ပြီး ပေါင်းယူတာပါ..
ဒါကြောင့် ၃ - ၄လ နေဖူးတဲ့ ယောကျ်ားမိန်းကလေး
လျော်ကြေးတွေ ၄သိန်း ၊ ၆သိန်း ၊ ၉သိန်း
ဖြစ်ကုန်တာပါ..
မပေးရင် မထွက်ရပါဘူး.. မထွက်ရဘူးဆိုတာ
ဘယ်လိုမျိုး နေထိုင်ရလဲ တစ်ချက်ကြည့်လိုက်ပါ..
မတတ်သာတဲ့အဆုံး ထွက်ပြေးတဲ့၀န်ထမ်းတွေကို
ဥပဒေကြောင်းအရ သုံးနှုန်းပြီး ဘယ်လိုခြိမ်းခြောက်
ေခေါ်ယူလဲ အောက်က စာရွက်မှာ ကြည့်ပါ..
(ပညာသင်တွေဟာ မရှိမဖြစ် သိပ်အရေးကြီးလှတဲ့သူတွေ
မဟုတ်ပါဘူး.. အိမ်အထိ ခြိမ်းခြောက်လာတာကြောင့်
မိဘမှတ်ပုံတင်တွေ အပ်ပြီး ရန်ကုန်ပြန်လာခဲ့ရသူတွေ
ရှိပါတယ်.. )
လူတစ်ယောက်ရဲ့ လုပ်အားကို ညှစ်ယူနိုင်သမျှ
ယူမယ်ဆိုတဲ့သူမျိုး အခုမှ တွေ့ဖူးတာ
အိမ်နေ၀န်ထမ်းအဖြစ် ၂နှစ် ၊ ၂နှစ်ခွဲ ၊ ၃နှစ်နီးပါးလုပ်တဲ့
သူတွေ ပြောပါတယ်.. သူတို့ ဆိုင်ပြင်ပကို ၃-၄ကြိမ်ပဲ
ရောက်ဖူးပါတယ်.. အပြင်က လာခေါ်မှ
သွားတတ်လာတတ်ပါတယ်တဲ့
ကိုယ်နေတဲ့ မြို့နယ်မှာ ဘာရှိလဲမသိပါဘူးတဲ့
အပြင်ထွက်ရင် အဆင့်ဆင့် လက်မှတ်နဲ့
ခွင့်ပြုချက်တောင်းရတယ်ဆိုတာ မှန်ပါတယ်..
တစ်ခါအပြင်ထွက်ရင် သူတို့ခွင့်ပြုသလောက်
၂နာရီ ၊ ၃နာရီပဲ နေခွင့်ရှိတယ်..
၀န်ထမ်းတွေက အဲ့နှစ်တွေမှာ တစ်နှစ်လုံးနီးပါး
ဆိုင်ထဲမှာပဲနေရတယ်.. မိုးလင်းမိုးချုပ် သူတို့ဘ၀က
အဲဒီထဲမှာပါပဲ .. ဆိုင်ပိတ်ချိန် ၇နာရီရောက်လဲ
ဆိုင်တံခါးကို အတွင်းက ပိတ်ချလိုက်ပြီမို့
လေညှင်းခံထွက်တာတို့ ၊ ကော်ဖီထွက်သောက်တာတို့ ၊
လမ်းလျှောက်ထွက်တာတို့ မရှိပါဘူး..
ဆိုင်ထဲမှာ နှစ်ပေါက်အောင် နေရတဲ့ ခံစားချက်ကို
ကြည့်ပါဗျာ..
အဲလိုနေထိုင်ရတာကြောင့် မွန်းကျပ်လွန်းလို့
တိုက်ပေါ်က ခုန်ချသွားတဲ့ ၀န်ထမ်း
ယောကျ်ားလေးတစ်ယောက်ရှိတယ်..
ညသန်းခေါင်လူအိပ်ချိန်မှာ ၂လွှာကနေ တိုက်နဲ့ကပ်ရက်
ဘေးလမ်းထဲကို ခုန်ချသွားခဲ့ဖူးပါတယ်..
ခုန်ချတာကိုပဲ ၀န်ထမ်းတွေ သိလိုက်ပြီး
ကျန်တဲ့နောက်ဆက်တွဲ အဲဒီ၀န်ထမ်းကိစ္စ ဆက်မသိရတော့ပါ..
ကောင်လေးနာမည်က ဖြိုးသုစံ ပါ..
ကောင်လေးခုန်ချပြီးကတည်းက သံပန်းတွေစတပ်ပါတော့တယ်..
"2!9ရတနာဆိုင်က ၀န်ထမ်းတွေ ဆူဆိုက်လုပ်မှာကို
တအားကြောက်ပါတယ်.. ဖြစ်လာမဲ့ နောက်ဆက်တွဲကို
သူတို့သိတယ်.. စိတ်လွတ်သွားတဲ့ ၀န်ထမ်းတွေ ၊ ဆူဆိုက်
လုပ်တော့မဲ့ ၀န်ထမ်းနဲ့ မိဘတွေ ရှိခဲ့တယ်.. ရှေနေက
ကာပြောပေးလို့ HR နဲ့ Admin , M.D တွေ လန့်သွားပြီး
လျှော်ကြေး ဘောနပ် သိန်းဆယ်ချီ မပေးရတော့ပဲ
လွတ်မြောက်ခဲ့တာ ရှိပါတယ်..
ဒါကြောင့်လဲ "၀န်ထမ်းတွေ စိတ်လွတ်သွားပြီ..
သူတို့အတွက် အသုံးမ၀င်တော့ဘူး"ဆိုမှ
လက်လျှော့ပေးတာပါ..
တစ်ချိန်တည်း ရှင်းပါရစေ..
ဆိုင်ပိုင်ရှင် ရှင်းတဲ့ "၀န်ထမ်းတွေ တန်းစီတဲ့ဗီဒီယိုပုံက
ဆိုင်ခွဲတစ်ခုက အိမ်နေ၀န်ထမ်းနှစ်ဦးထွက်ပြေးတာကြောင့်
အိမ်နေ၀န်ထမ်းအကုန် မတ်တပ်ရပ်ခိုင်းပြီး နာရီနဲ့ချီ
စစ်ဆေးနေတာပါ..
--------------------------------
လူအခွင့်အရေးချိုးဖောက်တဲ့ CCTV စောင့်ကြည့်ရေး.. 👈
တခြားရွှေဆိုင်တွေလို CCTV တွေကို ဆိုင်ပရ၀ဏ်မှာပဲ
တပ်ထားတာမဟုတ်ပဲ..ဆိုင်နေရာအားလုံး ၊
အိမ်နေအခန်းအားလုံး ၊ ချောင်ကြိုချောင်ကြားမကျန်
အမျိုးသမီး၀န်ထမ်းအိပ်ခန်းတွေအထိ တပ်ထားတာပါ..
အိပ်သာထဲမှာ ခန္ဓာကိုယ်အပေါ်ပိုင်းထိ မြင်ရအောင်
တပ်ဖို့ ကိစ္စမှာ ၀န်ထမ်းတွေ ပွတ်လောရိုက်ကုန်တာကြောင့်
မတပ်ဖြစ်တော့ပါဘူး.. အိမ်သာနဲ့ ရေချိုးခန်းထဲမှာသာ
လွဲပြီး နေရာလပ်မရှိ CCTV တွေ တပ်ထားပါတယ်..
အိပ်သာထဲမှာ မတပ်ရတော့တာကြောင့်
အိမ်သာလျှောက်လမ်းမှာ CCTV ရှိလာပါတယ်..
၀န်ထမ်းအမျိုးသမီးအိပ်ခန်းတွေမှာ CCTV
တပ်ထားကြောင်း အသိပေးထားပေမဲ့ ၀န်ထမ်းတွေကိုယ်တိုင်
အိပ်စက်အနားယူတာ ၊ အ၀တ်အစား၀တ်ဆင်ရတာ
မလွတ်လပ်တော့ပါဘူး.. ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ..
CCTV မော်နီတာတွေကို ပန်းထိမ်ခန်းနားမှာ ထားပြီး
စောင့်ကြည့်နေတဲ့သူတွေ ယောကျ်ားသားတွေပါ..
CCTV မြင်ကွင်းရှင်းဖို့အတွက် ၂၄နာရီလင်းထိန်အောင်
ထွန်းခိုင်းထားပြီး မီးပိတ်ခွင့်မရှိ အိပ်စက်ရပါတယ်..
ဒီလို Privacy ချိုးဖောက်ခံရပေမဲ့ လုံး၀(တောင်းဆို)
ပြန်ပြောခွင့်မရှိပါ..
ယောကျ်ားလေး၀န်ထမ်းတွေက Customer တွေ
လာတဲ့ခြေနင်းဖတ်တောမှာ အိပ်ရတယ်ဆိုတာလဲ
မှန်ပါတယ်.. သန့်ရှင်းရေး၀◌န်ထမ်းတွေကလဲ
ကြာရှည်မခံတဲ့အတွက် မရှိတာကြောင့် ခြေဆီနံတထောင်းထောင်း
ကြားမှာ အိပ်ရပါတယ်.. Customer တွေက တစ်နေ့လုံး
လာတာကြောင့် တစ်ညအိပ်စက်ဖို့
ဘယ်လိုမှ အနံ့ပျောက်အောင် မရှင်းနိုင်တော့ပါဘူး..
(ဗီဒီယိုထဲမှာ ခုံပျောက်သွားတဲ့နေရာတွေပါ)
ဒီအတိုင်းပဲ အိပ်ခိုင်းပါတယ်..
အိမ်နေ၀န်ထမ်းတွေ လူလူသူသူအိပ်ရဖို့
အခန်းလုံလောက်အောင် မစီစဥ်ပေးပဲ
showroom ခြေနင်းဖတ်တောမှာ ထားတာ မှန်ပါတယ်..
အိမ်ပြန်အိပ်ခွင့်မပေးပဲ ရုံးမှာ အိပ်ခိုင်းတဲ့ ၀န်ထမ်းတွေကိုလဲ
အဲဒီနေရာမှာပဲ အိပ်ရတယ်ဆိုတာ မှန်ပါတယ်..
---------------------------------------
ဖုန်းထိန်းချုပ်ရေးနဲ့ Views များဖို့ Reach တက်ဖို့ 👈
တချို့ဆိုင်ခွဲတွေမှာ ဖုန်းနံပါတ်နောက်ကျောမှာ pasword
ရေးခိုင်းထားတယ်လို့လဲ ကြားပါတယ်..
သေချာပြောနိုင်တဲ့သူ ကိုယ်တွေ့ကြုံရတဲ့နစ်နာသူ
၀န်ထမ်းပြောပြတာက
၀န်ထမ်းတွေရဲ့ ဖုန်းတွေကို password မထည့်ခိုင်းထားပါဘူး..
အလွတ်ထားခိုင်းထားပြီး Facebook , Viber , Tik Tok
အားလုံး ၊ Chat အားလုံး၊ ဓာတ်ပုံအားလုံး ကို
အချိန်မရွေး ၀င်ကြည့်တယ်.. မိသားစုနဲ့ ပြောဆိုတာတွေ ၊
သမီးရည်းစား ရှိမရှိ ၊ ရှိရင် ၀န်ထမ်းထဲက ဟုတ်မဟုတ် ၊
ပြိုင်ဘက်ရတနာဆိုင်တွေနဲ့ ဆက်စပ်မှုရှိမရှိ အကုန်လှန်စစ်တယ်..
၀န်ထမ်းတွေမှာ ဘာ privacy မှ မရှိရပါဘူးတဲ့..
၀န်ထမ်းရာကျော်ရဲ့ ဖုန်းတွေကိုလဲ Reach တက်ဖို့
အသုံးချပါတယ်.. Live လွှင့်တဲ့အခါ Views တက်ဖို့အတွက်
အဲဒီ၀န်ထမ်းတွေရဲ့ ဖုန်းနဲ့ပဲ အကောင့်တုတွေ ဖွင့်ပေးရတယ် ..
Like ပေးတာ ၊ ကွန့်မန်းပေးတာတွေ လုပ်ခိုင်းပါတယ်..
မလုပ်မနေရပါ.. 29ရတနာဆိုင် Live ပို့စ်အောက်မှာ
"ကောင်းပါတယ် ၊ ယုံပါတယ် ၊ အားပေးနေပါမယ်"
ပြောနေတဲ့အကောင့်တွေအကုန်လုံးက သူတို့လက်ချက်တွေပါ..
တော်ရုံ မသိတဲ့ နယ်က လူတွေ အလိမ်ခံရပါလိမ့်မယ်..
ဒီနည်းနဲ့ အလိမ်ခံနေရတာ အခုမှ သိတဲ့သူတွေလဲ ရှိမယ်..
၀န်ထမ်း ၇၀၀ ကျော်ကို ဒီလိုလုပ်ခိုင်းရင် အခုရနေတဲ့
ရီအက်နဲ့ ကွန်မန်းက မဆန်းတော့တာ ရိပ်မိနိုင်ပါပြီ..
ဘာမှမရှိတဲ့ Top Fan အကောင့်တွေနဲ့
မဲထပေါက်တာ ဘယ်သူတွေလဲ
ဆက်စပ်စဥ်းစားမိနိုင်မယ်ထင်ပါတယ်..
၀န်ထမ်းတွေခိုင်းတာ အားမရရင် ၀န်ထမ်းဖုန်းကို
ယူပြီး သူတို့ကိုယ်တိုင် ၀င်လုပ်ပါတယ်..
ဒါ အမှန်တွေပါ..
ဒီလိုလုပ်နေတယ်ဆိုတာ သိနိုင်ကြပါစေ..
ကျွန်တော်တို့ မြင်နေရတဲ့
Like တွေ မန့်တွေက ဒီလိုဖြစ်လာတာပါ..
သတ်မှတ်ချိန်နာရီ အနည်းငယ်ပဲ
ဖုန်းကိုင်ရတယ်ဆိုတာ မှန်ပါတယ်.. အလုပ်ချိန်မှာ
ဖုန်းတွေကို အပ်ထားရတာ ပြဿနာမဟုတ်ပေမဲ့ .
ဖုန်းတွေကို ဂရုမစိုက် ဖြစ်သလို ထပ်ထားခိုင်းတာကြောင့်
မကြာခဏ ဖုန်းမှန်တွေ ကြေမွကုန်တာတွေရှိပါတယ်..
ဒါပေမဲ့လဲ တာ၀န်ယူ ပြုပြင်ပေးတာမျိုးမရှိပါဘူး..
--------------------------------------
Live Sale မှာ ဆင်မြန်းတဲ့အထည်တွေကိစ္စ 👈
အခုပြောမဲ့ စက်ချုပ်ခန်းက ၀န်ထမ်းမလေးတွေရဲ့ကိစ္စက
၀မ်းနည်းစရာကောင်းတယ်..
Live Sale ၀န်ထမ်းတွေ ၀တ်တဲ့အထည်တွေဟာ
အပြင်မှာ လုပ်ရင် သိန်းချီပေးရတယ်ဆိုတာ သိကြမှာပါ..
2!9ရတနာဆိုင်က အဲလိုလုပ်တာမဟုတ်ပဲ ..
ဦးချစ်မောင်လမ်း ဆိုင်အမှတ် ၂အတွင်းထဲမှာ
စက်ချုပ်ခန်း သီးသန့်ထားပြီး ဒီအထည်တွေကို ချုပ်တယ်..
ကျွမ်းကျင်၀န်ထမ်းတစ်ယောက်ပဲ ရှိပြီး ရွာဘက်ကနေ
စက်ချုပ်ပညာသင်ပေးမယ်ဆိုပြီး ခေါ်လာတဲ့
ကလေးမနှစ်ယောက်ကို ပညာသင်အဖြစ် ထည့်ထားပါတယ်..
လစာက ၃သောင်းပါ..
ကလေးမလေးတွေ ရောက်ပြီးမကြာခင်မှာပဲ ကျွမ်းကျင်၀န်ထမ်း
အမျိုးသမီးက ထွက်သွားတဲ့အတွက် ဒီကလေးမလေးတွေပဲ
အထည်ချုပ်ရပါတော့တယ်.. မကျွမ်းကျင်ပဲ ချုပ်ရတဲ့အတွက်
အထည်ပျက်စီးတာတွေရှိလာတဲ့အခါ
အလျော်တောင်းပါတော့တယ်..
ရှင်းအောင် ပြောရရင် လစာ ၃သောင်း ကို ထပ်ဖြတ်တာပါ..
မနက် ၈ ၊ ၈ခွဲကနေ ည ၁၀နာရီအထိ နားချိန်မရှိ ချုပ်ရပါတယ်..
နားရက်မရှိပါဘူး.. ဆိုင်က အလျင်လိုတဲ့အခါမှာ ညမအိပ်ပဲ
ချုပ်ပေးရပါတယ်.. ည ၁၀နာရီက အစောဆုံး နားချိန်လို့
ပြောပါတယ်..
ဆိုင်ရှင်မိန်းမ နဲ့ ဇင်လေးဆိုသူအပါ Live-Sale ၀န်ထမ်းအားလုံး
၀တ်တဲ့ အထည်တွေက ဒီကလေးမလေးနှစ်ယောက်
နားရက်မရှိ တစ်လ ၃သောင်းနဲ့ ချုပ်ထားတဲ့ အထည်တွေပါ..
ဆိုင်တည်ထောင်တဲ့အချိန်ကနေ အခုထိ
Live-Sale အလုပ်ကို လက်ဆင့်ကမ်းလာတာ
ဇင်ဇင်နိုင်(ဇင်လေး)တို့က- ပထမအုပ်စု
ဇော်ဝင်းထိုက်တို့က - ဒုတိယအုပ်စု
သင်ဇာလီမြင့်ကျော်တိုက - တတိယအုပ်စု ထိရှိပြီ
Live-Sale ၀န်ထမ်းအယောက် ၂၀-၃၀ ပုံမှန်ရှိတတ်တယ်..
Live-Sale တွေကို ဦးချစ်မောင်လမ်းက ဆိုင်၂မှာပဲ ရိုက်တာကြောင့်
စက်ချုပ်ခန်းကိုလဲ အဲဒီမှာထားတာပါ..အထည်ခဏခဏ
ပြောင်းတာ သတိထားမိမှာပါ.. ၀န်ထမ်းတွေ၀တ်ရတဲ့ ယူနီဖောင်းကိုလဲ ဒီကလေးမလေးတွေ ချုပ်ရတာပါ..
ယူနီဖောင်းနှစ်ခါပြောင်းပြီး ၀န်ထမ်းတစ်ယောက်ကို ယူနီဖောင်း ၃စုံပေးတဲ့အတွက် အထည်ဘယ်လောက်ချုပ်ရမလဲ စဥ်းစားကြည့်ပါ..
ဆိုင်ရှင်မိန်းမက အခမ်းအနားကြီးကြီးရှိမှသာ
အပြင်ဒီဇိုင်နာနဲ့ အပ်ပါတယ်..
သိန်းဆယ်ချီတန်တဲ့ လုပ်အားကို တစ်လ ၃သောင်းနဲ့
တန်ဖိုးဖြတ် ခေါင်းပုံဖြတ်ခိုင်းစားပါတယ်..
ဒီကလေးမနှစ်ယောက် ၂နှစ်ကြာသွားတဲ့အထိ
လစာ ၃သောင်းပါပဲ.. စာချုပ်က ၃နှစ်မှ ပြည့်မှဖြစ်လို့
ထွက်ချင်ရင် စပေါ် ၃သိန်းပြန်မရပဲ ထွက်ရပါတော့မယ်..
ထွက်ပြေးရင်လဲ အိမ်ကို လျော်ကြေးနဲ့ ဆင့်ခေါ်စာ
ရောက်လာတော့မှာပါ.. ဒီအတွက် အပျောက်ရှောင်တမ်းသွားတဲ့ ၀န်ထမ်းတွေ ရှိလာတာပါ..
ကလေးမလေးနှစ်ယောက်က မခံနိုင်တဲ့အဆုံး
အထက်က ဂျာကြီးဖြစ်သူ အေးသက်မွန် ဆိုသူကို
ပြောတဲ့အခါမှာ ဆံပင်ဆွဲပြီး ပါးတွေနားတွေ ရို-က်ပါတော့တယ်.. လုံး၀ပေးမထွက်နိုင်ဘူးဆိုပြီး စာချုပ်တွေနဲ့
ခြိမ်းခြောက်ပါတော့တယ်..
ကလေးမလေးတွေက နှိပ်စက်ခံရလို့ ငိုယိုနေပေမဲ့
၀န်ထမ်းတွေက အကျိုးအကြောင်းမေးရာမှာ
ပြန်မပြောကြပါဘူး.. စာချုပ်ထဲမှာ
အလုပ်ထဲမှာ ဖြစ်တဲ့ကိစ္စကို ၀န်ထမ်းအချင်းချင်းပြန်မပြောရလို့ ထည့်ချုပ်ထားတာ သတိရစေချင်ပါတယ်..
အခု ထွက်ပြေးလာတဲ့အချိန်မှ ပြန်သိရတာဖြစ်ပါတယ်..
အခု Live Sale တွေမှာ ၀တ်ပြနေတဲ့အထည်တွေက
ကလေးမလေးတွေ လုပ်အားခေါင်းပုံဖြတ်ပြီး
မျက်ရည်တွေနဲ့ ဆင်ထားတာပါပဲ..
သိသွားပြီးတဲ့နောက်မှာ
အရင်က တောက်တောက်ပပ ၀တ်ဆင်ထားပေမဲ့လဲ
အကုသိုလ်တွေ ရုံထားတယ်လို့ပဲ မြင်ပါတော့တယ်..
ဒီလိုအခြေအနေတွေကြောင့် ၀န်ထမ်းတွေက
နယ်ပြန်ခွင့်ရရင် ပြန်မလာတော့တာတွေ
ရှိလာပါတယ်.. ဒါကြောင့် နယ်ပြန်သွားရင်
ခွင့်အဆင့်ဆင့်တိုင်ရတာ
ခံ၀န်လက်မှတ်ထိုးရတာတွေ ဖြစ်လာတယ်..
ပြန်မလာတဲ့၀န်ထမ်းကို ဘာလုပ်လဲဆိုတာ
ပုံထဲက စာရွက်မှာ တွေ့ရမှာပါ..
---------------------------
ဆိုင်ရှင်ဖြစ်သူ ဘာတွေပြောလဲ 👈
အွန်လိုင်းမှာ သူပြောတာ နားထောင်ဖူးတဲ့သူတွေကို
အခု သိရမဲ့ ဆိုင်ရှင်ဖြစ်သူရဲ့ ပြောစကားတွေက
ရှော့ရလောက်တယ်..
ဆိုင်ရှင်ဖြစ်သူက ၀န်ထမ်းတွေကို ခြိမ်းခြောက်
စကားပြောတာတွေရှိတယ်..
"နင်တို့သေရင်တောင် ငါဆိုင်ထဲမှာ
နင်တို့၀ိညာဥ်တွေကို မြုပ်ထားမှာ" မျိုးအထိ
ပြောတယ်.. ခေတ်အခြေအနေအရ
ဆိုင်မီးလောင် ၊ ဗုံးပေါက် ဖြစ်ရင်
၀န်ထမ်းတွေထွက်မပြေးရပဲ ပစ္စည်းတွေကို
စောင့်ရမယ်လို့ မှာထားပါတယ်..
အသက်နဲ့လဲပြီး ကာကွယ်ရမယ်လို့
ရိုက်သွင်းထားတယ်..
တစ်ခါက မန္တလေးဆိုင်ခွဲမှာ ၀ါယာရှော့ဖြစ်ပြီး
မီးလန့်တဲ့အချိန်မှာ အဲလိုအဖြစ်နီးနီး ဖြစ်သွားတယ်..
Customer တွေကို အပြင်ပေးထွက်ခိုင်းပြီး
၀န်ထမ်းတွေကို နေရာမတစ်ချက် မခွာခိုင်းပဲ
ပစ္စည်းတွေကို ကော်နံ့ မီးခိုးနံ့ထူပိန်းနေတဲ့
ကြားမှာ စောင့်နေခိုင်းတယ်လို့ ပြောပါတယ်..
ထွက်ပေါက်မှာ ဦးဇော်(သန်းနိုင်)ကိုယ်တိုင်
ပြေးပိတ်ထားတယ်လို့ ဆိုပါတယ်..
ဆိုင်ရှင်လင်မယားနဲ့ အမျိုး မကင်းရာမကင်းကြောင်း
ပတ်သတ်နေတဲ့လူပါ
"ဒီပစ္စည်းတွေက နင်တို့အသက်တွေထက်
ပိုတန်တယ်"ဆိုတဲ့ စကားကို ဆိုင်ရှင်လင်မယား နဲ့
ဒါရိုက်တာ အိအိဖြိုးက ခဏခဏပြောတယ်လို့
ကြားရပါတယ်..
ဒီလောက်စာအရှည်ကြီးရေးတာ👈👈
ပြည်သူတွေကို သေသေချာချာ သိစေချင်လို့ပါ..
၀န်ထမ်းတွေ ကြုံနေရတာ နည်းနည်းနောနောပြဿနာတွေ
ဒုက္ခဆင်းရဲတွေ မဟုတ်ပါဘူး..
၀န်ထမ်းတွေ ဘာလို့ ငြင်းဆန်လို့မရတာလဲ ၊
ဘာလို့ ခေါင်းမထောင်နိုင်တာလဲသိစေချင်ပါတယ်..
ထွက်ပြေးရတဲ့ကိစ္စတွေကိုလဲ နားလည်မိစေချင်ပါတယ်..
မီဒီယာတွေ နဲ့ လူမှုအဖွဲ့အစည်းတွေ ၊ 👈
လက်ရောက်မဲ့ တလရအင်အားစုတွေ ၊ 👈
စောင့်ကြည့်နေတဲ့ ပြည်သူတွေ 👈
ကို သိစေချင်ပါတယ်..
(မကြာခင် စပေါ်ကိစ္စ ၊ အလျော်ကိစ္စနဲ့ စာချုပ်တွေ ၊
ဆင့်ခေါ်စာတွေကို ထုတ်ပြပါတော့မယ်)
မျက်နှာဖုံးခွာချဖို့ အချိန်တန်ပြီ..
(ပုံတွေအောက်မှာ စာထည့် ရှင်းပြထားပါတယ်)
Credit MinKhantAung