Shein Zar Cyclist

Shein Zar Cyclist စက်ဘီးအကြောင်းဗဟုသုတတွေအပြင်စက်ဘီးနဲ့ခရီးသွားရင်း သဘာဝအလှအပတွေကိုခံစားနိုင်ဖို့ အတူတကွခေါ်ဆောင်သွားပေးမှာမို့ ခုပဲ Like & Follow လုပ်ထားလိုက်ပါနော်။

💥စက်ဘီးစီးခရီးစဥ်တွေနဲ့ ပတ်သက်သမျှ အတွေ့အကြုံတွေ
💥ခရီးသွားရတာ ကြိုက်နှစ်သက်သူတွေ
💥စက်ဘီးစီး အားကစားကိုစိတ်ဝင်စားသူတွေ နဲ့
💥Cycling နဲ့ဆိုင်တဲ့ ဗဟုသုတတွေ ကို သိရှိချင်တယ်ဆိုသူတွေ အတွက်
မဖြစ်မနေ Page လေးကို Like & Follow လုပ်ထားသင့်ပါတယ်နော်...

12/01/2026

နင်းစရာမရှိလို့ ပြေးခဲ့ရတဲ့ "ကလီထော်ဆည်" Trail Running

၂၀၂၆ နှစ်အစလေးကို Trail Running လေးနဲ့စဖြစ်ခဲ့ပါတယ်...
စက်ဘီးသမားဆိုတော့ နှစ်အစကို စက်ဘီးလေးနဲ့စတင်ချင်ပေမယ့် အကြောင််််းကိစ္စတွေကြောင့် Running လေးနဲ့ပဲစဖြစ်လိုက်ပါတယ်။

ဒီ Vlog လေးကသဘာ၀တောတွင်းအလှအပကို ဦးစားပေးရိုက်ကူးထားတာမို့ စက်ဘီးသမားတွေရော ၊အပြေးသမားတွေရော၊ သဘာ၀ကိုချစ်တဲ့သူတိုင်း သဘောကျလိမ့်မယ်လို့ထင်ပါတယ်... ဘာဖြစ်လို့လဲဆိုတော့

2025 မှာ ကျွန်တော့်ကို အားပေးတဲ့သူတွေကို လေ့လာကြည့်လိုက်တဲ့အခါ စက်ဘီးနင်းတာအပြင် သဘာ၀ရှု့ခင်းတွေ ၊ စေတီဘုရားတွေ၊ နေရာဒေသအသစ်အဆန်းတွေ၊ဗဟုသုတရစရာတွေကို ရိုက်ပြပေးတာကို ပိုနှစ်ခြိုက်ကြတာကိုတွေ့ခဲ့ရပါတယ်

အဲ့တော့ ခု ဒီနှစ်သစ်မှာ စက်ဘီးနင်းတာပဲဖြစ်ဖြစ်၊ ပြေးတာပဲဖြစ်ဖြစ် ကျွန်တော် အားကစားတွေလုပ်နေရင်းနဲ့ သူတို့အတွက် အကျိုးရှိစေမယ့် Content တွေ၊သဘာ၀ရှု့ခင်းတွေ ၊ ခရီးသွား Vlog တွေ၊ ခရီးသွားဖို့လက်လှမ်းမမှီတဲ့ လူငယ်လူကြီးတွေအတွက် မတူညီတဲ့တင်ဆက်မှုတွေနဲ့ ဖန်တီးရိုက်ကူးမယ်လို့ စိတ်ကူးထားပါတယ်။
အားလုံးလဲ ၂၀၂၆ မှာ လိုရာဆန္ဒတွေတလုံးတ၀ထဲပြည့်၀ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ.

လေးစားစွာဖြင့်
Shein Zar

⚠️Follow Shein Zar Cyclist Online⚠️
👉Facebook - / sheinzarcyclist
👉Spotify - https://creators.spotify.com/pod/show...
👉YouTube - /
👉TikTok - / sheinzarcyclist


#ကလီထော်ဆည် #ကလီထော်

Boost Frame လား ? Non-Boost Frame လား ?
17/12/2025

Boost Frame လား ? Non-Boost Frame လား ?

စက်ဘီး Frame များအကြောင်း နှင့် Boost Frame Vs Non-Boost Frame များရဲ့ကွာခြားချက်ဒီနေ့ Video ကတော့ စက်ဘီးတစ်စီးမှာ အရေးကြီးဆုံးအခြေခ.....

ဆုတောင်းရင်တကယ်ပြည့်တယ်ဆိုတဲ့ ပီလခတ်ဟိန္ဒူဘုရားကျောင်းသို့ ဒီတခါတော့ (၃) ကျောင်းလုံးကိုရောက်ခဲ့ပါတယ်  #ပီလခတ်
03/12/2025

ဆုတောင်းရင်တကယ်ပြည့်တယ်ဆိုတဲ့ ပီလခတ်ဟိန္ဒူဘုရားကျောင်းသို့ ဒီတခါတော့ (၃) ကျောင်းလုံးကိုရောက်ခဲ့ပါတယ်

#ပီလခတ်

ဆုတောင်းရင် တကယ်ပြည့်တယ် ဆိုတဲ့ ပီလခတ်ဟိန္ဒူဘုရားကျောင်းဒီတပတ်ခရီးလေးကတော့ ရန်ကုန် ကျောက်တန်းမြို့နယ်ထဲ....

ပုဂံဘုရားများဖူးပြီး ၊ ပုဂံမာရသွန်(42KM)ပြေးခဲ့တယ်ကျွန်တော့်ရဲ့ Viewer တွေကို မတူညီတဲ့ခံစားချက်အသစ်တွေပေးချင်တာကြောင့် စ...
20/11/2025

ပုဂံဘုရားများဖူးပြီး ၊ ပုဂံမာရသွန်(42KM)ပြေးခဲ့တယ်

ကျွန်တော့်ရဲ့ Viewer တွေကို မတူညီတဲ့ခံစားချက်အသစ်တွေပေးချင်တာကြောင့် စက်ဘီးတင်မဟုတ်ပဲ ခရီးသွား Vlog တွေရော ၊အပြေး Vlog တွေပါဖန်တီးဖြစ်နေတာပါနော်
စက်ဘီးတွေလဲစီးနေပါတယ်..မကြာခင်လဲ စက်ဘီးခရီးသွား Vlog တွေတင်ပေးမှာပါနော်.

https://youtu.be/fMw7GPEdItY



#ပုဂံမာရသွန် #ပုဂံမာရသွန်၂၀၂၅

ပုဂံဘုရားများဖူးပြီး ၊ ပုဂံမာရသွန်(42KM) ပြေးခဲ့တယ်ဒီ Vlog လေးကတော့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာကျင်းပတဲ့ ....

ရွှေစည်းခုံဘုရားလဲဖူးချင်တယ် ပုဂံလေးမသွားနိုင်ဘူးဆိုရင် ပဲခူးကရွှေစည်းခုံဘုရားကြီးက်ို ဒီ Vlog လေးမှာ ဖူးနိုင်ပါပြီ😊
07/11/2025

ရွှေစည်းခုံဘုရားလဲဖူးချင်တယ် ပုဂံလေးမသွားနိုင်ဘူးဆိုရင်
ပဲခူးကရွှေစည်းခုံဘုရားကြီးက်ို ဒီ Vlog လေးမှာ ဖူးနိုင်ပါပြီ😊

လူသိနည်းသော ပဲခူးမြို့မှဘုရားများ "Episode - 3"ဒီ Vlog လေးကတော့ပြီးခဲ့တဲ့ (၂)နှစ်လောက်က ရိုက်ဖူးတဲ့ လူသိနည်းသော ပဲခူးမ...

YouTube Course Tab လေးမှာ Cycling Lessons(Beginner Level)များကိုလေ့လာနိုင်ပါပြီပြီးခဲ့တဲ့ လပိုင်းလောက်က ကျွန်တော့်ရဲ့ Yo...
01/11/2025

YouTube Course Tab လေးမှာ Cycling Lessons(Beginner Level)များကိုလေ့လာနိုင်ပါပြီ

ပြီးခဲ့တဲ့ လပိုင်းလောက်က ကျွန်တော့်ရဲ့ YouTube Channel လေးမှာ Course ဆိုတဲ့ Tab လေးပေါ်လာခဲ့ပါတယ်။

ကျွန်တော်မေးကြည့်လိုက်တဲ့အခါ သူက Lessons တွေကို တင်စေချင်တာပါတဲ့...ပြောရရင်တော့ Cycling နဲ့ဆိုင်တဲ့ Lessons တွေကိုသင်ခိုင်း တင်ခိုင်တာပါ...

ကျွန်တော့်ထက် သိပြီး တော်ကြတဲ့ စီနီယာတွေလဲ အများကြီးရှိတာဆိုတော့
ကျွန်တော့်အနေနဲ့ ခုလို Lessons တွေလုပ်ပြီး သင်ပေးဖို့ကျ အရမ်းကြီး ကြီးကျယ်သွားတယ်လို့ခံစားရပါတယ်.

အဲ့ဒါနဲ့ စဉ်းစားမိတာကတော့ စက်ဘီးကို စိတ်ဝင်စားပြီး နားမလည်သေးကြတဲ့ ဘီဂင်နာတွေအတွက် အခြေခံလေးတွေကိုတော့ ကျွန်တော့်အတွေ့အကြုံတွေ၊လေ့လာမိသလောက်လေးတွေနဲ့တော့ အထောက်အပံ့ဖြစ်အောင်လုပ်ပေးနိုင်မယ်ထင်မိလို့ သိသလောက်လေးဝေမျှပေးပါ့မယ်

အဲ့တော့ စက်ဘီးနဲ့ပတ်သက်ပြီး အခြေခံအကျဆုံးအကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ Shein's Cycling Basics 101🚴‍♂️Beginner Level🚴‍♂️လေးမှာ ဝင်ရောက်လေ့လာနိုင်ပါပြီခင်ဗျာ..ဝါသနာရှင်များအတွက် အထောက်အပံ့ကောင်းလေးဖြစ်မယ်လို့မျှော်လင့်မိပါတယ်။

လေးစားစွာဖြင့်
Shein Zar Cyclist

ပြန်လည်သတိရမိတဲ့ခရီးစဉ်ရေမှတ်တိုင်ကြီးနှင့်သံတဲမီးပြတိုက်ခရီးစဉ်လေးက လွန်ခဲ့သော (၃)နှစ်လောက်ကသွားခဲ့တာပေါ့ တိတိကျကျပြောရ...
25/10/2025

ပြန်လည်သတိရမိတဲ့ခရီးစဉ်

ရေမှတ်တိုင်ကြီးနှင့်သံတဲမီးပြတိုက်ခရီးစဉ်လေးက လွန်ခဲ့သော (၃)နှစ်လောက်ကသွားခဲ့တာပေါ့ တိတိကျကျပြောရရင်
မနေ့က (၃)နှစ်ပြည့်တယ်လို့ Memories တက်လာလို့ အမှတ်တရဖြစ်အောင်ဒီခရီးစဉ်လေးအကြောင်းကိုရေးဖြစ်တာပါ.
ကျွန်တော့် Vlog တွေရဲ့ အစပိုင်းလောက်ကခရီးစဉ်လို့ပြောရမယ်။

အဲ့နေ့က မနက်ပိုင်းရာသီဥတုလေးအတော်သာယာတယ်ဗျ...
မနက်စာကိုတော့ သံလျင်က Lucky Morning မှာစားပြီး သံလျင်ကျောက်တန်းလမ်းအတိုင်းနင်းလာခဲ့ကြတာပေါ့

နေရာကသံလျင်ကျောက်တန်း တစ်ဖက်ကမ်း ပင်လယ်၀ သံတဲကျေးရွာ မှာတည်ရှိတာဆိုတော့ ရန်ကုန်ကနေ သံလျင်ကျောက်တန်းထိနင်း ပြီးမှ သမ္မာန် စီးကာတစ်ဖက်ကမ်းကိုကူးရတာပါ...ရေလမ်းနည်းနည်းကြောက်တက်တော့ ခက်လန့်လန့်နဲ့ပဲ စီးခဲ့ပါတယ်.. တစ်ယောက်ကို (၁)ထောင်ပဲကျတယ်...ဒီလိုနဲ့ပဲ

တဖက်ကမ်းရောက်တော့ ရဲဇာနည်ရဲ့ ဘီးပေါက်ပါလေရော ပါတဲ့ကိရိယာတွေနဲ့ ဘီးဖာပြီးလို့ ဆက်နင်းလာခဲ့ကြတယ်...

နေကပူ၊လေကတိုး လမ်းကမကောင်းနဲ့ အတော်လေးတိုင်ပတ်ခဲ့တာပေါ့
ကိုယ်ကအမြဲ နောက်ကနေပဲလိုက်နေကြဆိုတော့ ကျန်တဲ့သူတွေကို ရှေ့ကသွားခိုင်းပြီး ကိုယ်က နောက်ကကပ်နင်းလာခဲ့တယ် Ko winnie moe နောက်ကကပ်လိုက်ပြီးနင်းလာခဲ့တာ တနေရာရောက်တော့ ရှေ့မှာ လမ်းမကောင်းတာနဲ့ ရှေ့ကဘရိတ်အုပ်လိုက်လိုက်တာ ko winnie moe စက်ဘီးနောက်ဘီးကိုထိပြီး ကျွန်တော့်စက်ဘီးမှောက်ပါလေရော .. အဲ့ချိန်မှာ နောက်မှာလဲ ဆိုင်ကယ်ဘေးတွဲကကပ်ပါလာတာပေါ့ ဘေးတွဲသမားကလဲ သတိရှိပြီး ဘေးကိုဆွဲချလိုက်တဲ့အခါ ကျွန်တော်အတော်လေးကံကောင်းသွားခဲ့တယ်

ကျွန်တော််လဲဲဲဲဲကျပြီး ထအထိုင် ဘေးတွဲရဲ့ ခြေနင်းခုံက ကျွန်တော့်ခေါင်းနဲ့ ကွတ်တိပါပဲ သူသာသတိမရှိရင် ကျွန်တော် ခုချိန်ဘာဖြစ်နေမယ်တောင်မသိ
ကျန်တဲ့သူတွေကလဲ စိုးရိမ်ပြီး ကိုရှိန်းဆိုပြီး အော်ကြတာ ခုထိသတိရမိတုန်း...

ဒါကလဲ Ko Winnnie Moe ရပ်လိုက်တာကြောင့်မဟုတ်ပဲ ကျွန်တော် အထာမသိတာကြောင့်ပါ
အဲ့အဖြစ်အပျက်ဖြစ်ပြီးသိလိုက်ရတာက ဘီးသမားအချင်းချင်းအထာမသိပဲ ၊ စီးနင်းတက်တဲ့ပုံစံကိုမသိပဲ နောက်ကနေစွတ်မလိုက်သင့်ဖူးဆိုတာကိုပါပဲ...ပညာပေါ့...

ဒီလိုနဲ့အရိပ်မရှိပဲ လယ်ကွင်းပြင်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ကွန်ကရစ် လမ်းပေါ်မှာ လက်ဆက်တဲ့လေကိုရှူရှိုက်ရင်း ဓါတ်ပုံတွေရိုက်လိုက်ကြ စက်ဘီးနင်းလိုက်ကြနဲ့ပဲ သံတဲကမ်းခြေကို ရောက်အောင်နင်းခဲ့ကြပါတယ်။

ကမ်းခြေမှာရှိတာကတော့ မြန်မာရှင်ဘုရင် ဘိုးတော်ဘုရား လက်ထက်မှာ တည်ဆောက်ခဲ့သော ရန်ကုန်မြစ်အဝင် ဖော်ပြသည့် ရေမှတ်တိုင်ကြီးတစ်ခုဖြစ်ပြီး ကညင်ဆီမီးကို
မီးပြအဖြစ် အသုံးပြုခဲ့တဲ့အမှတ်အသားကြီးကိုတွေ့ခဲ့ရသလို

ဆဌဂံပုံ steel structure နဲ့တည်ဆောက်ထားပြီး နှစ်ပေါင်း(၁၅၀) ကျော်ပြီလို့သိရတဲ့ မီးပြတိုက်ကြီးကတော့
ခုခါမှာတော့အနည်းငယ်ပျက်စီးနေပါပြီ..ချုံတွေများတာကတစ်ကြောင်း မိုးကလဲရွာလာတာကြောင့် အောက်ခြေထိတော့မသွားဖြစ်ပဲအဝေးကနေပဲဓါတ်ပုံရိုက်ခဲ့ကြပါတယ်။

နေ့လည်စာကိုတော့ သံတဲကျေးရွာထဲမှာ ဖွင့်ထားတဲ့ ကိုမုတ်ဆိတ်နဲ့ သားသမီးများဆိုတဲ့ အိမ်နေရာလေးမှာ စားချင်တဲ့ ကြက်ကာလသားချက်နဲ့
အမှန်အကန်စားခဲဲ့ကြပါတယ်။နောက်တခေါက်ပြန်ရောက်တော့ ကိုမုတ်ဆိတ်က ကမ်းခြေမှာ ဆိုင်ခန်းဖွင့်ပြီးရောင်းနေပါပြီ...

သံတဲမရောက်ခင် ဇွဲဘာကုန်းတန်းရွာလေးကလဲ သာယာပြီး ဓါတ်ပုံရိုက်လို့အရမ်းလှတဲ့ ရှု့ခင်းတွေပိုင်ဆိုင်ထားတဲ့ရွာလေးမို့ မမေ့မလျော့ဝင်လည်ဖို့လဲပြောချင်ပါတယ်။

ကျွန်တော်တို့က အပြန်ကျမှဝင်ကြမယ်လုပ်ထားပေမယ့်
မိုးမတရားရွာလာခဲ့တာကြောင့် မဝင်ဖြစ်ခဲ့ပါဘူး နောက်တခေါက်သွားတဲ့အခါမှပဲရောက်ဖြစ်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာတော့ မိုးရေထဲမှာပဲ အပြန်ခရီးကိုစတင်ဖြစ်ခဲ့ကြပြီး ညနေပိုင်းမှပဲ ပြန်ရောက်ခဲ့ပါတော့တယ်။

Video လေးကိုကြည့်ချင်တဲ့သူတွေအတွက်ကတော့ လင့်လေးထည့်ပေးထားပါတယ်။

အမှတ်တရအနေနဲ့ပြန်နင်းဖို့လဲ ရှိပါတယ် အဲ့ခါကျမှ ဒီVideo ထဲမှာမပါတဲ့ လမ်းရှု့ခင်းတွေကိုထပ်ရိုက်ပြပါ့မယ်နော်...

လေးစားစွာဖြင့်
Shein Zar

ပင်လယ်၀မှာရှိတဲ့ ဘိုးတော်ဘုရားလက်ထက်မှရေမှတ်တိုင်ကြီးနှင့်သံတဲမီးပြတိုက်ခရီးစဉ်
https://youtu.be/LJryiJAhVkY

ကျောက်တန်းတစ်ဖက်ကမ်း ပင်လယ်၀က အရမ်းလှတဲ့နေရာ(၃)ခု
https://youtu.be/8iIuCIYgt1Y

ဒေးစွန်ပါတောနက်ထဲက သိုက်နန်းများ၊စိတ်ဝင်စားဖွယ်ရာနေရာများ ရှိရာသို့ ဒီတခေါက်ဒေးစွန်ပါတောင်ခရီးစဉ်လေးကတော့ ထူးဆန်းပြီးစိတ...
22/10/2025

ဒေးစွန်ပါတောနက်ထဲက သိုက်နန်းများ၊စိတ်ဝင်စားဖွယ်ရာနေရာများ ရှိရာသို့

ဒီတခေါက်ဒေးစွန်ပါတောင်ခရီးစဉ်လေးကတော့ ထူးဆန်းပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်
ဘာဖြစ်လို့လဲဆိုတော့ လူအရောက်အပေါက်နည်းပြီး သွားရခက်ခဲတဲ့ ဒေးစွန်ပါတောနက်ထဲက သိုက်နန်းတွေနဲ့ ထူးခြားဆန်းကျယ်တဲ့နေရာတွေကိုသွားဖြစ်ခဲ့တာကြောင့်ပါ...

ရင်သပ်ရှုမောစရာ ကောင်းလွန်းလှတဲ့ ရှု့ခင်းတွေကိုကြည့်ပြီး တောလမ်းလေးကိုဖြတ်လို့
🍀သိုက်နန်းတွေ
🍀လွမ်းစေတီ၊အေးစေတီ
🍀ကျိုက်စွန်ပါစေတီတော်
🍀ရဟန်းတစ်ပါးမှမရှိပဲ ဆွမ်းဝိုင်းတွေပြင်ပေးထားရတဲ့ တောနက်ထဲက ကျောင်း
ပျက်ကြီးတွေ
🍀နွားဝှေ့တောင်
အစရှိတဲ့ လူအရောက်အပေါက်နည်းပြီး စိတ်ဝင်စားစရာကောင်းလှတဲ့နေရာတွေကိုသွားဖြစ်ခဲ့ပါတယ်။

အရောက်အပေါက်နည်းပြီး သွားဖို့ခက်ခဲတာကြောင့် မသွားရောက်နိုင်တဲ့ သူတွေအတွက် ခံစားကြည့်ရှု့လို့ရအောင် ကြိုးစားဖန်တီးရိုက်ကူးထားပါတယ်။

လေးစားစွာဖြင့်
Shein Zar Cyclist

⚠️Follow Shein Zar Cyclist Online⚠️
👉Facebook - https://www.facebook.com/sheinzarcyclist
👉Spotify - https://creators.spotify.com/pod/show/sheinzarcyclist
👉YouTube - https://www.youtube.com/
👉TikTok - https://www.tiktok.com/
👉Telegram - https://t.me/sheinzarcyclist



#ဒေးစွန်ပါတောင် #ဒေးစွန်ပါတောင်သမိုင်း #သိုက်နန်း
#နွားဝှေ့တောင်

ဒေးစွန်ပါတောနက်ထဲက သိုက်နန်းများ၊စိတ်ဝင်စားဖွယ်ရာနေရာများ ရှိရာသို့ ဒီတခေါက်ဒေးစွန်ပါတောင်ခရီးစဉ်လေးကတ...

ဘိဂင်နာများအတွက် သိသင့်တဲ့ စက်ဘီးဘရိတ်များအကြောင်း
14/10/2025

ဘိဂင်နာများအတွက် သိသင့်တဲ့ စက်ဘီးဘရိတ်များအကြောင်း

မဖြစ်မနေသိထားသင့်တဲ့ စက်ဘီး 'ဘရိတ်' များအကြောင်းဒီနေ့မှာတော့ ကျွန်တော့် Page မှာအမေးများပြီး video လုပ်ပေးဖို့တေ.....

02/10/2025

စက်ဘီးနင်းပြီးသွားခဲ့တဲ့ "ရန်ကုန်-အဖျောက်မြို့"ခရီးစဉ်

ဒီ ခရီးစဉ်လေးကတော့ ကျွန်တော်အတော်ကြာမှပြန်ရိုက်ဖြစ်တဲ့ ခရီးသွား Vlog လေးဖြစ်ပါတယ်။

သွားခဲ့တဲ့နေရာလေးကတော့ တိုက်ကြီး မြို့မှ အနောက်မြောက်ဘက်၂၄ မိုင် အကွာမှာ တည်ရှိတဲ့
"အဖျောက်" မြို့လေးဖြစ်ပါတယ်။

"အဖျောက်မြို့"သည် ရေလမ်းအတိုင်း ဓနုဖြူမြို့မှ အထက်သို့ ၁၄ မိုင်နှင့် ဇလွန်မြို့မှ အောက်သို့ ၁၄ မိုင်အကွာ၊ ဧရာဝတီမြစ်ကမ်းပေါ်တွင်တည်ရှိတာပါ။

💥ရန်ကုန်တိုင်းထဲမှာဟုတ်ရဲ့လားလို့ပြန်မေးရလောက်တဲ့ ရှု့ခင်းတွေရှိတယ်
💥 ဧရာဝတီမြစ်ကြီးကိုလဲ အနီးကပ်ကြည့်ရတယ်
💥နှစ်တစ်ရာကျော်ပြီဖြစ်တဲ့ ဘုရားအဆောင်အုံတွေကိုလဲဖူးရမယ်
💥ပိဋကတ်သုံးပုံ ကျောက်စာတော်များ ၇၀၀ ကျော်ကိုတွေ့ခဲ့ရတယ်
💥နှစ်ပေါင်း ၁၄၀ ကျော်ပါပြီဖြစ်တဲ့ အင်း၀ကျောင်းတိုက်ကြီးကိုလဲလေ့လာခွင့်ရခဲ့တယ်

ရန်ကုန်ကနေအသွားကို မြို့ချောင်းလမ်းကနေ သွားခဲ့ပြီး အပြန်ကို ဥတို လမ်းဆုံကနေပြန်ခဲ့တာကြောင့်
မတူညီတဲ့လမ်းရှု့ခင်းတွေကို ခံစားရမှာပါ...

အဖျောက်မြို့ကိုလွမ်းနေတဲ့သူတွေအတွက်လဲ နောက်ခံသီချင်းလွမ်းလွမ်းဆွေး​ဆွေးလေးကိုနားထောင်ပြီး မြို့ကိုအလွမ်းဖြေနိုင်အောင် တ၀ကြီးရိုက်ပြပေးထားပါတယ်။

တွေ့မြင်ခဲ့ရတဲ့ အထင်ကရနေရာတွေက ဘယ်လောက်တောင် သာယာ စိတ်ဝင်စားဖို့ကောင်းလဲဆိုတာ Vlog မှာပဲခံစားကြည့်ကြပါတော့ဗျာ။

မနက်စာဧည့်ခံပေးတဲ့ Ko Si Thu Soe Paing တို့အဖွဲ့ကိုလဲကျေးဇူးပါနော်။နောက်မှအေးဆေးဆုံမယ်ဗျာ။


KOKORO NO MOTO(အပြုံးကိုအပြီးငှားခဲ့)
Violinist Phoe San-တယောဖိုးစံ

နောက်ထပ် Vlog အသစ်တွေကြည့်ရှု့နိုင်ဖို့အတွက် Channel လေးကိုလဲ Like & Subscribe လေးလုပ်ထားပေးခဲ့ကြပါအုံးနော်။
https://www.youtube.com/

လေးစားစွာဖြင့်
Shein Zar Cyclist

⚠️Follow Shein Zar Cyclist Online⚠️
👉Facebook - https://www.facebook.com/sheinzarcyclist
👉Spotify - https://creators.spotify.com/pod/show/sheinzarcyclist
👉YouTube - https://www.youtube.com/
👉TikTok - https://www.tiktok.com/
👉Telegram - https://t.me/sheinzarcyclist

#တိုက်ကြီး #ဥက္ကံမြို့ #သံတန်ဆောင်း
#ဧရာဝတီမြစ် #လောကမာန်အောင် #ကျောက်စာတိုက် ်း၀ကျောင်းတိုက် #အဖျောက်ရေနံမြေ
#အဖျောက်

စက်ဘီးမနင်းဖြစ်တာ ခရီးတွေမထွက်ဖြစ်တာ ကြာနေပြီမို့ ဒီတပါတ်ပိတ်ရက်လေးမှာ အချိန်လေးရတုန်း အပြေးအလွှားလေး ခရီးစဉ်တစ်ခုကို စီ...
30/09/2025

စက်ဘီးမနင်းဖြစ်တာ ခရီးတွေမထွက်ဖြစ်တာ ကြာနေပြီမို့ ဒီတပါတ်ပိတ်ရက်လေးမှာ အချိန်လေးရတုန်း အပြေးအလွှားလေး ခရီးစဉ်တစ်ခုကို စီစဉ်နင်းဖြစ်ခဲ့ပါတယ်။

💥ရန်ကုန်တိုင်းထဲမှာဟုတ်ရဲ့လားလို့ပြန်မေးရလောက်တဲ့ ရှု့ခင်းတွေရှိတယ်
💥ဧရာဝတီမြစ်ကြီးကိုလဲ အနီးကပ်ကြည့်ရတယ်
💥နှစ်တစ်ရာကျော်ပြီဖြစ်တဲ့ ဘုရားအဆောင်အုံတွေကိုလဲဖူးရမယ်
💥ပိဋကတ်သုံးပုံ ကျောက်စာတော်များ ၇၀၀ ကျော်ရှိတဲ့မြို့
💥ရှေးယခင်က ငါးပိဆိပ်လို့ ခေါ်တဲ့မြို့ လေးကို
သွားရောက်လည်ပတ်ပြီး Vlog လေးရိုက်ဖြစ်ခဲ့ပါတယ်။

လမ်းရှု့ခင်းတွေနဲ့ မြို့မှာ တွေ့မြင်ခဲ့ရတဲ့ အထင်ကရနေရာတွေက ဘယ်လောက်တောင် သာယာ စိတ်ဝင်စားဖို့ကောင်းလဲဆိုတာ မကြာခင် Vlog လေးတင်ပေးပါ့မယ်နော်...

💥ကျွန်တော်ဘယ်မြို့လေးကိုသွားခဲ့တယ်ဆိုတာကို သိတဲ့သူတွေလဲ ဝင်ရောက်ပြောပေးခဲ့ကြပါအုံးနော်💥

လေးစားစွာဖြင့်
Shein Zar

Address

Anawratha Road, Old Bagan
Yangon

Alerts

Be the first to know and let us send you an email when Shein Zar Cyclist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shein Zar Cyclist:

Share

Category