MMR new daily
ကျောင်းပြန်ဖွင့်ပါက ကျောင်းကားများ လိုက်နာရမည့် စည်းကမ်းချက်များထုတ်ပြန်_____________________________အခြေခံပညာကျောင်းမျာ...
04/07/2020
ကျောင်းပြန်ဖွင့်ပါက ကျောင်းကားများ လိုက်နာရမည့် စည်းကမ်းချက်များထုတ်ပြန်
_____________________________
အခြေခံပညာကျောင်းများ ပြန်ဖွင့်ပါက ကျောင်းကား များလိုက်နာရမည့် စည်းကမ်း ချက်များကို ပညာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားပြီး ကျောင်း ကားပေါ်တွင်တစ်ခုံလျှင် တစ်ဦး သာ ဓားလွယ်ခုတ် အနေအထား ထိုင်ရန်နှင့် Aircon မဖွင့်ဘဲ ပြတင်းပေါက်များ ဖွင့်မောင်းရန် အသိပေးထားသည်။
၂၀၂၀-၂၁ ပညာသင်နှစ် COVID-19 ကာကွယ်၊ ထိန်း ချုပ်၊ တားဆီးနိုင်ရေးနှင့်ပတ်သက် ၍ ကျောင်းကားများ လိုက်နာရ မည့် စည်းကမ်းချက်များကို ပညာ ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်း ရေးဆွဲထားခြင်းဖြစ်သည်။
https://7day.news/191131
အခြေခံပညာကျောင်း များပြန်ဖွင့်ပါက ကျောင်းကား များလိုက်နာရမည့် စည်းကမ်း ချက်များကို ပညာရေးဝန်ကြီးဌာန က ထုတ....
04/07/2020
၁။ (၄-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၆၅၅)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၂၁) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၇၀) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၂၆) ခု နှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၂၇) ခု၊
စုစုပေါင်း (၁,၅၉၉)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၇) ဦး တွေ့ရှိရပါသည်။
၂။ (၄-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၁၃) ဦးရှိပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၃) ဦး (Case- 222, 289 နှင့် 290) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူစုစုပေါင်း (၂၄၀) ဦးရှိပါသည်။ ၎င်းတို့အနက် (၂၂၆)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၃-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၄-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၃) ဦး ရှိပါသည်။
တရုတ်မှ ရွှေတုံးအတုများဝင်လာနိုင်၍ အရောင်းအဝယ် သတိထားရန် ရွှေလုပ်ငန်းရှင်များ အသင်းချုပ် သတိပေး_________________________...
04/07/2020
တရုတ်မှ ရွှေတုံးအတုများဝင်လာနိုင်၍ အရောင်းအဝယ် သတိထားရန် ရွှေလုပ်ငန်းရှင်များ အသင်းချုပ် သတိပေး
______________________________
တရုတ်နိုင်ငံတွင် ရွှေတုံးအတုများ ပျံ့နှံ့နေ၍ မြန်မာနိုင်ငံတွင်လည်း ဝယ်ယူသူများ အနေဖြင့် ပုံမှန် မဟုတ်သည့် ရောင်း ဝယ်မှုများကို သတိထားကြရန်မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်က သတိပေးသည်။
လက်ရှိတွင် တရုတ်နိုင်ငံ၌ ကြေးနီတုံးကို ရွှေအုပ်ထားသည့် ရွှေအတုများ ပေါင်နှံ၊ ရောင်းချခြင်းများ ဖြစ်ပေါ်နေသဖြင့် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေ ပြီး အိမ်နီးချင်းနိုင်ငံဖြစ်၍ မြန်မာနိုင်ငံသို့ ရွှေတုံးအတုများ ဝင် ရောက်လာနိုင်ခြင်းကြောင့် သတိ ပေးခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။
‘‘သက်ရောက်မှုရှိနိုင်တယ်၊ အိမ်နီးချင်းနိုင်ငံ ဖြစ်နေတယ်။ နယ်စပ်ကုန်သွယ်ရေးက ရှိနေတယ်။ ဂရုစိုက်ဖို့ လိုအပ်တယ်။ သဘာဝမဟုတ်တဲ့၊ ဒီကထုတ်တဲ့ ပုံစံနဲ့ မတူတဲ့ပုံစံဝင်လာရင် စစ်ဆေးဖို့လိုအပ်တယ်’’ ဟု ဦးကျော်ဝင်းက ပြောသည်။
တရုတ်နိုင်ငံတွင် ရွှေ တုံးအတုများ ပျံ့နှံ့နေ၍ မြန်မာ နိုင်ငံတွင်လည်း ဝယ်ယူသူများအ နေဖြင့် ပုံမှန်မဟုတ်သည့....
04/07/2020
ဝှေခါမှော် ဖြစ်ရပ်ဆိုးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ သမ္မတအမိန့်ဖြင့် ဖွဲ့စည်း
____________________________
ဖားကန့်မြေစာပုံပြိုကျ မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ပြည်ထောင်စုဝန်ကြီးသုံးဦး အပါ အဝင် ‌ခြောက်ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဖွဲ့စည်းလိုက် သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးစိုးထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေး၊ ကချင်ပြည်နယ်ဝန်ကြီး ချုပ်တို့ ပါဝင်သည်။
မြေပြိုကျသည့် ဖြစ်စဉ်အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန်၊ ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် တာဝန်ရှိသူအဆင့်ဆင့်ကို စုံစမ်းဖော်ထုတ်ရန်၊ ဖြစ်စဉ်တွင် သေ ဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရ ရှိသူများ၏ မိသားစုများအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှု များ စီစဉ်ဆောင်ရွက်ပေးရန်နှင့် နောင်အလားတူဖြစ်စဉ် မဖြစ်စေ ရေးအတွက် လုံခြုံရေးအပါအ ဝင် ဆောင်ရွက်ရမည့် အစီအမံ များကို အကြံပြုတင်ပြရန်တို့ ညွှန်ကြားသည်။
အော်တို ပြောင်းထားသည်- ဝှေခါမှော် ဖြစ်ရပ်ဆိုးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ သမ္မတအမိန့်ဖြင့် ဖွဲ့စည်း
____________________________
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို Online အခမ်းအနားအဖြစ် ယနေ့နံနက်ပိုင်းတွင် လူ...
04/07/2020
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို Online အခမ်းအနားအဖြစ် ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီကျင်းပသည်။
အခမ်းအနားသို့ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် ပညာရှင်များ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်အမျိုးသမီးအဖွဲ့(၁၁)ဖွဲ့မှ ကိုယ်စားလှယ်များ၊ Online မှ မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ပြည်နယ်များမှ အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ UN အဖွဲ့မှ ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများတက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားကို video clip ဖြင့် မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြု သီချင်းထုတ်လွှင့်ပြီး အခမ်းအနားအားစတင်ဖွင့်လှစ်သည်။ ထို့နောက် အမျိုးသမီးများနေ့ အထိမ်း အမှတ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည့် မိန့်ခွန်းသဝဏ်လွှာအား video clip ဖြင့် ထုတ်လွှင့်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုနှစ် (၂၀၂၀) ပြည့်နှစ်သည် ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြောင့် စိန်ခေါ်မှုများသည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုများ၊ ပွဲအခမ်းအနားများအား ပုံစံအသစ်ဖြင့် ဆောင်ရွက်နေကြရပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရန် ဦးစားပေး ဆောင်ရွက်နေကြရင်း ကန့်သတ်မှုများ၊ ပိတ်ပင်မှုများကို မလွှဲသာမရှောင်သာ ပြုလုပ်ရသည့်အတွက် လူမှုစီးပွားရေးဆိုင်ရာ အကျိုးဆက်များကို နိုင်ငံအလိုက် အနည်းနှင့်အများ ခံစားနေကြရပါကြောင်း၊ အမျိုးသမီးများသည် အမျိုးသားများထက် ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ပိုမို ခံစားကြရပြီး ကျား၊မ အခြေပြုအကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများ များပြားလာသည်ဟု ဆိုကြ‌ကြောင်း၊ မိမိတို့နိုင်ငံတွင်အကြမ်းဖက်မှုများ ယခုထိများပြားလာသည်ကို မတွေ့ရသေးခြင်းကို ဆက်လက်ထိန်းထားရန်လိုပါကြောင်း။
အိမ်တွင်မိသားစုပြုစု စောင့်ရှောက်ရ သော တာဝန်ကို အမျိုးသမီးအများစုကတာဝန်ယူ ဆောင်ရွက်ရလေ့ရှိပါကြောင်း၊ မိသားစုဆိုသည်မှာ လူမှုအသိုင်းအဝိုင်း၏အခြေခံဖြစ်ပါကြောင်း၊ မိသားစုဝင်များက ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ မိသားစုစိတ်ဓာတ်နှင့် ကိုယ်ချင်းစာတရားသည် မြန်မာလူမျိုးများ၏ အခြေခံ စံနှုန်းများဖြစ်ပါကြောင်း၊ မိသားစုစိတ်ဓာတ်၊ ကိုယ်ချင်းစာတရားနှင့်အတူတကွ ကြိုးစားဆောင်ရွက် ကြမည်ဆိုပါက ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲ အခက်အခဲများကို ကျော်လွှားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် အရေးကြီးသည့် တစ်ချက်မှာ ရင်ဆိုင်ရသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်ရန် ပြောင်းလဲနိုင်စွမ်းပင် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး လုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်မှု၊ လူမှုရေး ဆောင်ရွက်မှု ပုံစံများအား ပုံစံအသစ်နှင့်ပြောင်းလဲပြီး ချိတ်ဆက်ကြရမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ကာလတွင် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း လည်းရှိပါကြောင်း၊ တစ်ပိုင် တစ်နိုင်လုပ်ငန်းများလုပ်ကိုင်ပြီး Online ဖြင့် ရောင်းချနေကြကြောင်း၊ Online သင်တန်းများ ဖွင့်လှစ်ခြင်း၊ အထည်ချုပ်စက်ရုံများအနေဖြင့် ကျန်းမာရေးနှင့် ပတ်သက်သည့် အကာအကွယ် ပစ္စည်းများချုပ်ခြင်းကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကျေးလက်နှင့် မြို့ပြ အခြေခံအနေအထား များ မတူပါကြောင်း၊ ပုံစံသစ်နှင့်ရှေ့ဆက်သည့်နေရာတွင် မတူသော်လည်း မျှတနိုင်ရန်၊ မည်သူမျှမကျန်ရစ်စေရန် နိုင်ငံတော်ဘက်ကလိုအပ်သည့်အကာ အကွယ်ပေးမှုများ၊ လူမှုရေးဝန်ဆောင်မှု၊ ချေးငွေထောက်ပံ့မှုများ၊ အတိုးနှုန်းသက်သာသည့် ချေးငွေများနှင့် အခြေခံ လူတန်းစား မိသားစုဝင်များအတွက် ဝန်ထုပ်ဝန်ပိုးသက်သာစေမည့် အစီအစဉ်များ၊ ကိုယ်ဝန် ဆောင်မိခင်နှင့် ကလေးများအတွက် ထောက်ပံ့ပေးသည့် အစီအစဉ်များအပြင် စီးပွားရေး ထိခိုက်မှု သက်သာစေရန်စီမံချက် COVID-19 Economic Relief Plan (CERP) ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဘက်ကလည်း နိုင်ငံတော်နှင့် ပူးပေါင်းနိုင်ရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ကျားမ တန်းတူညီမျှရေးကိုမြှင့်တင်ရန် အဓိကကျသည့် နှစ်တစ်နှစ်ဖြစ် သည့်အတွက် အမျိုးသမီးများ၏အခန်း ကဏ္ဍနောက်ကျန်မနေစေရန်လည်း ဝိုင်းဝန်းဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း။
အမျိုးသမီး များအနေဖြင့် နိုင်ငံ၏လိုအပ်ချက်များကို အမျိုးသားများ နှင့်တန်းတူ မည်သည်တို့ကို ဖြည့်ဆည်းပြီး နိုင်ငံတော်၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်းများကလည်း မည်သို့ကူညီ ဆောင်ရွက်ပေးမည်ကို စဉ်းစားကြရန်လိုပါကြောင်း၊ လူမှုအဖွဲ့အစည်းများအနေဖြင့် အမျိုးသမီးများ၏ လိုအပ်ချက်၊ အခက်အခဲများကိုတင်ပြခြင်း၊ လိုအပ်မည့်ကျွမ်းကျင်မှုများကို သင်ကြားပေးခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ကူညီဆောင်ရွက်ပေးခြင်းများကို ပူးပေါင်း ဆောင်ရွက်ပေးကြရန်ပြောလို ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် လူမှုအဖွဲ့အစည်းများ တည်ဆောက်မည့်နေရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါ ပါကြောင်း၊ မိသားစုစိတ်ဓာတ်၊ ကိုယ်ချင်းစာစိတ်ဓာတ်များနှင့် ကြံ့ကြံ့ခံနိုင်ရန် တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့် နိုင်ငံ၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးမည့်နေရာတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အားလုံးဝိုင်းဝန်း ကြိုးစားကြ စေလိုပါကြောင်း၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် အင်အားနှင့်ကြံ့ကြံ့ခံနိုင်သည့် စိတ်ဓာတ် ခွန်အားများကို မျိုးဆက်သစ်အသီးသီးကို ဆက်လက် ဆင့်ကမ်းအမွေပေးသွားကြရန် တိုက်တွန်းရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တေးဂီတနှင့်တွဲဖက်၍ ကိုယ် ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းသရုပ်ပြခြင်းအား video clip ဖြင့် ပြသသည်။
ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်စကားဝိုင်းဆွေးနွေးပွဲအား "ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုတွင် အမျိုးသမီးများ၏ ပါဝင်မှုနှင့်စိန်ခေါ်မှုများ” “Role and Challenges of Women in Covid-19 Response " ခေါင်းစဉ်ဖြင့်ဆောင်ရွက်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဦးဆောင်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် UMFCCI မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေးကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ ကိုဗစ်-၁၉ တုံ့ပြန် ရေးတွင် အမျိုးသမီးများ၏ ပါဝင်မှုအခန်း ကဏ္ဍနှင့် ၎င်းတို့တွေ့ကြုံရသော အခက်အခဲများ၊ ကျော်လွှားနိုင်သောနည်းလမ်းများကို ဖော်ထုတ်နိုင်ရေးစသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားလျက်ရှိသော Coronavirus Disease 2019 (COVID -19) ကူးစက်ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ၌ ရှေ့တန်းမှနေ၍ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမျိုးသမီး ကျန်းမာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်းအားလုံးအား မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ကျန်းမာ ရေးဝန်ထမ်းများ အားလုံးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်ထံ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပေးအပ်သည်။
မြန်မာအမျိုးသမီးများနေ့ အကြို စကားဝိုင်းဆွေးနွေးပွဲများကို တစ်ပတ်ကြိုတင်၍ ကျန်းမာရေး ကဏ္ဍ၊ ပညာရေးကဏ္ဍ၊နှင့် စီးပွားရေး ကဏ္ဍများအလိုက်သက်ဆိုင်ရာပညာရှင်များနှင့် ဆွေးနွေး ခဲ့ကြပြီး ထိုအကြိုညှိနှိုင်း ဆွေးနွေးပွဲ ရလဒ်များ အပေါ်ယနေ့စကားဝိုင်းတွင် အမျိုးသမီးများ ကိုဗစ်-၁၉ စိန်ခေါ်မူများကို ကျော်လွှားနိုင် ရေးလိုအပ်သောမူဝါဒများ၊ လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Address
Bago
Telephone
+959788281582
Website
Alerts
Be the first to know and let us send you an email when MMR new daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to MMR new daily:
Share