29/05/2026
ကိုယ့်ကိုကိုယ် အရင် ကောင်းအောင် လုပ်ပါ
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷
ကိုယ့်ကိုကိုယ် ကောင်းအောင် နေရင်
သူများကို ကောင်းအောင်
လုပ်ပြီးသားဖြစ်တယ်။
ကိုယ့်ကိုကိုယ် ကောင်းအောင်
မနေတတ်သေးသရွေ့ သူများကို
ကောင်းအောင် လုပ်လို့ မရဘူး။
ဒါကို သဘောပေါက်စေချင်တာ။
ဒါကြောင့် ငါ့ကြောင့် သတ္တဝါတွေ
မဆင်းရဲပါစေနဲ့ ဆိုတဲ့ ကိစ္စသည်
သူ့ကို မဆင်းရဲအောင် တိုက်ရိုက် (Direct)
သွားလုပ်လို့ ဖြစ်တဲ့ ကိစ္စ မဟုတ်ဘူး။
အပေါ်ယံတော့ ဖြစ်တာပေါ့ဗျာ၊
ငတ်နေရင် သွားပေးလို့ရတယ်၊
ဝတ်စရာ မရှိရင် ပေးလို့ရတယ်၊
စိတ်မချမ်းသာရင် ချမ်းသာအောင်
ဖေးမပြောလို့ ရတယ်၊ ဟုတ်လား။
ဒါပေမဲ့ နက်နက်နဲနဲ ချမ်းသာအောင်တော့
ကိုယ်တိုင်က ကောင်းသွားမှ ဒီလူက
‘ဪ... ကောင်းရတာဟာ အင်မတန်
ကောင်းတာပဲ’ လို့ ကိုယ့်ကိုကိုယ်
အားကျလာတဲ့ အဆင့်မျိုး ရောက်ရင်
မကောင်းဘူးလား။ ကောင်းတယ်၊ ဟုတ်လား။
ဒါကြောင့် ငါတည်းဟူသော
အကြောင်းကြောင့် သတ္တဝါတွေ
မဆင်းရဲပါစေနဲ့၊ မပင်ပန်းပါစေနဲ့ ဆိုတာကို
ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်
အရင် ကောင်းအောင် လုပ်ပါ။ ဟုတ်လား။
(သစ္စာရွှေစည်ဆရာတော်)
🙏🙏🙏🙏🙏