Bago Daily Snippet

Bago Daily Snippet ပဲခူးနေ့စဥ် သတင်းအတိုအထွာ

မနက်ဖြန် (၁၉.၅.၂၀၂၂) ကြာသပတေးနေ့ စတင်ပြီး ပဲခူး(ကလိ) မှ စတင် ထွက်ခွာမှာဖြစ်ပါတယ်။ပဲခူး(ကလိ) ⇄  ရန်ကုန် စတင်ထွက်ခွာချိန်6...
18/05/2022

မနက်ဖြန် (၁၉.၅.၂၀၂၂) ကြာသပတေးနေ့ စတင်ပြီး
ပဲခူး(ကလိ) မှ စတင် ထွက်ခွာမှာဖြစ်ပါတယ်။

ပဲခူး(ကလိ) ⇄ ရန်ကုန် စတင်ထွက်ခွာချိန်
6:00 AM
6:30 AM
7:00 AM
2:15 PM
3:00 PM

ရန်ကုန် ⇄ ပဲခူး(ကလိ) စတင်ထွက်ခွာချိန်
7:15 AM
8:00 AM
3:00 PM
3:30 PM
4:15 PM

💥ခရီးစဉ်
ပဲခူး( ကလိ ) ⇄ ရန်ကုန်
တစ်နေ့လျှင် (၅)စီး

💥 အထူး Promotion 📢
ရန်ကုန် - ပဲခူး ခရီးစဉ်အတွက် ကြိုတင်လက်မှတ်
၁၀စောင်ဝယ်ယူပါက ၁စောင်ကို အခမဲ့ မေတ္တာလက်ဆောင်ပေးသွားမယ့် အစီအစဉ်လေး ရှိပါတယ်။

လက်မှတ် မဝယ်ယူထားတဲ့ ခရီးသည်များကလည်း
အရင်လိုပဲ ပိုက်ဆံပုံးထဲထည့်ပြီး စီးလို့ရပါတယ်
ရပ်/ချ/တင်/ထွက် စနစ်ဖြင့်
ဝန်ဆောင်မှုပေးမှာဖြစ်လို့ လမ်းခရီးကြန့်ကြာမှု မရှိတော့ဘဲ
မောင်းနှင်ရာမှာလည်း အမြန်နှုန်းကို တသမှတ်တည်း မောင်းနှင်သွားမှာမို့ စီးနင်းသူတိုင်း ဘေးကင်းလုံခြုံစေဖို့
တာဝန်ယူပါတယ်။

ကားရှေ့တံခါးပေါက်မှ တက်ပြီး
ငွေပေးချေမှုကတော့ ပိုက်ဆံပုံးထဲ ယာဉ်စီးခထည့်ရမှာပါ။
ကားပေါ်မှ မဆင်းခင် ဘဲလ်တီးပေးပြီး နောက်တံခါးပေါက်က ဆင်းရပါမယ်။

ယာဉ်လိုင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
095065379
09409290658
ပဲခူးဂိတ်မှူးဖုန်း 09264217798
ရန်ကုန်ဂိတ်မှူးဖုန်း 09456053826
0944664442
0944664443 တို့ကို အသေးစိတ်ဆက်သွယ်
မေးမြန်းနိုင်ပါတယ်။

Crd

၂၀၂၂ ခုနစ် မေလ (၁၂)ရက်နေ့ မနက် ပဲခူးတက္ကသိုလ် မြင်ကွင်းပုံရိပ်များ
12/05/2022

၂၀၂၂ ခုနစ် မေလ (၁၂)ရက်နေ့ မနက် ပဲခူးတက္ကသိုလ် မြင်ကွင်းပုံရိပ်များ

သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်ရှိ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူ ပျုစောထီးခေါင်းဆောင် ၁ ဦး နှင့် ရာအိမ်မှူး ၁ ဦးတို...
11/05/2022

သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်ရှိ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူ ပျုစောထီးခေါင်းဆောင် ၁ ဦး နှင့် ရာအိမ်မှူး ၁ ဦးတို့အား ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် ၃၈၀၂ တပ်ခွဲ ၄ မှ သုတ်သင်ရှင်းလင်း

၂၀၂၂ ခုနှစ် ၊ မေလ ( ၁၁ ) ရက်

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီခန့် ဝိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တဖြစ်လဲ ပျုစောထီးခေါင်းဆောင် ခင်မောင်သန်း နှင့် တာဝါတိုင်ကျေးရွာ ရာအိမ်မှူး အောင်မျိုးဇော် တို့အား ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် ၃၈၀၂ တပ်ခွဲ ၄ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယနေ့ ညနေ ၆ :၀၀ ခန့်က သုတ်သင်ရှင်းလင်းခဲ့သည်။

ထိုသို့သုတ်သင်ရှင်းလင်းရာတွင် အကြမ်းဖက်စစ်ကောင်စီခန့် ပျုစောထီး အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ နှစ်ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ယနေ့ပဲခူးနာရီစင်ရန်ကုန် ဘက်အခြမ်းအသွားကိုလမ်း-(၃၀) ထိပ်ကနေ စပိတ်ထားသည်။ပန်ထွာဧကရီ
03/05/2022

ယနေ့
ပဲခူး
နာရီစင်
ရန်ကုန် ဘက်အခြမ်းအသွားကို
လမ်း-(၃၀) ထိပ်ကနေ စပိတ်ထားသည်။

ပန်ထွာဧကရီ

02/05/2022

ဖြူးမြို့နယ်ဇေယျဝတီမြို့ EPCရုံးရှေ့ မှာ ၂.၅.၂၀၂၂ရက်နေ့ ည ၁၀နာရီခွဲ အချိန်ခန့်တွင် ဗုံးကွဲ။
ပျောက်ကျားရဲဘော်များ အန္တရယ်ကင်းစွာ လွတ်မြောက်ရာ နယ်မြေ ကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရ။

https://www.facebook.com/102647535555001/posts/156799260139828/

သဲကုန်းမြို့မှာ ကြိုတင်ထုတ်ပြန်ခြင်းမရှိပဲ မှတ်ပုံတင်နဲ့ ဆေးလက်မှတ်ပါမှ မြို့အဝင်အထွက်လုပ်ခိုင်းသဲကုန်း၊ ဧပြီ ၂၃၊ ၂၀၂၂။ပ...
23/04/2022

သဲကုန်းမြို့မှာ ကြိုတင်ထုတ်ပြန်ခြင်းမရှိပဲ မှတ်ပုံတင်နဲ့ ဆေးလက်မှတ်ပါမှ မြို့အဝင်အထွက်လုပ်ခိုင်း

သဲကုန်း၊ ဧပြီ ၂၃၊ ၂၀၂၂။

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ မြို့အဝင်အထွက်ဂိတ်တွေကို ကြိုတင်ထုတ်ပြန်တာမျိုးမရှိပဲ မြို့အဝင်အထွက်တွေမှာ စစ်ကောင်စီက မှတ်ပုံတင်နဲ့ ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်မပါရင် အဝင်အထွက်မလုပ်ခိုင်းတာကြောင့် ‌‌စျေးသူစျေးသားတွေအနေနဲ့ အခက်အခဲတွေ့နေရတယ်လို့ ‌ဒေသခံတဦးဆီက သိရပါတယ်။

သဲကုန်းမြို့နဲ့ ဆင်မြှီးဆွဲ မြို့အဝင်အတွက်တွေမှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေချထားပြီး မနေ့ကစလို့ ဖမ်းဆီးတာတွေ လုပ်နေခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"သဲကုန်းမြို့ဝင်ကိုအဓိကထားပြီး စစ်ဆေးတယ်။ မှတ်ပုံတင်ကတ်နဲ့ ကိုဗစ်ဆေးထိုးပြီးကတ်ပါမှသာ ဝင်ခွင့်ထွက်ခွင့်ပြုပြီး၊ Covid ဆေးလက်မှတ်မပါရင် နောက်တခါပါမှ ဝင်ရမယ်ဆိုပြီး ကြိမ်းမောင်းတယ်။ တခြားမြို့တွေမှာ အခုလို စကစဟာလုပ်တာမရှိပဲ ဝက်ပုတ်၊ ပေါင်းတလည်လမ်းမကြီး ၊ သဲကုန်း၊ ပုတီးကုန်း၊ ဆင်မြီးဆွဲမြို့တွေ အဓိကထားစစ်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက မြို့အနှံ့လိုက်စစ်ဆေးနေတာကြောင့် ရွာလည်စျေးသည်တွေနဲ့ စျေးဝယ်ထွက်သူတွေ ရှောင်မောင်းနေရတာကြောင့် အချိန်နှောင့်နှေးမှုတွေ ဖြစ်နေရတယ်လို့ ပြောပါတယ်။

အဲ့ဒီလို စစ်ဆေးဖမ်းဆီးတာတွေကို ကြိုတင်အသိတာမျိုးမရှိပဲ ဌာနတွင်းသတင်းတွေအရ မြို့ပေါ်နေပြည်သူတွေသာ သိထားပြီး ကျေးရွာဘက်က ပြည်သူတွေမသိရပဲ ဆဲဆိုကြိမ်းမောင်း‌တာတွေ ခံနေရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

21/04/2022

ဖြူးမြို့တွင် ယနေ့ည ၉နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုဖြစ်ပွား...

"ဆေးရုံ ရှေ့ ကျောင်းရှေ့ စစ်တပ်ဝန်းထဲ ပစ်နေတာ
အချက်ပေါင်း 20 ကျော်တယ်"လို့ ဒေသခံတစ်ဦးထံမှာသိရ...

ဖြစ်စဥ်အပြည့်အစုံကိုဆက်လက်စုံစမ်းနေပါသည်...။

21/04/2022

21.4.2022
ပဲခူးမြို့
ညောင်အင်းလမ်းဆုံနားတွင် ၁၂နာရီဝန်းကျင်ခန့်၌ကပေါက်ကွဲမှုဖြစ်ပွားသည်ဟု ကနဦး သိရ

BDN

ဖြစ်စဥ် အမျိုးသားနှစ်ဦး ဆိုင်ကယ်မောင်းနေစဥ် ညောင်အင်းစက်ရုံလမ်းတွင် ၎င်းတို့ထံမှပါလာသောဗုံးအလိုလျောက်ပေါက်ကွဲသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရတယ်လို့ မျက်မြင်တွေ့သူများထံမှသိရသည်...

credit

ယနေ့ ညနေပိုင်း တောင်ငူမြို့ လေပြင်းတိုက်ခတ်ခံရမှုအခြေအနေ‼️CrdPhotos
20/04/2022

ယနေ့ ညနေပိုင်း တောင်ငူမြို့
လေပြင်းတိုက်ခတ်ခံရမှုအခြေအနေ‼️

CrdPhotos

ရွှေတောင်တွင် စစ်တိုက်လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို PDF က သေနတ်ဖြင့် ပစ်ခတ်၊ ရန်ကုန်သို့ ဆေးကုသရန် အရေးပေါ် ပို့ဆေ...
17/04/2022

ရွှေတောင်တွင် စစ်တိုက်လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို PDF က သေနတ်ဖြင့် ပစ်ခတ်၊ ရန်ကုန်သို့ ဆေးကုသရန် အရေးပေါ် ပို့ဆောင်ရ

ဧပြီ ၁၇

ပဲခူးတိုင်း၊ရွှေတောင်မြို့တွင် စစ်တပ် ဂျက်တိုက်လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို PDF က သေနတ်ဖြင့် ပစ်ခတ်လိုက်ပြီး ဒဏ်ရာရရှိသွားသဖြင့် ရန်ကုန်သို့ ဆေးကုသရန် အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း ပဲခူး PDF က သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်အချိန် အကြမ်းဖက်စစ်ကောင်စီ လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်ကို ၎င်း၏ မွေးရပ်ဇာတိ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့သို့ ခေတ္တရောက်ရှိနေချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီကားများ စောင့်ကြပ်လျက် ပရဟိတကားတစ်စီးဖြင့် ဆေးကုသမှုခံယူရန် ရန်ကုန်ဘက်သို့ အရေးပေါ်ထွက်ခွါသွားကြောင်း သိရှိရသည်။

စစ်လေယာဉ်မှူးကို မိုင်းခွဲတိုက်ခိုက်ရန်စီစဉ်ထားခဲ့သော်လည်း မိသားစု နှင့် ကလေးသူငယ်များပါဝင်နေ၍ မိုင်းခွဲ တိုက်ခိုက်မှုအစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးအောင်ကိုဇော်သည် အမှတ် ၃၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၊ မင်္ဂလာဒုံလေတပ်စခန်းကဖြစ်ပြီး ချင်းပြည်နယ် ၊​ စစ်ကိုင်းတိုင်း ၊​ ကရင်ပြည်နယ် နှင့် မကွေးတိုင်းတို့ရှိ ပြည်သူ့ အသက်အိုးအိမ် တို့အား ဗုံးကြဲတိုက်ခိုက်နေသော Mi-35P နှင့် Mi-17 တောင်ပိုင်းလေတပ်ကွပ်ကဲဌာနချုပ်ရှိ ပိုင်းလော့စာရင်း ၅၄ ဦးထဲတွင် ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - အကြမ်းဖက်စစ်ကောင်စီ လေယာဉ်မှူး ဗိုလ်မှူးအောင်ကိုဇော်

16/04/2022

ပြည်ခရိုင် ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု လဲပင်ကျေးရွာ

ဧပြီလ ၁၅ ရက်နေ့ တိုက်ပွဲ (ရုပ်/သံ)

https://www.facebook.com/106544048466607/posts/166772905777054/?d=n

16/04/2022

ပြည်ခရိုင် တပ်ရင်း ၁နှင့် တပ်ရင်း၂ ပူးပေါင်း၍ အကြမ်းဖက်
စစ်ကောင်စီတပ်ဖွဲ့အား ဝင်ရောက်တိုက်ခိုက်

၂၀၂၂ ခုနှစ် ဧပြီလ ( ၁၆ ) ရက်

၂၀၂၂ ခုနှစ် ဧပြီလ (၁၅) ရက် မနေ့ နေ့လည်ပိုင်း ၂:၅၀ နာရီက
ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု လဲပင်ကျေးရွာ ဘုန်း
တော်ကြီးကျောင်းအနီးတွင် အင်အား ၁၆ ဦး ခန့်ဖြင့် တပ်စွဲထား
သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ပြည်ခရိုင် တပ်ရင်း
၃၆၀၁ တပ်ခွဲ ၂ တပ်စု ၅ နှင့် တပ်ရင်း ၃၆၀၂ ဘိုးတော်တပ်ခွဲတို့
ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါသည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ ခန့် ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်
ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွါးပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦး
စစ်ကူအဖြစ်ရောက်ရှိလာကာ ည ၉:၃၀ နာရီတွင် ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု လဲပင်ကျေးရွာအား မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

အဆိုပါ ပေါင်းတည်မြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု လဲပင်ကျေးရွာ
သည် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့ကလည်း မီးရှို့ဖျက်ဆီးခြင်း
ခံခဲ့ရပြီး ယခုအကြိမ်သည် အကြမ်းဖက်စစ်ကောင်စီ၏ ဒုတိယ
အကြိမ် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေ
ဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူလူထုအပေါ်
လက်နက်အားကိုး၍ အနိုင်ကျင့်နှိပ်စက်နေခြင်း ၊ ပြည်သူလူထု၏
အသက်အိုးအိမ်စည်းစိမ်တို့အား မီးရှို့ဖျက်ဆီးနေခြင်းတို့ကို
ပြင်းထန်စွာရှုတ်ချကြောင်း နှင့် ယခုထက်ပိုမိုပြင်းထန်သော
တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း
သတိပေးလိုက်သည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲမှ ယနေ့
ထုတ်ပြန်ထားသည်။



ပေါက်ရင်ယူ မပေါက်ရင်လှူ ကံစမ်းမဲ
https://www.facebook.com/280868577060446/posts/425300752617227/

Address

Bago

Website

Alerts

Be the first to know and let us send you an email when Bago Daily Snippet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share