MyanmaGone Media

MyanmaGone Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MyanmaGone Media, Media/News Company, Bago.

ရွေးကောက်ပွဲကို အပြုသဘော မဆောင်ချင်နေပါစေ၊ အပျက်သဘောမဆောင်စေချင်ဘူးလို့ ပျော်ဘွယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသော...
12/11/2025

ရွေးကောက်ပွဲကို အပြုသဘော မဆောင်ချင်နေပါစေ၊ အပျက်သဘောမဆောင်စေချင်ဘူးလို့ ပျော်ဘွယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေးပြော
၁၂.၁၁.၂၀၂၅
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တစ်တိုင်းပြည်လုံးမှတိုင်းရင်းသားပေါင်းစုံ ရှိတဲ့အတွက် အပြုသဘော မဆောင်ချင်
နေပါစေ၊ အပျက်သဘောမဆောင်စေချင်ဘူးလို့ ပျော်ဘွယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေးကပြောပါတယ်။
တိုင်းရင်းသားပေါင်းစုံ ရှိတဲ့အတွက် အားလုံးက ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ပဲ သွားရမယ်။ ကျွန်တော်ပြောချင်တာကတော့ အပြုသဘော မဆောင်ချင်နေပါစေ၊ အပျက်သဘောမဆောင်စေချင်ဘူး။ သူများတွေ လုပ်ကိုင်နေတာတွေကို လက်ခုပ်မတီးချင်နေပါစေ၊ လက်နဲ့တော့သွားပြီး မတားကြစေချင်ဘူး။ ဒါမှသာ တိုင်းပြည်ဟာ တိုးတက်မှာ၊ ဖွံ့ဖြိုးမှာ။ အဲ့တော့ အချင်းချင်း ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တကယ့် အခွင့်အရေးကောင်းတွေကို ရအောင်ရှာပြီးတော့ ကိုယ်စားလှယ်ကောင်းတွေကို တကယ်ပဲ ရွေးကြပါ" ဟု ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောကြားသည်။
နိုင်ငံတော်က ကြိုးစားဆောင်ရွက်နေတဲ့အထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး က ပြောပါတယ်။
ဆက်ပြီးတော့ “ဘယ်သူတွေ ဘာပဲဖြစ်နေဖြစ်နေကိုယ်ကောင်းဖို့လိုတယ်။ ကိုယ့်ကိုကိုယ် ကောင်းအောင် တည်ဆောက်ရမှာဖြစ်တယ်။ ကိုယ်ကောင်းမှ ကိုယ်ကောင်းမယ်။ ကိုယ်ကောင်းမှ သူများကောင်းမယ်။ သူများကောင်းမှ အများကောင်းမယ်။ အများကောင်းမှ အားလုံးကောင်းမယ်။ ဒါကြောင့်မလို့ အရေးကြီးတာက ဘယ်သူ့ကိုယ်မှ ဘာမှအပြစ်တင် ပြောမနေနဲ့။ ငါတို့သည် ရွေးကောင်ပွဲကြီး အောင်မြင်အောင် ငါတို့ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုပြီးတော့ ကိုယ့်ကိုကိုယ် ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဓာတ်တွေနဲ့ ကောင်းမြတ်မှန်ကန်တဲ့ တကယ့်စေတနာစိတ်ထားနဲ့ ရွေးကောက်ပွဲကြီးကို ဝိုင်းဝန်း အားပေးနိုင်ကြပါစေ။ မှန်ကန်တော်တဲ့တယ့် ကိုယ်စားလှယ်တွေကို ပေးဖို့အတွက် သေသေချာချာ တိတိကျကျ ရွေးချယ်ပေးနိုင်ကြပါစေ။ ဒီရွေးချယ်မှုရလဒ်ကနေ အဲ့ဒီ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အားလုံးကို ပြည့်စုံကုံလုံစွာ တည်ဆောက်ပြီးတော့ လာမယ့်အနာဂတ်မှာ ပိုမိုခိုင်မာတဲ့ မြန်မာပြည်ကြီးဖြစ်အောင် ဝိုင်းဝန်းတည်ဆောက်ပေးကြပါလို့ ပြောကြားလိုပါတယ်" ဟု ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ညွှန့် နှင့် ဒေါ်သန်းသန်းအေး တို့သည် ပျော်ဘွယ်မြို့ရှိ မြင်းဘက်ရပ်ကွက်၊ ရွှေပြည်ရန်အောင်ရပ်ကွက်နှင့် မန္တလေးတန်းရပ်ကွက်တို့ရှိ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ မဲဆွယ်စည်းရုံးခြင်းနှင့် မဲပေးမှုစနစ်များကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အောင်ပွဲရစစ်သည်တို့  ကြိုဆိုပွဲ    ကယားပြည်နယ် မိုးဗြဲဒေသအတွင်း    KNPP / KNDF /PDF အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တို...
05/11/2025

အောင်ပွဲရစစ်သည်တို့ ကြိုဆိုပွဲ

ကယားပြည်နယ် မိုးဗြဲဒေသအတွင်း KNPP / KNDF /PDF အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲပေါင်း ငါးဆယ်ကျော် တိုက်ခဲ့ပြီး အောင်ပွဲရစစ်သည်များ ရှေ့တမ်းပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။
အမှတ် ၅၁၇ ခြေမြန်တပ်ရင်း စစ်သည်တွေက အလောင်းလက်နက် များစွာရရှိခဲ့တာကြောင့် တပ်သားမှ ဒုတပ်ကြပ် အဆင့်၊ ဒုတပ်ကြပ်မှ တပ်ကြပ်အဆင့်၊ တပ်ကြပ်မှ တပ်ကြပ်ကြီးအဆင့် စစ်မြေပြင်မှာ အဆင့်တိုးမြင့် ဆောင်ရွက် ပေးခြင်းခံရတဲ့ စစ်သည်တွေဖြစ်ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ရုပ်ကလာပ်အား ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်)ကို ပို့ဆောင်တဲ့မြင်ကွင်းမြန်မာ့ဂု...
11/08/2025

ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ရုပ်ကလာပ်အား ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်)ကို ပို့ဆောင်တဲ့မြင်ကွင်း

မြန်မာ့ဂုဏ် ၊ သြဂုတ် ၁၁

ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ရုပ်ကလာပ်ကို ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်)ကို ဒီကနေ့ (သြဂုတ် ၁၁ ရက်) မွန်းလွဲပိုင်းမှာ ပို့ဆောင်ခဲ့ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ရုပ်ကလာပ်အား သယ်ဆောင်လာတဲ့ ဈာပနယာဉ်တန်း စစ်င်္သချိုင်းကို ချီတက်ရာလမ်းတစ်လျှောက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာသံတမန်များ လိုက်ပါပို့ဆောင်ကြပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ရုပ်ကလာပ်အား တပ်မတော်စစ်သင်္ချိုင်းတွင် စစ်အခမ်းအနားဖြင့် င်္သဂြိုဟ်မည်ဖြစ်တယ်လို့ သိရပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်မှုအတွက် ဩဂုတ် ၇ ရက်မှ ၉ ရက်နေ့အထိ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ခဲ့ပြီး ထိုကာလအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ အား တိုင်ဝက်လျှော့ချကာ လွှင့်ထူခဲ့ကြပါတယ်။

သတိုးမဟာသရေစည်သူ ဦးမြင့်ဆွေ (ယာယီသမ္မတ)၊ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)၂၄ .၆.၁၉၅၁ -၇.၈.၂၀၂၅ မြန်မာနိုင်ငံသား မွန်လူမျိုးတစ်ဦးဖြစ်ကာ ဦးမြင့်ဆွေကို ဦးကြီးမောင်၊ ဒေါ်ကြည်တို့မှ ၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့မှာဖွားမြင်ခဲ့ပါတယ်။

DSA အပတ်စဉ် ၁၅ ကျောင်းဆင်း အရာရှိတစ်ဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင်ဗိုလ်မှူးချုပ်နှင့် အမှတ်(၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး၊၂၀၀၁ ခုနှစ်တွင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူး ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခြင်းခံရပါတယ်။

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ကာ၂၀၀၄ ခုနှစ်တွင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ဖြစ်လာခဲ့ပါတယ်။
၂၀၀၅ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်းခံရသူဖြစ်ပြီး ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင်အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အရာရှိချုပ်ဖြစ်လာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပါတယ်။ ၂၀၁၀ခုနှစ်တွင် စစ်ဖက်ဆိုင်ရာ ရာထူးမှ အနားယူခဲ့ပါတယ်။

ဦးမြင့်ဆွေသည် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ နိုင်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ပါတယ်။

အဲနောက် ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တပ်မတော်သားကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုရာ မတ်လ ၁၅ရက်နေ့တွင် ၂၁၃ မဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ တွင် ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပြီးယာယီသမ္မတဦးမြင့်ဆွေဟာ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး အာရုံကြောများနှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson's Disease)၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား စတင် ခံစားလာခဲ့ရပြီး ၂၀၂၅ခုနှစ် ဩဂုတ် လ၇ရက်၊ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်ခဲ့ပါတယ်။

တိုက်ပွဲပေါင်း ခုနှစ်ဆယ်ကျော်ကို တိုက်ခိုက်ပြီး မိုးဗြဲမြို့ကို သိမ်းပိုက်ခဲ့တဲ့ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား...
08/08/2025

တိုက်ပွဲပေါင်း ခုနှစ်ဆယ်ကျော်ကို တိုက်ခိုက်ပြီး မိုးဗြဲမြို့ကို သိမ်းပိုက်ခဲ့တဲ့ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

မြန်မာ့ဂုဏ် ဩဂုတ် ၈

ထိတွေ့တိုက်ပွဲပေါင်း ခုနှစ်ဆယ်ကျော်ကို အနိုင်တိုက်ခဲ့ပြီး မိုးဗြဲမြို့ကို သိမ်းပိုက်ကာ ပြန်လာတဲ့ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
အဆိုပါဂုဏ်ပြုကြိုဆိုပွဲကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်ဇနီး စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနဲ့ တာဝန်ရှိသူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
အဆိုပါ တပ်မတော်သားတွေဟာ မိုးဗြဲမြို့ မကျဆုံးရေးခုခံတိုက်ခိုက်ခဲ့တဲ့အပြင် တန်ပြန်တိုက်စစ် ချေမှုန်းရှင်းလင်းခြင်း ၆ လကြာပြီးနောက် မိုးဗြဲ-လွိုင်ကော်လမ်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဖယ်ခုံအင်းအရှေ့ဘက်အထိ အောင်မြေချဲ့ရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ်။

TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးမိတ်နဲ့နောင်ချိုကို ဗုံးကြဲ၊ TNLA ထိန်းချုပ်ရာဒေသများ ရက်ဆက်တိုက်ခိုက်ခံရမှုကြောင့် ၆ ...
22/02/2025

TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးမိတ်နဲ့နောင်ချိုကို ဗုံးကြဲ၊ TNLA ထိန်းချုပ်ရာဒေသများ ရက်ဆက်တိုက်ခိုက်ခံရမှုကြောင့် ၆ ဦးသေ
၂၂. ၂. ၂၀၂၅
အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးမိတ်နဲ့ နောင်ချိုကို ထပ်မံဗုံးကြဲချေမှုန်းခဲ့တာကြောင့် သုံးဦးသေပြီး ခုနစ်ဦး ဒဏ်ရာရမှု ဒီကနေ့ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက် ညသန်းခေါင်ယံ ၁၂ နာရီ ၁၅ မိနစ်ကနေ နံနက် ၁ နာရီခွဲအချိန်ထိ Y-12 လေယာဉ်နဲ့ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို နဲ့ တောင်ရှည်ကျေးရွာကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့တယ်ပြောပါတယ်။
မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ မိနစ် ၂၀ အချိန်မှာ ဂျက်ဖိုက်တာနဲ့ ပစ်ခက်ခဲ့တာကြောင့် တိုက်ခိုက်ခဲ့လို့ သုံးဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရတဲ့အပြင်အကြမ်းဖက်တွေနေထိုင်တဲ့ နေအိမ် (၅)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တာပါ။
ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ဖေဖော်ဝါရီ ၂၂ရက်အထိ လက်နက်ကြီးနဲ့ လေကြောင်းကို အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် TNLA နယ်မြေလုယက်ထိန်းချုပ်ထားရာမြို့တွေမှာ ၆ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တဲ့အပြင် TNLA လက်နက်ကိုင်တွေတပ်စွဲထားတဲ့ ဆေးရုံ၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် (၁၁)လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးက  ကမ္ဘောဇဘဏ်(၃၇)တွင် ဓါးပြတိုက်သွားသည့် အမျိုးသား ဖမ်းမိ22.2.2025     မနေ့က မန္တလေးမြို့က  ကမ္ဘောဇဘဏ်(၃၇)တွင် ဓါ...
22/02/2025

မန္တလေးက ကမ္ဘောဇဘဏ်(၃၇)တွင် ဓါးပြတိုက်သွားသည့် အမျိုးသား ဖမ်းမိ
22.2.2025
မနေ့က မန္တလေးမြို့က ကမ္ဘောဇဘဏ်(၃၇)တွင် ဓါးပြတိုက်သွားတဲ့အမျိုးသားကိုဖမ်းမိပြီလို့ သိရပါတယ်။
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊မန္တလေးတက္ကသိုလ်အနီး ၊မဟာနွယ်စဥ်ရပ်ကွက်၊ အကွက် (၆၈၉)က ကမ္ဘောဇဘဏ် (၃၇)တွင် (၁၁၄၅)သိန်းကျပ်ကို ဓါးပြတိုက်သွားတာဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိတဲ့ တစ် ကိုယ်တော် ဘဏ်ဓါးပြတိုက်သူ သိန်းဇော်ဦး(၅၄)နှစ်ကို ပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ်ကွက်၊၁၂၀လမ်း၊၆၈(B) လမ်းနှင့်၆၈(C)လမ်းကြားက နေအိမ်တစ်အိမ်မှာဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၂ရက်နံနက်၉နာရီက ဘဏ်ဓားပြတိုက်ရာပါသွားတဲ့ ငွေကျပ် ၁၀၉၈သိန်းနှင့်ပြစ်မှုကျူးလွန်ရာ တွင် အသုံးပြုတဲ့ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့တာဖြစ်ပါတယ်။

တရားမဝင်မြန်မာနိုင်ငံသား ၃၀ ကို တစ်ဝက်စီခွဲတင်လာတဲ့ ကားနှစ်စီး အချင်းချင်းတိုက်မိမှုတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ၇.၁.၂၀၂၅  ...
09/01/2025

တရားမဝင်မြန်မာနိုင်ငံသား ၃၀ ကို တစ်ဝက်စီ
ခွဲတင်လာတဲ့ ကားနှစ်စီး အချင်းချင်းတိုက်မိမှုတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ
၇.၁.၂၀၂၅
တရားမဝင်မြန်မာနိုင်ငံသား ၃၀ ကို တစ်ဝက်စီခွဲတင်လာတဲ့ ကားနှစ်စီး အချင်းချင်းတိုက်မိမှု
ဖြစ်ပွါးရာကနေ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရမှု ထိုင်းနိုင်ငံမှာ ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူကျေးရွာအနီး၊ ဘုရားသုံးဆူ-စံခလဘူရီလမ်းမကြီး‌ပေါ်မှာ ဇန်နဝါရီလ ၇ ရက် ညပိုင်းက ဖြစ်ပွါးခဲ့တာပါ။
ဘုရားသုံးဆူဘက်မှ တောလမ်းအတိုင်း ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်လူ‌ကျေးရွာဘက်ကို ဝင်ရောက်လာသော ထိုင်းနိုင်ငံတွင်အလုပ်လုပ်မယ့် တရားမဝင်မြန်မာလုပ်သား ၃၀ ဦးကို ပစ်ကပ်ကားနှစ်စီးက အသင့်စောင့်ဆိုင်းနေကာ ကားနှစ်စီးတွင် ခွဲပြီးတင်ဆောင်လာချိန် ယင်း ကားနှစ်စီးတိုက်မိခဲ့ခြင်းဖြစ်ပါတယ်။
ယင်းကားနှစ်စီးက ဘုရားသုံးဆူ-စံခလဘူရီ လမ်းမကြီးအတိုင်း အရှိန်ပြင်းစွာမောင်းနှင်လာစဥ် တိုက်မိပြီးနောက် ရှေ့ဘက်က မောင်းတဲ့ကားမှာ လမ်းဘေးသစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့လို့ သိရပါတယ်။
သစ်ပင်ကို ထပ်မံဝင်တိုက်မိတဲ့ ကားပေါ်ပါ မနော်ဆောင်း ဆိုသူအမျိုးသမီးတစ်ဦးသေဆုံးပြီးကိုဇော်အောင် ဆိုသူမှာ ပြင်းထန်ဒဏ်ရာ ရရှိပြီး ကိုစိုးပိုင်ဦးဆိုသူမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
အခင်းဖြစ်ရာနေရာသို့ Phithakkan Foundation မှ တာဝန်ရှိသူများ အပါအဝင် လူမူကယ်ဆယ်ရေးအဖွဲ့များကသွားရောက်ကူညီခဲ့ကြပြီး ယင်း ဒဏ်ရာရသူများအား လူမှုကယ်ဆယ်ရေးအသင်းယာဉ်များဖြင့် စံခလဘူရီရှိ ဖဟွန်ဖွန်ဖယုဟစေနာ ဆေးရုံကြီးကို ‌ပို့ဆောင်ခဲ့ပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကိုလည်း စံခလဘူရီဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရသူများမှလွဲပြီးကျန်သူအားလုံး ထွက်ပြေးလွတ်မြောက်သွားတာကြောင့် စံခလဘူရီရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်ကာ ကားနှစ်စီးရဲ့ပိုင်ရှင်များကိုပါ ဖော်ထုတ်အရေးယူမယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံက မြန်မာနိုင်ငံကို Su-30SME အမျိုးအစား ဘက်စုံသုံးတိုက်လေယာဉ် နှစ်စီး ထပ်မံလွှဲပြောင်း၈.၁.၂၀၂၅     ရုရှားနို...
08/01/2025

ရုရှားနိုင်ငံက မြန်မာနိုင်ငံကို Su-30SME အမျိုးအစား ဘက်စုံသုံးတိုက်လေယာဉ် နှစ်စီး ထပ်မံလွှဲပြောင်း
၈.၁.၂၀၂၅
ရုရှားနိုင်ငံသည် ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံကို Su-30SME အမျိုးအစား ဘက်စုံသုံးတိုက်လေယာဉ် နှစ်စီး ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ ရုရှားနိုင်ငံထုတ် Su-30SME အမျိုးအစားတိုက်လေယာဉ် ၆ စင်း ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်စည်းကမ်းများအတိုင်း ရုရှားနိုင်ငံက မြန်မာနိုင်ငံကို လွှဲပြောင်းပေးရန် နောက်ဆုံးကျန်ရှိနေတဲ့တိုက်လေယာဉ်နှစ်စီးကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။
ရုရှားနိုင်ငံမှ ထပ်မံ လွှဲပြောင်းပေးခဲ့သော Su-30SME အမျိုးအစား တိုက်လေယာဉ် နှစ်
စီးမှာ ဒီဇင်ဘာလအတွင်းကျင်းပခဲ့သည့် ၇၇ နှစ်မြောက် တပ်မတော်(လေ)အခမ်းအနားတွင် တပ်တော်ဝင်ခဲ့ကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး Su-30SME အမျိုးအစား တိုက်လေယာဉ် အရောင်းအဝယ်
စာချုပ် သဘောတူညီခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံသည် ရုရှားအစိုးရထံက မှာယူထားသော Su-30SME အမျိုးအစား တိုက်လေယာဉ် ၆ စီးထဲမှ ပထမနှစ်စီးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်လက်ခံရရှိခဲ့ပြီး၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံပြီး နှစ်စီးလက်ခံရရှိခဲ့ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျန်ရှိနေသော နှစ်စီးကို ထပ်မံလက်ခံရရှိခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
ရုရှားသည် တိုက်လေယာဉ်များလွှဲပြောင်းပေးရာတွင် တိုက်လေယာဉ်များအပြင် လေ့ကျင့်ရေးနှင့် နည်းစနစ်ပိုင်းဆိုင်ရာအဖွဲ့တွေပါ ပူးတွဲလိုက်ပါလာခဲ့ပြီး ရုရှားထုတ်
တိုက်လေယာဉ်များကို နေပြည်တော် လေတပ်
စခန်းတွင် အခြေစိုက်ထားကြောင်း သိရပါတယ်။
Su-30SME အမျိုးအစား တိုက်လေယာဉ်များသည် မြန်မာစစ်တပ်ရဲ့လေတပ်စွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေဖို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လာဖွယ်ရှိနေပါတယ်။

လူကုန်ကူးခံရသည့် တရုတ်မင်းသား ငွေလိမ်ရန် လေ့ကျင့်ပေးခံရဟု ထွက်ဆို     လူကုန်ကူးခံရပြီး မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေ...
08/01/2025

လူကုန်ကူးခံရသည့် တရုတ်မင်းသား ငွေလိမ်ရန် လေ့ကျင့်ပေးခံရဟု ထွက်ဆို

လူကုန်ကူးခံရပြီး မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့ ငွေလိမ်ဂိုဏ်းရောက်သွားတဲ့တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ကိုငွေလိမ်ရန် လေ့ကျင့်ပေးခံရကြောင်း ထွက်
ဆိုတယ်လို့ ထိုင်းအခြေစိုက် Khaosod English က ရေးသားထားပါတယ်။
ရွှေကုက္ကိုလ်မြို့ကို ရောက်ရှိတဲ့ နှစ်ရက်သုံး ရက်အတွင်း တရုတ်လူမျိုးများကို ပစ်မှတ်ထားတဲ့ လိမ်လည်စာတိုများရေးသားရန် လေ့ကျင့်ရန် စေခိုင်းခံရတယ်လို့ Wang Xing က ထွက်
ဆိုပါတယ်။
Wang Xing က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အနီး ဇန်နဝါရီ ၃ ရက်တွင် ပျောက်သွားကာ ရွှေကုက္ကိုလ်သို့ ရောက်သွားခြင်းဖြစ်သည်။
ဇန်နဝါရီ ၃ ရက်နေ့တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိပြီးနောက် မဲဆောက်သို့ ပို့ဆောင်ခံရကာ နောက်ဆုံးတွင် တရားမဝင်နယ်စပ်မှတဆင့် မြန်မာနိုင်ငံကို လူကုန်ကူးခံရခြင်းဖြစ်တယ်လို့ Khaosod English က ရေးသားထားပါတယ်။
ဇန်နဝါရီ ၇ ရက်မှာ တရုတ်နိုင်ငံသား အယောက် ၅၀ နဲ့အတူ ထိုင်းအာဏာပိုင်များက ကယ်တင်ခဲ့ခြင်းဖြစ်ပါတယ်။
ရွှေကုက္ကိုလ်မြို့ဟာ ကရင်ပြည်နယ် မြဝတီမြို့ အရှေ့ဘက် ၁၅ မိုင်ခန့်တွင် တည်ရှိပါတယ်။

Address

Bago

Website

Alerts

Be the first to know and let us send you an email when MyanmaGone Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share