
22/02/2025
TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးမိတ်နဲ့နောင်ချိုကို ဗုံးကြဲ၊ TNLA ထိန်းချုပ်ရာဒေသများ ရက်ဆက်တိုက်ခိုက်ခံရမှုကြောင့် ၆ ဦးသေ
၂၂. ၂. ၂၀၂၅
အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ မိုးမိတ်နဲ့ နောင်ချိုကို ထပ်မံဗုံးကြဲချေမှုန်းခဲ့တာကြောင့် သုံးဦးသေပြီး ခုနစ်ဦး ဒဏ်ရာရမှု ဒီကနေ့ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက် ညသန်းခေါင်ယံ ၁၂ နာရီ ၁၅ မိနစ်ကနေ နံနက် ၁ နာရီခွဲအချိန်ထိ Y-12 လေယာဉ်နဲ့ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို နဲ့ တောင်ရှည်ကျေးရွာကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့တယ်ပြောပါတယ်။
မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ မိနစ် ၂၀ အချိန်မှာ ဂျက်ဖိုက်တာနဲ့ ပစ်ခက်ခဲ့တာကြောင့် တိုက်ခိုက်ခဲ့လို့ သုံးဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရတဲ့အပြင်အကြမ်းဖက်တွေနေထိုင်တဲ့ နေအိမ် (၅)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တာပါ။
ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ဖေဖော်ဝါရီ ၂၂ရက်အထိ လက်နက်ကြီးနဲ့ လေကြောင်းကို အသုံးပြုပြီး တိုက်ခိုက်မှုကြောင့် TNLA နယ်မြေလုယက်ထိန်းချုပ်ထားရာမြို့တွေမှာ ၆ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တဲ့အပြင် TNLA လက်နက်ကိုင်တွေတပ်စွဲထားတဲ့ ဆေးရုံ၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် (၁၁)လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။