26/11/2025
#အမြဲတမ်းငွေရှိနေသူတွေရဲ့လျှို့ဝှက်ချက်များ
************************
ဖတ်ကြည့်နော်
တချို့တွေမှာ လခရတာချင်း အတူတူပေမဲ့
လလယ်လောက်ဆို
လက်ထဲမှာ ခြူးတစ်ပြားမှ မကျန်တော့ပါ။
ချေးပါဦး ငှားပါဦးနဲ့။
တချို့တွေများကျတော့ ခပ်အေးအေးပဲ။
အမြဲတမ်းလိုလို
ငွေကြေး လောက်လောက်ငှငှ ရှိနေတာ
မြင်ရတယ်နော်
ဒီလိုလူတွေက
မနာလိုချင်စရာ ကောင်းလောက်အောင်
ငွေကို ဘယ်လို သုံးတတ်နေလဲ ဆိုတော့
၁။လက်မလွယ်ဘူး။
တချို့တွေက မလိုအပ်တဲ့အရာအတွက်
ပိုက်ဆံ အကုန်မခံကြဘူး။
တကယ်မလိုအပ်ပဲနဲ့
စိတ်အလိုလိုက်ပြီး
ဟိုဟာစပ်စပ် ဒီဟာစပ်စပ်
ဝယ်တတ်တဲ့သူတွေဟာ
လက်ထဲ ငွေမကျန်တာက များပါတယ်။
ဆိုင်ထိုင်ရင်လည်း
ကိုယ်ကပဲ သူဌေးလိုလို ဘာလိုလို။
နေနေ ငါရှင်းလိုက်မယ်။
ဒီလောက်က အေးဆေး ဆိုပြီး
နောက်နေ့
ထမင်းကြမ်းခဲ လွေးနေကြရသူတွေပေါ့။
ငွေကြေးစီမံခန့်ခွဲမှု ကောင်းသူတွေဟာ
လက်မဖွာကြသူတွေဆိုတာ တွေ့ရပါတယ်။
၂။လူတွေ ဘာထင်ထင် ဂရုမစိုက်ဘူး။
တခြားသူတွေရဲ့အမြင်ကို
ဂရုစိုက်လွန်းသူတွေက
ငွေပိုကုန်ကြပါတယ်။
ကိုယ့်အတွက်မလိုအပ်ပဲနဲ့
ခေတ်နောက်ကျမှာစိုးလို့
Trendနောက်လိုက်ပြီး
ငွေကုန်နေကြသူတွေ များပါတယ်။
ငွေစုတတ်သူတွေက အဲဒီလိုမဟုတ်ပါဘူး။
မလိုအပ်ရင် ဘာမှမဝယ်ပဲ
ဖိနပ်စုတ်တောင်
ဆက်စီးနေတတ်ကြသူတွေပါ။
အဓိကကတော့
သူတို့ဟာ
စိတ်အလို မလိုက်တတ်သူတွေ ဖြစ်ပါတယ်။
၃။အဓိကနဲ့ သာမည သိကြတယ်။
သူတို့တွေဟာကိုယ်ဘယ်နေရာမှာတော့
ငွေသုံးသင့်တယ်။
ဘယ်နေရာမှာတော့ မသုံးလည်း ရတယ်
ဆိုတာကို
သေသေချာချာ သိသူတွေပါ။
ကပ်စေးနဲတယ်လို့မဆိုနိုင်ပဲ
ငွေသုံးရမယ့်နေရာဆို
မတွန့်မဆုတ် ပေးတတ်ကြပါတယ်။
အပိုလို့ထင်ရင်တော့ ငိုပြရင်တောင်
တစ်ဆယ်တန် ကျလာမှာ မဟုတ်ပါဘူးနော်။
၄။သည်းခံနိုင်တယ်။
လက်ထဲငွေရှိသူတွေနဲ့
ငွေမရှိသူတွေရဲ့ အဓိကမတူတဲ့
အချက်က
စိတ်ဓာတ်လို့ ဆိုရမှာပါ။
ငွေစုတတ်သူတွေဟာ
စိတ်ဓာတ်ခိုင်မာကြသူတွေပါ။
သူတို့လိုချင်တဲ့အရာအတွက်
စိတ်ရှည် သည်းခံနိုင်ကြပါတယ်။
လိုချင်တဲ့ပစ္စည်းတစ်ခုကို မရမချင်း
မဝယ်နိုင်မချင်း
ကိုယ်ဆင်းရဲခံပြီး
စုရမှာလည်း ဝန်မလေးကြပါဘူး။
၅။အပေါင်းအသင်း။
တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး
ဆိုသလိုပါပဲနော်။
လက်ဖွာတတ်တဲ့သူတွေနဲ့
ပေါင်းနေရင်
ကိုယ်လည်း ငွေကို လွယ်လွယ်သုံးဖြစ်
နေမှာပါ။
ငွေကြေးကို
စနစ်တကျ ကိုင်တွယ်တတ်တဲ့သူတွေနဲ့
ပေါင်းနေရင်
ကိုယ်လည်းလက်ဖွာတဲ့အကျင့်
လက်လွယ်တဲ့အကျင့်တွေ
တဖြည်းဖြည်း ပျောက်သွားမှာပါ။
ဒီနည်းလေးတွေကို
လက်တွေ့ ကျင့်သုံးကြည့်ပါနော်
လကုန်ပြီးနောက်တစ်ပတ်မှာ
လက်ဗလာဖြစ်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ
#စာပေဥယျာဉ်