စာအုပ်စာပေ လူမိတ်ဆွေ

  • Home
  • Myanmar
  • Bago
  • စာအုပ်စာပေ လူမိတ်ဆွေ

စာအုပ်စာပေ လူမိတ်ဆွေ ရိုးသားစွာကြိုးစားပါ မိတ်ဆွေ

 #အမြဲတမ်းငွေရှိနေသူတွေရဲ့လျှို့ဝှက်ချက်များ************************ဖတ်ကြည့်နော်တချို့တွေမှာ လခရတာချင်း အတူတူပေမဲ့လလယ်လေ...
26/11/2025

#အမြဲတမ်းငွေရှိနေသူတွေရဲ့လျှို့ဝှက်ချက်များ
************************
ဖတ်ကြည့်နော်

တချို့တွေမှာ လခရတာချင်း အတူတူပေမဲ့
လလယ်လောက်ဆို
လက်ထဲမှာ ခြူးတစ်ပြားမှ မကျန်တော့ပါ။

ချေးပါဦး ငှားပါဦးနဲ့။

တချို့တွေများကျတော့ ခပ်အေးအေးပဲ။
အမြဲတမ်းလိုလို
ငွေကြေး လောက်လောက်ငှငှ ရှိနေတာ
မြင်ရတယ်နော်

ဒီလိုလူတွေက
မနာလိုချင်စရာ ကောင်းလောက်အောင်
ငွေကို ဘယ်လို သုံးတတ်နေလဲ ဆိုတော့

၁။လက်မလွယ်ဘူး။

တချို့တွေက မလိုအပ်တဲ့အရာအတွက်
ပိုက်ဆံ အကုန်မခံကြဘူး။

တကယ်မလိုအပ်ပဲနဲ့
စိတ်အလိုလိုက်ပြီး
ဟိုဟာစပ်စပ် ဒီဟာစပ်စပ်
ဝယ်တတ်တဲ့သူတွေဟာ
လက်ထဲ ငွေမကျန်တာက များပါတယ်။

ဆိုင်ထိုင်ရင်လည်း
ကိုယ်ကပဲ သူဌေးလိုလို ဘာလိုလို။

နေနေ ငါရှင်းလိုက်မယ်။
ဒီလောက်က အေးဆေး ဆိုပြီး
နောက်နေ့
ထမင်းကြမ်းခဲ လွေးနေကြရသူတွေပေါ့။

ငွေကြေးစီမံခန့်ခွဲမှု ကောင်းသူတွေဟာ
လက်မဖွာကြသူတွေဆိုတာ တွေ့ရပါတယ်။

၂။လူတွေ ဘာထင်ထင် ဂရုမစိုက်ဘူး။

တခြားသူတွေရဲ့အမြင်ကို
ဂရုစိုက်လွန်းသူတွေက
ငွေပိုကုန်ကြပါတယ်။

ကိုယ့်အတွက်မလိုအပ်ပဲနဲ့
ခေတ်နောက်ကျမှာစိုးလို့
Trendနောက်လိုက်ပြီး
ငွေကုန်နေကြသူတွေ များပါတယ်။

ငွေစုတတ်သူတွေက အဲဒီလိုမဟုတ်ပါဘူး။

မလိုအပ်ရင် ဘာမှမဝယ်ပဲ
ဖိနပ်စုတ်တောင်
ဆက်စီးနေတတ်ကြသူတွေပါ။

အဓိကကတော့
သူတို့ဟာ
စိတ်အလို မလိုက်တတ်သူတွေ ဖြစ်ပါတယ်။

၃။အဓိကနဲ့ သာမည သိကြတယ်။

သူတို့တွေဟာကိုယ်ဘယ်နေရာမှာတော့
ငွေသုံးသင့်တယ်။
ဘယ်နေရာမှာတော့ မသုံးလည်း ရတယ်
ဆိုတာကို
သေသေချာချာ သိသူတွေပါ။

ကပ်စေးနဲတယ်လို့မဆိုနိုင်ပဲ
ငွေသုံးရမယ့်နေရာဆို
မတွန့်မဆုတ် ပေးတတ်ကြပါတယ်။

အပိုလို့ထင်ရင်တော့ ငိုပြရင်တောင်
တစ်ဆယ်တန် ကျလာမှာ မဟုတ်ပါဘူးနော်။

၄။သည်းခံနိုင်တယ်။

လက်ထဲငွေရှိသူတွေနဲ့
ငွေမရှိသူတွေရဲ့ အဓိကမတူတဲ့
အချက်က
စိတ်ဓာတ်လို့ ဆိုရမှာပါ။

ငွေစုတတ်သူတွေဟာ
စိတ်ဓာတ်ခိုင်မာကြသူတွေပါ။

သူတို့လိုချင်တဲ့အရာအတွက်
စိတ်ရှည် သည်းခံနိုင်ကြပါတယ်။
လိုချင်တဲ့ပစ္စည်းတစ်ခုကို မရမချင်း
မဝယ်နိုင်မချင်း
ကိုယ်ဆင်းရဲခံပြီး
စုရမှာလည်း ဝန်မလေးကြပါဘူး။

၅။အပေါင်းအသင်း။

တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး
ဆိုသလိုပါပဲနော်။

လက်ဖွာတတ်တဲ့သူတွေနဲ့
ပေါင်းနေရင်
ကိုယ်လည်း ငွေကို လွယ်လွယ်သုံးဖြစ်
နေမှာပါ။

ငွေကြေးကို
စနစ်တကျ ကိုင်တွယ်တတ်တဲ့သူတွေနဲ့
ပေါင်းနေရင်
ကိုယ်လည်းလက်ဖွာတဲ့အကျင့်
လက်လွယ်တဲ့အကျင့်တွေ
တဖြည်းဖြည်း ပျောက်သွားမှာပါ။

ဒီနည်းလေးတွေကို
လက်တွေ့ ကျင့်သုံးကြည့်ပါနော်

လကုန်ပြီးနောက်တစ်ပတ်မှာ
လက်ဗလာဖြစ်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ


#စာပေဥယျာဉ်

ဒီညနေပိုင်း ကော်ဖီသောက်နေရင်း အပြင်ကို ငေးကြည့်မိတော့ ကောင်းကင်မှာ တိမ်တွေထူနေတာ မြင်ပြီး ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက အကြောင်...
17/11/2025

ဒီညနေပိုင်း ကော်ဖီသောက်နေရင်း
အပြင်ကို ငေးကြည့်မိတော့
ကောင်းကင်မှာ တိမ်တွေထူနေတာ မြင်ပြီး
ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက အကြောင်းလေး သတိရမိတယ်...။

ဆရာကြီးက လူငယ်လေးကို ပြောထားတာ..

" ဟိုမှာ တိမ်တွေတွေ့လား "
"တကယ်တော့...ဒီတိမ်တွေက နိမ့်လို့ တွေ့ရတာကွ ၊ ပိုမြင်တဲ့ နေရာရောက်သွားရင် သူတို့က မရှိတော့ဘူး " တဲ့။

ဆိုလိုတာကတော့....ခင်ဗျား ဘဝမှာ လက်ရှိတွေ့နေရတဲ့ အခက်အခဲတွေ ရှိလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင်...
အဲဲ့ဒါ ခင်ဗျား ရောက်နေတဲ့ နေရာ နိမ့်နေသေးလို့ပဲ တဲ့။

ခင်ဗျားအခုထက် ပိုတော်လာရင်
Level မြင့်လာရင်
အမြင့်တစ်နေရာ ရောက်သွားရင် အခု ပြဿနာတွေက လုံးဝ အသေးအဖွဲတွေလို ပျောက်သွားမယ် ဆိုတာပဲ။

သဘောကတော့ဗျာ.... ခင်ဗျား အနေနဲ့ ပိုတော်လာတောင် ၊ မြင့်လာအောင် ဆက်တက်ကြည့်ဖို့ လုပ်ရမယ် ဆိုတာပဲ။

ပြဿနာတွေ
အခက်အခဲတွေ
စိတ်ညစ်စရာတွေ
အဆင်မပြေမှုတွေကတော့ နေရာတိုင်းမှာ ရှိပါလိမ့်မယ်။

ခင်ဗျား လုပ်ရမှာက...ကိုယ့်ကိုယ်ကို ပိုမြင့်တဲ့ နေရာရောက်အောင် ကြိုးစားဖို့။
အမြင့်ကို တက်ကြည့်ဖို့ပါပဲ။

မြင်ကွင်းကျယ်ကို မြင်ချင်တယ်ဆိုရင်...
ရှေ့တိုးပြီး ပိုမြင့်တဲ့နေရာက ကြည့်ဖို့လိုတယ်
မဟုတ်လား ?

U Myo Nyunt Naing
(Motivational Speaker & Business Consultant)

ဒီနေ့မှာ အောင်မြင်လိုတဲ့ ချမ်းသာလိုတဲ့ လူငယ်တိုင်း သိထားရမယ့် တန်ဖိုးကြီးအကြောင်းအရာတွေကို ပြန်လည်မျှဝေပေးသွားမှာပါ
ကြည့်ကြရအောင်

( တပုံချင်းစီထောက်ပြီး ဖတ်ရှုပေးပါခင်ဗျာ)

ီ_ဘာ_ဘာ

ကိုယ်ရွေးထားတဲ့လမ်းပဲ ...ဆိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေဆက်လျှောက်ရုံပေါ့ ...တစ်ခါတစ်လေကျတော့ဒီလိုပါပဲဆိုတဲ့စကားကိုသုံးပြီး...
17/11/2025

ကိုယ်ရွေးထားတဲ့လမ်းပဲ ...
ဆိုးသည်ဖြစ်စေ
ကောင်းသည်ဖြစ်စေ
ဆက်လျှောက်ရုံပေါ့ ...

တစ်ခါတစ်လေကျတော့
ဒီလိုပါပဲဆိုတဲ့
စကားကိုသုံးပြီး
ခက်ခဲတဲ့ ပုစ္ဆာတွေကို
အဖြေရှာကြည့်ဖို့ မကြိုးစားတော့ဘူး

ဒီတိုင်းလေး ရောချလိုက်ရတာမျိုးကိုပဲ
သဘောကျတယ်

ထားလိုက်ပါ ...
အဆင်ပြေပါတယ်ဆိုတဲ့
စကားလေး သုံးရတာမျိုးကို
သဘောကျမိတယ်

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်လေဆိုတဲ့
စကားလေးသုံးပြီး
ဘယ်သူ့မှ မထိုးနှက်နိုင်အောင်
မြိုသိပ်ထားရတာလေးကို
သဘောကျတယ်

အဆင်ပြေတယ် ...

#ကျေးကို

💪🏻 "မေမေ" ဆိုတာ ဘွဲ့အမည်မဟုတ်ဘူး... စူပါဟီးရိုးတစ်ဦးရဲ့ အမှတ်အသား! 🌟တစ်ခါမှမကျဆုံးဖူးတဲ့ စူပါဟီးရိုးကို ပြပါဆိုရင်... သင...
17/11/2025

💪🏻 "မေမေ" ဆိုတာ ဘွဲ့အမည်မဟုတ်ဘူး... စူပါဟီးရိုးတစ်ဦးရဲ့ အမှတ်အသား! 🌟

တစ်ခါမှမကျဆုံးဖူးတဲ့ စူပါဟီးရိုးကို ပြပါဆိုရင်... သင့်မေမေကို ပြလိုက်ပါ။
မေမေတစ်ယောက်ရဲ့ ဘဝဟာ ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနဲ့ စွန့်လွှတ်ခြင်းတွေနဲ့ ပုံဖော်ထားတဲ့ ခရီးတစ်ခုပါ။ မေမေတွေဟာ အပြင်ပန်းက နူးညံ့ပေမယ့်၊ အတွင်းထဲမှာတော့ ဘယ်လိုမုန်တိုင်းဒဏ်ကိုမဆို ကြံ့ကြံ့ခံနိုင်တဲ့ သန်မာတဲ့ စိတ်ဓာတ်တွေ ပိုင်ဆိုင်ထားသူတွေပါ။
🤱🏻 သန်မာတဲ့ မေမေတစ်ယောက်ရဲ့ အစွမ်းသတ္တိများ
သည်းခံခြင်း နယ်ပယ်: ကလေးတွေရဲ့ အရှုပ်အထွေးတွေ၊ လင်သားရဲ့ ပေါ့ဆမှုတွေနဲ့ ဘဝရဲ့ ဖိအားတွေကို အပြုံးမပျက် သည်းခံဖြတ်ကျော်နိုင်တဲ့ စွမ်းအားဟာ မေမေတွေမှာသာ ရှိပါတယ်။
ကရုဏာလက်နက်: ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ သားသမီးတွေ နာကျင်တဲ့အခါ အားအင်တွေ ထုတ်ပေးနိုင်တဲ့၊ အကာအကွယ်ပေးနိုင်တဲ့ မေတ္တာတရားဟာ မေမေတို့ရဲ့ မဟာလက်နက်ပါပဲ။
အချိန်ထိန်းချုပ်မှု စွမ်းရည်: အိမ်မှုကိစ္စ၊ အလုပ်ကိစ္စနဲ့ ကလေးတွေကို ပြုစုရတဲ့ အချိန်တွေကို ကျွမ်းကျင်စွာ စီမံခန့်ခွဲ နိုင်ပြီး ဘယ်အရာမှ မပျက်ကွက်အောင် လုပ်နိုင်တဲ့ စွမ်းရည်က အံ့ဩစရာပါ။
စိတ်ဓာတ်မာကျောမှု သံချပ်ကာ: ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကြောင့် လဲပြိုချင်ပေမယ့်၊ သားသမီးတွေရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ ပြန်လည်ထူမတ်ရပ်တည်နိုင်တဲ့ စိတ်ဓာတ်ခွန်အားဟာ ဘယ်သူနဲ့မှ မယှဉ်သာပါဘူး။
"သားသမီးတွေအတွက်ဆိုရင်... သာမန်မိန်းမတစ်ယောက်ဟာ အရာအားလုံးကို ဖြစ်နိုင်ချေရှိအောင် လုပ်နိုင်စွမ်းရှိတဲ့ သန်မာသူတစ်ယောက် ဖြစ်လာတတ်တယ်!"
ဒီနေ့မှာ သင့်ဘေးနားက သန်မာတဲ့ မေမေ၊ ဇနီးသည်၊ ညီမတွေကို ချီးကျူးဂုဏ်ပြုလိုက်ပါ။ သူတို့ရဲ့ ခွန်အားဟာ မိသားစုအတွက် အရေးပါဆုံး စွမ်းအားပါ။
👉 သင့်ဘဝမှာ အားအင်အဖြစ်ရပ်တည်ပေးတဲ့ မေမေကို Tag လုပ်ပြီး "ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်ပါ။ ❤️
#မေမေ #မိခင် #သန်မာတဲ့အမျိုးသမီး #အချစ် #မိသားစု

အမှန်အတိုင်း ဝန်ခံရရင်လေ ...မင်းနဲ့ပတ်သက်ပြီးနောင်တတွေ ရှိမနေဘူးသိလား ။မဆုံခဲ့ရင် ကောင်းမှာဆိုတဲ့နောင်တမျိုးပဲဖြစ်ဖြစ် မ...
10/11/2025

အမှန်အတိုင်း ဝန်ခံရရင်လေ ...
မင်းနဲ့ပတ်သက်ပြီး
နောင်တတွေ ရှိမနေဘူးသိလား ။

မဆုံခဲ့ရင် ကောင်းမှာဆိုတဲ့
နောင်တမျိုးပဲဖြစ်ဖြစ်
မချစ်ခဲ့မိရင် ကောင်းမှာဆိုတဲ့
နောင်တမျိုးပဲ ဖြစ်ဖြစ် ရှိမနေဘူး ။

ငါတို့ ဆုံခဲ့ကြတယ်
ချစ်ခဲ့ကြတယ်
ပြီးတော့ ...
ဝေးခဲ့ကြတယ်

ဘာပဲဖြစ်ဖြစ် ...ပြန်တွေးမိတိုင်း
ပြန်အမှတ်ရမိတိုင်း
မင်းကို သတိရမိသလို
တကယ် ချစ်ခဲ့ရပါတယ် ။

#ကျေးကို

သင်ခန်းစာ၁၊ မိသားစုကို ငွေမချေးပါနှင့်။ ပေးလိုက်ပါ။၂၊ ထိုင်လျက်ကနေ လက်ဆွဲနှုတ်မဆက်ပါနှင့်။၃၊ လူတွေကို သူတို့သိသင့်တာထက် ...
10/11/2025

သင်ခန်းစာ

၁၊ မိသားစုကို ငွေမချေးပါနှင့်။ ပေးလိုက်ပါ။

၂၊ ထိုင်လျက်ကနေ လက်ဆွဲနှုတ်မဆက်ပါနှင့်။

၃၊ လူတွေကို သူတို့သိသင့်တာထက် ပိုမပြောပါနှင့်။

၄၊ သင်ဝယ်ကျွေးတာမဟုတ်ရင် ကုန်သည်ထိအောင်
မစားပါနှင့်။

၅၊ တစ်စုံတစ်ဦးက အထင်ကြီးစေရန် သူငယ်ချင်းကို
ချမနင်းပါနှင့်။

၆၊ ဧည့်သည်အနေနဲ့ စားသောက်ရသည့်အခါ ချက်ပြုတ်ပုံကို မဝေဖန်ပါနှင့်။

၇၊ စကားစမြည်ပြောနေစဉ် သင့်ဖုန်းကို မထုတ်ပါနှင့်။

၈၊ သင်မလုပ်ခဲ့တဲ့ အလုပ်အတွက် နာမည်ကောင်းဝင်မယူပါနှင့်။

၉၊ နားထောင်သည့်အခါ နားလည်းထောင်ပါ၊ ခေါင်းလည်းညိတ်ပါ၊ မျက်လုံးချင်းလည်းဆုံနေပါစေ။

၁၀၊ သင့်သူငယ်ချင်းကို သူ့ကလေးတွေရှေ့မှာ မလှောင်ပြောင်ပါနှင့်။

၁၁၊ စိတ်ခံစားမှုတွေက သင့်ကိုလွှမ်းမိုးအောင် ဘယ်တော့မှ ခွင့်မပြုပါနှင့်။

၁၂၊ ဆက်ဆံရေးတစ်ခုရရှိဖို့ အောက်မကျို့ပါနှင့်။

၁၃၊ ဘယ်လိုအချိန်အခါမျိုးမှာမဆို ကောင်းကောင်းမွန်မွန်ဝတ်ဆင်ပါ။

၁၄၊ ကျဆင်းသွားသူတယောက်ကို ထပ်ကန်မနေပါနဲ့တော့။

၁၅၊ အလုပ်ချင်းတူနေလျှင် သူတပါးကိုမထိပါးဘဲလုပ်ပါ။


Dr. Myint Thein

ဒီလိုအချက်တွေက သိထားသင့်သလို ကျင့်သုံးသင့်တယ်

စကားလက်ဆောင် ၁၀ ခွန်း 1. ကိုယ် မကျွမ်းတဲ့တောကို အရမ်းမဝင်နဲ့ "2. ကိုယ် မသိတဲ့သူကို အရမ်းမယုံနဲ့ "3. ကိုယ် မပိုင်တဲ့ကိစ္စ...
10/11/2025

စကားလက်ဆောင် ၁၀ ခွန်း
1. ကိုယ် မကျွမ်းတဲ့တောကို အရမ်းမဝင်နဲ့ "
2. ကိုယ် မသိတဲ့သူကို အရမ်းမယုံနဲ့ "
3. ကိုယ် မပိုင်တဲ့ကိစ္စတွေကို ခေါင်းမခံနဲ့ "
4. ကိုယ့်မှာ မရှိသေးရင် အရမ်းမသုံးနဲ့ "
5. ကိုယ့်ကို မချစ်တဲ့သူကို ကပ်တွယ် မနေနဲ့ "
6. ကိုယ် မပျော်တဲ့အလုပ်မှာ တစ်သက်လုံး မလုပ်နဲ့ "
7. ကိုယ့်ကို မနာလိုသူတွေကို ဂရု မစိုက်နဲ့ "
8. ကိုယ့်ရဲ့ မိသားစုကို အချိန်ပေးဖို့ မမေ့နဲ့ "
9. ကိုယ့်ကို မယုံကြည်သူတွေကို အလုပ်နဲ့သာ
သက်သေ ပြလိုက် "
10. ကိုယ့်ဘဝကို ကိုယ်သာပိုင်ပြီး ကိုယ်ရောက်ချင်တဲ့
ပန်းတိုင်ကို ကိုယ်တိုင်ပဲ ရောက်အောင်သွားရမယ်
ဆိုတာ ဘယ်တော့မှ မမေ့နဲ့ "

အိမ်ပိုင်ဖြစ်ဖို့ ငွေစုနည်း (၃၀)၁။ လစဉ်ဝင်ငွေရဲ့ အနည်းဆုံး ၂၀% ကို မပျက်မကွက် စုဆောင်းပါ။၂။ အပိုဝင်ငွေရှာဖို့ Part-time ...
10/11/2025

အိမ်ပိုင်ဖြစ်ဖို့ ငွေစုနည်း (၃၀)

၁။ လစဉ်ဝင်ငွေရဲ့ အနည်းဆုံး ၂၀% ကို မပျက်မကွက် စုဆောင်းပါ။
၂။ အပိုဝင်ငွေရှာဖို့ Part-time အလုပ်တွေ Freelance တွေ လုပ်ပြီး ရတဲ့ငွေအားလုံးကို စုထားပါ။
၃။ နေ့စဉ်သုံးစရိတ်တွေကို ကြိုတင်စီစဉ်ပြီး မလိုအပ်တာတွေ လျှော့ချပါ။
၄။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် အသွားအလာတွေ လျှော့ချပြီး အိမ်မှာ ချက်ပြုတ်စားသောက်ပါ။
၅။ အွန်လိုင်းပေါ်က ပစ္စည်းဝယ်မယ်ဆိုတိုင်း တစ်ပတ်လောက်စောင့်ပြီးမှ ဝယ်လိုက်ရင် မလိုအပ်တာတွေ အပိုတွေကို ရှောင်နိုင်လိမ့်ပါတယ်။
၆။ အားလပ်ရက်တွေမှာ အပန်းဖြေခရီးထွက်မယ့်အစား အိမ်မှာပဲနေပြီး ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာတွေလုပ်ပါ။
၇။ အရစ်ကျဝယ်ယူတဲ့ ပစ္စည်းတွေကို တတ်နိုင်သလောက် ရှောင်ရှားပါ။
၈။ ဖုန်း၊ အင်တာနက်၊ လျှပ်စစ်မီတာခတွေ သက်သာအောင် စီမံပါ။
၉။ မလိုအပ်တဲ့ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းတွေ မဝယ်ဖို့ ထိန်းချုပ်ပါ။
၁၀။ ပွဲလမ်းသဘင်သွားတာတွေကို လျှော့ချပါ။
၁၁။ ဈေးဝယ်တိုင်း ဈေးနှုန်းနှိုင်းယှဉ်ပြီးမှ ဝယ်ယူပါ။
၁၂။ တစ်ခါသုံးပစ္စည်းတွေအစား ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေကို ရွေးချယ်သုံးစွဲပါ။
၁၃။ အိမ်တွင်းလိုအပ်ချက်တွေကို ကိုယ်တိုင်ပြုပြင်နိုင်အောင် ကြိုးစားပါ။
၁၄။ လက်ရှိဝင်ငွေကို တိုးအောင် ကြိုးစားပြီး ပိုလာတဲ့ငွေကို စုဆောင်းပါ။
၁၅။ ငွေကြေးစီမံခန့်ခွဲမှု ဗဟုသုတတွေကို လေ့လာပြီး အသုံးချပါ။
၁၆။ ရရှိတဲ့ဆုကြေး၊ Bonus ငွေတွေကို အိမ်စုငွေထဲ ထည့်သွင်းပါ။
၁၇။ မိသားစု၊ သူငယ်ချင်းတွေနဲ့ အပျော်အပါးသုံးစွဲတာ လျှော့ချပါ။
၁၈။ ဆေးလိပ်၊ အရက်လို အကျိုးမရှိတဲ့ အလေ့အထတွေကို ဖြတ်ပါ။
၁၉။ Banking, Pay တွေ သုံးတာကို ရှောင်ကြဉ်ပါ။
၂၀။ အကြွေးနဲ့ အတိုးကို ရှောင်ပါ။
၂၁။ တစ်ပတ်စာ အသုံးစရိတ်ကို ကြိုတင်စီစဉ်ထားပါ။
၂၂။ ငွေကြေးသုံးစွဲမှုတွေကို နေ့စဉ်မှတ်တမ်းတင်ပါ။
၂၃။ လစဉ်စုဆောင်းငွေပမာဏကို တဖြည်းဖြည်းတိုးမြှင့်သွားပါ။
၂၄။ နေ့စဉ်သုံး ပစ္စည်းတွေကို လက်လီမဝယ်ဘဲ လက်ကားဈေးနဲ့ ဝယ်ယူသိုလှောင်ထားပါ။
၂၅။ အိမ်ခြံမြေဈေးနှုန်းတွေကို အမြဲစောင့်ကြည့်လေ့လာပါ။
၂၆။ စုဆောင်းငွေ ပန်းတိုင်ရောက်အောင် စိတ်ရှည်သည်းခံပါ။
၂၇။ အိမ်ပိုင်ရေး ရည်မှန်းချက်ကို မိသားစုဝင်တွေအားလုံး သိအောင်ပြောပြထားပါ။
၂၈။ မိသားစုဝင်တွေကို ငွေစုဆောင်းရေးမှာ ပါဝင်အားပေးစေပါ။
၂၉။ ကိုယ့်အိမ်ကိုယ်ပိုင်ဖို့ဆိုတဲ့ စိတ်ဓာတ်ခွန်အားကို အမြဲတမ်းထိန်းသိမ်းထားပါ။
၃၀။ အိမ်ပိုင်ဆိုင်ရေးဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်ထားပါ။

Crd

Crd

05/11/2025

လွယ်ကrထုန်းသီးချင်း.

လောကမှာ ဈေးကွက်တစ်ခုရှိတယ်။ အဲ့ဒီဈေးကွက်မှာ ငွေရှိရင် အရာအားလုံးကို ဝယ်ယူနိုင်တယ်။ နာမည်ကြီးပစ္စည်းတွေ၊ အိမ်ကြီးအိမ်ကောင...
04/11/2025

လောကမှာ ဈေးကွက်တစ်ခုရှိတယ်။ အဲ့ဒီဈေးကွက်မှာ ငွေရှိရင် အရာအားလုံးကို ဝယ်ယူနိုင်တယ်။ နာမည်ကြီးပစ္စည်းတွေ၊ အိမ်ကြီးအိမ်ကောင်းတွေ၊ ဇိမ်ခံကားတွေ။ ပိုက်ဆံအိတ်ထူရင် ထူသလောက် ကိုယ်လိုချင်တဲ့အရာကို အလွယ်တကူ လက်လှမ်းမီနိုင်တယ်။

ဒါပေမဲ့ အဲ့ဒီဈေးကွက်မှာ ဘယ်တော့မှ ရောင်းချခြင်းမရှိတဲ့ ပစ္စည်းတစ်ခုတော့ရှိတယ်။ အဲ့ဒါကတော့ "ဘဝအတွေ့အကြုံ" ပဲ။

ငွေဘယ်လောက်ရှိရှိ အမှားမလုပ်ဖူးတဲ့ နှလုံးသားကို ဝယ်ယူလို့မရဘူး။ ငွေဘယ်လောက်ပေးပေး ကျရှုံးဖူးတဲ့အရသာကို ခံစားဖို့ ဝယ်ယူလို့မရဘူး။ ငွေဘယ်လောက်ပိုင်ပိုင် ကိုယ်တိုင်ရုန်းကန်ကျော်ဖြတ်ခဲ့ရတဲ့ ဇွဲသတ္တိဆိုတာကို လက်ဆင့်ကမ်းယူလို့မရနိုင်ဘူး။

အတွေ့အကြုံဆိုတာ စာအုပ်ထဲမှာ ဖတ်လို့ရတဲ့ သီအိုရီမဟုတ်ဘူး။ ကိုယ်တိုင်သွေးနဲ့ ချွေးနဲ့ ရင်းနှီးပြီးမှ ရလာတဲ့ ဘဝရဲ့ဘွဲ့လက်မှတ်တစ်ခုပါပဲ။

တစ်စုံတစ်ယောက်က သင့်ကို လိမ်ညာသွားခဲ့ရင်၊ အဲ့ဒီနာကျင်မှုက ပေးလိုက်တဲ့ သင်ခန်းစာကို ဘယ်ဘီလီယံနာမှ ပိုက်ဆံနဲ့လာဝယ်ယူလို့မရဘူး။

ကိုယ်တိုင်ရင်ဆိုင်ကျော်ဖြတ်မှသာ အဲ့ဒီနာကျင်မှုကနေ ပေါက်ဖွားလာတဲ့ ခံနိုင်ရည်ဆိုတဲ့ စွမ်းအားကို ကိုယ်တိုင်ပိုင်ဆိုင်ရမှာ။

ဒါကြောင့် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ဘယ်သူက ဘယ်လို အတိုကောက်လမ်းတွေနဲ့ အမြန်ရောက်သွားပါစေ၊ အဲ့ဒီလူတွေနဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်ပြီး စိတ်ပျက်မနေပါနဲ့။

သင့်ရဲ့လက်ထဲမှာရှိတဲ့ "အတွေ့အကြုံ" ဟာ ဘယ်ငွေကြေးနဲ့မှ အစားထိုးလို့မရတဲ့ အဖိုးတန်ဆုံး ရတနာပါ။ သင်ကျရှုံးခဲ့တဲ့ အကြိမ်အရေအတွက်ဟာ သင်ခန်းစာယူခဲ့တဲ့ အကြိမ်အရေအတွက်ပါပဲ။ အဲ့ဒီသင်ခန်းစာတွေကသာ သင့်ရဲ့အနာဂတ်ကို တိကျမှန်ကန်စွာ လမ်းပြပေးနိုင်မှာပါ။

ပိုက်ဆံဆိုတာ ရှာလို့ရပါတယ်။ ဒါပေမဲ့ သင်တစ်ကြိမ်တည်းသာ ဖြတ်သန်းရမယ့် ဘဝရဲ့အတွေ့အကြုံကိုတော့ ငွေနဲ့ ဘယ်တော့မှ ပေးဝယ်လို့မရနိုင်ပါဘူး။

#စာတို

ပျင်းမိလို့ ဆင်းရဲတာထက် အလုပ်ကြောင့် ပင်ပန်းတာက သာပါတယ်။ရေက မလှုပ်ရင်ရေသေဖြစ်သွားတယ်။လူက မလှုပ်ရင်လူသေ ( အသုံးမဝင်သူ)ဖြစ...
02/11/2025

ပျင်းမိလို့ ဆင်းရဲတာထက်
အလုပ်ကြောင့် ပင်ပန်းတာက
သာပါတယ်။
ရေက မလှုပ်ရင်
ရေသေဖြစ်သွားတယ်။
လူက မလှုပ်ရင်
လူသေ ( အသုံးမဝင်သူ)
ဖြစ်သွားတယ်။ ပိုက်ဆံက
မလှုပ်ရင် စက္ကူစုတ် သာသာပဲ။
လူမှာ "လှုပ်မှု ၆ မျိုး" ရှိတယ်တဲ့။
ပေါင်းသင်းဆက်ဆံရေး
အတွက် လှည့်ပတ်တဲ့လှုပ်ရှားမှုနဲ့
တည်ဆောက်ရတယ်။
အဖွဲ့အစည်းအတွက်
စည်းလုံးတဲ့ လှုပ်ရှားမှု ရှိရတယ်။
ခင်မင်ရင်းနှီးမှုအတွက်
အပြန်အလှန် လှုပ်ရှားမှု ရှိရတယ်။
ငွေကြေးအတွက် စီးဆင်းမှုရှိရတယ်။
ဘဝအတွက် ရုန်းကန်လှုပ်ရှားမှု
ရှိရတယ်။
အောင်မြင်မှုအတွက် လုပ်ဆောင်
ချက် ရှိရတယ်။
ကြိုးစားတယ်ဆိုတာ ဘဝရဲ့
ဘဘောထားတစ်ရပ်ပါ။
အသက်အရွယ်နဲ့ မဆိုင်ပါဘူး။
စတင်ဖို့ ဘယ်တော့မှ
နောက်မကျပါဘူး။
လူ့ဘဝရဲ့ အောင်မြင်မှုဆိုတာ
"စောင့်" ပြီး ရလာတာ မဟုတ်ပါဘူး။
"အားထုတ်" ပြီး ရလာတာပါ။

"အောင်မြင်နေတဲ့ လူတွေရဲ့နောက်မှာမအောင်မြင်ခဲ့တဲ့ အချိန်တွေရှိခဲ့ဖူးတယ်ဆိုတာ အမြဲမှတ်ထားပါ....စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လ...
30/10/2025

"အောင်မြင်နေတဲ့ လူတွေရဲ့
နောက်မှာ
မအောင်မြင်ခဲ့တဲ့ အချိန်တွေ
ရှိခဲ့ဖူးတယ်ဆိုတာ အမြဲမှတ်ထားပါ....

စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။

ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။

ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့် အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာ ကောင်းသလို ကြောင်တောင်တောင်လည်း ဖြစ်နိုင်ပါတယ်။

လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။

ဒါ့ကြောင့်

အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။

ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့သတ္တိတွေက ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလဲ လုပ်ရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့ လိုပါတယ်။

တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။

ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ


နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။

အနည်းဆုံးတော့ အတွေ့အကြုံရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့ မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။

ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။

#မေတ္တာဖြင့် #စာအုပ် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေကြိုက်သူများ #လူငယ်များအတွက်ဗဟုသုတစာပေများ #ခွန်အားဖြစ်စေသောစာများ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်

Address

Bago

Website

Alerts

Be the first to know and let us send you an email when စာအုပ်စာပေ လူမိတ်ဆွေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share