
04/06/2025
အမေ့အတွက် ဇနီးကို စွန့်လွှတ်ခဲ့ရတဲ့ သားတစ်ဦး၏ ရင်နာစရာအဖြစ်အပျက်
ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးဖြစ်သူ Udomporn သည် သူ၏ဇနီးနှင့် မသန်စွမ်းအမေကြီးအကြား ရွေးချယ်မှုတစ်ခုကို ရင်ဆိုင်ခဲ့ရပြီး အဆုံး၌ မိခင်ကိုသာ ဦးစားပေးခဲ့သည်။ သူ၏ဇနီးက "ကျမနဲ့ ရှင့်အမေ ၂ ယောက်ထဲက တစ်ယောက်ကိုရွေးပါ။ အမေကိုရွေးရင် ကျမရှင်ဆီကနေ ထွက်သွားမယ်" ဟု နောက်ဆုံးနမိတ်ဖောက်ခဲ့သည်။ Udomporn အတွက် ဤရွေးချယ်မှုသည် စိတ်ထိခိုက်စရာဖြစ်သော်လည်း သူ၏ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ပေ။
Udomporn သည် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေပြီး မိခင်အား အချိန်ပြည့်ပြုစုလိုသော်လည်း စားဝတ်နေရေးအတွက် အလုပ်လုပ်ရန် လိုအပ်နေသည်။ ထို့ကြောင့် သူသည် မိခင်ကို အလုပ်ခွင်သို့ပါ တစ်ပါတည်း ခေါ်ဆောင်သွားလေ့ရှိသည်။ သူ၏ အလုပ်ရှင်ကလည်း ဤအခြေအနေကို နားလည်သဘောပေါက်ကာ တားမြစ်ခြင်းမရှိခဲ့ပေ။
Udomporn သည် ဇနီးနှင့် အတူနေထိုင်ခွင့် ဆုံးရှုံးခဲ့ရသော်လည်း သူ၏ဆုံးဖြတ်ချက်ကို နောင်တမရခဲ့ပေ။ "ကျနော်အတွက် ကိစ္စမရှိပါဘူး။ အမေ့ကို ဘယ်တော့မှ ပစ်မထားနိုင်ဘူး။ အမေအသက်ထွက်ဆုံးအထိ သူမနားမှာ ရှိနေပေးမယ်" ဟု သူက ပြောကြားခဲ့သည်။
Udomporn ၏ဖြစ်စဉ်သည် မိသားစုတာဝန်၊ ကျေးဇူးတရားနှင့် စိတ်ဓာတ်ခိုင်မာမှုတို့ကို ထင်ဟပ်စေပါသည်။ သူ၏ရွေးချယ်မှုက လူများစွာကို စဉ်းစားတွေးခေါ်စေပြီး မိဘကျေးဇူး ၏တန်ဖိုးကို ပြန်လည်သတိရစေခဲ့သည်။
မိဘကျေးဇူးသိတက်တဲ့ သားအတွက် ဂုဏ်ပြုစကားလေး ရေးခဲ့ကြပါအုံးနော်။
ပြီးတော့ နောက်လူတွေအတုယူနိုင်အောင် Facebook group တွေမှာ ရှယ်ပေးအုံးနော်။
#မိဘကျေးဇူး #မိသားစုတာဝန် #ကျေးဇူးတရား #ထိုင်းသတင်း #ရင်နာစရာအဖြစ်အပျက် #သားလိမ္မာ