Aye Yu Mon

Aye Yu Mon AUNG SAN SUU KYI

I spite of the open, laughing face that the Burmese presented to the world, the ingrained, inarticulate, conviction of their own nationhood prevented them from truly admitting those they saw as 'foreign' into their inner sanctums."

ရွှေဘိုမှာ ဗုံးကြဲခံရလို့ ဒေသခံ ၃ ဦးသေဆုံး ရွှေဘို၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ငပိအိုးကျေးရွာဗ...
27/01/2026

ရွှေဘိုမှာ ဗုံးကြဲခံရလို့ ဒေသခံ ၃ ဦးသေဆုံး

ရွှေဘို၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ငပိအိုးကျေးရွာဗုံးကြဲခံရတာကြောင့် ပြည်သူ ၃ ဦးသေပြီး ၈ ဦးဒဏ်ရာရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်မနက် ၁ နာရီမထိုးခင်အချိန်မှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာ ၁ စီးက ငပိအိုးရွာ စာသင်ကျောင်းအနီးကို ပေါင် ၃၀၀ ဗုံး ၁ လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

"စာသင်ကျောင်းတောင်ဘက် ခြံဝန်း ၂ ဝန်းကျော်လောက်ကို ချသွားတာ။ ဗုံးကတော့ ၁ လုံးတည်းပဲချပြီး တန်းပြန်သွားတာ။ ခြံဝန်းထဲကျတာ အိမ်ကပြောင်ရှင်းသွားတယ်။ အဲ့အိမ်က လင်မယား ၂ ယောက်သေတယ်။ ဘေးဝန်းထဲက ၁ ယောက်သေတာ"လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဗုံးကြဲခံရလို့ အသက် ၅၀ ကျော်အရွယ် ဦးဟန်ငြိမ်း၊ ဇနီးဖြစ်သူ နဲ့ ဦးငြိမ်းအောင်တို့ ၃ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦးဒဏ်ရာရခဲ့တဲ့အပြင် နွား ၂ ကောင်သေဆုံးပြီး နေအိမ် ၇ လုံးလည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ငပိအိုးရွာမှာ အိမ်ခြေ ၂၀၀ နဲ့ လူဦးရေ ၈၀၀ ခန့်ရှိပြီး ဗုံးကြဲခံရပြီးနောက် ဒေသခံအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ကလည်း ရွှေဘိုမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ စစ်ကော်မရှင်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေတယ်လို့ သိရပါတယ်။

သတင်း - ကျော်ကြီး၊ စာတည်း - လင်း

#မြေလတ်အသံ
#ရွှေဘို #ငပိအိုးရွာ #ဗုံးကြဲ #သေဆုံး

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေတောင်တွင် စစ်မှုထမ်းလစဉ်ကြေးမပေးနိုင်သော ကိုမိုးဆန်းကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ဇနီးဖြစ်သူနှင့် ကလေးငယ် ၃ ...
24/01/2026

ရွှေတောင်တွင် စစ်မှုထမ်းလစဉ်ကြေးမပေးနိုင်သော ကိုမိုးဆန်းကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ဇနီးဖြစ်သူနှင့် ကလေးငယ် ၃ ဦး ကျန်ခဲ့၊ စစ်ကိုင်းမြို့ပေါ်တွင်လည်း စစ်တပ်က လူငယ် ၂၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်းလစဉ်ကြေးမပေးနိုင်သော ကိုမိုးဆန်းကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ဇနီးဖြစ်သူနှင့် ကလေးငယ် ၃ ဦး ကျန်ရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွှေတောင်မြို့နယ်၊ တွင်းဗြဲရွာတွင် နေထိုင်သော အသက် ၃၀ နှစ်အရွယ် ကိုမိုးဆန်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တွင်းဗြဲရွာ လူကြီးနှင့် ရွှေတောင်မြို့နယ် တရုတ်မှော် ရဲကင်းမှ အကြမ်းဖက် စစ်သားများက စစ်မှုထမ်း လစဉ်ကြေးမပေးခြင်းကြောင့် နေအိမ်ထဲထိ ဝင်ရောက်ကာ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော ကိုမိုးဆန်းသည် နေ့စားအလုပ်လုပ်ကိုင်ပြီး ဇနီးသည်နှင့် ကလေးငယ် ၃ ဦးကို ရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ကိုမိုးဆန်းကို အကြမ်းဖက် စစ်တပ်က ရွှေတောင်မြို့ ခလရ ၁၄ တပ်ရင်းထဲတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။

"တွင်းဗြဲရွာမှာ နေထိုင်တဲ့ ကိုမိုးဆန်းကို စစ်မှုထမ်း လစဉ်ကြေး မပေးနိုင်လို့ဆိုပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ စစ်ခွေးတွေက နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားတာ အဲ့ကောင်လေးက မရှိလည်းမရှိရှာပါဘူး။ ပေါက်ခေါင်းဘက်ကနေလာပြီးအိမ်ထောင်ကျတာ အခုသူ့ကိုဖမ်းသွားတော့ သူ့မိန်းမနဲ့ ကလေးသုံးယောက်ကျန်ခဲ့တယ်။ မိသားစုတွေ ဒုက္ခရောက်ပြီပေါ့" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ အသင်္ခရာ စောယွန်းအဝိုင်းတွင် အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုဖမ်းဆီးမှုအတွင်း အသက် ၂၀ အရွယ်နှင့် အသက် ၃၀ ကျော်အရွယ် လူငယ်များ ပါဝင်ကြောင်း သိရသည်။

"စစ်ကိုင်းမြို့ပေါ်မှာ စစ်ခွေးတွေက တော်တော်ဆွဲနေတာ ဒီနေ့လည်း စစ်ကိုင်း အသင်္ခရာ စောယွန်းအဝိုင်းပတ်မှာ ပေါ်တာဆွဲတာ တော်တော်ပါကုန်တယ်။ လူငယ် ၂၀ ကျော်လောက်ပါသွားတယ်။ ပေါ်တာဆွဲ ဖမ်းဆီးတာ သိကြပေမယ့် စားဝတ်နေရေးက တစ်အိမ်လုံးလုပ်မှ စားရတာဆိုတော့ ထွက်ကြရတာပါပဲ။ စစ်ကိုင်းမြို့ပေါ်မှာက စစ်ခွေးနဲ့ ပျူစောထီးတွေက လှုပ်ရှား ရမ်းကားနေကြတာ" ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ၌ မဲစာရင်းမပါသူများကို အတင်းအကြပ် စာရင်းပေးခိုင်းခြင်းကြောင့် လက်ရှိချိန်တွင် စစ်တပ်က လူဦးရေစာရင်းများရရှိသွားကာ စစ်မှုထမ်းဆင့်ခေါ်စာများ နေအိမ်ထိ လိုက်လံပို့ဆောင်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

"ဒီနောက်ပိုင်း စစ်ကိုင်းမှာအရင်က အိမ်ထောင်စုထဲမရှိတဲ့ လူတွေပါ အိမ်တိုင်ရာရောက် စစ်မှုထမ်းလာဆွဲတာတွေရှိနေပြီ ရွေးကောက်ပွဲမှာ မဲစာရင်း မပါတာကနေ စတယ်။ မဲစာရင်းမပါတော့ လူတွေကကြောက်ပြီး အတင်းအကြပ် စားရင်းကောက်တာတွေ လုပ်မှာဆိုးလို့ စာရင်းသွားပေးကြရော စာရင်းသွားပေးလိုက်ပေမယ့်လည်း ရွေးကောက်ပွဲနေ့မှာ မဲစာရင်းမှာ ပါမလာကြဘဲ စစ်မှုထမ်းစာရွက်တွေပဲ အိမ်ရောက်လာကြတယ်။ ပါလာတဲ့လူတွေကို လိုက်စုံစမ်းကြည့်တော့ အရင်ကစစ်မှုထမ်းမပါဘူး။ မဲစာရင်း ပေးလိုက်မှ အရံသင့်ထည့်လိုက်တယ်ထင်တယ်။ အခုဆို အိမ်ထိလာဆွဲတဲ့ အဆင့်တွေရောက်ကုန်ကြတာ" ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

ထန်းတပင်၊ မုန်း နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ ဒရုန်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်...
22/01/2026

ထန်းတပင်၊ မုန်း နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ ဒရုန်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ၊ မုန်းမြို့နယ် နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ ဒရုန်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ထန်းတပင်မြို့နယ်၊ ဇီဒေါခိုကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ဇီဒေါခိုကျေးရွာတွင် နေထိုင်သော အသက် ၈၅ နှစ်အရွယ် နော်ဖော်ဆဲ နှင့် အသက် ၅၅ နှစ်အရွယ် နော်မူသဲ တို့ ၂ ဦးသေဆုံးခဲ့ပြီး အသက် ၅၂ နှစ်အရွယ် နော်ဝါး နှင့် အသက် ၆၄ နှစ်အရွယ် နော်ချာခူးတို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇီဒေါခိုကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မုန်းမြို့နယ်အတွင်းရှိ လှေဒုံးကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ခမရ-၃၀၇ က ဒရုန်းဖြင့် ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၆၀ နှစ်အရွယ် ဦးရွှေမြင့် ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တောင်ငူလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးကလည်း ကွီးဒိုခေါ်အုပ်စုအတွင်းသို့ ပေါင် ၃၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ နွား ၁ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ရွှေကျင်မြို့နယ်တွင်လည်း အင်းပုဝါကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ခမရ-၂၆၄ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဦးမောင်မြင့်၏ နေအိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နွား ၁ ကောင် ထိခိုက် ဒဏ်ရာရရှိကာ နွားလှည်း ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ အရပ်သား ပြည်သူများကို ပစ်မှတ်ထားသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများအနေဖြင့် ထိခိုက်သေဆုံးမှုများ၊ အိုးအိမ်ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရပြီး စိုးရိမ်ကြောင့်ရွံ့မှုများစွာဖြင့် သွားလာလုပ်ကိုင် စားသောက်နေကြရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

မိုးကုတ်မြို့ စစ်တန်းကုန်း လမ်းဆုံအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံး၊ စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေ...
22/01/2026

မိုးကုတ်မြို့ စစ်တန်းကုန်း လမ်းဆုံအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံး၊ စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးနေပြီး ငွေကျပ် သိန်းချီ တောင်းယူ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်း၊ မိုးကုတ်မြို့ စစ်တန်းကုန်း လမ်းဆုံအနီး ဒရုန်းဗုံး ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံးကာ စစ်တပ်က ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးပြီး ငွေကျပ် သိန်းချီ တောင်းယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် မိုးကုတ်မြို့ စစ်တန်းကုန်းလမ်းဆုံအနီး ဒရုန်းဗုံးများ ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရသော နေရာသည် အကြမ်းဖက် စစ်သားများ တပ်စွဲထားသော မြန်မာ့စီးပွားရေးဘဏ်နှင့်လည်း အလွန်နီးကပ်ကြောင်း သိရသည်။

"ဒရုန်းဗုံး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ဦး ထိသွားတယ်လို့ သိရတယ်။ စစ်တန်းကုန်း လမ်းဆုံက လက်ဖက်ရည်ဆိုင်နားကို ကျတာ ပြည်သူ ၂ ဦးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ဆိုင်ရှင်ကတော့ အစမှန်ပြီး ထိခိုက်ဒဏ်ရာရတယ်။ ဗုံးကျတဲ့ နေရာက စစ်ခွေးတွေ တပ်စွဲထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ရှိတယ်။ ပြည်သူတွေအနေနဲ့ စစ်ခွေးတွေ အနီး မသွားကျဖို့ လိုတယ်။ အဲနေရာတွေက ခဏခဏ တိုက်ခိုက်ခံနေရတဲ့ နေရာတွေ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ ဒရုနးဗုံးကျရောက်ပေါက်ကွဲပြီးနောက် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ယင်းသို့ စစ်ဆေးပြီး ဆိုင်ကယ် ဦးထုပ်မပါသူများထံမှ ငွေကျပ် ၁ သိန်းနှင့် ဆိုင်ကယ် လိုင်စင် မပါသူများထံမှ ငွေကျပ် ၃ သိန်း ကောက်ခံနေကြောင်း၊ ထို့ပြင် စည်ပင်ရုံးတွင်လည်း ရုံးပိုင်းဆိုင်ရာ ပစ္စည်းများ ကားပေါ်မှ ချနေကြောင်း သိရသည်။

"ဗုံးကျဲ တိုက်ခိုက်ခံရပြီး အခုမြို့ထဲ ဆိုင်ကယ်တွေ စစ်နေတယ်။ ဆိုင်ကယ်ဦးထုပ်မပါရင် ၁ သိန်းဆိုပြီး တောင်းတယ်။ ၅ ယောက်လောက် တောင်းခံရတယ်။ ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်မရှိရင် ၃ သိန်းတောင်းတယ်။ စည်ပင်ရုံးတွေမှာလည်း ရုံးပိုင်းဆိုင်ရာပစ္စည်းတွေကားပေါ်ကနေ ချနေကြတယ်" ဟု ဒေသပြည်သူတစ်ဦး ဆက်လက်ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း မိုးကုတ်မြို့၊ မစိုးရိမ်ကျောင်းတိုက်နှင့် မောနေယကျောင်း တိုက်အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် သည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ချောင်းကြီးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃ ဦးကိုလည်း ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်းသိရသည်။

မြင်းခြံ-ရေစကြို မြို့နယ်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေ၊ ဝမ်းတွင်းတွင်လည်း စစ်တပ်က...
19/01/2026

မြင်းခြံ-ရေစကြို မြို့နယ်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေ၊ ဝမ်းတွင်းတွင်လည်း စစ်တပ်က ကျေးရွာများကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မန္တလေးတိုင်း မြင်းခြံမြို့နယ်နှင့် မကွေးတိုင်း ရေစကြို မြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်ခန့်က စတင်ပြီး မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ရေစကြိုမြို့နယ် အစပ်ကို ဝင်ရောက်လာပြီး တဆောင်းရွာနှင့် နတ်ညွှန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက် ခိုးယူ လုယက်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ထိ ကျေးရွာများကို စစ်ကြောင်းထိုးစီးနင်းနေသောကြောင့် တဆောင်းရွာနှင့် နတ်ညွှန်းရွာတို့မှ ပြည်သူများ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

"ပြည်သူတွေကတော့ အခုထိ တိမ်းရှောင်နေရတုန်းဆိုတော့ နေအိမ်ဘယ်လောက်မီးလောင်ပျက်စီးသွားတယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ဖမ်းဆီးခံရတဲ့ သူတွေ ရှိ၊မရှိလည်း မသိရသေးဘူး။ စစ်ခွေးစစ်ကြောင်းက အခုထိ စစ်ကြောင်းထိုးနေတုန်းပဲ" ဟုYesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း Voice Of Wundwin မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ ဒိုင်ကောင်းကုန်းရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ကားများ၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ်များကို နေအိမ်ပေါ်ထိ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဝင်ရောက်ဖမ်းဆီးမှုအတွင်း လူငယ် ၅ ဦး ဖမ်းဆီးခံရကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းမြင့်သည် အကြမ်းဖက် စစ်တပ်က ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးမည်ကို သတင်းကြိုတင်ရရှိသော်လည်း ပြည်သူများကို အသိမပေးဘဲ ၎င်း၏ ဆွေမျိုးများကိုသာ ကြိုတင်ရှောင်ရှားခိုင်းသောကြောင့် လူငယ် ၅ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသော လူငယ်များသည်လည်း လက်ရှိချိန်ထိ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

"အုပ်ကြီး ဝင်းမြင့်က ရွာထဲမှာ စစ်မှုထမ်းကြေးဆိုပြီး တစ်အိမ်ကို ၅ ထောင် လစဉ်ကောက်တယ်။ အခု ပိုက်ဆံတွေနဲ့ ကားတွေဝယ်စီးနိုင်နေပြီ ပိုက်ဆံကိုက အရင်သူ့စာရေး ကျော်မင်းကလုပ်ပေးပြီး အခုနောက်ပိုင်း သူ့တပည့် ကြီးရုပ်၊ ကြေးရုပ်က လိုက်ကောက်ပေးတာ အခု စစ်ခွေးတွေ အကြမ်းဖက်ဝင်ဆွဲမှာကိုကြတော့ အုပ်ကြီးက သူ့အမျိုးတွေကိုပဲပြောပြီး တခြားဘယ်သူမှ မသိကြဘူး" ဟု Voice Of Wundwin မှ တာဝန်ရှိသူကပြောဆိုသည်။

မုံရွာ၊ တောင်မတောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူ၊ သစ်ည...
18/01/2026

မုံရွာ၊ တောင်မတောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူ၊ သစ်ညိုပင်ရွာကိုလည်း စစ်တပ်က မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ခိုးယူသွား

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်မတောကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး သစ်ညိုပင်ရွာကိုလည်း စစ်တပ်က မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ခိုးယူသွားကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - မြို့နယ် ပ.လ.ဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် အစောပိုင်းတွင် မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် သစ်ညိုပင်ကျေးရွာကို ထပ်မံ ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ညိုပင်ရွာမှ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ခိုးယူသွားကြောင်း သိရှိရသည်။

ယင်းစစ်ကြောင်းသည် သစ်ညိုပင်ရွာမှ ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး စစ်သားများ ဝိုင်းဖွဲ့ ရိုက်နှက်ခဲ့ကြောင်း၊ ထိုသို့ ရိုက်နှက်ခံရသူများသည် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း၊ အကြမ်းဖက် စစ်သားများ မီးရှို့ဖျက်ဆီးခြင်းကြောင့်သစ်ညိုပင်ကျေးရွာမှ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သစ်ညိုပင်ရွာကို ဝင်ရောက်စီးနင်းနေစဉ် တောင်မတောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီး၊ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းရှိ သံဃာတော် ၁ ပါး ဗုံးစထိမှန်ကာ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါးမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

"ခွေးစစ်ကြောင်းက နံနက် အစောပိုင်း ၆ နာရီလောက်မှာ ဆည်ကြီးတောကျေးရွာကို ဝင်ရောက်စီးနင်းတာ အဲလိုစီးနင်းပြီးတာနဲ့ တစ်ဆက်တည်းရှိနေတဲ့ သစ်ညိုပင်ရွာကိုပါ စစ်ခွေးတွေက ဝင်ရောက်စီးနင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ နေအိမ်တွေကို တစ်အိမ်ပြီး တစ်အိမ် ဝင်မွှေပြီး အဲစစ်ခွေးတွေက ပြည်သူပိုင် ငွေကျပ် သိန်း ၁၀၀၀ ကျော်ကိုလည်း ခိုးယူလုယက်သွားတယ်။ ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ထားတာ မသေရုံဘဲ ဒဏ်ရာပြင်းထန်လို့ ဆေးကုပေးထားရတယ်။ အဲလိုရွာတွေကို ဝင်ရောက်စီးနင်းနေတဲ့ အချိန်မှာ နမခက နေတက်လာတဲ့ စက်တပ်လေထီးနဲ့ Gyrocopter တွေက တောင်မတောရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်လို့ သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ၃ ပါး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သံဃာတော်တွေကလည်း ပြင်းထန်ပါတယ်။ ဆေးကုသမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - မြို့နယ် ပ.လ.ဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၄ နာရီခန့်ကလည်း တောင်မတောကျေးရွာကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံး ထပ်မံ မီးလောင်ပြာကျခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်းများ လုပ်ဆောင်နေကြောင့် တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များကို ပြည်သူများ အသိပြုနေထိုင်ကြရန် မေတ္တာရပ်ခံလိုကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - မြို့နယ် ပ.လ.ဖ မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ - မန္တလေးတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က ညအချိန် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

ရေဦးနှင့် မြစ်ခြေမြို့ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပ...
13/01/2026

ရေဦးနှင့် မြစ်ခြေမြို့ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ပင်စိမ်းခင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေဦးမြို့နယ်၊ ပင်စိမ်းခင်းရွာကို အကြမ်းဖက် စစ်တပ်၏ Yak-130 ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"ဗုံးက ပင်စိမ်းခင်းရွာ ​ပြည်သူပိုင်နေအိမ်ထဲကို တည့်တည့်ကျတာ တံတားဦးလေတပ်က တက်လာတဲ့ Yak-130 ဖိုက်တာ ၁ စီးက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားတာ သေဆုံးသူတာက ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးလို့ သိရတယ်။ ဘာတိုက်ပွဲမှဖြစ်မထားဘဲ စစ်ခွေးတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့လေကြောင်းကနေ ဗုံးကျဲ သတ်ဖြတ်သွားတာပါ" ဟု ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။

အလားတူ ဇန်နဝါရီ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ကလည်း ရေဦးမြို့နယ် အတွင်းရှိ လေးရွာ စာသင်ကျောင်း၊ အုန်းတပေါင်းရွာ စာသင်ကျောင်း၊ ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနှင့် ဘုန်းကြီးကျောင်းတို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စက်လက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အနီးရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် မြစ်ခြေမြို့ အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်း၊ ကျေးရွာအတွင်းရှိ‌ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

"တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ခွေးတွေက ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီးတော့ ၁ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ အခုစစ်ခွေးတွေ ဗုံးကျဲသွားတဲ့ ရွာတွေက မြစ်ခြေမြို့နားက ရွာတွေပါပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဖလမ်းမြို့နယ် သီးဘွာလ်ရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က‌ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦးများပျက်စီး၊ ချောင်းဦ...
12/01/2026

ဖလမ်းမြို့နယ် သီးဘွာလ်ရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က‌ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦးများပျက်စီး၊ ချောင်းဦးတွင်လည်း စစ်တပ်က ကျေးရွာချင်းဆက် လမ်းပိုင်းများ၌ နင်းမိုင်းများ ထောင်ထားခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ရွာရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီ ၂၂ မိနစ်ခန့်တွင် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

"မနေ့က ည ၉ နာရီကျော်လောက်မှာ စစ်ခွေးတွေက ဖလမ်းမြို့နယ် သီးဘွာလ်ရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံကို လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ စစ်ခွေးတွေ ဗုံးကျဲလို့ ဆေးရုံ အဆောက်အဦးတွေကတော့ ထိခိုက်ပျက်စီးသွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ကျေးရွာချင်းဆက် လမ်းပိုင်းများ၌ နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်- Chaung U Revolution Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ချောင်ဦးမြို့နယ်၊ ကင်မွန်းတော်ရွာမှ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် ၎င်းတို့ ရွာအနီးအနားရှိ ပြည်သူများ အသုံးပြုနေသော ရွာချင်းဆက် လမ်းပိုင်းများတွင် နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း၊ ထိုနင်းမိုင်းများကို မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်းမှ ရဲဘော်များက သွားရောက် ရှင်းလင်းပေးခဲ့ပြီး မိုင်း ၁၀ လုံး သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

"စစ်ခွေးတွေဘက်က ထောင်ထားတဲ့ နင်းမိုင်းတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ ကျွန်တော်တို့အဖွဲ့က ပြည်သူ့ ရှေ့ကပဲ နေတာပါ။ စစ်ခွေးတွေက မိုင်း ၁၀ လုံးထောင်သွားတယ်။ နင်းမိုင်း ၁၀ လုံးလုံးကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့တယ်" ဟု ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်- Chaung U Revolution Army မှ တာဝန်ရှိသူပြောဆိုသည်။

ပခုက္ကူမြို့နယ်၊ ကံရပ်ကြီးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀၀ ကျော်ပြာကျရန်ကု...
09/01/2026

ပခုက္ကူမြို့နယ်၊ ကံရပ်ကြီးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကံရပ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ပခုက္ကူတပ်မ ၁၀၁ မှ ကား ၆ စီးဖြင့် ထွက်လာသော အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့နယ် ကန်တော်ရွာမှ တဆင့် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကံရပ်ကြီးရွာကို ၀င်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုအတွင်း ကျေးရွာအတွင်းရှိ နေအိမ် ၂၀၀ ကျော် မီးလောင် ပျက်စီးခဲ့ပြီး ကျေးရွာနေပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ လက်ရှိချိန်တွင် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

"အဲစစ်ခွေး စစ်ကြောင်းက ပခုက္ကူ တပ်မ ၁၀၁ ကနေ ကား ၆ စီးနဲ့ ထွက်ခွာလာတာပါ။ အင်အားက ၃၀၀ လောက်ရှိတယ်။ စစ်ခွေးတွေက ကန်တော်ရွာကနေ ကံရပ်ကြီးရွာကို ၀င်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားတာ စစ်ခွေးမီးရှို့ဖျက်ဆီးလို့ နေအိမ် ၂၀၀ ကျော်ပြာကျသွားတယ်" ဟု ဒေသပြည်သူများတစ်ဦးက ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ္မမြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေကြောင်း၊ ထို စစ်ကြောင်းသည် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ဘက်ကို ဆက်လက် စစ်ကြောင်းထိုးနိုင်ကြောင်း ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက အသိပေးပြောဆိုထားသည်။

နေပြည်တော်မှ ထွက်လာသော စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည...
07/01/2026

နေပြည်တော်မှ ထွက်လာသော စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိ

ရန်ကုန် ဇန်နဝါရီ ၇

နေပြည်တော်မှ ထွက်လာသော စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း နတ်မောက်ဂဠုန်PDFအဖွဲ့ မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀မိနစ်ခန့်အချိန် နေပြည်တော်မှ ထွက်လာသော အကြမ်းဖက် စစ် တပ် ယာဉ်တန်းကို တော်လှန်ရေး ရဲဘော်များက မြို့သစ်မြို့နယ် ရွေပန်းကျေးရွာအနီးတွင် ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်းသိရှိရသည်။

"စစ်ယာဉ်တန်းက နေပြည်တော်က ထွက်တာပါ။ နေပြည်တော်က ထွက်လာပြီးတော့ မြို့နယ်မှူးပါတယ်လို့ပြောတယ်။ သူတို့ ရွေးကောက်ပွဲက အရာရှိတွေပါတယ်။ ရွေးကောက်ပွဲ ဖိုင်တွေတော့ တွေ့တယ်။ပြီးရင် စစ်ခွေး ကား ၁ စီးပါတယ်။ ရဲခွေး ကား ၃စီးပါတယ်​။ ၃ စီးလုံးကတော့ မှောက်သွားတယ်။ ချောက် ကမ်းပါးထဲကို ကျသွားတာကား ၁ စီး၊ အခြားကား ၂ စီးကတော့ ကားလမ်းပေါ်မှာပဲ မှောက်သွားတယ်။ စစ်သား ၈ယောက်နဲ့ ၁၀ယောက်ဝန်းကျင်လောက် သေ ဆုံးတယ်။ အလောင်းတွေကတော့ ကားထဲမှာ ပိနေတာ။ အပြင်မှာတွေလည်း တို့လို့တွဲလွဲတွေပေါ့ ။ ကပစ ၁၇နဲ့ ရွှေပန်းကျေးရွာအနီးမှာဖြစ်တာပါ"ဟု နတ်မောက်ဂဠုန်PDFအဖွဲ့ မှ ဗိုလ်အောင်ဒင်ကပြောဆိုသည်။

ထိုသို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦးသေဆုံးကာ ကား၃ စီး တိမ်းမှောက်ပျက်စီးသွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ထံမှ G3 သေနတ် ၂ လက်၊ ကျည် ၁၆၁ တောင့်၊ ကျည်ဘောက် ၃ ခု သိမ်းဆည်းရမိခဲ့ကြောင်း၊တော်လှန်ရေး ရဲဘောများအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို နေပြည်တော်စစ်တိုင်း ၉၀၃ တပ်ရင်း ၊ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးရန်ကုန်၊ ဇန်နဝါရီ ၄ ပဲခူးတ...
06/01/2026

ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်ရှိ အလယ်ကုန်းရဲစခန်းတွင် အင်အား ၁၀၀ ကျော်ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ရဲဘော်များက ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

"အလယ်ကုန်းရဲစခန်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ ဟုတ်ပါတယ်။ ကျနော်တို့ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ အဲရဲစခန်းမှာက စစ်ခွေး အင်အား ၁၀၀ ကျော်လောက်တပ်စွဲထားတာ ကျနော်တို့ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း စစ်ခွေး ၄ ကောင်သေပြီး ၅ ကောင် ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်" ဟု သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၂ ကွပ်ကဲမှု အောက်တွင်ရှိသော သာယာဝတီခရိုင်ပကဖ Spring Bees U-A-V ဒရုန်းတပ်ဖွဲ့က ဦးဆောင်ခဲ့ပြီး ဇီးကုန်း ပကဖ၊ သာယာဝတီခရိုင်ပကဖတိုက်ခိုက်ရေးအမှတ် ၁ တပ်ခွဲ ၃ မိုးညို ပကဖ၊ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၁ နှင့်တပ်ခွဲ ၅၊ ၃၈၀၂ တပ်ရင်း တပ်ရင်း လက်အောက်ခံ BTZM တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ရေး ဒရုန်း ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါ သည်။)

ဝက်လက်၊ အင်ဒေါင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီ ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်၊ ပြည်သူ ၆ ဦးကိုလည်း လူသ...
04/01/2026

ဝက်လက်၊ အင်ဒေါင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီ ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်၊ ပြည်သူ ၆ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ နေအိမ်များလည်း မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အင်ဒေါင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီ ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ကာ ပြည်သူ ၆ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလကုန်ပိုင်းမှစတင်ပြီး ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ရှိမ်းမကားရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်ဒေါင်းရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ပြီး ကိုယ်ဝန်တားဆေးများပါ ထိုးပေးသွားကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူ ၆ ဦးကိုလည်း စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ရွာသစ်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူနေအိမ် ၄ လုံးနှင့် မီးဖိုချောင် ၃ လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဝက်လက်မြို့နယ် အတွင်းကို ရှိမ်းမကားရွာမှ ထွက်လာသော စစ်ကြောင်း အပြင် ထုံးဘိုရွာမှ ထွက်လာသော စစ်ကြောင်းကပါ တပြိုင်တည်း ကျေးရွာများကို ဝင်ရောက် စီးနင်းနေသောကြောင့် ဧရာဝတီမြစ်ကမ်းဘေးနှင့် အမှတ် ၃ ကားလမ်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပို့ဆိပ်ရွာ ၊ သစ်ဆိပ့်ရွာ ၊ ကူကြီးရွာ ၊ ငါးပတ်ချောင်းရွာ ၊ သရက်ပင်ရွာ ၊ ရေလည်မော်ရွာ ၊ မှော်ဦးရွာ ၊ ကမ်းဖြူရွာ ၊ ရွာသာရွာ ၊ မင်းရွာတောင်ရွာ ၊ အင်ဒေါင်းရွာ ၊ ရှိမ်းမကားရွာ ၊ ငါးရယ်ရွာ ၊ ဆည်တောရွာနှင့် ငါးတိုက်တောင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"ခွေးစစ်ကြောင်းက အင်ဒေါင်းရွာကို ဝင်ရောက်စီးနင်းတုန်းက အမျိုးသမီး ၄ ဦးကို အုပ်စုဖွဲ့မုဒိမ်းပြုကျင့်သွားတာလို့ သိရတယ်။ နောက်ပြီး စစ်ခွေးတွေက ကိုယ်ဝန်မရအောင်ဆိုပြီး ကာကွယ်ဆေးတွေလည်း ထိုးပေးသွားတယ်တဲ့ ရွာထဲက ပြည်သူ ၆ ဦးကိုလည်း ဖမ်းသွားတယ်။ ရွာသစ်ရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူရွာ ၊ မှော်ဦးရွာတို့ကို ရောက်ရှိနေသော စစ်သားများနှင့် ထုံးဘိုရွာကို ရောက်ရှိနေသော စစ်သားများကို တံတားလေတပ်မှ တက်လာသော Y-12 လေယာဉ်ဖြင့် ရိက္ခာထုတ်များ ကျဲချ ပို့ဆောင်နေကြောင်း သိရသည်။

Address

Bago

Website

Alerts

Be the first to know and let us send you an email when Aye Yu Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share