Time Han Thar တိုင်းဟံသာ
ပဲခူးတိုင်းအတွင်းမှ နေ့စဉ်ဖြစ်ပေါ်နေတဲ့သတင်းများနှင့် မြန်မာနိုင်ငံအတွင်းမှ သတင်းများကို အများပြည်သူများသိရှိနိုင်စေရန် တိုင်းဟံသာမှ ပဲခူးတိုင်းအတွင်းမှမီဒီယာလုပ်ငန်းလုပ်ကိုင်လိုသူ လူငယ်လေးများနဲ့စုပေါင်းဖွဲ့စည်းထားပြီး အချိန်နဲ့တပြေးညီ တင်ဆက်ရေးသားလျက်ရှိပါသည်။
တိုင်းဟံသာမီဒီယာအနေနဲ့ သာယာ၀တီခရိုင်အ​ခြေစိုက် Tharyarwaddy 8 City နှင့် သာယာ၀တီခရိုင်နှင့် ပြည်ခရိုင်အခြေစိုက် TharrawaPyay News နှင့်လ
ည်း မိတ်ဖက်အနေနဲ့ အဆိုပါသတင်းဌာနများ၏ သတင်းများကို ဖော်ပြပေးသွားပါမည်။
တိုင်းဟံသာမီဒီယာကိုပဲခူးတိုင်းအတွင်းရှိ ပြည်သူများအနေနဲ့လည်း မိမိတို့ဒေသမှ ထူးခြားဖြစ်စဉ်များကို ပေ့Cbကနေ ပေးပို့နိုင်ပြီး တိုင်းဟံသာမီဒီယာအနေနဲ့ မည်သူတစ်ဦးတစ်ယောက်၏ အထောက်အပံမှ မယူဘဲ လွပ်လပ်စွာဖြင့်သတင်းများကိုတိုင်းဟံသာမှတင်ပြရေးသားလျက်ရှိပါသည်။
အယ်ဒီတာချုပ်
ဟံသာတိုင်းမီဒီယာ
ကြို့ပင်ကောက်မှာ စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ်နှစ်သိန်းတောင်းတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရသြဂုတ် ၂၆ ၂၀၂၄ တိုင...
26/08/2024
ကြို့ပင်ကောက်မှာ စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ်နှစ်သိန်းတောင်းတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ
သြဂုတ် ၂၆ ၂၀၂၄ တိုင်းဟံသာ
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ်နှစ်သိန်းတောင်းတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်၊ မြို့ကိုင်းအုပ်စု၊ ချောင်းခွကျေးရွာတွင် နေထိုင်သည့် အုပ်ချုပ်ရေးမှူး ရန်အောင်စိုး ဆိုသူကို ဩဂုတ်လ ၂၅ရက် မနေ့ နံနက်၁၁နာရီ ၃၀မိနစ်ခန့်တွင် ၄င်းနေထိုင်သည့် ရွာမှထွက်လာစဥ် ညောင်ပင်သာရွာ သင်္ချိုင်းကုန်းအနီး၌ BTZM GBK-PDF နှင့် သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၃ နတ်စစ်သည် တပ်ဖွဲ့တို့မှ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
"ဒီအုပ်ကြီးက တစ်အိမ်ကို စစ်မှုထမ်းထောက်ပံ့ကြေး နှစ်သိန်းတောင်းတယ်၊ မပေးရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်အကြပ်ကိုင်တယ်၊ လူငယ်တွေကို စခတပ်သားသစ်မဖြစ် အတင်းစုနေတဲ့အတွက် ရှင်းလိုက်ရတာပါ"လို့
BTZM GBK-PDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးမှ တိုင်းဟံသာကို ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ရန်အောင်စိုးထံမှ မိုလ်ဘိုင်းဖုန်းတစ်လုံး နှင့် လောက်လေးခွတစ်ခုကို သိမ်းဆည်းရရှိခဲ့ပြီး ၄င်းသည် ဒေသခံလူငယ်များအား စစ်မှုထမ်းရန် တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများကို အကြိမ်ကြိမ်နိုင်ထက်စီးနင်းပြုလုပ်နေသည့်အပြင် ကျေးရွာအုပ်စု တစ်အုပ်စုကို ကျပ်သိန်းနှစ်ရာ တောင်းပြီး စစ်ကောင်စီ၏ ဖက်ဆစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်ဆောင်နေတာကြောင့် ယခုလို ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ဆိုပါသည်။
ဓာတ်ပုံ - ပစ်ခတ်ရှင်းလင်းခံရသည့် ချောင်းခွကျေးရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုး (မသေဆုံးခင်ဓာတ်ပုံ)
~~~~~~~~~~~~~~~~~~~~~~~~~~
တိုင်းဟံသာမှ တင်ဆက်နေသည့် သတင်းများကို https://t.me/timehanthar တယ်လီဂရမ်ချန်နယ်မှာလည်း ဖက်ရူနိုင်ပါသည်။
#တိုင်းဟံသာ
#ပဲခူးတိုင်းအနောက်ခြိမ်း
#သာယာဝတီခရိုင် #ကြို့ပင်ကောက်
ပြည်မြို့နယ်တွင် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်ဇွန် ၁၉ ၂၀၂၄ တိုင်းဟံသာ...
19/06/2024
ပြည်မြို့နယ်တွင် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်
ဇွန် ၁၉ ၂၀၂၄ တိုင်းဟံသာ
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၉နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တိုင်းဟံသာမှ တင်ဆက်နေသည့် သတင်းများကို https://t.me/timehanthar တယ်လီဂရမ်ချန်နယ်မှာလည်း ဖက်ရူနိုင်ပါသည်။
#တိုင်းဟံသာ
ပေါက်ခေါင်းမှာ စစ်ကောင်စီကို သတင်းပေးလမ်းပြလုပ်ပေးနေသည့် ဗိုလ်ဝင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရဇွန် ၁၈ ၂၀၂၄ တိုင်းဟံသာပဲခူးတိ...
18/06/2024
ပေါက်ခေါင်းမှာ စစ်ကောင်စီကို သတင်းပေးလမ်းပြလုပ်ပေးနေသည့် ဗိုလ်ဝင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရ
ဇွန် ၁၈ ၂၀၂၄ တိုင်းဟံသာ
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီကို သတင်းပေး လမ်းပြလုပ်ပေးနေသည့် ဗိုလ်ဝင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ရွာတွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေး ဗိုလ်ဝင်းဆိုသူအား ဇွန်လ ၁၅ရက်နေ့ မွန်းလွဲ၂နာရီခန့် အချိန်တွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၅)၊ ရွှေတောင်(ပကဖ)နှင့် ပေါက်ခေါင်း(ပကဖ)တို့မှ ၄င်း၏နေအိမ်သို့သွားရောက်၍ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းရာ ဝမ်းဗိုက်ကျည်ထိမှန်ပြီး နေရာမှာပင် ပွဲခြင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ဗိုလ်ဝင်း ဟာ တောင်လည်ရွာက မီးသတ်တပ်ဖွဲ့ဝင်ဖြစ်ပြီး တောင်လည်ရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာများမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများအား ဖမ်းဆီးရန် စစ်ကောင်စီထံ သတင်းပေးပိုခြင်း၊ကျေးရွာအတွင်း နေထိုင်၍ မရအောင် သတင်းပေးပို့ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို စောင်ကြည့်သတင်းပေးခြင်း၊ စစ်ကောင်စီတပ်အား လမ်းပြအဖြစ် လုပ်ဆောင်နေသူဖြစ်တဲ့အတွက် ယခုလို ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ဆိုပါသည်။
ဆက်လက်၍လည်း ပြည်သူများအား စစ်ကောင်စီထံ သတင်းပေး​ ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီတပ်အား လမ်းပြခြင်းနှင့် ထောက်ပံ့ခြင်းများ မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်၍ နောက်မဆုတ်ဘဲ ဆက်လက်လုပ်ဆောင်နေသူများကို ပြည်ခရိုင် တပ်ရင်း ၃၆၀၁ အနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။
တိုင်းဟံသာမှ တင်ဆက်နေသည့် သတင်းများကို https://t.me/timehanthar တယ်လီဂရမ်ချန်နယ်မှာလည်း ဖက်ရူနိုင်ပါသည်။
#တိုင်းဟံသာ
ပေါက်ခေါင်းမှာ PDFတွေ ရှင်းလင်းလိုက်တဲ့ အုပ်ချုပ်ရေးမှူးနေရာ အစားဝင်လုပ်တဲ့ ပွားသီးဆိုသူ ထပ်မံရှင်းလင်းခံရဇွန် ၁၅ ၂၀၂၄ တ...
15/06/2024
ပေါက်ခေါင်းမှာ PDFတွေ ရှင်းလင်းလိုက်တဲ့ အုပ်ချုပ်ရေးမှူးနေရာ အစားဝင်လုပ်တဲ့ ပွားသီးဆိုသူ ထပ်မံရှင်းလင်းခံရ
ဇွန် ၁၅ ၂၀၂၄ တိုင်းဟံသာ
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ PDFတွေ ရှင်းလင်းလိုက်တဲ့ အုပ်ချုပ်ရေးမှူးနေရာ အစားဝင်လုပ်တဲ့ ပွားသီးဆိုသူ ထပ်မံရှင်းလင်းခံရကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စု
အုပ်ချုပ်ရေးမှူးညွှန့်စိုးအား PDFများ၏ ပစ်ခတ်ရှင်းလင်းမှုကြောင့် လစ်လပ်နေသည့်အုပ်ချုပ်ရေးမှူးနေရာတွင် ဝင်ရောက်လုပ်ကိုင်နေသည့် လွှစင်ကုန်းရွာက ပွားသီးဆိုသူအား ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၁) ရွှေလေးညီနောင်အဖွဲ့နှင့် ပေါက်ခေါင်းပကဖ ဆောင်းခိုငှက်အဖွဲ့တို့မှ ဇွန်လ ၁၃ရက်နေ့ညနေ၆နာရီခန့် အချိန်တွင် သဖန်းကိုင်းရွာနှင့် အင်းငါးခွ သကြားစက်လမ်းခွ၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ပစ်ခတ်ရှင်းလင်းခံရသည့် ပွားသီးဟာ ပျူစောထီးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်း တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်၏ စစ်မှုထမ်းရန်အတွက် စစ်သားစုဆောင်းရာတွင်လည်း အားတက်သရောလုပ်ကိုင်ပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းဟံသာမှ တင်ဆက်နေသည့် သတင်းများကို https://t.me/timehanthar တယ်လီဂရမ်ချန်နယ်မှာလည်း ဖက်ရူနိုင်ပါသည်။
#တိုင်းဟံသာ
ပြည်စိုက်ဘဏ်က လယ်တစ်ဧကကို အာမခံကြေး ၁၀၀၀ကျပ် ကောက်ခံနေဒီဇင်ဘာ ၃၁ ၂၀၂၃ တိုင်းဟံသာပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပြည်မြ...
31/12/2023
ပြည်စိုက်ဘဏ်က လယ်တစ်ဧကကို အာမခံကြေး ၁၀၀၀ကျပ် ကောက်ခံနေ
ဒီဇင်ဘာ ၃၁ ၂၀၂၃ တိုင်းဟံသာ
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပြည်မြို့နယ် စိုက်ဘဏ်၌ တောင်သူတွေထံက လယ်တစ်ဧကကို အာမခံကြေး ၁၀၀၀ ကျပ် ကောက်ခံနေကြောင်း သိရသည်။
ပြည်မြို့က မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှာ ယခုနှစ် ဆောင်းသီးနှံအတွတ် စိုက်ပျိုးစရိတ်ထုတ်ချေးချိန်မှာ တောင်သူလယ်သမားတွေထံမှ လယ်တစ်ဧကလျှင် ၁၀၀၀ ကျပ်နှုန်းကို အာမခံကြေးအဖြစ် ကောက်ခံနေတယ်လို့ သိရပါတယ်။
"ပြည်စိုက်ဘဏ်က ခုနှစ်ဆောင်းသီးနှံချေးငွေထုတ်ပေးတာမှာ လယ်၁ဧကကို ၁၀၀၀ကျပ် အာမခံကြေးဆိုပြီး ကောက်နေတယ်။ တောင်သူတွေကတော့ မပေးချင်ကြဘူးဗျ အာမခံကြေး မဆောင်ရင် ဆောင်းသီးနှံချေးငွေ ထုတ်မချေးပေးဘူးဆိုပြီး ခြိမ်းခြောက်တယ်" လို့ အမည်မဖော်လိုသူ ဒေသခံတောင်သူတဦးမှ တိုင်းဟံသာကို ပြောပါတယ်။
တိုင်းဟံသာမှ တင်ဆက်နေသည့် သတင်းများကို https://t.me/timehanthar တယ်လီဂရမ်ချန်နယ်မှာလည်း ဖက်ရူနိုင်ပါသည်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့်  သွားရောက်တွေ့ဆုံ၂၀၂၃၊ ဒီဇင်ဘာလ ၃၀ တိုင်းဟံသာအမျိုးသား...
30/12/2023
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့် သွားရောက်တွေ့ဆုံ
၂၀၂၃၊ ဒီဇင်ဘာလ ၃၀ တိုင်းဟံသာ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ပြည်သူ့ခုခံတွန်းလှန်စစ်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရသော ပြည်သူ့တော်လှန်ရေးရဲဘော်များနှင့် နွေးထွေးစွာ တွေ့ဆုံခဲ့ကြောင်း ဒီကနေ့ရက်စွဲနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။
တွေ့ဆုံပွဲတွင် ထိခိုက်ဒဏ်ရာရ ရဲဘော်များ အမြန်ဆုံးပြန်လည်သက်သာစေရန် ဆုမွန်ကောင်းတောင်း ပေးခဲ့ပြီး ခွန်အားဖြည့်အစားအစာများ ဖြည့်စွက်ကျွေးမွေးရန် ဆေးရုံတာဝန်ရှိသူများထံသို့ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။
တိုင်းဟံသာမှ တင်ဆက်နေသည့် သတင်းများကို https://t.me/timehanthar တယ်လီဂရမ်ချန်နယ်မှာလည်း ဖက်ရူနိုင်ပါသည်။
ရခိုင်တိုက်ပွဲမှာသေဆုံးသွားတဲ့ ရဲတပ်သားရဲ့ ဇနီးဖြစ်သူက  မင်းအောင်လှိုင်ကို အောက်ခြေက ရဲဘော်တွေကိို ငဲ့ကြည့်ဖို့ပြောဒီဇင်...
30/12/2023
ရခိုင်တိုက်ပွဲမှာသေဆုံးသွားတဲ့ ရဲတပ်သားရဲ့ ဇနီးဖြစ်သူက မင်းအောင်လှိုင်ကို အောက်ခြေက ရဲဘော်တွေကိို ငဲ့ကြည့်ဖို့ပြော
ဒီဇင်ဘာ ၃၀ ၂၀၂၃ တိုင်းဟံသာ
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် မင်းလှမြို့နယ်က ရဲတပ်သားတဦး ရခိုင်ပြည်နယ်က တိုက်ပွဲအတွင်း သေဆုံးသွားတဲ့အတွက် အဆိုပါ ရဲတပ်သားရဲ့ ဇနီးဖြစ်သူက မင်းအောင်လှိုင်ကို အောက်​ခြေကရဲဘော်တွေကိုငဲ့ကြည့်ဖို့ ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဒီဇင်ဘာ၂၂ရက်‌နေ့က ရခိုင့်တပ်တော် AAနဲ့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း မင်းလှမြို့နယ် ဂန့်ဂေါ်ပင်ကျေးရွာက အသက်၂၇နှစ်အရွယ် တပ်သားနေလင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့၀င် ၄၀ကျော် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူများထံမှ သိရသည်။
သေဆုံးသွားတဲ့ ရဲတပ်သားနေလင်း၏ ဇနီးဖြစ်သူသည် လင်ဖြစ်သူသေဆုံးမှုအတွက် ယူကြုံးမရဖြစ်ကာ ၄င်း၏ လူမှုကွန်ရက်အကောင့်တွင် " နောက်ဆုံးတော့အပြီးတိုင်ထွက်သွားပြီပေါ့ ခုထိမယုံကြည်နိုင်သေးပါဘူး"ဟု ရေးသား​ပြီး လင်ဖြစ်သူ၏ ဓာတ်ပုံကိုလည်း တင်ထားကြောင်း ထို့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အောက်ခြေက ရဲဘော်များကို ထိုးမကျွေးရန် ရည်ရွယ်၍ " အောက်ကိုလည်းငဲ့ကြည့်ပါအုံးအဘရယ်"ဟု ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်တွင် ရဲတပ်သားနေလင်း တာဝန်ထမ်းဆောင်နေသည်မှာ ၅နှစ်ကျော်ပြီဖြစ်ကြောင်း ၄င်း၏ မိသားစုဝင်များက ဒီဇင်ဘာလ ၂၇ရက်နေ့တွင် နေလင်းကို ရည်စူး၍ ရက်လည်ဆွမ်းသွပ်ပေးခဲ့​ကြောင်း ထံမှသိရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ပဲခူးအနောက်ခြမ်းရှိ ရဲစခန်းများမှ မုန်းမြို့သို့ ရှေ့တန်းစေလွှတ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များလည်း တော်လှန်ရေးတပ်ဖွဲ့လက်ချက်နဲ့ အများအပြားသေဆုံးခဲ့​​ပါသည်။
တိုင်းဟံသာမှ တင်ဆက်နေသည့် သတင်းများကို https://t.me/timehanthar တယ်လီဂရမ်ချန်နယ်မှာလည်း ဖက်ရူနိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နတ်တလင်း Phoenix D-Fတပ်ဖွဲ့က ပန်းသပိတ်နဲ့ ကြိုဆိုဇွန် ၁၉ ၂၀၂၃ တိုင်းဟံသာပဲခူးတိုင်းအနောက်ခ...
19/06/2023
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နတ်တလင်း Phoenix D-Fတပ်ဖွဲ့က ပန်းသပိတ်နဲ့ ကြိုဆို
ဇွန် ၁၉ ၂၀၂၃ တိုင်းဟံသာ
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် နတ်တလင်းမြို့နယ်ရှိ Phoenix D-Fတပ်ဖွဲ့က ယနေ့ ဇွန်၁၉ရက်မှာ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်ပြည့် မွေးနေ့ကို ပန်းသပိတ်နဲ့ ကြိုဆိုလိုက်ပါသည်။
"လွမ်းအတိတ်ကို ပန်းသပိတ်နှင့်ကြိုမယ်
အမေစုကျန်းမာပါစေ အသက်ရာကျော်ရှည်ပါစေ အမေစုနဲ့ မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်"ဆိုပြီး သာယာ၀တီခရိုင်PDFတပ်ရင်း ၃၈၀၁ တပ်ခွဲ၂ Phoenix D Fတပ်ဖွဲ့ ရဲဘော်များက ဆုတောင်းစကားဆိုထားပါသည်။
တိုင်းဟံသာသတင်းဌာန၏ သတင်းများကို
https://t.me/timehanthar တယ်လီဂရမ်ချန်နယ်မှာလည်း ဖက်ရူနိုင်ပါသည်။
Address
Bago
Alerts
Be the first to know and let us send you an email when Time Han Thar တိုင်းဟံသာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share