ဗန်းမော် နာရီစင်ကြီး

ဗန်းမော် နာရီစင်ကြီး နားငြီးတယ်လို့ မပြောကြပါနဲ့ ကျွန်ေ?

21/03/2023

အလုပ်ရှိတယ်

မနက်ဖြန် မနက် ၈ နာရီမှာ
ဆုံမှတ် ၄. လူစုမယ်
ဖုန်း ထားခဲ့ပါ
..

ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

15/10/2022

လူငယ်အဖွဲ့များအားလုံး မနက်ဖြန် ၉နာရီမှာ ဆုံမှတ် ၃ မှာ ဆုံပါမယ်။ အရေးကြီးပါသည်။
ဖုန်းတွေ မယူလာပါနဲ့။

နေ့လည်စာကို စားနေကြဆိုင်မှာပဲ ကျွေးပါမယ်။



ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

26/07/2022

မနက်ဖြန် မနက် ၆ နာရီမှာ မြို့ပေါ်လူငယ်အဖွဲ့ဝင်အားလုံး ဆုံမှတ် ၃ မှာ စုပါမယ်။

စောင်ကြည့်ရေးအမှတ် ၀၀၁ အား ရဲ တစ်ပွင့်ကို ပြောင်းလဲ သတ်မှတ်ပါမည်။

ဖုန်းအားလုံး ထားခဲ့ပါ။...................................................................................


ဒီနေရာကနေ ထပ်မံပြောကြားလိုတာကတော့ ခရိုင်ရဲမင်းကြီးအနေဖြင့် သင်၏လက်အောက်ငယ်သားတစ်ချို့အား သေသေချာချာ ထိန်းထိန်းသိမ်းသိမ်းနဲ့ သင်၏အမိန့်များကို လိုက်နာစေဖို့
ဆုံးမပဲ့ပြင်သင့်နေပြီဆိုကိုပါပဲ။

သင်၏တပည့်တွေရဲ့ ခွေးတွေ ထဟောင်တိုင်း ထထကြည့်နေရတဲ့ သင်အဖြစ် အိပ်ရေးမပျက်ဘူးလားဆိုတာပါပဲ။

အရာရာတိုင်းအတွက် အသင့်ဖြစ်နေတဲ့...

ွဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

14/07/2022

လူငယ်အဖွဲ့ခွဲအားလုံး စောင့်ကြည့်ရေးပစ်မှတ်များကို လူ နှစ်ဆတိုး၍ စောင့်ကြည့်ကြပါ။

မနက်ဖြန် ၈နာရီမှာ အဖွဲ့ခေါင်းဆောင်တွေအားလုံး ဆုံမှတ်ကို လာစုပါ။ အရေးကြီးပါသည်။



ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

07/07/2022

လူငယ်အဖွဲ့ ခွဲ ၁၂
သင်တို့ လုပ်ရပ်မှန်ပါတယ်
ငါးသွားဖမ်းတာ ငါးမရလို့ ရေချိုးမပြန်ခဲ့ဘဲ
ဂဏန်းဖမ်းပြီးပြန်လာခဲ့နိုင်ပါတယ်။
တစ်ချို့က စောင့်ကြည့်သင့်တယ်။
တစ်ချို့ကျ ထိန်းသိမ်းသင့်တယ်။
တစ်ချို့ကျတော့ လူ့လောကမှာတောင် မရှိသင့်ဘူး။
လူ့လောကမှာ မရှိသင့်တဲ့သူကို မဖယ်ရှားရသေးခင်
အထောက်အပံ့အကိုင်းအခက်ကို ချိုးဖဲ့ပေးခဲ့တာ ကောင်းပါတယ်။
မကြာခင် မင်းတို့ကိုယ်တိုင် အမြစ်ကနေ ဆွဲနုတ်ခဲ့ကြပါ။

သင်တို့သိထားရမှာက
သမင်ဟာ ဘယ်ကိုပဲရောက်ရောက် အချိန်တန်ရင် ရေသောက်ဆင်းလိမ့်မယ်။
ကျားဟာ ဘယ်လိုပဲဖြစ်ဖြစ် သူ့အစာအတွက် ချောင်းလိမ့်မယ်။
မုဆိုးကတော့ ရေသောက်ဆင်းတဲ့သမင်ရော
သမင်ကိုချောင်းတဲ့ကျားရော အရယူနိုင်ရမယ်။
ငှက်တွေ ဘယ်လောက်ပဲ အဝေးကိုပျံပျံ ဘယ်လိုပဲအတောင်တွေပါလို့ ရှောင်ပြေးနိုင်ပါစေ အချိန်တန်ရင် သူ့အသိုက်မြုံတော့ ပြန်လာလိမ့်မယ်။

သင်တို့ရဲ့ အရည်အချင်းကို အချိန်ကာလတစ်ခုနဲ့ လုပ်ရပ်တစ်ခုအပေါ်မှာပဲ အကဲဖြတ်ပါ့မယ်။



ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

28/06/2022

ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက် ဟူသည်
လမ်းဘေး အပေအတေများနဲ့ ဖွဲ့စည်းတည်ဆောက်ထားသည်မဟုတ်ပါကြောင်း။

15/04/2022

စောင့်ကြည့်ရေး ပစ်မှတ်များအား လိုအပ်သလို ထိန်းသိမ်းရှင်းလင်းနိုင်ရေးအတွက်
အစွမ်းကုန် ကြိုးစားဆောင်ရွက်နေကြသော လူငယ်အဖွဲ့များအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

မကြာမီအချိန်များတွင်လည်း ဗန်းမော်ပြည်သူလူထုရဲ့
စားဝတ်နေရေး စီးပွားရေး လူမှုရေးတွေမှာ ဆူညှောင့်ခလုပ်
ဖြစ်နေမှုများအား ရှင်းလင်းဖယ်ရှားသွားတော့မည်ဖြစ်ပါသည်။

ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးသွားပါမည်။ ရဲအင်ဖော်မာ သစ်တောအင်ဖော်မာများနှင့် အတူတကွ သွားလာနေထိုင်စားသောက်ခြင်းများ ရှောင်ကျဉ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။




ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

06/04/2022

ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက် ဗဟိုအဖွဲ့ဝင်များသည် ကွန်ယက်ဥက္ကဌကြီးနဲ့အတူ
အထူးညစာ စားသုံးခဲ့ကြပြီး တံခါးပိတ်ဆွေးနွေးပွဲတစ်ခု
ပြုလုပ်ခဲ့ပါသည်။

စောင့်ကြည့်ရေးကွန်ယက်၏ လုပ်ငန်းစဉ်အဆင့်အလိုက်
ဆောင်ရွက်ပြီးစီး အကောင်ထည်ဖော်နိုင်ခဲ့မှုများဟာ
ဗန်းမော်ပြည်သူလူထုကြီးအတွက် ဝမ်းသာစရာများဖြစ်ခဲ့
ရပါသည်။

ယခုလအတွင်း သုံးသပ်ချက်အရ ဗန်းမော်ခရိုင်ရဲမင်းကြီးဟာ
သူ၏လက်အောက် တပည့်များမှ မွေးထားသောရဲအင်ဖော်မာ သစ်တောအင်ဖော်မာများခွေးဝဲစားများ၏ ဟောင်ချင်တိုင်း ဟောင် ရမ်းကားချင်တိုင်း ရမ်းကားနေမှုများအား မထိန်းသိမ်း
မကြပ်မတ်နိုင်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ကြီးအတွက်
အရှက်ရစရာ ဖြစ်ရပ်များအား ကြုံတွေ့ခဲ့ရကြောင်း
သုံးသပ်ရပါသည်။ ဗမာစစ်တပ်မှ ရူးကြောင်မူးကြောင်
အရက်သမား နှာသမား အရာရှိများရဲ့ ktv ဘီယာဆိုင်နဲ့
ဟော်တည်အခန်းထဲများမှ ရုပ်သံဖိုင်များနဲ့ ပြောစကားများအရ မကြာမီအချိန်တွင် ဗန်းမော်ခရိုင် စီးပွားရေးလောကကို တမင်သက်သက်နှောက်ယှက် ဖျက်ဆီး
နေသော မိစ္ဆာကောင်ကြီးများ ခွေးမောင်းသလို မောင်းချခွင့်
ရတော့မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။ ရဲတပ်ဖွဲ့ကြီးမှာ
တော့ ငယ်သားများမွေးထားသော ခွေးများကို ကြိုးမချည်
နိုင်ခဲ့သဖြင့် လူကြီးများ အခက်ကြုံခဲ့ရပြီး ဗမာစစ်တပ်မှာတော့
လူကြီးများ ဆိုးသွမ်းမှုကြောင့် ငယ်သားများ အခက်ကြုံနေရ
ကြောင်း သုံးသပ်ရပါသည်။

ခွေးမောင်းချိန်ရောက်လာပါက ပြည်သူလူထုကြီးအတွက်
အခါတော်ပေးသွားမည်ဖြစ်ပါသည်။




ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

05/04/2022

ညောင်မြစ်တူးရင်း လိမ်ဥပေါ်ဆိုသလိုပဲ မြို့ထဲက ဘီယာဆိုင် အရက်ဆိုင် ktv မာဆက်တွေမှာ ထင်တိုင်းရူးနေကြတဲ့ ဗမာ
စစ်တပ်က အရာရှိတွေကို ပစ်မှတ်ထားကာ စောင့်ကြည့်ခဲ့ခြင်း
တွေရဲ့ ရလဒ်တွေကတော့ အားရစရာပါပဲ။

အကောင်ကြီးကြီးတွေရဲ့ အာဏာရူးမှုတွေ အချင်းချင်း အာဏာလုမှုတွေ ငွေကြေးမက်မော
မှုတွေ အတွင်းစည်းပျက်ဆီးနေမှုတွေနဲ့ ဘယ်လို ဖားနိုင်ဖားစား
ငါးနိုင်ငါးစားလောကလည်းဆိုတာတွေကို ကွက်ကွက်ကွင်းကွင်း ပေါ်ပေါ်လွင်လွင်ပဲ ဆိုကြပါတော့။

အများကြီး မရင်းနှီးလိုင်ရပါဘူး။ ငွေကြေးနည်းနည်းလောက်
သုံးလိုက်တာနဲ့အဆင်ပြေပါတယ်။ အရက်မူးရင်ကျွဲခိုးပေါ်
ဆိုတာထက် တနှာရူးချိန်မှာ သူတို့တွေရဲ့ ထိပ်တန်းလျှို့ဝှက်
ချက်တွေဆိုတာ မိတ္တူစက်ထဲက စာရွက်တွေထွက်ကျလာသလိုပါပဲ။

အရှုပ်ထုပ်တွေကြားထဲက ငြီးတွားကြေကွဲပြနေသော အရာရှိ
တွေရဲ့ ရုပ်သံဖိုင်များအား ၎င်းတို့ရဲ့လူကြီးမင်းများတွေ့ကြရင်
ဖြင့် ရင်ထုမနာ တောက်ခေါက်နေကြပါလိမ့်မယ်။

သူ့အချိန်တန်ရင်တော့ ဗန်းမော်ခရိုင်ရဲ့ မကောင်းဆိုးဝါး စာရင်းဝင် လူယုတ်မာကြီးများအား ခွေးမောင်း နွားမောင်း
သကဲ့သို့ နှင်ထုတ်နိုင်ကြတော့မည်ဆိုတာကို ပြည်သူများ
သိရှိထားနိုင်စေဖို့ ကျွန်ုပ်တို့ စောင့်ကြည့်ရေးကွန်ယက်မှ ပြောကြားလိုပါတယ်ခင်ဗျား။

အဖက်ဖက်မှ ကူညီပေးကြပါသော စီးပွားရေးလုပ်ငန်း ရှင်ကြီးများအား ကျေးဇူးအထူးတင်ရှိသကဲ့သို့ ကွန်ယက်ရဲ့
အထူးစောင့်ကြည့်ရေး လူငယ်များအဖွဲ့ဝင် သားငယ် သမီးငယ်များရဲ့ ကြိုးပမ်းမှုကို အသိအမှတ်ပြုအပ်ပါတယ်။






ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

01/04/2022

ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ လုပ်ပိုင်ခွင့် ဆုံးဖြတ်နိုင်စွမ်းအာဏာ
တွေရဲ့ အခြေခံအုတ်မြစ်တွေဟာ Kio/Kiaတို့ရဲ့
လက်ထဲမှာလည်း မဟုတ်ပါဘူး။ မနေ့တစ်နေ့ကပေါ်လာပြီး
လူစွာလုပ်ချင်နေတဲ့ PDF ရဲ့ လက်ထဲမှာလည်း မဟုတ်ပါဘူး။
ယခုလက်ရှိ အာဏာသိမ်းထားနဲ့ စကစရဲ့ လက်ထဲမှာလည်း
မဟုတ်ပါဘူး။ တရုတ်​ရဲ့ လက်ထဲမှာပါ။ ကချင်ပြည်နယ်လေး
တရုတ်ရဲ့လက်ထဲမှာ ရှင်သန်နေလာခဲ့တာဟာ ဆယ်စုနှစ် ​တော်တော်များများရှိခဲ့ပါပြီ။

အဲ့ဒီတော့ စဉ်းစားစရာတွေ သုံးသပ်စရာတွေ ဖြစ်လာပါပြီ။

Kia/Kio တို့အနေနဲ့ တရုတ်ရော ဗမာရော မချယ်လှယ်နိုင်တဲ့
ကိုယ်ပိုင်လွတ်လပ်စွာ တည်ထောင်နိုင်တဲ့ စွမ်းအား ရှိနိုင်ပြီလား။

တိုင်းတစ်ပါးမဟုတ်တဲ့ ဗမာအစိုးရနဲ့ ပေါင်းပြီး ကိုယ့်ပြည်နယ်
ကောင်းစားရေးလုက်မလား။

ဗမာအစိုးရကိုဆန့်ကျင်ပြီး တရုတ်ခြယ်လှယ်ခံဘဝနဲ့ နေမှာလား။

ဘာပဲပြောပြော အခုချိန်မှာတော့ မြွေမသေ တုတ်မကျိုးအခြေ
အနေတွေနဲ့ ကချင်ပြည်နယ်လေးဟာ တရုတ်လက်ထဲမှာ
အသက်ဆက်နေရဆဲပါ။





ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

31/03/2022

စီးပွားရေးလုပ်ငန်းရှင်အချင်းချင်းနဲ့ စားဝတ်နေရေးရုန်းကန်နေရသော ပြည်သူများအပေါ်မှာ ဖျန်ကျနေသော လေလံအဖွဲ့/ကုမ္ပဏီအဖွဲ့အမည်ခံ
အချောင်သမားများနဲ့ ပူးပေါင်းကြံစည်ထားသော အကောင်ကြီးကြီးများ၏ အရေးကိစ္စအတွက်
ကျွန်ုပ်တို့ ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက် အဖွဲ့သားများ အာရုံစိုက် စောင့်ကြည့်နေပါပြီဆိုတာ
သိစေချင်ပါတယ်ခင်ဗျာ။

သူ့အိုးနဲ့ သူ့ဆန် တန်စေရေးအတွက် လိုအပ်သော
တရားဥပဒေစိုးမိုးရေးဖိအားများ မကြာခင်အချိန်မှာ
ပေါ်ထွက်လာကြတော့မှာဖြစ်၍ ပြည်သူများရဲ့မျက်ရည်များ
အလကားမဖြစ်စေရဘူးဆိုတာ အာမခံချက်ပေးပါတယ်။





ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

27/03/2022

စောင့်ကြည့်ရေးပစ်မှတ် ၀၀၁၁အား ယနေ့ နံနက် ၁၀နာရီတွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း လူငယ်အဖွဲ့ခွဲ ၃မှ သတင်းပို့တင်ပြလာပါသည်။

ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

22/03/2022

ဗန်းမော်ခရိုင်အထွေထွေ​စောင့်ကြည့်ရေးကွန်ယက်မှ ခရိုင်တွင်း အဖွဲ့ခွဲများနှင့် ဗဟိုအဖွဲ့ဝင်များသည်
၃ ရက်တာ အထွေထွေ ဆွေးနွေးခဲ့ကြပြီး
ခရိုင်အတွင်း စီးပွားရေးလုပ်ငန်းများ၊ ပြည်သူလူထု
စားဝတ်နေရေးများနှင့် ကုန်သွယ်ရေးလုပ်ငန်းများအား
အနှောက်အယှက်ပေးနေကြကုန်သော နိုင်ငံဝန်ထမ်းအမည်ခံ၍
အဓမ္မငွေတောင်းမှုများ၊ စစ်တပ် ရဲတို့ရဲ့ လုပ်ရပ်များအား
အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

ရဲ အင်ဖော်မာ သစ်တော အင်ဖော်မာ အမည်ခံများ၏
အသေးစိတ် အချက်အလက်များနှင့် စောင့်ကြည့်ရေး
ပစ်မှတ်များ၏ လှုပ်ရှားနေမှုများအား အပြန်အလှန်
သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

မကြာမီ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သော ဖိအားများ ဆောင်ရွက်သွားပါမည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကွန်ယက်သား အားလုံးကို ကျေးဇူးတင်ကြောင်းနှင့် နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြသော စီးပွားရေးလုပ်ငန်းရှင်ကြီးများကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါသည်။


ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

17/03/2022

PDF ကိုလည်း KIA က ထိန်းနိုင်မယ်မထင်

ဒီကနေ့ မံစီဖက်မှာ ဖြစ်သွားတဲ့ကိစ္စကိုကြည့်ခြင်းအားဖြင့်

PDF က ခေါင်းဆောင်နဲ့ KIA ဖက်က မြို့နယ်မှူးလား တိုက်နယ်မှူးလားတော့မသိ

သစ်မှောင်ခိုခွဲတမ်းအတွက် အခြေအတင်ဖြစ်ကြတာတွေက
ရုပ်ဆိုးလွန်းလှပါတယ်။

ဗမာစစ်တပ်က ဗိုလ်မှူး လောက်တောင် အကင်းမပါးကြပါလား။

ဘာပဲပြောပြော အာဏာ ငွေကြေးနဲ့ပက်သက်လာရင်
KIA/KIO အပေါ် တစ်နေ့နေ့မှာ PDF တွေက ပုန်ကန်
လာနိုင်ပါတယ်ဆိုတာကို ယနေ့အဖြစ်ပျက်ကို ကြည့်ခြင်းဖြင့်
သုံးသပ်ရပါတယ်။

လက်တွေ့ကျကျ ဆောင်ရွက်မှုနယ်ပယ်မှာ KIA ခေါင်းဆောင်ငယ်တွေ အတော်လေး အကြပ်ရိုက်လာကြတာကို မကြာခဏ တွေ့မြင်ကြားသိနေရကြောင်း လူငယ်အဖွဲ့ခွဲအချို့က
သတင်းပို့လာပါတယ်။

သစ်မှောင်ခိုသမားတွေကတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ လမ်းကြောင်းခင်းနေရပြီး စစ်တပ်နဲ့
ရဲတွေကြားက အတွင်းစည်းပြိုကွဲမှုများလည်း သူတို့
မကြာခဏ ရင်ဆိုင်နေရကြောင်း လူငယ်အဖွဲ့ခွဲအချို့ထံသို့
လာရောက်ရင်ဖွင့်လျက်ရှိပါတယ်။



ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

မီးတွေ ခဏခဏ မဖြတ်ကြပါနဲ့ဗျာဟောဒီ ကျွန်တော့်ဘေးနားက မီးတိုင်ကြီး မီးမလင်းလို့မှောင်နေတဲ့ညတွေဆို ကျွန်တော်ကြောက်လို့ပါ...က...
16/03/2022

မီးတွေ ခဏခဏ မဖြတ်ကြပါနဲ့ဗျာ

ဟောဒီ ကျွန်တော့်ဘေးနားက မီးတိုင်ကြီး မီးမလင်းလို့
မှောင်နေတဲ့ညတွေဆို ကျွန်တော်ကြောက်လို့ပါ...

ကျွန်တော့်အောက်မှာ မှောင်ရိပ်ခိုကြတဲ့
ဘာညာဘာညာတွေကလည်း ရှိသေးတယ်...

Please! မီးခဏခဏမဖြတ်ပါနဲ့ ဗန်းမော်EPC 😢

15/03/2022

ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်မှ လူငယ်အဖွဲ့ခွဲ(၂)သည် စောင့်ကြည့်ရေးပစ်မှတ် ၀၀၀၄ အား ယနေ့ညနေ ၆ နာရီတွင် ထိန်းသိမ်းနိုင်ခဲ့ပြီး ကနဦးစစ်ဆေးချက်အရ တာမိုင်းလုံတွင် ဖြစ်ပွားခဲ့သော မူးယစ်ဆေးဝါးဖမ်းဆီးခြင်းကိစ္စမှာ ငွေသိန်း ၁၀၀ တောင်းရမ်း၍ ညှိနှိုင်းခဲ့သည့် ဘုရားစူး ၁ ပွင့် ၂ပွင့်နဲ့ အရစ်တွေများပါသူတို့၏ အကြောင်းများနှင့် တရားမဝင် ရွှေတူးဖော်သည့်လုပ်ငန်းရှင်များအား စားသောက်ဆိုင်များတွင် ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့သည့် ၁ ပွင့် အကြောင်းများအား
ဖွင့်ဟပြောဆိုခဲ့ကြောင်း သတင်းပို့လာပါသည်။

ခရိုင်အဆင့်တွင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်စွမ်းမရှိဘဲ လက်အောက်ငယ်သားများအား မထိန်းသိမ်းနိုင်တော့ပါသဖြင့်
အသေးစိတ်စစ်ဆေးချက်များအား ပြည်နယ်အဆင့်များသို့
တရားဝင်စားဖြင့် တိုင်ကြားသွားနိုင်ရေး ဆောင်ရွက်သွားမည်ဟု ဗဟိုအဖွဲ့ဝင်များ ဆုံးဖြတ်ထားပါသည်။



ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်မှ လူငယ်အဖွဲ့ခွဲ(၆)သည် ယနေ့ နေ့လည် ၂ နာရီ၌ စောင့်ကြည့်ရေးပစ်မှတ် ၀၀၂၁ အား ရှင်...
14/03/2022

ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်မှ လူငယ်အဖွဲ့ခွဲ(၆)သည် ယနေ့ နေ့လည် ၂ နာရီ၌ စောင့်ကြည့်ရေးပစ်မှတ် ၀၀၂၁ အား ရှင်းလင်းပြီးဖြစ်ကြောင်း
သတင်းပို့လာပါသည်။

၎င်း ၀၀၂၁ သည် အပြစ်မဲ့ပြည်သူများအား ရဲဖြင့်ခြိမ်းခြောက်၍ ငွေတောင်းရမ်းခြင်း၊ kia/pdf ဖြင့်ခြိမ်းခြောက်၍ ငွေတောင်းရမ်းခြင်း၊ စစ်တပ်ဖြင့်ခြိမ်းခြောက်၍ ရမ်းကားဆိုးသွမ်းနေသော
ရဲအင်ဖော်မာ အမည်ခံ ဆေးသမားတစ်ဦးဖြစ်ပြီး
နှစ်ဖက်ချွန်လုပ်နေသည်မှာ နှစ်ကာလကြာမြင့်ခဲ့ပါပြီ။
၎င်းသည် ဗန်းမော်မွေးသူမဟုတ်သော အောက်သားတစ်ဦးဖြစ်၍ ၎င်းအားမွေးထားသော သခင်များ
မသိချင်ဟန်ဆောင်ကာ ကိုယ်လွတ်ရုန်းကြပါလိမ့်မည်။

မကြာမီအချိန်များတွင်လည်း ပြည်သူများအား ဒုက္ခပေးနေသော ရဲအင်ဖော်မာနှင့် သစ်တောအမည်ခံအင်ဖော်မာတို့အား အစဉ်လိုက်ရှင်းလင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူငယ်အဖွဲ့ခွဲအသီးသီးမှ တင်ပြလာပါသည်။



ဗန်းမော်ခရိုင်အထွေထွေစောင့်ကြည့်ရေးကွန်ယက်

09/03/2022

၂နှစ်ဆိုသော ကာလအတွင်းမှာ ရောက်ရှိတာဝန်ထမ်းဆောင်ကြကုန်သော
အသစ်လေးတွေက အင်ဖော်မာလေးတွေရဲ့ လက်ထဲကို အာဏာအပ်နှင်း၍ ကိုယ်ကျိုးစီးပွားရှာနေကြတယ်လို့ပဲ သုံးသပ်ရပါတယ်။

Address

Bhamo

Alerts

Be the first to know and let us send you an email when ဗန်းမော် နာရီစင်ကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဗန်းမော် နာရီစင်ကြီး:

Videos

Share